ရှားပါးနေဆဲ အောက်စီဂျင်
ကိုဗစ်လူနာတွေ အလွန်အမင်းလိုနေတဲ့ အောက်စီဂျင်တွေ ရရှိဖို့ မြန်မာနိုင်ငံမှာ ခက်ခဲနေဆဲ ဖြစ်နေတယ်လို့ အောက်စီဂျင်ရရှိရေးအတွက် ကြိုးစားပေးနေကြတဲ့ ပရဟိတလူငယ်တယောက်က ပြောပါတယ်။ ကိုယ်တိုင် ခက်ခက်ခဲခဲ အောက်စီဂျင်လိုက်ရှာပေးနေရတဲ့ ရန်ကုန်မြို့က ပရဟိတလူငယ်ကိုနိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။