[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတည္ျပဳလူနာသစ္ ႏွစ္ ေယာက္ေတြ႔႐ွိတဲ့အတြက္ စုစုေပါင္း အတည္ျပဳလူနာ ၃၀၆ ေယာက္ ႐ွိသြားပါၿပီ။
လူနာသစ္ ႏွစ္ ေယာက္လံုးဟာ အိႏၵိယႏိုင္ငံက ျပန္လာၾကတဲ့ အမ်ဳိးသားေတြျဖစ္ၾကတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ႏွစ္ ေယာက္လံုးဟာလည္း ရန္ကုန္တုိင္း လႈိင္ၿမိဳ႕နယ္က ျဖစ္ၾကပါတယ္။
ရန္ကုန္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ ၂၈၂ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၂၆၆ ခု၊ မႏၱေလးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၂၇၆ ခုနဲ႔ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၁၅၆ ခု၊ စုစုေပါင္း ၉၈၀ ခုကို ဒီေန႔ ညေနမွာ စစ္ေဆးၿပီးခဲ့တဲ့ထဲက လူနာသစ္ ႏွစ္ ေယာက္ကို ေတြ႔႐ွိတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီေန႔ည ၈ နာရီအထိ ပိုးေတြ႕ၿပီး ျပန္လည္ေနေကာင္းလာသူ ၂၃၇ ေယာက္၊ ေသဆံုးသူ ေျခာက္ ေယာက္႐ွိပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၂ ဦးထပ်တိုး၊ စုစုပေါင်း ၃၀၆ ဦးရှိပြီ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာသစ် နှစ် ယောက်တွေ့ရှိတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၃၀၆ ယောက် ရှိသွားပါပြီ။
လူနာသစ် နှစ် ယောက်လုံးဟာ အိန္ဒိယနိုင်ငံက ပြန်လာကြတဲ့ အမျိုးသားတွေဖြစ်ကြတယ်လို့ ကျန်းမာရေးနဲ့ အားကစားဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နှစ် ယောက်လုံးဟာလည်း ရန်ကုန်တိုင်း လှိုင်မြို့နယ်က ဖြစ်ကြပါတယ်။
ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၂၈၂ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၆၆ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၂၇၆ ခုနဲ့ အမှတ် (၁) တပ်မတော်ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၁၅၆ ခု၊ စုစုပေါင်း ၉၈၀ ခုကို ဒီနေ့ ညနေမှာ စစ်ဆေးပြီးခဲ့တဲ့ထဲက လူနာသစ် နှစ် ယောက်ကို တွေ့ရှိတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ပိုးတွေ့ပြီး ပြန်လည်နေကောင်းလာသူ ၂၃၇ ယောက်၊ သေဆုံးသူ ခြောက် ယောက်ရှိပါတယ်။