သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ COVID-19 လူနာသစ် ၃ ဦးအတည်ပြု၊ စုစုပေါင်း ၁၉၁ ယောက်ရှိ


မန္တလေးဆေးရုံ
မန္တလေးဆေးရုံ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာသစ် ၃ ဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် ရောဂါ ကူးစက်သူ စုစုပေါင်း ၁၉၁ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၉ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မေလ ၁၈ ရက်နေ့က ဓါတ်ခွဲနမူနာ စုစုပေါင်း ၅၉၇ ကို စစ်ဆေးခဲ့ရာက အခုလို ၃ ဦးမှာ ရောဂါရှိကြောင်း တွေ့ရှိခဲ့တာပါ။

ရောဂါပိုး ကူးစက်ခံရသူတွေထဲ ၃ ဦး စလုံး မလေးရှားနိုင်ငံက ပြန်ရောက်လာသူ အမျိုးသားတွေဖြစ်ပြီး အသွားအလာ ကန့်သတ်ခံထားရသူတွေလည်း ဖြစ်ပါတယ်။ တစ်ဦးက အသက် ၅၀ အရွယ်ရှိပြီး မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ကဖြစ်ပြီး အသက် ၂၅ အရွယ် အမျိုးသားက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကနဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသားက ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က ဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့အထိ ရောဂါ ကူးစက်ခံရသူတွေထဲက ၁၀၁ ဦးက ရောဂါပိုးကင်းစင်သွားပြီလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ မတ်လနှောင်းပိုင်းကစလို့ ဓါတ်ခွဲ နမူနာ စုစုပေါင်း ၁၅,၀၀၀ ကျော်ကို စစ်ဆေးခဲ့တာဖြစ်ပြီး စောင့်ကြည့်လူနာပေါင်းက ၄,၃၀၀ ကျော် ရှိခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဓါတ်ခွဲ အတည်ပြုလူနာတွေထဲက ဗိုင်းရပ်စ်ကြောင့် သေဆုံးတယ်လို့ အတည်ပြု ကြေညာထားသူက ၆ ဦး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG