[Zawgyi/Unicode]
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၁၉၉ ဦးမှာဆက် ရှိနေ
မြန်မာနိုင်ငံမှာ ဒီနေ့ မေလ ၂၁ ရက်နေ့အတွက် စစ်ဆေးပြီးသလောက် COVID-19 ဓာတ်ခွဲနမူနာ ၃၄၈ ခုမှာ လူနာသစ် ထပ်မရှိတဲ့အတွက် ည ၈ နာရီအထိ စုစုပေါင်း အတည်ပြုလူနာ ၁၉၉ ယောက် ဖြစ်ပါတယ်။
အခုညနေပိုင်းက ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၁၆၀ နဲ့ ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ပထမအသုတ် ၁၈၈ ခုကို စစ်ဆေးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့တုန်းက စုစုပေါင်း စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၇၂၂ ခုမှာတော့ လူနာသစ် ၆ ယောက်ကို တွေ့ရှိခဲ့ပါတယ်။
သူတို့အားလုံးဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကနေ ပြန်လာကြသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာတွေထဲမှာ ခုချိန်ထိ ရောဂါပိုးကင်းစင်သွားသူ ၁၀၈ ယောက်ရှိပြီး ၆ ယောက်သေဆုံးခဲ့ပါတယ်။
#covid19 #ကိုဗစ် #voaburmese #ဗွီအိုအေမြန်မာ #ဓာတ်ခွဲအတည်ပြုလူနာ #ကိုရိုနာဗိုင်းရပ်စ် #ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန