သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID ဓါတ်ခွဲအတည်ပြု လေးဦး ထပ်တွေ့


ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (မေ ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (မေ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး နောက်ထပ်ကူးစက်သူ ၄ ဦး ထပ်တွေ့တဲ့အတွက် စုစုပေါင်း ကူးစက်သူအရေအတွက် ၃၀၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဇူလိုင်လ ၁ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၄၇ ခုကို စစ်ဆေးပြီးတဲ့နောက် ရောဂါပိုးကူးစက်သူ နောက်ထပ် ၄ ဦး တွေ့တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အခု ရောဂါပိုး စစ်ဆေးတွေ့ရှိသူတွေဟာ အသက် ၂၄ နှစ်ကနေ ၃၈ နှစ်အရွယ်ထိ အသီးသီးရှိကြတဲ့ အမျိုးသားတွေဖြစ်ကြပြီး နှစ်ဦးက အာရပ်ဘ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံက ပြန်လာသူတွေဖြစ်ပြီးတော့ နောက်နှစ်ဦးက အင်္ဂလန်နိုင်ငံကနေ ပြန်လာသူတွေဖြစ်ပါတယ်။

အသွားအလာ ကန့်သတ်ထားရှိချိန်အတွင်း ဓာတ်ခွဲစစ်ဆေးမှုကနေ ရောဂါပိုးကူးစက်ထားကြောင်း တွေ့ရှိရပြီးတဲ့နောက် သူတို့လေးဦးစလုံးကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ဆေးကုသပေးမယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရင်က ဓာတ်ခွဲအတည်ပြုထားသူတွေထဲမှာ ဓာတ်ခွဲနမူနာစစ်ဆေးမှု ၂ ကြိမ်လုပ်ပြီးတဲ့အထိ ပိုးမတွေ့သူ စုစုပေါင်း ၂၂၂ ဦး ရှိသွားပြီဖြစ်ပြီး အဲဒီထဲက ၂၁၆ ဦးကို ဆေးရုံက ဆင်းခွင့်ပေးခဲ့ပြီဖြစ်ပြီးတော့ သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်ကန့်သတ်ပြီး စောင့်ကြည့်နေတယ်လို့လည်း ကျန်းမာရေးဌာနက ပြောပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေထဲက သေဆုံးသူကတော့ ၆ ဦး ရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG