သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ ကိုဗစ္ဓါတ္ခဲြအတည္ျပဳ သံုးဦးထပ္တိုး


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ ပိုးသတ္ေဆးဖ်န္းေနတဲ့ ေစတနာ့၀န္ထမ္းမ်ား။ (ေမ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔ COVID-19 ေရာဂါအတည္ျပဳလူနာ သံုး ေယာက္ထပ္တိုးတဲ့အတြက္ စုစုေပါင္း ၃၁၆ ေယာက္ ႐ွိသြားပါၿပီ။

လူနာသစ္ ၃ ေယာက္ဟာ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE က ျပန္လာၾကသူေတြျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔အတြက္ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ ပထမအသုတ္ ဓာတ္ခြဲ နမူနာ ၆၅၄ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၂၈၂ ခု၊ မႏၱေလးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာန ဆိုင္ရာဌာနမွာ ဓာတ္ခြဲနမူနာ ၁၂၈ ခုနဲ႔ ရန္ကုန္ၿမိဳ႕ အမွတ္ ၁ တပ္မေတာ္ေဆး႐ုံႀကီးမွာ ပထမအသုတ္ဓာတ္ခြဲနမူနာ ၂၆၂ ခု၊ စုစုေပါင္း ၁,၃၂၆ ခုကို ဒီကေန႔ စစ္ေဆးခဲ့တာပါ။

ဒီေန႔ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ ေရာဂါကင္းစင္သြားတဲ့ COVID-19 လူနာေဟာင္း ၂၄၅ ေယာက္႐ွိပါတယ္။ ေသဆံုးသူကေတာ့ ေျခာက္ ေယာက္႐ွိပါတယ္။

[Unicode Version]

မြန်မာနိုင်ငံ ကိုဗစ်ဓါတ်ခွဲအတည်ပြု သုံးဦးထပ်တိုး

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ရောဂါအတည်ပြုလူနာ သုံး ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း ၃၁၆ ယောက် ရှိသွားပါပြီ။

လူနာသစ် ၃ ယောက်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE က ပြန်လာကြသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့အတွက် ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ် ဓာတ်ခွဲ နမူနာ ၆၅၄ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၈၂ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာန ဆိုင်ရာဌာနမှာ ဓာတ်ခွဲနမူနာ ၁၂၈ ခုနဲ့ ရန်ကုန်မြို့ အမှတ် ၁ တပ်မတော်ဆေးရုံကြီးမှာ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၆၂ ခု၊ စုစုပေါင်း ၁,၃၂၆ ခုကို ဒီကနေ့ စစ်ဆေးခဲ့တာပါ။

ဒီနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ရောဂါကင်းစင်သွားတဲ့ COVID-19 လူနာဟောင်း ၂၄၅ ယောက်ရှိပါတယ်။ သေဆုံးသူကတော့ ခြောက် ယောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG