[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတည္ျပဳလူနာသစ္ ငါး ေယာက္နဲ႔ စုစုေပါင္း ၃၃၆ ေယာက္႐ွိသြားပါၿပီ။ အတည္ျပဳလူနာသစ္ ၅ ေယာက္ထဲမွာ ထိုင္းႏိုင္ငံကို သြားခဲ့သူ အမ်ဳိးသမီး ႏွစ္ ေယာက္နဲ႔ အမ်ဳိးသား ႏွစ္ ေယာက္၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံကုိ သြားခဲ့သူ အမ်ဳိးသား တေယာက္တို႔ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ တနလၤာေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီေန႔အတြက္ ရန္ကုန္ၿမိဳ႕ အမ်ဳိးသားက်န္းမာေရးဓါတ္ခဲြဌာနမွာ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ ၁၈၈ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၂၂၄ ခု၊ မႏၱေလးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓါတ္ခဲြဌာနမွာ ဓာတ္ခြဲနမူနာ ၇၅ ခုနဲ႔ ရန္ကုန္ၿမိဳ႕ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၃၀၃ ခု၊ စုစုေပါင္း ၇၉၀ ခုကို ညေနပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တာျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ တနလၤာေန႔ည ၈ နာရီအထိ COVID-19 အတည္ျပဳလူနာ ၃၃၆ ေယာက္၊ ေရာဂါပိုးကင္းစင္သြားသူ ၂၆၁ ေယာက္နဲ႔ ေသဆံုးသူ ၆ ေယာက္႐ွိပါတယ္။
[Unicode Version]
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၃၃၆ ရှိပြီ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာသစ် ငါး ယောက်နဲ့ စုစုပေါင်း ၃၃၆ ယောက်ရှိသွားပါပြီ။ အတည်ပြုလူနာသစ် ၅ ယောက်ထဲမှာ ထိုင်းနိုင်ငံကို သွားခဲ့သူ အမျိုးသမီး နှစ် ယောက်နဲ့ အမျိုးသား နှစ် ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားခဲ့သူ အမျိုးသား တယောက်တို့ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ တနင်္လာနေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့အတွက် ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနမှာ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၁၈၈ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၂၄ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၇၅ ခုနဲ့ ရန်ကုန်မြို့ အမှတ် (၁) တပ်မတော်ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၃၀၃ ခု၊ စုစုပေါင်း ၇၉၀ ခုကို ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တနင်္လာနေ့ည ၈ နာရီအထိ COVID-19 အတည်ပြုလူနာ ၃၃၆ ယောက်၊ ရောဂါပိုးကင်းစင်သွားသူ ၂၆၁ ယောက်နဲ့ သေဆုံးသူ ၆ ယောက်ရှိပါတယ်။