သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ကုိဗစ္အတည္ျပဳလူနာ ၁ ဦးတုိး ကူးစက္သူ ၃၃၁ ေယာက္ရွိ


ရန္ကုန္ၿမိဳ႕ ဘတ္စ္ကားမွတ္တုိင္တခုအနီး ႏွာေခါင္းစည္းတပ္ သြားလာေနသူအခ်ဳိ႕။ (ေမ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ေနာက္ထပ္ ၁ ဦး ေတြ႔ရွိခဲ့တာေၾကာင့္ ေရာဂါကူးစက္သူ ၃၃၁ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ဇူလိုင္ ၁၂ ရက္ေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

ဓာတ္ခဲြနမူနာ စုစုေပါင္း ၁,၀၉၉ ခုကို ဒီေန႔ စစ္ေဆးခဲ့တာမွာ ေရာဂါပိုး ကူးစက္ခံရသူ ၁ ဦး ေတြ႔ရွိခဲ့တာျဖစ္တယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ဒီေန႔ ေရာဂါပုိးေတြ႔ရွိသူဟာ မၾကာေသးခင္က အေမရိကန္ႏုိင္ငံက ျပန္လာတဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ ရန္ကုန္တုိင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း ၿမိဳ႕နယ္မွာ ေနထုိင္တဲ့ အသက္ ၄၀ အရြယ္ အမ်ိဳးသားျဖစ္ၿပီး အသြားအလာ ေစာင့္ၾကည့္ခံထားရသူ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ေတာင္ဥကၠလာပ အထူးကုေဆး႐ုံႀကီးမွာ ကုသမႈေတြ ဆက္လုပ္သြားမယ္လို႔လည္း ေျပာထားပါတယ္။

ဒီေန႔မွာေတာ့ ဓာတ္ခဲြအတည္ျပဳလူနာေဟာင္းေတြထဲက ေရာဂါပိုး ၂ ႀကိမ္ဆက္တုိက္ မေတြ႔ရွိတဲ့သူ ေနာက္ထပ္ ၁ ဦး ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ အခုဆုိရင္ ေရာဂါပုိးကင္းစင္သူ ၂၆၁ ေယာက္ရွိၿပီး အဲဒီထဲက ၂၄၈ ေယာက္ကိုေတာ့ ေဆး႐ုံဆင္းခြင့္ျပဳၿပီး သတ္မွတ္ထားတဲ့ ေနရာေတြမွာ ဆက္ၿပီးေတာ့ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္မႈေတြ လုပ္ေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ မေန႔ ဇြန္လ ၁၁ ရက္ ေန႔လယ္ ၁၂ နာရီကေန ဒီေန႔ ေန႔လယ္ ၁၂ နာရီအထိ ေနာက္ထပ္ ေစာင့္ၾကည့္လူနာ ၃၀ ရွိတယ္လို႔လည္း ေျပာပါတယ္။

အခုခ်ိန္ထိေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆ ေယာက္ရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁ ဦးတိုး ကူးစက်သူ ၃၃၁ ယောက်ရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၁ ဦး တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်သူ ၃၃၁ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၉၉ ခုကို ဒီနေ့ စစ်ဆေးခဲ့တာမှာ ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီနေ့ ရောဂါပိုးတွေ့ရှိသူဟာ မကြာသေးခင်က အမေရိကန်နိုင်ငံက ပြန်လာတဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားဖြစ်ပြီး အသွားအလာ စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။ သူ့ကိုတော့ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ကုသမှုတွေ ဆက်လုပ်သွားမယ်လို့လည်း ပြောထားပါတယ်။

ဒီနေ့မှာတော့ ဓာတ်ခွဲအတည်ပြုလူနာဟောင်းတွေထဲက ရောဂါပိုး ၂ ကြိမ်ဆက်တိုက် မတွေ့ရှိတဲ့သူ နောက်ထပ် ၁ ဦး ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါပိုးကင်းစင်သူ ၂၆၁ ယောက်ရှိပြီး အဲဒီထဲက ၂၄၈ ယောက်ကိုတော့ ဆေးရုံဆင်းခွင့်ပြုပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ ဆက်ပြီးတော့ အသွားအလာ ကန့်သတ်စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ ဇွန်လ ၁၁ ရက် နေ့လယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာ ၃၀ ရှိတယ်လို့လည်း ပြောပါတယ်။

အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၆ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

XS
SM
MD
LG