သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေသြးလြန္တုတ္ေကြးေရာဂါ သတိထားဖို႔ ေဆးဘက္ဝန္ထမ္းေတြ ႏိႈးေဆာ္


ေသြးလြန္တုပ္ေကြးေရာဂါ ႀကိဳတင္ကာကြယ္ဖို႔အတြက္ ေဆးဖ်န္းေနတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၃၁၊ ၂၀၁၇)

[Zawgyi/Unicode]

COVID 19 ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္မွာ ရာသီအလုိက္ ျဖစ္ေလ့ရွိတဲ့ ေသြးလြန္တုတ္ေကြးလို ေရာဂါမ်ိဳးေတြေၾကာင့္ အေသအေပ်ာက္ေတြ ရွိေနတဲ့အတြက္ သတိထားၾကဖုိ႔ က်န္းမာေရးပညာရွင္ေတြ သတိေပးေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

မိုးရာသီကာလမွာ ျဖစ္ေလ့ရွိတဲ့ ေသြးလြန္တုတ္ေကြးေရာဂါေၾကာင့္ ဒီႏွစ္ထဲ ေသဆုံးသူ ၁၂ ဦးထက္မနည္း ရွိသြားၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ေသဆုံးသူ အမ်ားစုကေတာ့ အသက္ ၅ ႏွစ္ကေန ၉ ႏွစ္ၾကား ကေလးေတြပါ။

ဒီႏွစ္ဆန္းကစလုိ႔ ႏုိင္ငံတ၀န္းမွာ ေသြးလြန္တုတ္ေကြးေရာဂါေၾကာင့္ ေဆး႐ုံတက္ရသူ ၁,၇၀၀ ေက်ာ္ရွိခဲ့ပါတယ္။

လက္ရွိ ကိန္းဂဏန္းေတြအရဆုိရင္ေတာ့ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၆ ေယာက္ အတည္ျပဳထားတဲ့ ျမန္မာႏုိင္ငံမွာ ေသြးလြန္တုတ္ေကြးေၾကာင့္ ေသတဲ့လူ အေရအတြက္က ႏွစ္ဆ ရွိေနတာပါ။ ဒီလုိအသက္အႏၱရာယ္ကုိပါ ၿခိမ္းေျခာက္ႏုိင္တဲ့ ေရာဂါကုိ သတိထားဖုိ႔ လုိတယ္လုိ႔ အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာ ေက်ာ္စြာဦးက ေျပာပါတယ္။

“အဓိကက ေသြးလြန္တုတ္ေကြးက မုတ္သုန္မိုးေပါ့ေနာ္၊ မိုးရာသီဝင္လာၿပီဆိုရင္ေတာ့ က်ေနာ္တို႔ အၿမဲရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈတစ္ခုေပါ့ေနာ္။ ဒီႏွစ္က်ေတာ့ ထူးျခားခ်က္အေနနဲ႔ COVID 19 ရွိတဲ့ အတြက္ေၾကာင့္မို႔လို႔ COVID 19 အေပၚမွာေတာ့ လူေတြက ပိုၿပီး စိုးရိမ္ေၾကာင့္ၾကၾကတယ္။ ေသြးလြန္တုတ္ေကြးကိုေတာ့ စိုးရိမ္တဲ့လူေတြလည္း ရွိတယ္။ သို႔ေသာ္ပုံမွန္အေျခအေနလို႔လည္း တခ်ိဳ႕ကေတာ့ ထင္တာေပါ့ေနာ္။ သို႔ေသာ္လည္းပဲ က်ေနာ္တုိ႔ လက္ရွိေပါ့ေနာ္ ေသဆုံးမႈကလည္း COVID 19 ထက္ ေပါ့ေနာ္။ ဒီလပိုင္းေတြအတြင္းမွာ မ်ားေနတယ္ဆိုတာ ေတြ႕ရတဲ့ အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔က COVID 19 ကိုလည္း စိုးရိမ္ေၾကာင့္ၾကရမယ္။ ဒီေသြးလြန္တုတ္ေကြးကိုလည္း က်ေနာ္တို႔ ေမ့ထားလို႔ မရဘူးဆိုတာေတာ့ မိဘျပည္သူေတြကို က်ေနာ္တို႔ အသိေပးခ်င္ပါ တယ္။”

ေသြးလြန္တုတ္ေကြးေရာဂါကို ကာကြယ္ႏိုင္ဖို႔အတြက္ ေရာဂါပုိးကုိ သယ္ေဆာင္တဲ့ ျခင္ေတြမေပါက္ပြားေအာင္ ႀကိဳတင္တားဆီးဖုိ႔ အေရးႀကီးတယ္လုိ႔လည္း ေဒါက္တာ ေက်ာ္စြာဦးက ေျပာပါတယ္။

“ေလာက္လန္းႏိုင္နင္းေရးကေတာ အေရးအႀကီးဆုံးေပါ့။ ေလာက္လန္းကေန ျခင္ျဖစ္တာေၾကာင့္ ေလာက္လန္းႏိုင္နင္းေရးအတြက္ ဖုံး၊ သြန္၊ လဲ၊ စစ္ ဆိုတဲ့ ဟာေတြရယ္။ ျခင္ႏိုင္နင္းေရးက ျခင္ေဆးဖ်န္းတာကလည္း အတိုင္းအတာတစ္ခုအထိပဲ သက္ေရာက္မႈရွိတာဆိုေတာ့ အဓိက သက္ေရာက္မႈ အရွိဆုံးက ေလာက္လန္းဘဝမွာကတည္းက ႏွိမ္နင္းဖို႔ေပါ့ေနာ္။”

အခုက COVID 19 ေရာဂါ ျဖစ္ေနတဲ့ ကာလလည္း ျဖစ္တဲ့အျပင္ ေသြးလြန္တုတ္ေကြးေရာဂါက အသက္ဆုံးရႈံးႏိုင္တာမ်ိဳးလည္း ျဖစ္ႏိုင္တာေၾကာင့္ ဖ်ားတာ၊ ကိုယ္ပူတာေတြ ျဖစ္ရင္ ေဆး႐ုံ ေဆးခန္းေတြကို အျမန္ဆုံး သြားၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူၾကဖို႔ကို အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာ မိုးေအာင္ေက်ာ္ႏိုင္က တိုက္တြန္းထားပါတယ္။

“ကိုဗစ္က ျဖစ္ရင္ေတာ့ သူ႔ကိုေၾကာက္တာက ကူးစက္တာ အဓိက ေသဆုံးမႈႏႈန္းကို ၾကည့္ရင္ ေသြးလြန္တုတ္ေကြးက ပိုေတာင္စိုးရိမ္ဖို႔ေကာင္းတယ္ေပါ့ေႏွာ္၊ ကေလးေတြအတြက္ ဆိုရင္ ပိုၿပီးေတာ့ေလ။ ေသြးလြန္တုတ္ေကြးက ျဖစ္လို႔ရွိရင္ ေရာဂါျပင္းထန္တာေတြရွိသလို ေရာဂါမျပင္းထန္တဲ့ အဆင့္ေတြလည္း ရွိတယ္။ ဒါေပမဲ့ ျဖစ္ၿပီဆိုတာနဲ႔ ၃ ရက္နဲ႔ ၇ ရက္အတြင္းမွာ၊ ၾကား ၃ ရက္ေျမာက္ကေန ၇ ရက္ေျမာက္ အတြင္းမွာ Shock ဝင္တတ္တဲ့အတြက္ေၾကာင့္မို႔လို႔ အဲ့ဒီအခ်ိန္မွာ ပိုၿပီးေတာ့ ဂ႐ုျပဳဖို႔လိုတာေပါ့ေနာ္။ ခုအခ်ိန္မွာ ဘာပဲျဖစ္ျဖစ္ ဖ်ားၿပီဆိုရင္ေတာ့ ေဆး႐ုံ၊ ေဆးေပးခန္းသြားဖို႔ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ေသြးလြန္တုတ္ေကြးေၾကာင့္လည္း ျဖစ္ႏိုင္တယ္ တျခား တုတ္ေကြးေရာဂါေၾကာင့္ျဖစ္ႏိုင္တယ္၊ ကိုဗစ္ေရာဂါေၾကာင့္ျဖစ္ႏိုင္တယ္။ ဆိုေတာ့ ဒါေတြကို ကြဲကြဲျပားျပားသုံးသပ္ဖို႔အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူဖို႔ လိုအပ္တယ္။”

ေသြးလြန္တုတ္ေကြးေရာဂါဟာ ေအးဒီစ္ျခင္က်ား ကိုက္ခံရတာကေန ျဖစ္ပြားတာျဖစ္ၿပီးေတာ့ မိုးရာသီမွာ ျဖစ္ပြားမႈ ပိုမ်ားပါတယ္။ ကေလးလူႀကီးမေ႐ြး ျဖစ္ပြားႏိုင္တာေၾကာင့္ ဖ်ားတာ၊ အနီစက္ေတြ ေပၚလာတာ၊ ပ်ိဳ႕အန္တာ၊ စတဲ့ လကၡဏာေတြျဖစ္လာရင္ ေဆး႐ုံေဆးခန္းေတြကို အျမန္ဆုံးသြားၿပီး ကုသမႈ ခံယူၾကဖို႔ကို က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ဆရာဝန္ေတြက တိုက္တြန္းထား ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာလည္း တစ္ႏိုင္ငံလုံးမွာ ေသြးလြန္တုတ္ေကြးေရာဂါ ျဖစ္ပြားသူ ၂၀,၀၀၀ ေက်ာ္ရွိခဲ့ၿပီး ေသဆုံးသူ ၁၂၃ ဦး ရွိတယ္လုိ႔လည္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သွေးလွန်တုတ်ကွေးရောဂါ သတိထားဖို့ ဆေးဘက်ဝန်ထမ်းတွေ နှိုးဆော်

COVID 19 ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ ရာသီအလိုက် ဖြစ်လေ့ရှိတဲ့ သွေးလွန်တုတ်ကွေးလို ရောဂါမျိုးတွေကြောင့် အသေအပျောက်တွေ ရှိနေတဲ့အတွက် သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

မိုးရာသီကာလမှာ ဖြစ်လေ့ရှိတဲ့ သွေးလွန်တုတ်ကွေးရောဂါကြောင့် ဒီနှစ်ထဲ သေဆုံးသူ ၁၂ ဦးထက်မနည်း ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူ အများစုကတော့ အသက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးတွေပါ။

ဒီနှစ်ဆန်းကစလို့ နိုင်ငံတဝန်းမှာ သွေးလွန်တုတ်ကွေးရောဂါကြောင့် ဆေးရုံတက်ရသူ ၁,၇၀၀ ကျော်ရှိခဲ့ပါတယ်။

လက်ရှိ ကိန်းဂဏန်းတွေအရဆိုရင်တော့ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ယောက် အတည်ပြုထားတဲ့ မြန်မာနိုင်ငံမှာ သွေးလွန်တုတ်ကွေးကြောင့် သေတဲ့လူ အရေအတွက်က နှစ်ဆ ရှိနေတာပါ။ ဒီလိုအသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ ရောဂါကို သတိထားဖို့ လိုတယ်လို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။

“အဓိကက သွေးလွန်တုတ်ကွေးက မုတ်သုန်မိုးပေါ့နော်၊ မိုးရာသီဝင်လာပြီဆိုရင်တော့ ကျနော်တို့ အမြဲရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုပေါ့နော်။ ဒီနှစ်ကျတော့ ထူးခြားချက်အနေနဲ့ COVID 19 ရှိတဲ့ အတွက်ကြောင့်မို့လို့ COVID 19 အပေါ်မှာတော့ လူတွေက ပိုပြီး စိုးရိမ်ကြောင့်ကြကြတယ်။ သွေးလွန်တုတ်ကွေးကိုတော့ စိုးရိမ်တဲ့လူတွေလည်း ရှိတယ်။ သို့သော်ပုံမှန်အခြေအနေလို့လည်း တချို့ကတော့ ထင်တာပေါ့နော်။ သို့သော်လည်းပဲ ကျနော်တို့ လက်ရှိပေါ့နော် သေဆုံးမှုကလည်း COVID 19 ထက် ပေါ့နော်။ ဒီလပိုင်းတွေအတွင်းမှာ များနေတယ်ဆိုတာ တွေ့ရတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က COVID 19 ကိုလည်း စိုးရိမ်ကြောင့်ကြရမယ်။ ဒီသွေးလွန်တုတ်ကွေးကိုလည်း ကျနော်တို့ မေ့ထားလို့ မရဘူးဆိုတာတော့ မိဘပြည်သူတွေကို ကျနော်တို့ အသိပေးချင်ပါ တယ်။”

သွေးလွန်တုတ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့အတွက် ရောဂါပိုးကို သယ်ဆောင်တဲ့ ခြင်တွေမပေါက်ပွားအောင် ကြိုတင်တားဆီးဖို့ အရေးကြီးတယ်လို့လည်း ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။

“လောက်လန်းနိုင်နင်းရေးကတော အရေးအကြီးဆုံးပေါ့။ လောက်လန်းကနေ ခြင်ဖြစ်တာကြောင့် လောက်လန်းနိုင်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုတဲ့ ဟာတွေရယ်။ ခြင်နိုင်နင်းရေးက ခြင်ဆေးဖျန်းတာကလည်း အတိုင်းအတာတစ်ခုအထိပဲ သက်ရောက်မှုရှိတာဆိုတော့ အဓိက သက်ရောက်မှု အရှိဆုံးက လောက်လန်းဘဝမှာကတည်းက နှိမ်နင်းဖို့ပေါ့နော်။”

အခုက COVID 19 ရောဂါ ဖြစ်နေတဲ့ ကာလလည်း ဖြစ်တဲ့အပြင် သွေးလွန်တုတ်ကွေးရောဂါက အသက်ဆုံးရှုံးနိုင်တာမျိုးလည်း ဖြစ်နိုင်တာကြောင့် ဖျားတာ၊ ကိုယ်ပူတာတွေ ဖြစ်ရင် ဆေးရုံ ဆေးခန်းတွေကို အမြန်ဆုံး သွားပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြဖို့ကို အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မိုးအောင်ကျော်နိုင်က တိုက်တွန်းထားပါတယ်။

“ကိုဗစ်က ဖြစ်ရင်တော့ သူ့ကိုကြောက်တာက ကူးစက်တာ အဓိက သေဆုံးမှုနှုန်းကို ကြည့်ရင် သွေးလွန်တုတ်ကွေးက ပိုတောင်စိုးရိမ်ဖို့ကောင်းတယ်ပေါ့နှော်၊ ကလေးတွေအတွက် ဆိုရင် ပိုပြီးတော့လေ။ သွေးလွန်တုတ်ကွေးက ဖြစ်လို့ရှိရင် ရောဂါပြင်းထန်တာတွေရှိသလို ရောဂါမပြင်းထန်တဲ့ အဆင့်တွေလည်း ရှိတယ်။ ဒါပေမဲ့ ဖြစ်ပြီဆိုတာနဲ့ ၃ ရက်နဲ့ ၇ ရက်အတွင်းမှာ၊ ကြား ၃ ရက်မြောက်ကနေ ၇ ရက်မြောက် အတွင်းမှာ Shock ဝင်တတ်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီအချိန်မှာ ပိုပြီးတော့ ဂရုပြုဖို့လိုတာပေါ့နော်။ ခုအချိန်မှာ ဘာပဲဖြစ်ဖြစ် ဖျားပြီဆိုရင်တော့ ဆေးရုံ၊ ဆေးပေးခန်းသွားဖို့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သွေးလွန်တုတ်ကွေးကြောင့်လည်း ဖြစ်နိုင်တယ် တခြား တုတ်ကွေးရောဂါကြောင့်ဖြစ်နိုင်တယ်၊ ကိုဗစ်ရောဂါကြောင့်ဖြစ်နိုင်တယ်။ ဆိုတော့ ဒါတွေကို ကွဲကွဲပြားပြားသုံးသပ်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ လိုအပ်တယ်။”

သွေးလွန်တုတ်ကွေးရောဂါဟာ အေးဒီစ်ခြင်ကျား ကိုက်ခံရတာကနေ ဖြစ်ပွားတာဖြစ်ပြီးတော့ မိုးရာသီမှာ ဖြစ်ပွားမှု ပိုများပါတယ်။ ကလေးလူကြီးမရွေး ဖြစ်ပွားနိုင်တာကြောင့် ဖျားတာ၊ အနီစက်တွေ ပေါ်လာတာ၊ ပျို့အန်တာ၊ စတဲ့ လက္ခဏာတွေဖြစ်လာရင် ဆေးရုံဆေးခန်းတွေကို အမြန်ဆုံးသွားပြီး ကုသမှု ခံယူကြဖို့ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆရာဝန်တွေက တိုက်တွန်းထား ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာလည်း တစ်နိုင်ငံလုံးမှာ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀,၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၂၃ ဦး ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်ရှင်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG