သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ COVID ကူးစက္သူ ၄ ဦးထပ္ေတြ႔၊ ကူးစက္ခံ ၃၃၀ ထိ ေရာက္ရွိ


ရန္ကုန္ၿမိဳ႕မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ ထိန္းခ်ဳပ္ႏုိင္ေရး အိမ္တုိင္ရာေရာက္ က်န္းမာေရး စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (ေမ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္မႈ ဆက္လက္ေတြ႔ေနရဆဲျဖစ္ၿပီး အမ်ားစုကေတာ့ ျပည္ပက ျပန္လည္၀င္ေရာက္လာသူေတြ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံတြင္း COVID-19 ကူးစက္မႈကို ဆက္လက္ ထိန္းခ်ဳပ္ေဆာင္ရြက္ႏုိင္ေရးအတြက္ ေဆာင္ရန္ ေရွာင္ရန္ေတြကို ကုိဉာဏ္ဝင္းေအာင္ စုစည္း တင္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္ခံရသူ ၄ ဦး စေနေန႔က ထပ္ၿပီး ေတြ႔ခဲ့ရၿပီး အခုအခ်ိန္ထိ ကူးစက္ခံ အတည္ျပဳ ၃၃၀ ဦး ရွိေနပါတယ္။ ဒီထဲက ၂၄၇ ဦး ေဆး႐ုံဆင္းခြင့္ရခဲ့ၿပီး အသြားအလာ ဆက္လက္ ေစာင့္ၾကည့္ေနပါတယ္။ ကူးစက္ခံရသူေတြထဲက ေသဆံုးသူ အခုအခ်ိန္ထိ ၆ ဦး ရွိပါတယ္။ ျမန္မာႏုိင္ငံတြင္း COVID-19 ကူးစက္ ေသဆံုးမႈႏႈန္းက ေဒသတြင္းႏုိင္ငံတခ်ိဳ႕နဲ႔ ယွဥ္ရင္ အေတာ္ေလး နည္းပါးေပမယ့္လည္း ျပည္သူမ်ား မေပါ့ဆၾကဖို႔ ျမန္မာအစိုးရ က်န္းမာေရး၀န္ႀကီးဌာနက သတိေပး ႏိႈးေဆာ္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္မႈကို ဆက္လက္ ထိန္းခ်ဳပ္ထားႏုိင္ေရးအတြက္ ေရာဂါပိုးရွိမရွိ အာေခါင္၊ ႏွာေခါင္းတို႔ဖတ္ စစ္ေဆးမႈေတြနဲ႔အတူ ကြာရမ္တင္းစင္တာေတြမွာ ေစာင့္ၾကည့္ခဲြထားမႈေတြ ဆက္လုပ္သြားဖို႔ လိုတယ္လို႔ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမဳိ႕ Wyckoff Heights ဒုတိယေဆး႐ုံအုပ္ ကူးစက္ေရာဂါအထူးကု ဆရာဝန္ ေဒါက္တာေဇယ်ာသက္က အႀကံျပဳ ေျပာဆုိပါတယ္။

"အဓိကေတာ့ ျပန္လာတဲ့လူေတြကို ခုလက္ရွိလိုပဲ ကြာရမ္တင္း ဆက္လုပ္ဖုိ႔ပါ။ ျဖစ္ႏိုင္ရင္ test မ်ားမ်ားလုပ္ပါ။ ႏွာေခါင္းကို test လုပ္ေပးႏိုင္ရင္ေတာ့ ေကာင္းပါတယ္။ ေနာက္တခ်က္ကေတာ့ က်န္းမာေရးပညာေပးကို မ်ားမ်ားလုပ္ေပးပါ။ ျပည္သူလူထုေတြထဲမွာ ဖ်ားရင္ ဆရာဝန္ျပပါ၊ လက္ေဆးပါ၊ ျဖစ္ႏိုင္ရင္ လက္ကို မ်ားမ်ားေဆးပါ။ အျပင္သြားရင္ ႏွာေခါင္းကို ပိတ္ၿပီးသြားပါ။ ဒီ အမ်ားသုံး Public Transport ေတြေပၚမွာ ဘတ္စ္ကားေတြ ဘာေတြ သုံးတဲ့အခ်ိန္မွာ ႏွာေခါင္းစည္းကို မျဖစ္မေနတပ္ပါ။ ႏွာေခါင္းစည္းနဲ႔ လက္ေဆးတာက သာမန္ျပည္သူေတြအတြက္ ဒီႏွစ္ခ်က္က အဓိက်တဲ့ ေရာဂါကာကြယ္ေရး လုပ္ေဆာင္ခ်က္ပါ။"

လက္ရွိ ျမန္မာႏုိင္ငံတြင္း COVID-19 ထိန္းခ်ဳပ္ ေဆာင္ရြက္မႈမွာေတာ့ အထူးသျဖင့္ ျပည္ပက ၀င္ေရာက္လာသူေတြကို သီးျခားခြဲ ေစာင့္ၾကည့္ စစ္ေဆးမႈကို တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ လက္ရွိေဆာင္ရြက္ေနတဲ့ ကုိဗစ္ကာကြယ္တိုက္ဖ်က္ေရး အစီအစဥ္ကို အားရမိပါတယ္လို႔ ေဒါက္တာေဇယ်ာသက္က ေျပာဆုိပါတယ္။

“ျမန္မာႏုိင္ငံက ၆ ေယာက္ပဲ ေသတယ္ဆိုတာ အရမ္းေကာင္းတဲ့ ရလဒ္တခုပါ။ ဒါမ်ဳိး ၉၀ ရာခုိင္ႏႈန္း အထက္ေသာ ႏိုင္ငံေတြမွာ မလုပ္ႏိုင္ပါဘူး။ ၈၀ ရာခုိင္ႏႈန္းေသာ သူေတြက ကိုဗစ္ရေပမယ့္လည္း ျမန္မာႏိုင္ငံဟာ ကံေကာင္းတယ္။ ကူးစက္ခံရတဲ့ strain ပိုးအမ်ဳိးအစားက ဆိုးဆိုးဝါးဝါး မဟုတ္တဲ့အတြက္ လူဦးေရ အေသအေပ်ာက္နည္းတယ္။ ေနာက္တခုက လူနာအေတာ္မ်ားမ်ားကိုလည္း supported care ပံ့ပုိးကုသမႈ အပိုင္းကလည္း ကယ္သြားတာေပါ့ေနာ္။ ဆုိေတာ့ က်န္းမာေရးဌာနရဲ႕ လုပ္ေဆာင္ခ်က္ကေတာ့ ေတာ္ေတာ္ေလးကို ေက်နပ္စရာပါ။ မွန္းထားတာထက္ အမ်ားႀကီးေကာင္းေအာင္ လုပ္ႏိုင္ခဲ့တာေပါ့။ ဒါကေတာ့ အမွန္တရားပါ။”

အိမ္နီးခ်င္းႏုိင္ငံေတြထက္စာရင္ ျမန္မာႏိုင္ငံမွာ ကုိဗစ္လူနာ နည္းေနတယ္ ဆုိေပမယ့္လည္း ကူးစက္မႈအေနအထားက လုံးဝ စိတ္ခ်ရတဲ့ အေျခအေနမ်ဳိးမွာေတာ့ မရွိေသးဘူးလို႔ ေဒါက္တာေဇယ်ာသက္က သုံးသပ္ပါတယ္။

“ဘယ္ႏိုင္ငံမွာမွ စိတ္ခ်ရတဲ့ အေနအထား မရွိေသးဘူးဗ်။ ဘာျဖစ္လု႔ိလဲဆိုေတာ့ေလ ဘယ္ႏိုင္ငံမွာမွ zero case မရွိေသးတဲ့အပိုင္း ရွိေနတာေပါ့ေနာ္။ ေျပာရရင္ေတာ့ စိတ္ခ်ရတယ္ဆုိၿပီးေတာ့ ေပါ့တီးေပါ့ဆ လုပ္လို႔ေတာ့ မရပါဘူး။ သတိဆိုတာ ခုခ်ိန္ထိ က်ေနာ္တို႔ ထားေနရတုန္းပါပဲ။ ေနာက္တခုက သူမ်ားေတြေျပာသလုိ 2nd wave ဆုိတာ မဟုတ္ေသးပါဘူး။ 1st wave ေတာင္မွ မၿပီးေသးပါဘူး။”

ေလ့လာေတြ႔ရွိခ်က္ေတြအရ အထူးသျဖင့္ေတာ့ အဝလြန္သူေတြနဲ႔ ဆီးခ်ဳိလို ေရာဂါအခံရွိသူေတြ၊ ေသြးအုပ္စု A အမ်ဳိးအစား ရွိသူေတြမွာ ျပင္းထန္တဲ့ ကိုဗစ္ေရာဂါ အဝင္လြယ္ေၾကာင္း ေဒါက္တာေဇယ်ာသက္က ရွင္းျပပါတယ္။

ကမၻာတလႊား ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ေနဆဲျဖစ္ၿပီး အမ်ားဆုံးကေတာ့ အေမရိကန္ျပည္ေထာင္စုပါ။ ျမန္မာရဲ႕ အိမ္နီးခ်င္းႏိုင္ငံႀကီးျဖစ္တဲ့ အိႏၵိယႏိုင္ငံဟာ ကမၻာေပၚမွာ ကိုဗစ္ကူးစက္မႈ တတိယအမ်ားဆုံး လုိက္ေနၿပီး ကုိဗစ္ အတည္ျပဳလူနာ ၈၂၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂၂,၀၀၀ ေက်ာ္ ရွိေနပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဆုိရင္လည္း ကူးစက္လူနာ ၁၈၁,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂,၃၀၀ ေက်ာ္ရွိပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္ကူးစက္သူ ၈၅,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ အနည္းဆုံး ၄,၆၀၀ ေက်ာ္ ရွိပါတယ္။ ထိုင္းႏိုင္ငံမွာေတာ့ ကိုဗစ္ကူးစက္မႈ ၃,၂၀၀ ေက်ာ္နဲ႔ ၅၈ ဦး ေသဆုံးခဲ့ၿပီး လာအိုႏိုင္ငံကေတာ့ ခုခ်ိန္ထိ ကူးစက္သူ ၁၉ ဦးနဲ႔ တဦးမွ ေသဆုံးသူ မရွိေသးဘူးလို႔ ကမၻာ့က်န္းမာေရး သုေတသန သတင္းေတြမွာ ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID ကူးစက်သူ ၄ ဦးထပ်တွေ့၊ ကူးစက်ခံ ၃၃၀ ထိ ရောက်ရှိ

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှု ဆက်လက်တွေ့နေရဆဲဖြစ်ပြီး အများစုကတော့ ပြည်ပက ပြန်လည်ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း COVID-19 ကူးစက်မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရန် ရှောင်ရန်တွေကို ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၄ ဦး စနေနေ့က ထပ်ပြီး တွေ့ခဲ့ရပြီး အခုအချိန်ထိ ကူးစက်ခံ အတည်ပြု ၃၃၀ ဦး ရှိနေပါတယ်။ ဒီထဲက ၂၄၇ ဦး ဆေးရုံဆင်းခွင့်ရခဲ့ပြီး အသွားအလာ ဆက်လက် စောင့်ကြည့်နေပါတယ်။ ကူးစက်ခံရသူတွေထဲက သေဆုံးသူ အခုအချိန်ထိ ၆ ဦး ရှိပါတယ်။ မြန်မာနိုင်ငံတွင်း COVID-19 ကူးစက် သေဆုံးမှုနှုန်းက ဒေသတွင်းနိုင်ငံတချို့နဲ့ ယှဉ်ရင် အတော်လေး နည်းပါးပေမယ့်လည်း ပြည်သူများ မပေါ့ဆကြဖို့ မြန်မာအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက သတိပေး နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုကို ဆက်လက် ထိန်းချုပ်ထားနိုင်ရေးအတွက်ရောဂါပိုးရှိမရှိ အာခေါင်၊ နှာခေါင်းတို့ဖတ် စစ်ဆေးမှုတွေနဲ့အတူ ကွာရမ်တင်းစင်တာတွေမှာ စောင့်ကြည့်ခွဲထားမှုတွေ ဆက်လုပ်သွားဖို့ လိုတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Wyckoff Heights ဒုတိယဆေးရုံအုပ် ကူးစက်ရောဂါအထူးကု ဆရာဝန် ဒေါက်တာဇေယျာသက်က အကြံပြု ပြောဆိုပါတယ်။

"အဓိကတော့ ပြန်လာတဲ့လူတွေကို ခုလက်ရှိလိုပဲ ကွာရမ်တင်း ဆက်လုပ်ဖို့ပါ။ ဖြစ်နိုင်ရင် test များများလုပ်ပါ။ နှာခေါင်းကို test လုပ်ပေးနိုင်ရင်တော့ ကောင်းပါတယ်။ နောက်တချက်ကတော့ ကျန်းမာရေးပညာပေးကို များများလုပ်ပေးပါ။ ပြည်သူလူထုတွေထဲမှာ ဖျားရင် ဆရာဝန်ပြပါ၊ လက်ဆေးပါ၊ ဖြစ်နိုင်ရင် လက်ကို များများဆေးပါ။ အပြင်သွားရင် နှာခေါင်းကို ပိတ်ပြီးသွားပါ။ ဒီ အများသုံး Public Transport တွေပေါ်မှာ ဘတ်စ်ကားတွေ ဘာတွေ သုံးတဲ့အချိန်မှာ နှာခေါင်းစည်းကို မဖြစ်မနေတပ်ပါ။ နှာခေါင်းစည်းနဲ့ လက်ဆေးတာက သာမန်ပြည်သူတွေအတွက် ဒီနှစ်ချက်က အဓိကျတဲ့ ရောဂါကာကွယ်ရေး လုပ်ဆောင်ချက်ပါ။"

လက်ရှိ မြန်မာနိုင်ငံတွင်း COVID-19 ထိန်းချုပ် ဆောင်ရွက်မှုမှာတော့ အထူးသဖြင့် ပြည်ပက ဝင်ရောက်လာသူတွေကို သီးခြားခွဲ စောင့်ကြည့် စစ်ဆေးမှုကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ကိုဗစ်ကာကွယ်တိုက်ဖျက်ရေး အစီအစဉ်ကို အားရမိပါတယ်လို့ ဒေါက်တာဇေယျာသက်က ပြောဆိုပါတယ်။

“မြန်မာနိုင်ငံက ၆ ယောက်ပဲ သေတယ်ဆိုတာ အရမ်းကောင်းတဲ့ ရလဒ်တခုပါ။ ဒါမျိုး ၉၀ ရာခိုင်နှုန်း အထက်သော နိုင်ငံတွေမှာ မလုပ်နိုင်ပါဘူး။ ၈၀ ရာခိုင်နှုန်းသော သူတွေက ကိုဗစ်ရပေမယ့်လည်း မြန်မာနိုင်ငံဟာ ကံကောင်းတယ်။ ကူးစက်ခံရတဲ့ strain ပိုးအမျိုးအစားက ဆိုးဆိုးဝါးဝါး မဟုတ်တဲ့အတွက် လူဦးရေ အသေအပျောက်နည်းတယ်။ နောက်တခုက လူနာအတော်များများကိုလည်း supported care ပံ့ပိုးကုသမှု အပိုင်းကလည်း ကယ်သွားတာပေါ့နော်။ ဆိုတော့ ကျန်းမာရေးဌာနရဲ့ လုပ်ဆောင်ချက်ကတော့ တော်တော်လေးကို ကျေနပ်စရာပါ။ မှန်းထားတာထက် အများကြီးကောင်းအောင် လုပ်နိုင်ခဲ့တာပေါ့။ ဒါကတော့ အမှန်တရားပါ။”

အိမ်နီးချင်းနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ နည်းနေတယ် ဆိုပေမယ့်လည်း ကူးစက်မှုအနေအထားက လုံးဝ စိတ်ချရတဲ့ အခြေအနေမျိုးမှာတော့ မရှိသေးဘူးလို့ ဒေါက်တာဇေယျာသက်က သုံးသပ်ပါတယ်။

“ဘယ်နိုင်ငံမှာမှ စိတ်ချရတဲ့ အနေအထား မရှိသေးဘူးဗျ။ ဘာဖြစ်လု့ိလဲဆိုတော့လေ ဘယ်နိုင်ငံမှာမှ zero case မရှိသေးတဲ့အပိုင်း ရှိနေတာပေါ့နော်။ ပြောရရင်တော့ စိတ်ချရတယ်ဆိုပြီးတော့ ပေါ့တီးပေါ့ဆ လုပ်လို့တော့ မရပါဘူး။ သတိဆိုတာ ခုချိန်ထိ ကျနော်တို့ ထားနေရတုန်းပါပဲ။ နောက်တခုက သူများတွေပြောသလို 2nd wave ဆိုတာ မဟုတ်သေးပါဘူး။ 1st wave တောင်မှ မပြီးသေးပါဘူး။”

လေ့လာတွေ့ရှိချက်တွေအရ အထူးသဖြင့်တော့ အဝလွန်သူတွေနဲ့ ဆီးချိုလို ရောဂါအခံရှိသူတွေ၊ သွေးအုပ်စု A အမျိုးအစား ရှိသူတွေမှာ ပြင်းထန်တဲ့ ကိုဗစ်ရောဂါ အဝင်လွယ်ကြောင်း ဒေါက်တာဇေယျာသက်က ရှင်းပြပါတယ်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေဆဲဖြစ်ပြီး အများဆုံးကတော့ အမေရိကန်ပြည်ထောင်စုပါ။ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှု တတိယအများဆုံး လိုက်နေပြီး ကိုဗစ် အတည်ပြုလူနာ ၈၂၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၂,၀၀၀ ကျော် ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုရင်လည်း ကူးစက်လူနာ ၁၈၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၃၀၀ ကျော်ရှိပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၈၅,၀၀၀ ကျော်နဲ့ သေဆုံးသူ အနည်းဆုံး ၄,၆၀၀ ကျော် ရှိပါတယ်။ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်ကူးစက်မှု ၃,၂၀၀ ကျော်နဲ့ ၅၈ ဦး သေဆုံးခဲ့ပြီး လာအိုနိုင်ငံကတော့ ခုချိန်ထိ ကူးစက်သူ ၁၉ ဦးနဲ့ တဦးမှ သေဆုံးသူ မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေး သုတေသန သတင်းတွေမှာ ဖော်ပြပါတယ်။

XS
SM
MD
LG