သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပကေန ျမန္မာႏုိင္ငံ ျပန္လာသူေတြထဲ COVID-19 ကူးစက္သူ ၄ ဦးထပ္ေတြ႔


ရန္ကုန္ၿမိဳ႕မွာ အိမ္တုိင္ရာေရာက္ က်န္းမာေရးစစ္ေဆးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေမ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ႏုိင္ငံတကာမွာ ကူးစက္ပ်ံ႕ႏွံ႔မႈ အေျခအေန ဆိုးရြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ ျမန္မာႏိုင္ငံမွာေတာ့ ျပည္တြင္းေနထိုင္သူ လူထုအၾကား ျပန္႔ပြားကူးစက္မႈ သိပ္မေတြ႔ရဘဲ ႏိုင္ငံရပ္ျခားက ျပန္လာသူ အနည္းငယ္မွာပဲ ပိုးကူးစက္မႈ ပံုမွန္လို ေတြ႔ေနရပါတယ္။

ဒီကေန႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ည ၈ နာရီ ထုတ္ျပန္တဲ့ သတင္းအရ လူနာသစ္ ၄ ဦး ေတြ႔ရွိရပါတယ္။

ဒီကေန႔ ဓာတ္ခြဲခန္းအေျဖနဲ႔ အတည္ျပဳခဲ့တဲ့ လူနာသစ္အားလံုးဟာ ရန္ကုန္တိုင္းေဒသႀကီးက ျဖစ္ၾကၿပီီး ႏိုင္ငံရပ္ျခားက ျပန္လာထားၾကသူေတြျဖစ္လို႔ အရင္ရက္ေတြကတည္းက အသြားအလာ ကန္႔သတ္ ေစာင့္ၾကည့္ေနခဲ့တာလည္း ျဖစ္ပါတယ္။

လႈိင္သာယာမွာေနတဲ့ အသက္ ၃၅ ႏွစ္ေအာက္ အမ်ဳိးသားက ၿဗိတိန္ႏုိင္ငံက ျပန္လာတာျဖစ္သလို လႈိင္ၿမဳိ႕နယ္မွာေနထိုင္တဲ့ အသက္ ၂၀ ဝန္းက်င္ လူငယ္သံုးဦးလံုးကေတာ့ အိႏိၵယႏိုင္ငံကို သြားေရာက္ထားသူေတြ ျဖစ္ပါတယ္။

ပထမအမ်ဳိးသားကို ေတာင္ဥကၠလာပ အထူးကုေဆး႐ံုႀကီးမွာ ေဆးကုသမယ္၊ က်န္သံုးဦးကို တပ္မေတာ္ အသည္းေရာဂါ အထူးကုေဆး႐ံုႀကီးမွာ ထားမယ့္အေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ရန္ကုန္နဲ႔ မႏၲေလးၿမဳိ႕တို႔က ဓာတ္ခြဲခန္းေတြမွာ ဓာတ္ခြဲစစ္ေဆးမႈ ၁,၀၂၈ ခု ျပဳလုပ္ခဲ့ၿပီးမွ ဒီကေန႔ လူနာသစ္ ၄ ဦးကုိ အတည္ျပဳႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတယ္လို႔ အတည္ျပဳထားသူေပါင္း ၃၃၀ ရွိလာၿပီျဖစ္ၿပီး အဲဒီထဲက ၈၀ ရာခုိင္ႏႈန္းေလာက္ ပိုးကင္းစင္သြားၿပီ ျဖစ္ပါတယ္။

ေနျပန္ေကာင္းလာသူ ၂၅၀ ေလာက္ကိုလည္း ေဆး႐ံုက ဆင္းခြင့္ေပးလိုက္ၿပီး အသြားအလာေတြေတာ့ ဆက္ကန္႔သတ္ထားဆဲ ဆက္ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာ ေရာဂါျဖစ္ႏိုင္ေျခရွိတဲ့ လူေပါင္း ၁၇ ဦးကို ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။

အခုေနာက္ပိုင္း ေရာဂါကူးစက္သူေတြထဲမွာ အသက္ငယ္ရြယ္သူေတြ ပိုမ်ားလာတာ ေတြ႔ရတာပါ။ ဒီပိုးကူးစက္မႈေၾကာင့္ ျမန္မာႏိုင္ငံမွာ ေသဆံုးသူ ၆ ဦး ျဖစ္တာေၾကာင့္ ေရာဂါကူးစက္မႈ မဆိုးလွတဲ့ အိမ္နီးခ်င္း ထိုင္းႏုိင္ငံနဲ႔ ယွဥ္ရင္ေတာင္ ကူးစက္မႈေရာ ေသဆံုးမႈေရာမွာ ၁၀ ဆေလာက္ ကြာပါတယ္။

ထိုင္းႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေပါင္း ၃,၂၁၆ ဦးရွိၿပီး ေသဆံုးသူက ၅၈ ဦး ရွိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ပြည်ပကနေ မြန်မာနိုင်ငံ ပြန်လာသူတွေထဲ COVID-19 ကူးစက်သူ ၄ ဦးထပ်တွေ့

နိုင်ငံတကာမှာ ကူးစက်ပျံ့နှံ့မှု အခြေအနေ ဆိုးရွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းနေထိုင်သူ လူထုအကြား ပြန့်ပွားကူးစက်မှု သိပ်မတွေ့ရဘဲ နိုင်ငံရပ်ခြားက ပြန်လာသူ အနည်းငယ်မှာပဲ ပိုးကူးစက်မှု ပုံမှန်လို တွေ့နေရပါတယ်။

ဒီကနေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီ ထုတ်ပြန်တဲ့ သတင်းအရ လူနာသစ် ၄ ဦး တွေ့ရှိရပါတယ်။

ဒီကနေ့ ဓာတ်ခွဲခန်းအဖြေနဲ့ အတည်ပြုခဲ့တဲ့ လူနာသစ်အားလုံးဟာ ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ကြပြီး နိုင်ငံရပ်ခြားက ပြန်လာထားကြသူတွေဖြစ်လို့အရင်ရက်တွေကတည်းက အသွားအလာ ကန့်သတ် စောင့်ကြည့်နေခဲ့တာလည်း ဖြစ်ပါတယ်။

လှိုင်သာယာမှာနေတဲ့ အသက် ၃၅ နှစ်အောက် အမျိုးသားက ဗြိတိန်နိုင်ငံက ပြန်လာတာဖြစ်သလို လှိုင်မြို့နယ်မှာနေထိုင်တဲ့ အသက် ၂၀ ဝန်းကျင် လူငယ်သုံးဦးလုံးကတော့ အိန္ဒိယနိုင်ငံကို သွားရောက်ထားသူတွေ ဖြစ်ပါတယ်။

ပထမအမျိုးသားကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ဆေးကုသမယ်၊ ကျန်သုံးဦးကို တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီးမှာ ထားမယ့်အကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တို့က ဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲစစ်ဆေးမှု ၁,၀၂၈ ခု ပြုလုပ်ခဲ့ပြီးမှ ဒီကနေ့ လူနာသစ် ၄ ဦးကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ အတည်ပြုထားသူပေါင်း ၃၃၀ ရှိလာပြီဖြစ်ပြီး အဲဒီထဲက ၈၀ ရာခိုင်နှုန်းလောက် ပိုးကင်းစင်သွားပြီ ဖြစ်ပါတယ်။

နေပြန်ကောင်းလာသူ ၂၅၀ လောက်ကိုလည်း ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီး အသွားအလာတွေတော့ ဆက်ကန့်သတ်ထားဆဲ ဆက်စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

လောလောဆယ်မှာ ရောဂါဖြစ်နိုင်ခြေရှိတဲ့ လူပေါင်း ၁၇ ဦးကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်း ရောဂါကူးစက်သူတွေထဲမှာ အသက်ငယ်ရွယ်သူတွေ ပိုများလာတာ တွေ့ရတာပါ။ ဒီပိုးကူးစက်မှုကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၆ ဦး ဖြစ်တာကြောင့် ရောဂါကူးစက်မှု မဆိုးလှတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ယှဉ်ရင်တောင် ကူးစက်မှုရော သေဆုံးမှုရောမှာ ၁၀ ဆလောက် ကွာပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၃,၂၁၆ ဦးရှိပြီး သေဆုံးသူက ၅၈ ဦး ရှိထားပါတယ်။

XS
SM
MD
LG