သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁ ဦးထပ္တိုး


လိႈင္သာယာၿမိဳ႕နယ္မွာ စက္ဘီးမ်ားနဲ႔ သြားလာေနသူ တခ်ိဳ႕ကို ေတြ႔ရ။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ အတည္ျပဳလူနာ တေယာက္ထပ္တုိးတဲ့အတြက္ အခုည ၈ နာရီအထိ စုစုေပါင္း ၃၁၉ ေယာက္႐ွိသြားပါၿပီ။

လူနာသစ္ဟာ ဖိလစ္ပိုင္ႏိုင္ငံက ျပန္လာသူ စစ္ကိုင္းတုိင္းေဒသႀကီး တန္႔ဆည္ၿမိဳ႕က အမ်ဳိးသားျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရန္ကုန္ အမ်ိဳးသားက်န္းမာေရးဓာတ္ခဲြဌာနမွာ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ ၅၆၃ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၁၈၃ ခု၊ မႏၱေလးၿမိဳ႕၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၂၆၇ ခုနဲ႔ ေမာ္လၿမိဳင္ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၂၆၃ ခု၊ စုစုေပါင္း ၁,၂၇၆ ခုကို ဒီေန႔ ဇူလိုင္လ ၉ ရက္ေန႔ ညပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တာျဖစ္ပါတယ္။

ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးကင္းစင္သြားသူ ၂၅၄ ေယာက္၊ COVID-19 ေၾကာင့္ ေသဆံုးသူ ၆ ေယာက္႐ွိပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁ ဦးထပ်တိုး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ တယောက်ထပ်တိုးတဲ့အတွက် အခုည ၈ နာရီအထိ စုစုပေါင်း ၃၁၉ ယောက်ရှိသွားပါပြီ။

လူနာသစ်ဟာ ဖိလစ်ပိုင်နိုင်ငံက ပြန်လာသူ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့က အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၅၆၃ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၁၈၃ ခု၊ မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၂၆၇ ခုနဲ့ မော်လမြိုင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၂၆၃ ခု၊ စုစုပေါင်း ၁,၂၇၆ ခုကို ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တာဖြစ်ပါတယ်။

ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကင်းစင်သွားသူ ၂၅၄ ယောက်၊ COVID-19 ကြောင့် သေဆုံးသူ ၆ ယောက်ရှိပါတယ်။

XS
SM
MD
LG