သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်-၁၉ ကြောင့် ပြိုင်ပွဲတွေထိခိုက်မှာ မဟုတ် (အောင်လအန်ဆန်)


(Zawgyi/Unicode)

COVID-19 ရောဂါပိုးကူးစက်ခံနေရတဲ့အကြောင်း ကြေညာထားတဲ့ မြန်မာ စပါးအုံးလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား One Championship ရဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ဆုရှင် အောင်လအန်ဆန်က သူ ကျန်းမာတဲ့အကြောင်းနဲ့ နောင်ယှဉ်ပြိုင်မယ့်ပြိုင်ပွဲတွေအတွက် မစိုးရိမ်ဖို့ သူ့ကို အားပေးတဲ့ ပရိသတ်တွေကို VOA မြန်မာပိုင်း အစီအစဉ်ကတဆင့် ပြောပါတယ်။ သူ့ကို Zoom ကနေ တဆင့် ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။ သူ့မှာ ရောဂါကူးစက်နိုင်တဲ့ လက္ခဏာတွေ့ရတဲ့အတွက် သွားပြီး စစ်ဆေး စမ်းသပ်ရင်း အခုလို ပိုးကူးစက်တာကို တွေ့ရတယ်လို့ စပြီး ရှင်းပြပါတယ်။

အောင်လအန်ဆန်။ ။ နှစ်ခုရှိတာပေါ့နော် တခုကတော့ ကျနော့်အမ အကြီးက Arizona မှာသူဖြစ်တော့ သူ့ရဲ့ COVID လက္ခဏာက သူ့ကိုယ်ခန္ဓာကိုက်ခဲတာပေါ့နော်။ နည်နည်းနာကျင်တာရှိတယ် ၊ အသက်လည်း ၀၀ ရှုလို့မရဘူး ၊ အဖျားလည်း နည်းနည်းရှိတယ်။ အဲဒီ COVID-19 Symptoms ၃ မျိုးရှိတာပေါ့နော်။ ဆိုတော့ ဒီ weekend မှာ ကျနော့်ရဲ့ Symptoms တွေက အဲဒီလိုမျိုးတွေဖြစ်တယ် အဲဒါကြောင့် ကျနော် Monday မှာ ဆေးသွားစစ်လိုက်တယ်ပေါ့နော်။ နှာခေါင်းမှာ သူတို့ swab လုပ်တယ် အဲဒီဆေးစစ်ပြီးတော့ မနေ့ကမှ အဖြေထွက်တာပေါ့နော်။ Result က ကျနော် COVID-19 positive ဖြစ်တယ် ဆိုတာကို မနေ့က အဖြေရတယ်။

ဦးသိန်းထိုက်ဦး။ ။ Florida စမ်းသပ်ရေးနေရာမှာ စမ်းသပ်တာ အဲဒီ သူတို့ ဘယ်လောက်လောက် ကြာသလဲခင်ဗျ စမ်းသပ်တာ စုစုပေါင်း။

အောင်လအန်ဆန်။ ။ ဟုတ်ကဲ့ စမ်းသပ်တဲ့အချိန်က မကြာပါဘူး မိနစ်ပိုင်းပါပဲ။ သူတို့ နှာခေါင်းမှာ swab လုပ်တယ် တာက ခဏလေးပါပဲ။ ဒါပေမယ့် အဲဒီ အဖြေရဖို့ကတော့ ၃ ရက်ကြာတယ်။

ဦးသိန်းထိုက်ဦး။ ။ အခု COVID-19 positive ဖြစ်နေတယ်လို့ ကိုယ့်ဟာကိုယ် သိတဲ့အခါကျတော့ ဘာတွေ စီစဉ်ထားသလဲ ၊ ဘယ်လိုဆက်ပြီးတော့ နေထိုင်ဖို့ ပြောသလဲ။

အောင်လအန်ဆန်။ ။ အခု ကျနော့်ကို quarantine လုပ်ခိုင်းတယ် ၁၄ ရက် အိမ်မှာပဲ နေခိုင်းတယ် တခြားတော့ ဘာမှ မဖြစ်ပါဘူး။

ဦးသိန်းထိုက်ဦး။ ။ သူတို့ ဆေးတွေဘာတွေ စားဖို့ ပေးလား။

အောင်လအန်ဆန်။ ။ ဘာမှ မပေးပါဘူး။

ဦးသိန်းထိုက်ဦး။ ။ ကလေး ၂ ယောက်နဲ့ မိသားစုရော။

အောင်လအန်ဆန်။ ။ ကလေးတွေလည်း ကျန်းမာပါတယ် အမျိုးသမီးရော ကျန်းမာပါတယ်။

ဦးသိန်းထိုက်ဦး။ ။ ကလေးတွေကိုတော့ ဘာမှ မဖြစ်ဘူးပေါ့နော်။

အောင်လအန်ဆန်။ ။ မဖြစ်ဘူး

ဦးသိန်းထိုက်ဦး။ ။အဲဒီတော့ Florida မှာ အခု positive ဖြစ်တယ်ဆိုတာကို သိတယ်ဆိုတော့ ဘယ်ကနေ စပြီးတော့ ကူးတယ်လို့ ကိုယ့်ကိုယ်ထင်သလဲ။

အောင်လအန်ဆန်။ ။ အတိအကျတော့ မသိဘူးပေါ့နော် ။ Florida က ဒီ hot spots နေရာထဲမှာ Florida ကပါတယ်။ ကျနော့်အမ Arizona မှာနေတယ် သူလည်း ဖြစ်တယ် ဒီ USA မှာက တော်တော်များများ ဖြစ်နေတယ်ပေါ့နော် ။ ဒါပေမယ့် ဖြစ်တာကလည်း Testing လုပ်ကြည့်မှ သိတယ်။ တကယ်လို့ ကျနော် Test မလုပ်ဘူးဆိုရင် ကိုယ့်ဟာကိုယ် ကျန်းမာတယ်လို့ပဲ ထင်နေမှာပေါ့နော် ။ အခုလောလောဆည်တော့ ပြန်ကျန်းမာ လာနေပြီ ၊ မနေ့ တနေ့တုန်းကတော့ နည်းနည်းဖျားတယ်။

ဦးသိန်းထိုက်ဦး။ ။ချောင်းတွေဘာတွေဆိုးသလား

အောင်လအန်ဆန်။ ။ ချောင်းတွေတော့ မဆိုးဘူး ဒါပေမယ့် အသက်ရှုမဝတာ။ ကျနော်က အရင်တုန်းက Allergy လို့ထင်တာ။ နောက်ပြီးတော့ အဖျားလည်း နည်းနည်းပဲ ၉၉.၇ ပဲ။

ဦးသိန်းထိုက်ဦး။ ။အခုတော့ ပုံမှန်ပဲ နေကောင်းနေပြီနော် ၊စားတာသောက်တာကရော ပုံမှာပဲလား

အောင်လအန်ဆန်။ ။ သိပ်တော့မဝင်ဘူး ဒါပေမယ့် ကျနော်စားပါတယ်။ ကြိုးစားပြီးတော့ စားပါတယ်။

ဦးသိန်းထိုက်ဦး။ ။ အခုလို COVID-19 ကူးစက်တယ် သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်မဟုတ်ဘူး။ ကို အောင်လအန်ဆန်က ဘယ်တော့ ထပ်ပြီးတော့ ပြိုင်ပွဲတွေ ရှိသေးသလဲ။

အောင်လအန်ဆန်။ ။ သူတို့ ပြောတာကတော့ နောက်လပေါ့။ နောက်လပိုင်းမှာ ရှိမယ်လို့ ပြောတယ်

ဦးသိန်းထိုက်ဦး။ ။ အဲဒီ နောက်လပိုင်းမှာက ဘယ်မှာ ပိုင်ရမှာလဲခင်ဗျ။

အောင်လအန်ဆန်။ ။ schedule ကတော့ အတိအကျ မသိသေးပါဘူး

ဦးသိန်းထိုက်ဦး။ ။ တကယ်လို့ နောက်လပြိုင်ပွဲအတွက် မထိခိုက်နိုင်ဘူးလား ၊ လေ့ကျင့်ခန်းလုပ်တာတွေ။

အောင်လအန်ဆန်။ ။ မထိခိုက်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော် Training camp ကောင်းကောင်းမွန်မွန် ဝင်ထားပါတယ် ။ ဇန်နဝါရီ ၊ ဖေဖော်ဝါရီတုန်းက ကျနော် Training camp ကောင်းကောင်းမွန်မွန် ဝင်ထားတယ်ဆိုတော့ အခု ကိုယ်ခန္ဓာ Fit ဖြစ်တယ် ၊ ကစားမယ်ဆိုရင်လည်း ကောင်းကောင်းမွန်မွန် ကစားလို့လည်း ရပါတယ်။ အခု ဒီ ၂ ပတ် Quarantine လုပ်ရတဲ့အချိန်မှာ ကျနော်ကောင်းကောင်းမွန်မွန် နားမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နည်းနည်းနားဖို့က ကျနော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ၆ လလောက် ကောင်းကောင်းမွန်မွန် training လုပ်ထားခဲ့တယ်။

ဦးသိန်းထိုက်ဦး။ ။ ကိုယ့်ကို အားပေးကြတဲ့ မြန်မာပြည်သူတွေကို သူတို့လည်း COVID-19 နဲ့ ဒီရောဂါ ကာကွယ်ရေးအတွက် အရေးကြီးတဲ့ အချိန်မှာပဲ ကိုယ်က စံနမူနာ ထားတဲ့ လူတယောက်အနေနဲ့ အခုလို ရောဂါ ကူးစက်တယ်ပေါ့ သူတို့ကို ဘယ်လို အမှာစကားပြောချင်ပါသလဲ။ ဒီရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်လို့

အောင်လအန်ဆန်။ ။ ဒီရောဂါက တကယ်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ် ကာကွယ်ဖို့ အရေးကြီးတယ်။ ကျနော် အခု Test သွားလုပ်တော့ ကျနော် positive ဖြစ်တယ်။ ကျနော်နဲ့ ကျနော့်မိသားစုက နောက် ၂ ပတ်လောက် ကျနော်တို့ အပြင်မသွားတော့ဘူး ကိုယ့်ဟာကိုယ် quarantine လုပ်မယ် အိမ်မှာပဲ ၊ အဲဒီအချိန်မှာ ကျနော်ကောင်းကောင်းမွန်မွန် exercise အိမ်မှာပဲ လုပ်မယ်။ ကျန်းမာရေးကို ကောင်းကောင်းမွန်မွန် ကြည့်ပါမယ်။ ပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။ COVID-19 က တကယ့် virus ဖြစ်တယ်ဒါပေမယ့် ကျနော်တို့က အဲလောက်ကြီး ကြောက်စရာမလိုဘူးလို့ ပြောချင်ပါတယ်။

ဦးသိန်းထိုက်ဦး။ ။ ဒီလိုကူးစက်မှုကြောင့် လာမယ့်ပြိုင်ပွဲတွေ ထိခိုက်မှာ စိုးရိမ်တဲ့ ပရိသတ်တွေကိုရော သူတို့ကို ဘာမှာချင်တာလဲခင်ဗျ။

အောင်လအန်ဆန်။ ။ စိုးရိမ်စရာမလိုပါဘူး ဒီပွဲအတွက်ဆိုပြီး ကျနော်ကောင်းကောင်းမွန်မွန်ပြင်ဆင်ခဲ့ပြီးပါပြီ။ အခုက ၂ ပတ် အချိန်ယူပြီးတော့ ကျနော်ကောင်းကောင်းမွန်မွန်နားပါမယ်။ တကယ်လို့ နောက်လမှာ ပွဲတွေ ကစားလို့ ရမယ်ဆိုရင် ကျနော်ကောင်းကောင်းမွန်မွန် ကစားမှာပါ။

ဦးသိန်းထိုက်ဦး။ ။အောင်လအန်ဆန် ကျေးဇူးတင်ပါတယ်ခင်ဗျာ အခုလို VOA ကို အချိန်ပေးပြီးတော့ ဖြေပေးတာ နားလည်း အနားယူပါဦး ၊ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ကျနော်ဆုတောင်းပါတယ် ကျေးဇူးအထူးပါ။

အောင်လအန်ဆန်။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။

မြန်မာ စပါးအုံးလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား One Championship ရဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ဆုရှင် အောင်လအန်ဆန်ကို ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


.................


(Unicode)
































XS
SM
MD
LG