(Zawgyi/Unicode)
လိြဳင္ေကာ္ဇာတိဖြား ျမန္မာ့ အေကာင္းဆံုး လက္ေ၀ွ႔မယ္တဦး ျဖစ္တဲ႔ Bozhena Antoniyar က သိုင္းေပါင္းစံု ကိုယ္ခံပညာ (MMA) ဘက္မွာ အမ်ိဳးသမီး အားကစား သမားေတြ ပိုၿပီး ေပၚထြက္လာေစခ်င္တယ္လို႔ ေျပာပါတယ္။ One Championship ရဲ႕ ျမန္မာ သိုင္းေပါင္းစံု လက္ေ၀ွ႕မယ္ Bozhena Antoniyar ကို အင္ဒိုနီးရွား လက္ေ၀ွ႕မယ္နဲ႔ ထိုးသတ္ခဲ႔တဲ႔ ပြဲမစခင္မွာဘဲ ဗီြအိုေအက ေတြ႔ဆံုေမးျမန္းခဲ႔ပါတယ္။ မသိဂၤ ီထိုက္က တင္ျပထားပါတယ္။
ျမန္မာ အမ်ိဳးသမီး သိုင္းေပါင္းစံု လက္ေ၀ွ႔မယ္ အားကစား သမား Bozhena Antoniyar နဲ႔ အင္ဒိုနီးရွား လက္ေ၀ွ႔မယ္ Priscilla Hertati Lumban Gaol တို႔ အင္ဒိုနီးရွား ႏုိင္ငံ ၿမိဳ႕ေတာ္ ဂ်ာကာတာက Istora Senayan အားကစား ခန္းမမွာ ေအာက္တိုဘာလ ၂၅ ရက္ေန႔က ထိုးသတ္ခဲ႔ၾကတာပါ။ One Championship အဖြဲ႔ရဲ႕ လက္ေ၀ွ႕မယ္ေတြထဲက တဦးတည္းေသာ ျမန္မာ အမ်ိဳးသမီး လက္ေ၀ွ႔မယ္ Bozhena Antoniyar က တိုက္ခုိက္ေရး အားကစားမွာ ျမန္မာ အမ်ိဳးသမီး အားကစား သမားေတြ ပိုၿပီး ထြက္ေပၚလာဖို႔ ေမွ်ာ္လင့္တဲ႔ အေၾကာင္း ပြဲမစခင္မွာဘဲ ဗီြအိုေအကို အခုလို ေျပာဆိုခဲ႔တာပါ။
“ျမန္မာမွာက အမ်ိဳးသမီး ဖိုက္တာေတြ သိပ္မရွိေသးဘူး။ ရွိမယ္ဆိုရင္လည္း ရိုးရာလက္ေ၀ွ႔ေလာက္ပဲ ရွိတာဆိုေတာ့ ဒီ MMA မွာက လက္ရွိက ဒီ Championship မွာဆိုရင္ က်မတေယာက္တည္းပဲ ရွိေသးတာေပါ့ေနာ္။ က်မတို႔ ျမန္မာႏိုင္ငံမွာလည္း ဒီထက္မက အမ်ိဳးသမီး အားကစားသမားေတြကို ဒီထက္ပိုၿပီး တိုးတက္ေစခ်င္တယ္။ ပြားမ်ားေစခ်င္တာေပါ့ေနာ္။ က်မတို႔ ျမန္မာမွာက အခုလက္ရွိက ဒီ အမ်ိဳးသမီး ကစားသမား အရမ္းနည္းေနတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္ က်မတို႔လည္း ကမာၻနဲ႔ ခ်ီၿပီး ရင္ေဘာင္တန္းႏိုင္ေအာင္ ေရွ႕ဆက္ၿပီးေတာ့ အမ်ိဳးသမီး ဖိုက္တာေတြကို အမ်ားႀကီး ေပၚေပါက္လာဖို႔ ေမွ်ာ္လင့္ပါတယ္။”
အင္ဒိုနီးရွား ႏုိင္ငံ ၿမိဳ႕ေတာ္ ဂ်ာကာတာမွာ ေအာက္တိုဘာလ ၂၅ ေန႔က က်င္းပတဲ႔ One Championship ရဲ႕ Dawn of Valor ပြဲစဥ္ အတြင္း Atomweight တန္းမွာ တိုတို လို႔ေခၚတဲ႔ ျမန္မာ လက္ေ၀ွ႔မယ္ Bozhena Antoniyar နဲ႔ အင္ဒိုနီးရွား လက္ေ၀ွ႔မယ္ Priscilla Hertati Lumban Gaol တို႔ ထိုးသတ္ခဲ႔တာမွာေတာ့ အင္ဒိုနီးရွား လက္ေ၀ွ႔မယ္ ဗိုလ္စြဲသြားပါတယ္။ ဒါေပမယ့္ တိုတို ကေတာ့ ဒီပြဲမွာ သူအႏုိင္ရဖို႔ ပိုင္းျဖတ္ခ်က္နဲ႔ ထိုးသတ္မွာ ျဖစ္တယ္လို႔ ပြဲမစခင္မွာ အားအင္ အျပည့္နဲ႔ ေျပာခဲ႔ပါတယ္။
“ဒီပြဲက အခုက က်မရဲ႕ ၿပိဳင္ဘက္ရဲ႕ အိမ္ရွင္ကြင္းမွာလာၿပီးေတာ့ ယွဥ္ၿပိဳင္ထိုးသတ္ရတာျဖစ္တဲ့အတြက္ ဒီပြဲက အရင္ပြဲေတြထက္ပိုၿပီးေတာ့ အမ်ားႀကီး ဂရုစိုက္ရပါမယ္။ ၿပီးေတာ့ ဒီပြဲကိုလည္း အရင္ထက္ပိုၿပီးေတာ့ ေကာင္းေအာင္ေပါ့ေနာ္ က်မႀကိဳးစားၿပီးေတာ့ ျပင္ဆင္ထားပါတယ္။ ဒါေၾကာင့္ ဒီပြဲကို က်မ ရံႈးလို႔မျဖစ္ပါဘူး ဒီပြဲက က်မအတြက္ အရမ္းအေရးႀကီးတဲ့ ပြဲပါ။”
တိုတို လို႔ ေခၚၾကတဲ႔ ကယန္းႏြယ္ဖြား လက္ေ၀ွ႔မယ္ Bozhena Antoniyar က အင္ဒိုနီးရွား ႏုိင္ငံ ဘာလီကြ်န္းက အားကစားသင္တန္းေက်ာင္း Bali MMA မွာ ေလ႔က်င္႔ေနတာပါ။ ၿပီးခဲ႔တဲ႔ ေအာက္တိုဘာလ ၂၅ ရက္ေန႔က အင္ဒိုနီးရွား သိုင္းေပါင္းစံု လက္ေ၀ွ႔မယ္နဲ႔ ထိုးသတ္ခဲ႔တဲ႔ ပြဲ႕ ျပည္ပမွာ အိမ္ရွင္ လက္ေ၀ွ႕မယ္နဲ႔ ထိုးသတ္တဲ႔ ဒုတိယ ေျမာက္ ပြဲ ျဖစ္ပါတယ္။ ထုိင္းႏုိင္ငံ ဘန္ေကာက္ ၿမိဳ႕မွာလည္း အိမ္ရွင္ ထိုင္း သိုင္းေပါင္းစံု လက္ေ၀ွ႔မယ္ Ishige နဲ႔ ပထမဆံုး အႀကိမ္ ထိုးသတ္ပြဲမွာေတာ့ ထိုင္း သိုင္းေပါင္းစံု လက္ေ၀ွ႔မယ္က အႏုိင္ရခဲ႔ပါတယ္။
............
MMA ပြိုင်ပွဲဝင် မြန်မာအမျိုးသမီးတွေ ပိုများလာဖို့ ကယားလက်ဝှေ့မယ် မျှော်လင့်
(Unicode)
လွိုင်ကော်ဇာတိဖွား မြန်မာ့ အကောင်းဆုံး လက်ဝှေ့မယ်တဦး ဖြစ်တဲ့ Bozhena Antoniyar က သိုင်းပေါင်းစုံ ကိုယ်ခံပညာ (MMA) ဘက်မှာ အမျိုးသမီး အားကစား သမားတွေ ပိုပြီး ပေါ်ထွက်လာစေချင်တယ်လို့ ပြောပါတယ်။ One Championship ရဲ့ မြန်မာ သိုင်းပေါင်းစုံ လက်ဝှေ့မယ် Bozhena Antoniyar ကို အင်ဒိုနီးရှား လက်ဝှေ့မယ်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲမစခင်မှာဘဲ ဗွီအိုအေက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
မြန်မာ အမျိုးသမီး သိုင်းပေါင်းစုံ လက်ဝှေ့မယ် အားကစား သမား Bozhena Antoniyar နဲ့ အင်ဒိုနီးရှား လက်ဝှေ့မယ် Priscilla Hertati Lumban Gaol တို့ အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာက Istora Senayan အားကစား ခန်းမမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ထိုးသတ်ခဲ့ကြတာပါ။ One Championship အဖွဲ့ရဲ့ လက်ဝှေ့မယ်တွေထဲက တဦးတည်းသော မြန်မာ အမျိုးသမီး လက်ဝှေ့မယ် Bozhena Antoniyar က တိုက်ခိုက်ရေး အားကစားမှာ မြန်မာ အမျိုးသမီး အားကစား သမားတွေ ပိုပြီး ထွက်ပေါ်လာဖို့ မျှော်လင့်တဲ့ အကြောင်း ပွဲမစခင်မှာဘဲ ဗွီအိုအေကို အခုလို ပြောဆိုခဲ့တာပါ။
“မြန်မာမှာက အမျိုးသမီး ဖိုက်တာတွေ သိပ်မရှိသေးဘူး။ ရှိမယ်ဆိုရင်လည်း ရိုးရာလက်ဝှေ့လောက်ပဲ ရှိတာဆိုတော့ ဒီ MMA မှာက လက်ရှိက ဒီ Championship မှာဆိုရင် ကျမတယောက်တည်းပဲ ရှိသေးတာပေါ့နော်။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ဒီထက်မက အမျိုးသမီး အားကစားသမားတွေကို ဒီထက်ပိုပြီး တိုးတက်စေချင်တယ်။ ပွားများစေချင်တာပေါ့နော်။ ကျမတို့ မြန်မာမှာက အခုလက်ရှိက ဒီ အမျိုးသမီး ကစားသမား အရမ်းနည်းနေတယ်ပေါ့နော်။ အဲဒါကြောင့် ကျမတို့လည်း ကမ္ဘာနဲ့ ချီပြီး ရင်ဘောင်တန်းနိုင်အောင် ရှေ့ဆက်ပြီးတော့ အမျိုးသမီး ဖိုက်တာတွေကို အများကြီး ပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်။”
အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာမှာ အောက်တိုဘာလ ၂၅ နေ့က ကျင်းပတဲ့ One Championship ရဲ့ Dawn of Valor ပွဲစဉ် အတွင်း Atomweight တန်းမှာ တိုတို လို့ခေါ်တဲ့ မြန်မာ လက်ဝှေ့မယ် Bozhena Antoniyar နဲ့ အင်ဒိုနီးရှား လက်ဝှေ့မယ် Priscilla Hertati Lumban Gaol တို့ ထိုးသတ်ခဲ့တာမှာတော့ အင်ဒိုနီးရှား လက်ဝှေ့မယ် ဗိုလ်စွဲသွားပါတယ်။ ဒါပေမယ့် တိုတို ကတော့ ဒီပွဲမှာ သူအနိုင်ရဖို့ ပိုင်းဖြတ်ချက်နဲ့ ထိုးသတ်မှာ ဖြစ်တယ်လို့ ပွဲမစခင်မှာ အားအင် အပြည့်နဲ့ ပြောခဲ့ပါတယ်။
“ဒီပွဲက အခုက ကျမရဲ့ ပြိုင်ဘက်ရဲ့ အိမ်ရှင်ကွင်းမှာလာပြီးတော့ ယှဉ်ပြိုင်ထိုးသတ်ရတာဖြစ်တဲ့အတွက် ဒီပွဲက အရင်ပွဲတွေထက်ပိုပြီးတော့ အများကြီး ဂရုစိုက်ရပါမယ်။ ပြီးတော့ ဒီပွဲကိုလည်း အရင်ထက်ပိုပြီးတော့ ကောင်းအောင်ပေါ့နော် ကျမကြိုးစားပြီးတော့ ပြင်ဆင်ထားပါတယ်။ ဒါကြောင့် ဒီပွဲကို ကျမ ရှုံးလို့မဖြစ်ပါဘူး ဒီပွဲက ကျမအတွက် အရမ်းအရေးကြီးတဲ့ ပွဲပါ။”
တိုတို လို့ ခေါ်ကြတဲ့ ကယန်းနွယ်ဖွား လက်ဝှေ့မယ် Bozhena Antoniyar က အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းက အားကစားသင်တန်းကျောင်း Bali MMA မှာ လေ့ကျင့်နေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က အင်ဒိုနီးရှား သိုင်းပေါင်းစုံ လက်ဝှေ့မယ်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲ့ ပြည်ပမှာ အိမ်ရှင် လက်ဝှေ့မယ်နဲ့ ထိုးသတ်တဲ့ ဒုတိယ မြောက် ပွဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာလည်း အိမ်ရှင် ထိုင်း သိုင်းပေါင်းစုံ လက်ဝှေ့မယ် Ishige နဲ့ ပထမဆုံး အကြိမ် ထိုးသတ်ပွဲမှာတော့ ထိုင်း သိုင်းပေါင်းစုံ လက်ဝှေ့မယ်က အနိုင်ရခဲ့ပါတယ်။