သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မှာ တရားမဝင်ရောက်နေသူတွေ အထောက်အထားလျှောက်နိုင်ကြောင်း ဝါရှင်တန် မြန်မာသံရုံးထုတ်ပြန်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံး
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံး

အမေရိကန်ပြည်ထောင်စုမှာ တရားမဝင်နေထိုင်သူတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်မယ်ဆိုရင် နိုင်ငံသားအဖြစ်သက်သေခံလက်မှတ် လျှောက်ထားနိုင်ကြောင်း ဝါရှင်တန်ဒီစီမြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရားမဝင်နေထိုင်သူတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်မယ်ဆိုရင် နိုင်ငံသား အဖြစ် သက်သေခံလက်မှတ်လျှောက်ထားနိုင်ကြောင်း ဝါရှင်တန်ဒီစီမြန်မာသံရုံးက ကြေညာချက်ထုတ် ပြန်ပါတယ်။ ဖေဖေါ်ဝါရီ ၅ ရက်၊​ မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ အမေရိကမှာနေထိုင်ခွင့် အထောက်အထားမဲ့သူ၊ ဒါမှမဟုတ် တရားမဝင်ရောက်နေသူ၊ မြန်မာနိုင်ငံကိုပြန်ဖို့အတွက် မြန်မာနိုင်ငံကူးလက်မှတ် Passport သက်တမ်းကုန်ဆုံးနေသူတွေအနေနဲ့ အထောက်အထားပြပြီး နိုင်ငံသားဖြစ်ကြောင်း ထောက်ခံစာ လျှောက်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

အမေရိကန်ထဲမှာ မြန်မာနိုင်ငံသားအဖြစ် အထောက်အထားလိုအပ်သူတွေလာရောက်လျှောက်ထားနိုင်ကြောင်း အမေရိကန်ဆိုင်ရာ မြန်မာသံရုံးကြေညာချက် (Crd: မြန်မာနိုင်ငံတော်သံရုံး/ဝါရှင်တန်မြို့)
အမေရိကန်ထဲမှာ မြန်မာနိုင်ငံသားအဖြစ် အထောက်အထားလိုအပ်သူတွေလာရောက်လျှောက်ထားနိုင်ကြောင်း အမေရိကန်ဆိုင်ရာ မြန်မာသံရုံးကြေညာချက် (Crd: မြန်မာနိုင်ငံတော်သံရုံး/ဝါရှင်တန်မြို့)

သမ္မတ Donald Trump အာဏာရလာပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင်း အထောက်အထားမဲ့ တရားမဝင်နေထိုင်ကြသူတွေကို အမေရိကန် စစ်လေယာဥ်တွေသုံးပြီး နေရပ်ရင်း နိုင်ငံတွေကို ပြန်ပို့နေတာပါ။ ဒါ့အပြင် နေရပ်ရင်း ချက်ချင်း ပြန်ပို့လို့မရသေးသူတွေကိုလည်း ကျူးဘားက အမေရိကန်ပိုင် ဂွာတာနာမိုဘေး (Guantánamo Bay) အကျဥ်းစခန်းမှာထိန်းသိမ်းဖို့ စီစဥ်ထားပြီး ပထမဆုံးအသုတ်ကိုတော့ ဖေဖေါ်ဝါရီ ၄ ရက်နေ့က ပို့ဆောင်ခဲ့ပါတယ်။

နေရပ်ရင်းပြန်ပို့သူတွေကို လက်ထိပ်ရော၊ ခြေကွင်းရောခတ်ပြီး ပြန်ပို့တာကြောင့် တချို့နိုင်ငံ ခေါင်းဆောင်တွေက မကျေမနပ် ကန့်ကွက်ပြောကြားမှုတွေလည်း ရှိနေတာပါ။ မြန်မာနိုင်ငံကို ပြန်လိုသူတွေအနေနဲ့ ပြည်နှင်ချိန် အဲဒီလို အခြေအနေမျိုးမှာထက် ကြိုတင်ထွက်ခွာတာက ပိုအဆင်ပြေနိုင်ကြောင်းလည်း သံရုံးကထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံသားအများအပြား ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေကြတာပါ။ မြန်မာနိုင်ငံကိုပြန်ရင်လည်း ပြည်တွင်းစစ်မှာ စစ်ကောင်စီဘက်က ဝင်ရောက် တိုက်ခိုက်ပေးဖို့ စစ်သားစုဆောင်းနေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေကို အများအပြား ထွက်ပြေးနေကြတာတွေ ရှိနေသလို အမေရိကန်ရောက်ပြီးသား မြန်မာတွေကလည်း ဒီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG