သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့စိုက္ပ်ဳိးထုတ္ကုန္ အိႏိၵယနဲ႔တ႐ုတ္ဘက္ ပိုတင္ပို႔ႏိုင္ဖို႔ ေမ ွ်ာ္လင့္ေနၾက


ေနျပည္ေတာ္တြင္ လုပ္ငန္းခြင္ဝင္ေနသည့္ လယ္သမားမ်ား။ (ႏိုဝင္ဘာ ၁၁၊ ၂၀၁၄)

[Zawgyi/Unicode]

ကပ္ေဘးဒဏ္နဲ႔ ရာသီဥတုဒဏ္ခံေနရတဲ့ အိမ္နီးခ်င္း အိႏၵိယနဲ႔ တ႐ုတ္ႏုိင္ငံေတြကုိ ျမန္မာႏုိင္ငံက စုိက္ပ်ဳိးထုတ္ကုန္ေတြ တင္ပုိ႔ႏုိင္မယ့္ အလားအလာအေေပၚ စီးပြားေရးကၽြမ္းက်င္သူေတြရဲ႕ ခန္႔မွန္းခ်က္ကုိ ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

အိႏၵိယႏိုင္ငံက စိုက္ခင္းေတြမွာ ဒီလဆန္းပုိင္းက ကႏၲာရက်ိဳင္းေကာင္ေတြ က်လုိ႔ အႀကီးအက်ယ္ ထိခုိက္ခဲ့ရသလုိ တ႐ုတ္ႏိုင္ငံမွာလည္း မိုးႀကီးေရလွ်ံမႈေတြေၾကာင့္ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ ထိခိုက္ႏိုင္တယ္လို႔ ခန႔္မွန္းေနတာေၾကာင့္ ျမန္မာႏုိင္ငံက စုိက္ပ်ဳိးေရးထြက္ကုန္ေတြ ပုိ္ၿပီးတင္ပုိ႔ႏုိင္ေတာ့မလား ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚေနပါတယ္။

အိႏၵိယက ျမန္မာ့မတ္ပဲကို ဒီႏွစ္တန္ခ်ိန္ ၄၀၀,၀၀၀ အထိ တိုးဝယ္ထားတာပါ။ ပဲစင္းငုံဝယ္ဖို႔ ရွိေပမဲ့ ၀ယ္ယူမယ့္ ပမာဏကုိေတာ့ တရား၀င္ မေၾကညာေသးပါဘူး။ COVID-19 ကပ္ေရာဂါ ကူးစက္မႈေတြနဲ႔ အႀကီးအက်ယ္ ရင္ဆုိင္ေနရတဲ့ အိႏၵိယႏုိင္ငံမွာ စုိက္ပ်ဳိးေရးထြက္ကုန္ လုိအပ္ခ်က္ေတြ ရွိႏုိင္တာေၾကာင့္ ျမန္မာႏုိင္ငံက ၀ယ္ယူႏုိင္တယ္လုိ႔လည္း ကုန္သည္ေတြက ေမွ်ာ္လင့္ေနၾကတာပါ။ အိႏၵိယႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံး၊ စီးပြားေရးသံမႉး ဦးေနေအးလြင္ကေတာ့ အိႏၵိယႏုိင္ငံရဲ႕ လုိအပ္ခ်က္အရ ျမန္မာႏုိင္ငံက စုိက္ပ်ဳိးေရးထြက္ကုန္ေတြကုိ ၀ယ္ယူႏုိင္တဲ့ အလားအလာရွိတယ္လုိ႔ ေျပာပါတယ္။

“အဲဒီေတာ့ မွန္းရမယ့္အေနအထားမွာဆိုရင္ ျမန္မာႏိုင္ငံကပဲကေတာ့ လက္ရွိမွာ ဆက္ၿပီးသြားမယ့္အေနအထားမွာ ရွိပါတယ္။ သို႔ေသာ္လည္း အိႏၵိယ အစိုးရက ဒီ ၈ လပိုင္းအကုန္အထိမွာ သူတို႔ ‘ ပဲ’ ဘယ္ေလာက္ထိသြင္းႏိုင္မလဲ အဲဒီအေပၚအေျခအေနၾကည့္ၿပီး သူ႔မွာလည္း ႏိုင္ငံကထြက္ႏိုင္တဲ့အထြက္ႏႈန္း ဘယ္ေလာက္ရွိႏိုင္လဲ ဒီအေပၚမွာ အေျခခံၿပီးမွသူတို႔။ အကယ္၍လိုအပ္တယ္ဆိုရင္ ဆက္ၿပီးေတာ့ က်ေနာ္တို႔ဆီကို ခုနက quota ( ခြဲတမ္း) လည္းမျပည့္ေသးဘူး၊ အထြက္လည္းနည္းမယ္ဆိုရင္ေတာ့ ရက္ေတြကို extend လုပ္မယ့္အေနအထားရွိပါတယ္။”

ျမန္မာႏုိင္ငံက စုိက္ပ်ဳိးထြက္ကုန္ေတြ တင္ပုိ႔ေနတဲ့ တ႐ုတ္ႏုိင္ငံမွာလည္း ရာသီဥတု ဆုိး၀ါးမႈေတြေၾကာင့္ လုိအပ္ခ်က္ေတြ ရွိလာႏုိင္တယ္လုိ႔ လုပ္ငန္းရွင္ေတြ ခန္႔မွန္းေနပါတယ္။ အိမ္နီးခ်င္းႏုိင္ငံေတြမွာ လုိအပ္ခ်က္ေတြ ရွိလာခဲ့ရင္ အခြင့္အလမ္းကုိ လက္မလြတ္ေအာင္ ျပင္ဆင္ထားသင့္တယ္လုိ႔လည္း ျမန္မာႏိုင္ငံ ကုန္သည္ႀကီးမ်ားနဲ႔ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဒုဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာပါတယ္။

“ဆက္စပ္မႈေတြ ရွိေနတဲ့အတြက္ ျမန္မာႏိုင္ငံကေတာ့ ဒါေလးေတြက ျပင္ဆင္ထားဖို႔လိုသလို၊ expect ေပါ့ ေမွ်ာ္လင့္ထားဖို႔ ဟာကေလးေတြကလည္း လိုပါတယ္။ တဘက္ႏိုင္ငံက လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ဖို႔ complimentary ေပါ့ေနာ္၊ တေယာက္နဲ႔ တေယာက္ကေတာ့ ရွိထားသင့္တယ္လို႔ ထင္ပါတယ္။ ေလာေလာဆယ္ေတာ့ သူတို႔အေနနဲ႔တိုးဝယ္မွာတို႔၊ ေလွ်ာ့ဝယ္မွာတို႔ေတာ့ မရွိေသးပါဘူး။ တခ်ိဳ႕အိႏၵိယ ကုန္သည္အသင္းအေနနဲ႔ေတာ့ propose လုပ္မယ္လို႔ေတာ့ လ်ာထားတာေတြရွိပါတယ္။ ဒါကိုေရွ႕ဆက္ၿပီးေတာ့ ေဆြးေႏြးဖို႔ေတာ့ ရွိပါတယ္။”

အိမ္နီးခ်င္းႏုိင္ငံေတြမွာ လုိအပ္ခ်က္ေတြအရ ျမန္မာႏုိင္ငံက စုိက္ပ်ဳိးထုတ္ကုန္ေတြကုိ ၀ယ္ယူႏုိင္တဲ့ အလားအလာေတြ ရွိေနေပမဲ့ သတိထားစရာေတြ ရွိေနတာကုိလည္း ကၽြမ္းက်င္သူတခ်ဳိ႕ ေထာက္ျပေနၾကတာပါ။ အထူးသျဖင့္ ျမန္မာႏုိင္ငံက စုိက္ပ်ဳိးထြက္ကုန္ေတြကုိ တင္ပုိ႔ေရာင္းခ်ရာမွာ လက္ေတ႔ြအက်ဳိးရွိေအာင္ ျပင္ဆင္ထားဖုိ႔လုိက္တယ္လုိ႔ စီးပြားေရးပညာရွင္ ေဒါက္တာေအာင္ကိုကိုက ေျပာပါတယ္။

“သူတို႔မွာလည္း ေတာင္သူလယ္သမားေတြကို အကာအကြယ္ေပးရတဲ့ဟာေတြ ရွိတယ္၊ သူတို႔ဝယ္တယ္ဆိုတာ မတတ္သာတဲ့အဆုံးမွ ဝယ္တာ မ်ားပါတယ္။ ေနာက္တခုက ဝယ္တဲ့အခါမွာလည္း ေစ်းသက္သာစြာနဲ႔ ဝယ္ဖို႔သူတို႔ႀကိဳးစားၾကမွာပဲ။ အိႏၵိယက ပဲဝယ္တယ္ဆို ဒီလိုပဲဝယ္တာ၊ တ႐ုတ္က ဆန္ဝယ္တယ္ဆိုတာလည္း ဒီလိုပဲဝယ္တာပဲ။ ကိုယ္ကေရာင္းတဲ့ေစ်းကြက္က ကိုယ္ေရာင္းခ်င္တဲ့ေစ်း ရခ်င္မွရတာ၊ ဘာလို႔ျဖစ္တာလဲ ေစာေစာကေျပာသလို လိုတာထက္ပိုလွ်ံေနရင္လည္း ျဖစ္သြားတတ္တယ္။ အျမတ္အစြန္းမ်ားမ်ား မရဘဲနဲ႔ နည္းတာေပါ့။ လုပ္ရတာနဲ႔ မတန္ဘူးေပါ့။ အဲလိုျဖစ္တဲ့အတြက္ လယ္သမားေတြက ဆင္းရဲၿမဲဆင္းရဲေနတာ၊ မခ်မ္းသာလာဘူး။”

ျမန္မာႏုိင္ငံကုန္ကြယ္ေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၁၉ ခုႏွစ္ကကေန ၂၀၂၀ ေမလအထိျမန္မာႏိုင္ငံနဲ႔ အိႏၵိယႏုိင္ငံၾကား ကုန္သြယ္မႈ ပမာဏဟာ အေမရိကန္ေဒၚလာ သန္း ၉၂၀ေက်ာ္ရွိၿပီး တ႐ုတ္ႏိုင္ငံနဲ႔ကေတာ့ သန္း ၈,၃၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့စိုက်ပျိုးထုတ်ကုန် အိန္ဒိယနဲ့တရုတ်ဘက် ပိုတင်ပို့နိုင်ဖို့ မေ ျှာ်လင့်နေကြ

ကပ်ဘေးဒဏ်နဲ့ ရာသီဥတုဒဏ်ခံနေရတဲ့ အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို မြန်မာနိုင်ငံက စိုက်ပျိုးထုတ်ကုန်တွေ တင်ပို့နိုင်မယ့် အလားအလာအေပေါ် စီးပွားရေးကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်ကို ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အိန္ဒိယနိုင်ငံက စိုက်ခင်းတွေမှာ ဒီလဆန်းပိုင်းက ကန္တာရကျိုင်းကောင်တွေ ကျလို့ အကြီးအကျယ် ထိခိုက်ခဲ့ရသလို တရုတ်နိုင်ငံမှာလည်း မိုးကြီးရေလျှံမှုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နိုင်တယ်လို့ ခန့်မှန်းနေတာကြောင့် မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်တွေ ပိုပြီးတင်ပို့နိုင်တော့မလား မျှော်လင့်ချက်တွေ ထွက်ပေါ်နေပါတယ်။

အိန္ဒိယက မြန်မာ့မတ်ပဲကို ဒီနှစ်တန်ချိန် ၄၀၀,၀၀၀ အထိ တိုးဝယ်ထားတာပါ။ ပဲစင်းငုံဝယ်ဖို့ ရှိပေမဲ့ ဝယ်ယူမယ့် ပမာဏကိုတော့ တရားဝင် မကြေညာသေးပါဘူး။ COVID-19 ကပ်ရောဂါ ကူးစက်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန် လိုအပ်ချက်တွေ ရှိနိုင်တာကြောင့် မြန်မာနိုင်ငံက ဝယ်ယူနိုင်တယ်လို့လည်း ကုန်သည်တွေက မျှော်လင့်နေကြတာပါ။ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စီးပွားရေးသံမှူး ဦးနေအေးလွင်ကတော့ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်အရ မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်တွေကို ဝယ်ယူနိုင်တဲ့ အလားအလာရှိတယ်လို့ ပြောပါတယ်။

“အဲဒီတော့ မှန်းရမယ့်အနေအထားမှာဆိုရင် မြန်မာနိုင်ငံကပဲကတော့ လက်ရှိမှာ ဆက်ပြီးသွားမယ့်အနေအထားမှာ ရှိပါတယ်။ သို့သော်လည်း အိန္ဒိယ အစိုးရက ဒီ ၈ လပိုင်းအကုန်အထိမှာ သူတို့ ‘ ပဲ’ ဘယ်လောက်ထိသွင်းနိုင်မလဲ အဲဒီအပေါ်အခြေအနေကြည့်ပြီး သူ့မှာလည်း နိုင်ငံကထွက်နိုင်တဲ့အထွက်နှုန်း ဘယ်လောက်ရှိနိုင်လဲ ဒီအပေါ်မှာ အခြေခံပြီးမှသူတို့။ အကယ်၍လိုအပ်တယ်ဆိုရင် ဆက်ပြီးတော့ ကျနော်တို့ဆီကို ခုနက quota ( ခွဲတမ်း) လည်းမပြည့်သေးဘူး၊ အထွက်လည်းနည်းမယ်ဆိုရင်တော့ ရက်တွေကို extend လုပ်မယ့်အနေအထားရှိပါတယ်။”

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ကုန်တွေ တင်ပို့နေတဲ့ တရုတ်နိုင်ငံမှာလည်း ရာသီဥတု ဆိုးဝါးမှုတွေကြောင့် လိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့ လုပ်ငန်းရှင်တွေ ခန့်မှန်းနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ လိုအပ်ချက်တွေ ရှိလာခဲ့ရင် အခွင့်အလမ်းကို လက်မလွတ်အောင် ပြင်ဆင်ထားသင့်တယ်လို့လည်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

“ဆက်စပ်မှုတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံကတော့ ဒါလေးတွေက ပြင်ဆင်ထားဖို့လိုသလို၊ expect ပေါ့ မျှော်လင့်ထားဖို့ ဟာကလေးတွေကလည်း လိုပါတယ်။ တဘက်နိုင်ငံက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ complimentary ပေါ့နော်၊ တယောက်နဲ့ တယောက်ကတော့ ရှိထားသင့်တယ်လို့ ထင်ပါတယ်။ လောလောဆယ်တော့ သူတို့အနေနဲ့တိုးဝယ်မှာတို့၊ လျှော့ဝယ်မှာတို့တော့ မရှိသေးပါဘူး။ တချို့အိန္ဒိယ ကုန်သည်အသင်းအနေနဲ့တော့ propose လုပ်မယ်လို့တော့ လျာထားတာတွေရှိပါတယ်။ ဒါကိုရှေ့ဆက်ပြီးတော့ ဆွေးနွေးဖို့တော့ ရှိပါတယ်။”

အိမ်နီးချင်းနိုင်ငံတွေမှာ လိုအပ်ချက်တွေအရ မြန်မာနိုင်ငံက စိုက်ပျိုးထုတ်ကုန်တွေကို ဝယ်ယူနိုင်တဲ့ အလားအလာတွေ ရှိနေပေမဲ့ သတိထားစရာတွေ ရှိနေတာကိုလည်း ကျွမ်းကျင်သူတချို့ ထောက်ပြနေကြတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံက စိုက်ပျိုးထွက်ကုန်တွေကို တင်ပို့ရောင်းချရာမှာ လက်တေ့ွအကျိုးရှိအောင် ပြင်ဆင်ထားဖို့လိုက်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။

“သူတို့မှာလည်း တောင်သူလယ်သမားတွေကို အကာအကွယ်ပေးရတဲ့ဟာတွေ ရှိတယ်၊ သူတို့ဝယ်တယ်ဆိုတာ မတတ်သာတဲ့အဆုံးမှ ဝယ်တာ များပါတယ်။ နောက်တခုက ဝယ်တဲ့အခါမှာလည်း ဈေးသက်သာစွာနဲ့ ဝယ်ဖို့သူတို့ကြိုးစားကြမှာပဲ။ အိန္ဒိယက ပဲဝယ်တယ်ဆို ဒီလိုပဲဝယ်တာ၊ တရုတ်က ဆန်ဝယ်တယ်ဆိုတာလည်း ဒီလိုပဲဝယ်တာပဲ။ ကိုယ်ကရောင်းတဲ့ဈေးကွက်က ကိုယ်ရောင်းချင်တဲ့ဈေး ရချင်မှရတာ၊ ဘာလို့ဖြစ်တာလဲ စောစောကပြောသလို လိုတာထက်ပိုလျှံနေရင်လည်း ဖြစ်သွားတတ်တယ်။ အမြတ်အစွန်းများများ မရဘဲနဲ့ နည်းတာပေါ့။ လုပ်ရတာနဲ့ မတန်ဘူးပေါ့။ အဲလိုဖြစ်တဲ့အတွက် လယ်သမားတွေက ဆင်းရဲမြဲဆင်းရဲနေတာ၊ မချမ်းသာလာဘူး။”

မြန်မာနိုင်ငံကုန်ကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်ကကနေ ၂၀၂၀ မေလအထိမြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၉၂၀ကျော်ရှိပြီး တရုတ်နိုင်ငံနဲ့ကတော့ သန်း ၈,၃၀၀ ကျော် ရှိနေပါတယ်။

XS
SM
MD
LG