သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငါးဖမ်းလှေတစီး ထိုင်းရေတပ်ဖမ်းဆီး


မြန်မာနိုင်ငံက ငါးဖမ်းလှေတစင်းကို ထိုင်းရေတပ်က ဒီဇင်ဘာလ ၁၃ ရက်နေ့ သောကြာနေ့ညက ဖမ်းဆီး။
သတင်းဓာတ်ပုံ- ဘန်ကောက်ပို့စ် - Credit to Bangkok Post.
မြန်မာနိုင်ငံက ငါးဖမ်းလှေတစင်းကို ထိုင်းရေတပ်က ဒီဇင်ဘာလ ၁၃ ရက်နေ့ သောကြာနေ့ညက ဖမ်းဆီး။ သတင်းဓာတ်ပုံ- ဘန်ကောက်ပို့စ် - Credit to Bangkok Post.

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းဆိပ်ကမ်းအနီးမှာ ဆားသိပ်ထားတဲ့ ပုဇွန်ခြောက် ကီလို ဂရမ် လေးသောင်းနဲ့အတူ မြန်မာနိုင်ငံက ငါးဖမ်းလှေတစင်းကို ထိုင်းရေတပ်က ဒီဇင်ဘာလ ၁၃ ရက်နေ့ သောကြာနေ့ညက ဖမ်းဆီးလိုက်ပါတယ်။ ရေလုပ်သား ၆ ယောက်ပါတဲ့ မြန်မာလှေပေါ်မှာ ကီလို ၂၀ ဆီ ထည့်ထားတဲ့ ဆားသိပ် ပုဇွန်ခြောက် အိပ် ၂၀၀၀ ကို ရနောင်းအနီး Pak Nam ဆိပ်ကမ်းမှာ ဖမ်းဆီးလိုက်တာလို့ ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

ထိုင်းနိုင်ငံထဲကို ပင်လယ်စာနဲ့ ရေထွက်ပစ္စည်း တင်ပို့ခွင့် မရှိတဲ့အတွက် အခုလို တရားမဝင် ပုဇွန်ခြောက်တွေ မှောင်ခိုတင်လာတဲ့ မြန်မာငါးဖမ်းလှေကို ဖမ်းဆီးလိုက်တာလို့ ထိုင်းနိုင်ငံ အမှတ် ၃ ရေကြောင်း လုံခြုံရေး ကွပ်ကဲရေး ဌာနချုပ်က ပြောပါတယ်။

နိုင်ဝင်ဘာလ ၃၀ ရက်နေ့က မြန်မာရေပိုင်နက်ထဲ ဝင်လာတဲ့ ထိုင်း ငါးဖမ်းလှေတွေကို မြန်မာစစ်တပ်က ပစ်ခတ်ပြီး ငါးဖမ်းသမားတွေ ဖမ်းဆီးသွားခဲ့တဲ့ အဖြစ်အပျက်ပေါ်ပေါက်ပြီး နှစ်ပတ်အကြာမှာ မြန်မာငါးဖမ်းလှေကို ထိုင်းဘက် ဖမ်းဆီးလိုက်တာပါ။

မြန်မာစစ်တပ်က ဖမ်းဆီးသွားတဲ့ ငါးဖမ်းသမား ၄ ယောက် ပြန်လည်လွတ်မြောက်ရေး နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းနေချိန်မှာ အခုလို မြန်မာငါးဖမ်းလှေကို ထိုင်းဘက်က ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG