သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းငါးဖမ်းသင်္ဘောသား ၄ ဦး စစ်ကောင်စီ ပြန်မလွှတ်သေး


ထိုင်းတော်ဝင်ရေတပ်ကထုတ်ပြန်ထားတဲ့ ဓါတ်ပုံမှာ မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ ရနောင်းမြို့ဆိပ်ကမ်းမှာ ဒဏ်ရာရငါးဖမ်းလုပ်သားတဦးကို သယ်ဆောင်လာတာတွေ့ရစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၄)
ထိုင်းတော်ဝင်ရေတပ်ကထုတ်ပြန်ထားတဲ့ ဓါတ်ပုံမှာ မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ ရနောင်းမြို့ဆိပ်ကမ်းမှာ ဒဏ်ရာရငါးဖမ်းလုပ်သားတဦးကို သယ်ဆောင်လာတာတွေ့ရစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၄)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက် ကို စစ်ကောင်စီက ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ နေပြည်တော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai (ဖူသန် ဝီချာရာချိုင်) ပြောတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ပြန်လွှတ်ပေးလိုက်ပြီဆိုပြီး သတင်းထွက်ခဲ့တဲ့အတွက် ထိုင်းအရာရှိတွေ နယ်စပ်မှာ သွားစောင့်ခဲ့ကြပါတယ်။ ငါးဖမ်းသမား ၄ ယောက်ကို လွှတ်ပေးရေးကိစ္စက နေပြည်တော်က ဆုံးဖြတ်မှာဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်ကိုစောင့်နေကြောင်း မြန်မာဒေသဆိုင်ရာအရာရှိတွေက အကြောင်းပြန်ထားပါတယ်။

ဖမ်းဆီးခံထားရသူတွေဆီကို သွားရောက်တွေ့ဆုံခွင့်လည်း ထိုင်းအရာရှိတွေက တောင်းဆိုထားပါ တယ်။ ထိုင်းငါးဖမ်းသမားတွေ ပြန်လွှတ်ပေးရေးကို နှစ်နိုင်ငံ နယ်ခြားကော်မတီ အစည်းအဝေးနဲ့ နှစ်နိုင်ငံ သံရုံးတွေ ဆက်ပြီး ညှိနိုင်းမယ်လို့လည်း ထိုင်း အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း ရနောင်းမြို့အနီး မြန်မာရေပိုင်နက်ထဲမှာ ရေပိုင်နက် (၇) ကီလိုမီတာနဲ့ (၁၀) ကီလိုမီတာကြား ဝင်ရောက်ခဲ့တဲ့ ထိုင်းငါးဖမ်းလှေ ၁၅ စီးထဲက ၂ စီးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က မြန်မာစစ်တပ်က ပစ်ခတ်ပြီး ထိုင်းနိုင်ငံသား ၄ ယောက်အပါအဝင် မြန်မာနိုင်ငံသား ငါးဖမ်းသမား (၂၇) ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းငါး ဖမ်းစက်လှေပေါ်က ဖမ်းမိသူထားသူတွေမှာ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေဆဲပဲလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG