သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေးအတွက် JICA အရေးပေါ်ကူညီ


မြန်မာနိုင်ငံက ရေဘေးသင့် ဒုက္ခသည်တွေ အတွက် လိုအပ်နေတဲ့ အကူအညီတွေကို ဂျပန်အစိုးရက JICA (ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) ကတဆင့် ပေးအပ်လိုက်ပါတယ်။ ပြည်နယ်တချို့မှာ ရေကျသွားပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာတော့ ရေဘေးသင့် ဒုက္ခသည်ဦးရေ ၃သောင်းကျော် ရှိနေသေးတယ်လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကပြောပါတယ်။အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ ဇူလိုင်လ ၂၀ရက်နေ့က စတင်ပီး မိုးရေချိန်များကာ ရေကြီး၊ရေလျံမှုတွေနဲ့ ကြုံခဲ့ရတဲ့ နေရာတွေကို ဂျပန်အစိုးရ အနေနဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးသွားမှာ ဖြစ်တယ်လို့ JICA (ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) က ပြန်ကြားရေး တာဝန်ခံ ကိုကျော်လွင်ဦး ကပြောပါတယ်။

"ကျနော်တို့ကတော့ ရေတိုင်ကီပေါ့နော် ဒီမှာအသုံးပြုနိုင်ဖို့အတွက် ရေတိုင်ကီလေ ၊Tent တွေပေါ့နော် ၂၅ ခု ၊ ၁ ခုကိုဆိုရင် လီတာ ၃၀၀၀ ကျော်ဝင်တယ်ခင်ဗျ ။ အဲဒါရယ်နောက်ပြီးတော့ နောက်ပြီးတော့ Tent ပေါ့နော် မိသားစု ၅ ယောက်လောက်နေနိုင်တဲ့ ယာယီတဲပေါ့နော် အဲဒါ ကျနေ်ာတို့ အလုံး ၁၀၀၀ ပါခင်ဗျ။ အဲဒါကို ဂျပန်အစိုးရကနေ JICA ကနေတဆင့် ကျနော်တို့နိုင်ငံမှာ ဆောင်ရွက်နေတဲ့ ရေဘေးသင့်ဒေသတွေကို ကူညီကယ်ဆယ်ရေး အထောက်အကူပြုနိုင်ဖို့အတွက် ထောက်ပံ့မှာပါခင်ဗျ။"

မုတ်သုန်လေအားကောင်းပီး မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းတို့က မြစ်တွေမှာ စိုးရိမ် ရေအမှတ်ထက်ကျော်လွန်ပြီး ရေကြီးရေလျံတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာတော့ ရေဘေးသင့်ဒုက္ခသည်ဦးရေ ၃သောင်းကျော် ရှိနေသေးတယ်လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကပြောပါတယ်။

"ရေဘေးကတော့ အခုလောလောဆည်လျော့နည်းသွားပါပြီ။ အစကတော့ ၁ သိန်းကျော်ကနေ အခုလက်ရှိစခန်းမှာ ရှိတာက ၃၆၈၈၂ ဦးရှိတယ်။ စခန်းတွေအကုန်လုံးပေါ့ တနိုင်ငံလုံး။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ ၊ ပဲခူး ပေါ့နော် ဒါပေမယ့် အဓိကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး၊ပေါ့နော် တနင်္သာရီမှာတော့ နည်းနည်းပဲကျန်တယ် အဲဒါတွေစုစုပေါင်း အခုလက်ရှိစခန်းမှာ ရှိတာက ၃၆၈၈၂ ဦးရှိတယ်။ စခန်းကတော့ ၁၀၁ ခုကျန်သေးတယ်။ အဓိကတော့ များများကျန်တာကတော့ ပဲခူးတိုင်းမှာဖြစ်ပါတယ်။ ပဲခူးမှာ စခန်း ၆၀ ကျန်တယ်။ မွန်ပြည်နယ်မှာ ၁၁ ခုကျန်တယ်၊ ကရင်မှာ ၁၉ ခုကျန်တယ်။ ဆိုတော့ အခုလက်ရှိအခြေအနေကတော့ အဲဒါပါပဲ။"

ရေဘေးဒုက္ခသည် စခန်းတွေမှာ အဖြစ်များလေ့ရှိတဲ့ ဝမ်းပျက် ၊ဝမ်းလျော ရောတွေ မဖြစ်စေဖို့ သောက်သုံးရေသန့် ရရှိနိုင်ဖို့ကိုလည်း အဓိကထား လုပ်ဆောင်နေတယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

မြန်မာရေဘေးအတွက် JICA အရေးပေါ်ကူညီ
please wait

No media source currently available

0:00 0:02:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG