သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်နဲ့မြို့ကြီးတချို့မှာ လောင်စာဆီပြတ်လပ်


မန္တလေးမြို့၁၀၁-၅၉ လမ်း HSD မှာ ဓာတ်ဆီတန်းစီနေတဲ့ကားများ။ (ဓာတ်ပုံ- ဘဘ မန္တလေး ဆိတ်သားဆိုင်၊ ဒီဇင်ဘာ ၆၊ ၂၀၂၃)
မန္တလေးမြို့၁၀၁-၅၉ လမ်း HSD မှာ ဓာတ်ဆီတန်းစီနေတဲ့ကားများ။ (ဓာတ်ပုံ- ဘဘ မန္တလေး ဆိတ်သားဆိုင်၊ ဒီဇင်ဘာ ၆၊ ၂၀၂၃)

မြန်မာနိုင်ငံရဲ့စီးပွားမြို့တော် ရန်ကုန်မြို့အပါအဝင် မြို့ကြီးတချို့မှာ လောင်စာဆီပြတ်လပ်မှုဒဏ်ကို ဗုဒ္ဓဟူးနေ့မှာ ဆိုးဆိုးရွားရွား ဆက်ကြုံတွေ့နေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာ မနက် ၅ နာရီ ထ

ပြီး တန်းစီတာမှာ ကားတန်းရှည်ကြီးဖြစ်ခဲ့ပြီး ဆီဆိုင်အရောက် ၃ နာရီကြာခဲ့တယ်လို့ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ နေထိုင်သူတဦးက ပြောပါတယ်။

ရန်ကုန်နေရာအနှံ့မှာ ရာနဲ့ချီတဲ့ကားတွေ ဓာတ်ဆီထည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြတာတွေကိုလည်း လူမှုကွန်ရက်က ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ Global New Light of Myanmar သတင်းစာမှာတော့ အင်္ဂါ

နေ့က စတင် ဆီပြတ်လပ်ခဲ့ပြီး “သီလဝါဆိပ်ကမ်းက စက်သုံးဆီဆိုင်တွေကို ဆီပေးပို့ရာမှာ ကြန့်ကြာမှုတွေကြောင့်” လို့ ဆိုထားပေမဲ့ အသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်တာ မရှိပါဘူး။ ရန်ကုန်မှာ စက်သုံးဆီအများစုကို ဆိပ်ကမ်းကတဆင့် တင်သွင်းတာပါ။

တဘက်မှာလည်း စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်း ကျပ်ငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် အဆမတန် ကျဆင်းနေလို့ လောင်စာဆီ တင်သွင်းသူတွေဟာ ဆီဖိုးတွေ ပေးချေနိုင်ဖို့ အကန့်အသတ်တွေ ရှိနေပါတယ်။ ပဲခူးတိုင်းထဲက ဓာတ်ဆီဆိုင်တချို့မှာလည်း ဆီဝယ်ယူသူတဦးကို လီတာ ၂၀ သာ အကန့်အသတ်နဲ့ရောင်းနေကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။ ပဲခူးအနီး ဘုရားကြီးမြို့က ဓာတ်ဆီဆိုင်ဝန်ထမ်းတဦးက သူတို့ဆီမှာ “ဆီပြတ်နေတာ တပတ်လောက် ရှိနေပြီ၊ ဗုဒ္ဓဟူးနေ့ မနက်မှ ပြန် ဖွင့်နိုင်တယ်..” လို့ ပြောပါတယ်။ ဒါပေမယ့် “အနီးနားက တခြားဆိုင်တွေ

ပိတ်ထားတဲ့အတွက် သူတို့မှာလည်း မကြာခင် ဆီကုန်တော့မယ်” လို့ အမည်မဖော်လိုတဲ့ အဲဒီ ဝန်ထမ်းက အေအက်ဖ်ပီကို ပြောပါတယ်။

ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေနဲ့ လက်နက်ကိုင် ဆန့်ကျင်မှုတွေ အကြီးအကျယ် ဖြစ်စေတဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးဟာ ယိုယွင်းလာနေတာပါ။ အခုနှစ်အစောပိုင်းက ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) ဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ၃ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားပြီး ဒါဟာ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဥ်ရင်၁၀ ရာခိုင်နှုန်းဝန်းကျင်း လျော့နည်းနေပါတယ်။ "ထောက်ပံ့ရေးနဲ့ ဝယ်လိုအားမှာ ကန့်သတ်ချက်တွေ ပြင်းပြင်းထန်ထန် ရှိနေလို့ " စီးပွားရေးမှာ အဟန့်အတားတွေ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ဒါဇင်နဲ့ချီတဲ့ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” တွေနဲ့ တိုင်းရင်းသာ လက်နက်ကိုင်အဖွဲ့တွေဟာလည်း နိုင်ငံအနှံ့ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၇ ရက်စပြီး အကြီးဆုံးကုန်သွယ်ဖက် တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းမြောက် ဒေသမှာ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့က မြို့သိမ်းတိုက်ပွဲတွေ၊ ထိုးစစ်တွေ၊ ပြင်းပြင်းထန်ထန် ဆင်နွှဲနေပြီး အဓိကနယ်စပ်ဂိတ် တခုကို သိမ်းထားသလို ကုန်သွယ်ရေး အရ အရေးပါတဲ့ လမ်းတွေကိုတွေလည်း ပိတ်ဆို့ထားလို့ ငွေသား အကျပ်အတည်းတွေ့နေတဲ့ အာဏာသိမ်းစစ်ကောင်စီ အတွက် အခွန်နဲ့ နိုင်ငံခြားငွေရရှိမှုမှာ ကန့်သ

တ်မှုတွေ ထပ်ကြုံနေရပါတယ်။ အရင်အပတ် စတင်ပြီးလည်း ထိုင်းနိုင်ငံနဲ့ အဓိက ကုန်သွယ်နေတဲ့ လမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်ခဲ့လို့ ကုန်စည်ပို့ဆောင်ရေးမှာ အနှောင့်အယှက်တွေ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG