(Zawgyi/Unicode)
ရွမ္းျပည္နယ္ေျမာက္ပုိင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ မူးယစ္ေဆး၀ါး အေျမာက္အမ်ား ဖမ္းဆီးရမိခဲ့တဲ့အေၾကာင္း သတင္းေထာက္ေတြနဲ႔ စစ္သံမွဴးေတြကုိ ဖိတ္ေခၚျပသတဲ့ ခရီးစဥ္မွာ တပ္မေတာ္ရဟတ္ယာဥ္တစင္း မေတာ္တဆမႈ ျဖစ္ရာမွာ ရဟတ္ယာဥ္မွဴး ၂ ဦးသာ ထိခုိက္မႈရွိခဲ့ေၾကာင္း ျမန္မာစစ္တပ္က ေျပာလုိက္ပါတယ္။
ဒါေပမဲ့လည္း ညေနပုိင္း ျပန္လည္ထြက္ခြာခ်ိန္မွာ ရဟတ္ယာဥ္တစင္း စက္ခ်ဳိ႕ယြင္းမႈေၾကာင့္ ေျမေပၚကုိ ျပဳတ္က်ခဲ့ရာမွာ ရဟတ္ယာဥ္မွဴးေတြရဲ႕ ထိန္းသိမ္းမႈေၾကာင့္ အထိအခုိက္ အနည္းအက်ဥ္းနဲ႔ ဆင္းသက္ႏုိင္ခဲ့ေၾကာင္းလည္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။
မေတာ္တဆမႈအတြင္း ရဟတ္ယာဥ္မွဴး ၂ ေယာက္သာ ထိခုိက္ဒဏ္ရာေတြ ရခဲ့ၾကၿပီး၊ မစုိးရိမ္ရဘူးလုိ႔လည္း ဆုိပါတယ္။ ခရီးစဥ္မွာ လုိက္ပါလာတဲ့ သတင္းေထာက္ေတြ၊ စစ္သံမွဴးေတြကုိေတာ့ တျခားရဟတ္ယာဥ္ေတြနဲ႔ လား႐ႈိးၿမိဳ႕ကုိ ပုိ႔ေဆာင္ေပးခဲ့ၿပီး၊ ရန္ကုန္ကုိေတာ့ တပ္မေတာ္ ေလယာဥ္ေတြနဲ႔ ဆက္လက္ပုိ႔ေဆာင္ေပးခဲ့ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။
...............
တပ်မတော်ရဟတ်ယာဉ် မတော်တဆမှု လေယာဉ်မှူး ၂ ဦးသာထိခိုက်
(Unicode)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သတင်းထောက်တွေနဲ့ စစ်သံမှူးတွေကို ဖိတ်ခေါ်ပြသတဲ့ ခရီးစဉ်မှာ တပ်မတော်ရဟတ်ယာဉ်တစင်း မတော်တဆမှု ဖြစ်ရာမှာ လေယာဉ်မှူး ၂ ဦးသာ ထိခိုက်မှုရှိခဲ့ကြောင်း မြန်မာစစ်တပ်က ပြောလိုက်ပါတယ်။
ဒါပေမဲ့လည်း ညနေပိုင်း ပြန်လည်ထွက်ခွာချိန်မှာ ရဟတ်ယာဉ်တစင်း စက်ချို့ယွင်းမှုကြောင့် မြေပေါ်ကို ပြုတ်ကျခဲ့ရာမှာ ရဟတ်ယာဉ်မှူးတွေရဲ့ ထိန်းသိမ်းမှုကြောင့် အထိအခိုက် အနည်းအကျဉ်းနဲ့ ဆင်းသက်နိုင်ခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မတော်တဆမှုအတွင်း ရဟတ်ယာဉ်မှူး ၂ ယောက်သာ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပြီး၊ မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။ ခရီးစဉ်မှာ လိုက်ပါလာတဲ့ သတင်းထောက်တွေ၊ စစ်သံမှူးတွေကိုတော့ တခြားရဟတ်ယာဉ်တွေနဲ့ လားရှိုးမြို့ကို ပို့ဆောင်ပေးခဲ့ပြီး၊ ရန်ကုန်ကိုတော့ တပ်မတော် လေယာဉ်တွေနဲ့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။