သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လူ႔အခြင့္အေရး အစီရင္ခံစာ AAPPB နဲ႔ မိတ္ဘက္အဖြဲ႔ေတြ ပူးေပါင္းထုတ္ျပန္


AAPPB

(Zawgyi / Unicode)

ျမန္မာႏိုင္ငံတဝန္း ျဖစ္ေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး မွတ္တမ္းတင္ထားတဲ့ အစီရင္ခံစာတေစာင္ကို AAPP ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက ထုတ္ျပန္လိုက္ပါတယ္။

AAPP နဲ႔ မိတ္ဘက္အဖြဲ႔အစည္းေတြ ပူးေပါင္းၿပီးေတာ့ သုေတသနျပဳ ထုတ္ျပန္လိုက္ၿပီး စာမ်က္ႏွာ ၁၅၁ မ်က္ႏွာပါတဲ့ ဒီအစီရင္ခံစာမွာ ၂၀၁၀ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္ ဇူလိုင္လအထိ ႏုိင္ငံတဝန္းမွာ ျဖစ္ေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို မွတ္တမ္းတင္ၿပီး သုံးသပ္ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၅ ခုႏွစ္က တႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကေပမယ့္လည္း ႏိုင္ငံတြင္း တခ်ိဳ႕ေနရာေတြမွာ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနၿပီး အဲဒီလို ပဋိပကၡေတြအတြင္း ေနထိုင္ေနၾကတဲ့သူေတြဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ဆက္လက္က်ဴးလြန္ခံေနရဆဲ ျဖစ္တယ္လို႔ ေျပာပါတယ္။

အဲဒီလို ႏုိင္ငံတဝန္းက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို သက္ဆိုင္ရာ အစိုးရအဖြဲ႔အစည္းေတြ၊ လႊတ္ေတာ္၊ ႏုိင္ငံေရးပါတီ၊ အရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ ျပည္သူေတြ သိရွိၿပီး လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲအလြန္ ျဖစ္ေပၚလာမယ့္ အစိုးရ၊ လႊတ္ေတာ္အေနနဲ႔ လူ႔အခြင့္အေရးကို အေျခခံတဲ့ ကတိကဝတ္ေတြ၊ မူဝါဒေတြ၊ အစီအမံေတြနဲ႔ တရားဥပေဒစိုးမိုးေရး ျဖစ္လာဖို႔ ရည္ရြယ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေျမယာသိမ္းဆည္းမႈ၊ တက္ႂကြလႈပ္ရွားသူေတြအေပၚ ျပစ္ဒဏ္ခ်မွတ္မႈေတြလည္း ရွိေနတဲ့အျပင္ ဥပေဒေတြကလည္း ေခတ္နဲ႔မညီဘဲ တရားမွ်တမႈ ကင္းမဲ့ေနတယ္လို႔ အဲဒီအစီရင္ခံစာမွာ ေျပာထားပါတယ္။

ႏုိင္ငံေရးအက်ဥ္းသားေတြ အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရသူေတြအတြက္ ထိခိုက္နစ္နာမႈေတြကို ျပန္လည္ကုစား အေလ်ာ္ေပးတာေတြ၊ ေတာင္းပန္တာေတြနဲ႔ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ေတြလည္း မရွိတာေၾကာင့္ ျပန္လည္ကုစားေပးေလ်ာ္မႈဆိုင္ရာ ဥပေဒတရပ္ကို လႊတ္ေတာ္အေနနဲ႔ ျပ႒ာန္းဖို႔ လိုအပ္တယ္လို႔ ဒီအစီရင္ခံစာမွာ တိုက္တြန္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ AAPPB နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစောင်ကို AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။

AAPP နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ သုတေသနပြု ထုတ်ပြန်လိုက်ပြီး စာမျက်နှာ ၁၅၁ မျက်နှာပါတဲ့ ဒီအစီရင်ခံစာမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြီး သုံးသပ်ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေမယ့်လည်း နိုင်ငံတွင်း တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အဲဒီလို ပဋိပက္ခတွေအတွင်း နေထိုင်နေကြတဲ့သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ခံနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို နိုင်ငံတဝန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ သိရှိပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် အစိုးရ၊ လွှတ်တော်အနေနဲ့ လူ့အခွင့်အရေးကို အခြေခံတဲ့ ကတိကဝတ်တွေ၊ မူဝါဒတွေ၊ အစီအမံတွေနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်လာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေယာသိမ်းဆည်းမှု၊ တက်ကြွလှုပ်ရှားသူတွေအပေါ် ပြစ်ဒဏ်ချမှတ်မှုတွေလည်း ရှိနေတဲ့အပြင် ဥပဒေတွေကလည်း ခေတ်နဲ့မညီဘဲ တရားမျှတမှု ကင်းမဲ့နေတယ်လို့ အဲဒီအစီရင်ခံစာမှာ ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် ထိခိုက်နစ်နာမှုတွေကို ပြန်လည်ကုစား အလျော်ပေးတာတွေ၊ တောင်းပန်တာတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေလည်း မရှိတာကြောင့် ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ ဥပဒေတရပ်ကို လွှတ်တော်အနေနဲ့ ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ဒီအစီရင်ခံစာမှာ တိုက်တွန်း ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG