သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပေလာ့တပို႔စစ္ေဘးဒုကၡသည္ကို ကူညီသူမရွိျဖစ္ေန


ကရင္ျပည္နယ္ျမ၀တီခရိုင္တြင္း စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ ျပည္သူ ့ကာကြယ္ေရးတပ္စတဲ့ပူးေပါင္းတပ္ဖဲြ ့ေတြရဲ ့ႏွစ္ဘက္တိုက္ပဲြေၾကာင့္ ေသာင္ရင္းျမစ္ကမ္းပါးေဘး ေရႊ႕ေျပာင္းေနထိုင္ေနရတဲ့ စစ္ေရွာင္မ်ား

ကရင္ျပည္နယ္ျမဝတီခ႐ိုင္ေတြမွာစစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ ျပည္သူ႔ကာကြယ္ေရးတပ္စတဲ့ပူးေပါင္းတပ္ဖြဲ႕ေတြရဲ ့ႏွစ္ဘက္တိုက္ပြဲေၾကာင့္ ေဖေဖၚဝါရီလ၂၂ရက္ေန႔က စစ္ေဘးေရွာင္ေတြ ေနထိုင္ရာေနရာထိက်ည္ဆံေတြက်ေရာက္ခဲ့ပါတယ္။အခုထိ စိတ္မခ်ရေသးတဲ့အေျခအေနေတြေၾကာင့္စစ္ေဘးေရွာင္ေတြဟာ ေသာင္ရင္းျမစ္ကမ္းပါးေဘး ေသာင္ျပင္ေတြေပၚကိုေ႐ႊေျပာင္းေနထိုင္ေနရၿပီး စားေသာက္ေရးအခက္အခဲေတြလည္းရင္ဆိုင္ေနရပါတယ္ ။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ျမဝတီခ႐ိုင္ထဲက ပေလာ့တပို႔စစ္ေရွာင္စခန္းက ဒုကၡသည္ေတြအေနနဲ႔ က်ည္ဆံေတြက်ေရာက္ထိမွန္တာေတြျဖစ္ခဲ့ၿပီးတဲ့ေနာက္ သူတို႔စခန္းမွာမေနရဲေတာ့ပဲထပ္ၿပီးေ႐ြေျပာင္းေနထိုင္ေနၾကပါတယ္။ အခုထိလည္းစစ္ေရွာင္စခန္းေနရာကို မအိပ္ရဲဘဲ ေသာင္ရင္းျမစ္အနီးက သဲေသာင္ျပင္မွာ ေနထိုင္ေနရဆဲျဖစ္ၿပီးအစားအေသာက္အခက္ေတြႀကဳံေနရတယ္လို႔စစ္ေဘးေရွာင္ေတြကိုကူညီေပးေနသူတဦးကေျပာပါတယ္။

"အခုလက္ရွိဒုကၡသည္ေတြကေတာ့ သဲေသာင္ျပင္မွာပဲ႐ြက္ဖ်င္ေလးေတြကိုအမိုးလုပ္ၿပီးေနထိုင္ေနၾကတုန္းပဲ။ ဒီမနက္ထိ ကၽြန္ေတာ္တို႔သြားတာေတြ႕ခဲ့တယ္ အဓိကေတာ့ ကေလးေတြ အမ်ိဳးသမီးေတြအသက္ႀကီးတဲ့သူေတြပဲမ်ားတာေတြ႕ရတယ္။ အဓိကကေတာ့ အမ်ိဳးသားေတြကေတာ့ သြားႏိုင္လာႏိုင္တဲ့သူေတြကေတာ့ ကမ္းပါးေပၚတက္လိုက္ ထမင္းသြားခ်က္လိုက္ျပန္လာယူလိုက္ အဲဒီလိုလုပ္တယ္။ ေသာင္ျပင္မွာေတာ့ ကေလးေတြအမ်ိဳးသမီးေတြ ကိုယ္ဝန္ေဆာင္ေတြသက္ႀကီး႐ြယ္အိုေတြေနၾကတယ္။ ေနပူေနေပမယ့္ သူတို႔ကမ္းပါးေပၚတက္ၿပီမေနၾကဘူး။ ျမစ္ကမ္းေဘးမွာပဲေနေနၾကတယ္။ က်ေနာ္တို႔သြားေတာ့ ကူညီေပးမယ့္သူေတြလည္းမရွိၾကဘူး။ သူတို႔က ေတာ့ေနထိုင္ေရး ေကာစားေသာက္ေရးအခက္အခဲရွိေနတာေတြ႕ရတယ္။"

စစ္ေကာင္စီဘက္ကေတာ့ ေကအန္ယူထိန္းခ်ဳပ္ရာေဒသက ေက်း႐ြာေတြကျပည္သူေတြဟာ သူရဲ႕စစ္အာဏာသိမ္းတာကိုလက္မခံတဲ့သူေတြအျဖစ္သတ္မွတ္ၿပီး ပစ္မွတ္ထားတိုက္ခိုက္တာေတြလုပ္လာတာေတြရတယ္လို႔ကရင္အမ်ိဳးသားအစည္းအ႐ုံးသတင္းနဲ႔ျပန္ၾကားေရးဌာနဒုတိယတာဝန္ခံဖဒိုကလယ္ေစးကအခုလိုေျပာပါတယ္။

"အားလုံးကိုပစ္မွတ္ထားတဲ့သေဘာပဲ သူ႔စစ္အာဏာသိမ္းတာကို လက္မခံေတာ့အာလုံးက သူအမိန႔္ကိုဆန႔္က်င္တဲ့သေဘာဆိုေတာ့ သူက အားလုံးကိုမခြဲေတာ့ပဲ ေတာ္လွန္ေရးအဖြဲ႕အစည္းနဲ႔လူထုမခြဲေတာ့ပဲ လုပ္ေနတာလို႔ ကြၽန္ေတာ္တို႔ကေတာ့လက္ခံထားတယ္"

ေလးေက့ေကာ္က စစ္ေဘးေရွာင္ေတြဟာေနရပ္မျပန္ႏိုင္တာ တႏွစ္ေက်ာ္ၾကာၿပီျဖစ္သလို သူတို႔ရဲေနအိမ္ေတြမွာစစ္ေကာင္စီတပ္သားေတြ ဝင္ေရာက္ေနထိုင္ေနတာ အိမ္ရွိပစၥည္းေတြကိုသိမ္းယူသြားတာေတြ အျပင္ လက္နက္ႀကီးေတြက်ေရာက္ေပါက္ကြဲတာေတြေၾကာင့္ ပ်က္ဆီးတာေတြလည္းရွိတာေၾကာင့္ ေနရပ္ျပန္တဲ့အခါမွာေတာ့ဘဝရပ္တည္မူေတြအတြက္႐ုန္းကန္ရအုန္းမွာျဖစ္ေၾကာင္းေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ပလော့တပို့စစ်ဘေးဒုက္ခသည်ကို ကူညီသူမရှိဖြစ်နေ

ကရင်ပြည်နယ်မြဝတီခရိုင်တွေမှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့နှစ်ဘက်တိုက်ပွဲကြောင့် ဖေဖေါ်ဝါရီလ၂၂ရက်နေ့က စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာထိကျည်ဆံတွေကျရောက်ခဲ့ပါတယ်။အခုထိ စိတ်မချရသေးတဲ့အခြေအနေတွေကြောင့်စစ်ဘေးရှောင်တွေဟာ သောင်ရင်းမြစ်ကမ်းပါးဘေး သောင်ပြင်တွေပေါ်ကိုရွှေပြောင်းနေထိုင်နေရပြီး စားသောက်ရေးအခက်အခဲတွေလည်းရင်ဆိုင်နေရပါတယ် ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်မြဝတီခရိုင်ထဲက ပလော့တပို့စစ်ရှောင်စခန်းက ဒုက္ခသည်တွေအနေနဲ့ ကျည်ဆံတွေကျရောက်ထိမှန်တာတွေဖြစ်ခဲ့ပြီးတဲ့နောက် သူတို့စခန်းမှာမနေရဲတော့ပဲထပ်ပြီးရွေပြောင်းနေထိုင်နေကြပါတယ်။ အခုထိလည်းစစ်ရှောင်စခန်းနေရာကို မအိပ်ရဲဘဲ သောင်ရင်းမြစ်အနီးက သဲသောင်ပြင်မှာ နေထိုင်နေရဆဲဖြစ်ပြီးအစားအသောက်အခက်တွေကြုံနေရတယ်လို့စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတဦးကပြောပါတယ်။

"အခုလက်ရှိဒုက္ခသည်တွေကတော့ သဲသောင်ပြင်မှာပဲရွက်ဖျင်လေးတွေကိုအမိုးလုပ်ပြီးနေထိုင်နေကြတုန်းပဲ။ ဒီမနက်ထိ ကျွန်တော်တို့သွားတာတွေ့ခဲ့တယ် အဓိကတော့ ကလေးတွေ အမျိုးသမီးတွေအသက်ကြီးတဲ့သူတွေပဲများတာတွေ့ရတယ်။ အဓိကကတော့ အမျိုးသားတွေကတော့ သွားနိုင်လာနိုင်တဲ့သူတွေကတော့ ကမ်းပါးပေါ်တက်လိုက် ထမင်းသွားချက်လိုက်ပြန်လာယူလိုက် အဲဒီလိုလုပ်တယ်။ သောင်ပြင်မှာတော့ ကလေးတွေအမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တွေသက်ကြီးရွယ်အိုတွေနေကြတယ်။ နေပူနေပေမယ့် သူတို့ကမ်းပါးပေါ်တက်ပြီမနေကြဘူး။ မြစ်ကမ်းဘေးမှာပဲနေနေကြတယ်။ ကျနော်တို့သွားတော့ ကူညီပေးမယ့်သူတွေလည်းမရှိကြဘူး။ သူတို့က တော့နေထိုင်ရေး ကောစားသောက်ရေးအခက်အခဲရှိနေတာတွေ့ရတယ်။"

စစ်ကောင်စီဘက်ကတော့ ကေအန်ယူထိန်းချုပ်ရာဒေသက ကျေးရွာတွေကပြည်သူတွေဟာ သူရဲ့စစ်အာဏာသိမ်းတာကိုလက်မခံတဲ့သူတွေအဖြစ်သတ်မှတ်ပြီး ပစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်လာတာတွေရတယ်လို့ကရင်အမျိုးသားအစည်းအရုံးသတင်းနဲ့ပြန်ကြားရေးဌာနဒုတိယတာဝန်ခံဖဒိုကလယ်စေးကအခုလိုပြောပါတယ်။

"အားလုံးကိုပစ်မှတ်ထားတဲ့သဘောပဲ သူ့စစ်အာဏာသိမ်းတာကို လက်မခံတော့အာလုံးက သူအမိန့်ကိုဆန့်ကျင်တဲ့သဘောဆိုတော့ သူက အားလုံးကိုမခွဲတော့ပဲ တော်လှန်ရေးအဖွဲ့အစည်းနဲ့လူထုမခွဲတော့ပဲ လုပ်နေတာလို့ ကျွန်တော်တို့ကတော့လက်ခံထားတယ်"

လေးကေ့ကော်က စစ်ဘေးရှောင်တွေဟာနေရပ်မပြန်နိုင်တာ တနှစ်ကျော်ကြာပြီဖြစ်သလို သူတို့ရဲနေအိမ်တွေမှာစစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေထိုင်နေတာ အိမ်ရှိပစ္စည်းတွေကိုသိမ်းယူသွားတာတွေ အပြင် လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာတွေကြောင့် ပျက်ဆီးတာတွေလည်းရှိတာကြောင့် နေရပ်ပြန်တဲ့အခါမှာတော့ဘဝရပ်တည်မူတွေအတွက်ရုန်းကန်ရအုန်းမှာဖြစ်ကြောင်းပြောဆိုကြပါတယ်။

XS
SM
MD
LG