ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲက ဖလူး-ေဝါေလ လမ္းမေပၚမွာ ေဖေဖၚဝါရီလ ၂၂ ရက္ေန႔ ေနလည္ပိုင္းက ျဖစ္ပြားခဲ့တဲ့တိုက္ပြဲအတြင္း အနားမွာရွိတဲ့ ပေလာ့တပို႔ စစ္ေဘးေရွာင္ စခန္းထိက်ည္ဆံေတြက်ေရာက္တာေၾကာင့္ စစ္ေျပးဒုကၡသည္ေတြ ထိုင္းႏိုင္ငံနဲ႔ အနီးဆုံး ေသာင္းရင္းျမစ္ကမ္းေဘးထိ ထပ္ၿပီးထြက္ေျပးခဲ့ၾကရပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ အးေအးမာကသတင္းေပးပို႔ထားပါတယ္။
ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ဖလူး-ေဝါေလလမ္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ ျပည္သူ႔ကာကြယ္ေရးတပ္ စတဲ့ပူးေပါင္းတပ္ဖြဲ႕ေတြၾကား ဗုဒၶဟူးေန႔က တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။ ႏွစ္ဖက္တိုက္ပြဲေတြျပင္းထန္ခဲ့ၿပီးတဲ့ေနာက္ လက္နက္က်ည္ဆံေတြဟာ စစ္ေဘးေရွာင္ေတြ ခိုလႈံေနတဲ့ ပေလာ့တပို႔စခန္းထိ က်ေရာက္တာေၾကာင့္ ေသာင္ရင္းျမစ္ကမ္းေဘးက ယာယီေနအိမ္ေတြမွာမေနရဲေတာ့ပဲ ထိုင္းဘက္ျခမ္းနဲ႔အနီးဆုံးေသာင္ရင္းျမစ္ကမ္းပါးေပၚကို စစ္ေဘးေရွာင္ ၁ ေထာင္ေက်ာ္ ထြက္ေျပးလာခဲ့ရေၾကာင္း စစ္ေဘးေရွာင္ေတြကို အကူညီေပးေနသူတဦးက ေျပာပါတယ္။
"မေန႔တုန္းကေတာ့ သုံးထပ္ေကြ႕ေအာက္ဖက္ စစ္ေရွာင္စခန္းထိပ္ႏွစ္ဖက္ တိုက္ပြဲျဖစ္တယ္ တိုက္ပြဲကေတာ့ စကစက အရပ္ဝတ္နဲ႔တက္လာတယ္ ဖလူးကေန တက္လာတယ္။ ေဝါေလဘက္ကို တက္ဖို႔လာတယ္ စကစ (စစ္ေကာင္စီ) ကားေတြက၊ သူတို႔အဖြဲ႕နဲ႔ေကာ္ပရာစစ္ေၾကာင္းနဲ႔တိုက္ပြဲျဖစ္တယ္ စကစဘက္က ရမ္းသမ္းပစ္ေတာ့ စစ္ေရွာင္စခန္းထဲကို က်ည္ဆံေတြဝင္တယ္ အဲဒီမွာအိမ္ေပၚမွာ ေနထိုင္ေနတဲ့သူ ေခါင္းနားထင္ဘက္မွာရွပ္မွန္ၿပီး မစိုးရိမ္ရတဲ့ဒဏ္ရာရတယ္။ စစ္ေရွာင္စခန္းကလူေတြကကမ္းနားကိုေျပးၿပီး တိမ္းေရွာင္ၾကတယ္"
ဒီစစ္ေရွာင္စခန္းကေတာ့ ေလးေက့ေကာ္ဘက္က ထြက္ေျပးလာသူေတြေနထိုင္ေနတဲ့ေနရာျဖစ္ၿပီး အခုဆိုရင္ စစ္ေဘးေရွာင္ေနရတာ တႏွစ္ေက်ာ္ၾကာၿပီျဖစ္ပါတယ္။ အခုဆိုရင္ အမ်ိဳးသမီးေတြ ကေလးငယ္ေတြဟာကမ္းပါးေဘးက ေသာင္ျပင္မွာပဲ ေနထိုင္ေနရတယ္လို႔ဆိုပါတယ္။
"ပေလာတပို႔စစ္ေရွာင္စခန္းလို႔ေခၚတယ္၊ ကမ္းပါးေဘးေတြေတြ သူတို႔ေနရာက လည္းကမ္းပါးေဘးေတြပါပဲ အခုကေတာ့ က်ည္ကြယ္မ်က္ကြယ္ေနရာေလးေတြကိုေ႐ြ႕ေနတယ္၊ ဒါေပမယ့္လည္းအခုခ်ိန္က ေနကလည္းတအားပူတယ္ ေအာက္မွာလည္း ခိုနားစရာေနရာမရွိဘူး၊အဲဒီ စခန္းမွာေတာ့အိမ္ေထာင္စုေပါင္း ၃၆၀ ေက်ာ္ရွိတယ္၊ လူဦးေရကေတာ့ ၁၃၀၀ ေက်ာ္ရွိတယ္ ကေလးေပါင္း ၂၃၀ ရွိတယ္ အမ်ိဳးသမီး ၄၀၀ ေက်ာ္နဲ႔အမ်ိဳးသား၅၀၀ေက်ာ္စစ္ေရွာင္ေနရတယ္၊သူတို႔ေတြက ၂၀၂၁ ဒီဇင္ဘာလ ၁၆ ရက္ေန႔ကတည္းက ေလးေက့ေကာ္ကေန စစ္ေရွာင္လာရတာအခုထိပဲ"
စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေနတိုက္ခိုက္တဲ့အခ်ိန္တိုင္း ထိုင္း ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္အနီးနဲ႔ ေတာေတာင္ေတြထဲ ေက်ာက္ဂူေတြထဲမွာ ပုန္းေရွာင္ေနရတဲ့ စစ္ေဘးေရွာင္ေတြ ေသာင္းဂဏန္းနဲ႔ရွိေနၿပီး အခုကေတာ့ အဲဒီ စစ္ေဘးဒုကၡသည္ေတြ ေနာက္ထပ္ေဘးလြတ္ရာ ထြက္ျပးေနၾကရတာျဖစ္ပါတယ္။ တခ်ိဳ႕လည္း ထိုင္းဘက္ျခမ္းကို တိမ္းေရွာင္ဖို႔ႀကိဳးစားေနသူေတြလည္းရွိေနပါတယ္။
[Unicode]
ဖလူး-ဝေါလေတိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေ ထပ်ပြေးခဲ့ရ
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ဖလူး-ဝေါလေ လမ်းမပေါ်မှာ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နေလည်ပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အနားမှာရှိတဲ့ ပလော့တပို့ စစ်ဘေးရှောင် စခန်းထိကျည်ဆံတွေကျရောက်တာကြောင့် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံနဲ့ အနီးဆုံး သောင်းရင်းမြစ်ကမ်းဘေးထိ ထပ်ပြီးထွက်ပြေးခဲ့ကြရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် အးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် ဖလူး-ဝေါလေလမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် လက်နက်ကျည်ဆံတွေဟာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ပလော့တပို့စခန်းထိ ကျရောက်တာကြောင့် သောင်ရင်းမြစ်ကမ်းဘေးက ယာယီနေအိမ်တွေမှာမနေရဲတော့ပဲ ထိုင်းဘက်ခြမ်းနဲ့အနီးဆုံးသောင်ရင်းမြစ်ကမ်းပါးပေါ်ကို စစ်ဘေးရှောင် ၁ ထောင်ကျော် ထွက်ပြေးလာခဲ့ရကြောင်း စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦးက ပြောပါတယ်။
"မနေ့တုန်းကတော့ သုံးထပ်ကွေ့အောက်ဖက် စစ်ရှောင်စခန်းထိပ်နှစ်ဖက် တိုက်ပွဲဖြစ်တယ် တိုက်ပွဲကတော့ စကစက အရပ်ဝတ်နဲ့တက်လာတယ် ဖလူးကနေ တက်လာတယ်။ ဝေါလေဘက်ကို တက်ဖို့လာတယ် စကစ (စစ်ကောင်စီ) ကားတွေက၊ သူတို့အဖွဲ့နဲ့ကော်ပရာစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်တယ် စကစဘက်က ရမ်းသမ်းပစ်တော့ စစ်ရှောင်စခန်းထဲကို ကျည်ဆံတွေဝင်တယ် အဲဒီမှာအိမ်ပေါ်မှာ နေထိုင်နေတဲ့သူ ခေါင်းနားထင်ဘက်မှာရှပ်မှန်ပြီး မစိုးရိမ်ရတဲ့ဒဏ်ရာရတယ်။ စစ်ရှောင်စခန်းကလူတွေကကမ်းနားကိုပြေးပြီး တိမ်းရှောင်ကြတယ်"
ဒီစစ်ရှောင်စခန်းကတော့ လေးကေ့ကော်ဘက်က ထွက်ပြေးလာသူတွေနေထိုင်နေတဲ့နေရာဖြစ်ပြီး အခုဆိုရင် စစ်ဘေးရှောင်နေရတာ တနှစ်ကျော်ကြာပြီဖြစ်ပါတယ်။ အခုဆိုရင် အမျိုးသမီးတွေ ကလေးငယ်တွေဟာကမ်းပါးဘေးက သောင်ပြင်မှာပဲ နေထိုင်နေရတယ်လို့ဆိုပါတယ်။
"ပလောတပို့စစ်ရှောင်စခန်းလို့ခေါ်တယ်၊ ကမ်းပါးဘေးတွေတွေ သူတို့နေရာက လည်းကမ်းပါးဘေးတွေပါပဲ အခုကတော့ ကျည်ကွယ်မျက်ကွယ်နေရာလေးတွေကိုရွေ့နေတယ်၊ ဒါပေမယ့်လည်းအခုချိန်က နေကလည်းတအားပူတယ် အောက်မှာလည်း ခိုနားစရာနေရာမရှိဘူး၊အဲဒီ စခန်းမှာတော့အိမ်ထောင်စုပေါင်း ၃၆၀ ကျော်ရှိတယ်၊ လူဦးရေကတော့ ၁၃၀၀ ကျော်ရှိတယ် ကလေးပေါင်း ၂၃၀ ရှိတယ် အမျိုးသမီး ၄၀၀ ကျော်နဲ့အမျိုးသား၅၀၀ကျော်စစ်ရှောင်နေရတယ်၊သူတို့တွေက ၂၀၂၁ ဒီဇင်ဘာလ ၁၆ ရက်နေ့ကတည်းက လေးကေ့ကော်ကနေ စစ်ရှောင်လာရတာအခုထိပဲ"
စစ်ကောင်စီတပ်တွေက လေကြောင်းကနေတိုက်ခိုက်တဲ့အချိန်တိုင်း ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးနဲ့ တောတောင်တွေထဲ ကျောက်ဂူတွေထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ သောင်းဂဏန်းနဲ့ရှိနေပြီး အခုကတော့ အဲဒီ စစ်ဘေးဒုက္ခသည်တွေ နောက်ထပ်ဘေးလွတ်ရာ ထွက်ပြးနေကြရတာဖြစ်ပါတယ်။ တချို့လည်း ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ဖို့ကြိုးစားနေသူတွေလည်းရှိနေပါတယ်။