သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူဦးရေ ၃ ပုံ ၁ ပုံ အခုနှစ်မှာ စာနာမှုအကူအညီလိုအပ်မည် (ကုလသမဂ္ဂ)


အာဟာရဒါနအလှူအတွက်တန်းစီနေတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၇၊ ၂၀၂၂)
အာဟာရဒါနအလှူအတွက်တန်းစီနေတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၇၊ ၂၀၂၂)

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခနဲ့ အကျပ်အတည်းတွေ ဆက်ရင်ဆိုင်နေရတာကြောင့် လူဦးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်တဲ့ လူ ၁၈ သန်းလောက် ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း လူသားချင်းစာနာမှုအကူညီ လိုအပ်မယ့်အကြောင်း ကုလသမဂ္ဂရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ ခန့်မှန်းချက်တွေမှာ ဖေါ်ပြထားပါတယ်။

အရင်နှစ်တုန်းကတော့ လူ ၁၄ သန်းလောက် အကူအညီ လိုအပ်ခဲ့ပြီး အဲဒီ အရေအတွက် ဆက်တိုးနေတဲ့အကြောင်း၊ ဒီနှစ် ဇန်နဝါရီလဆန်းမှာတင် ကရင်ပြည်နယ် တောင်ပိုင်းမှာ တိုက်ပွဲတွေကြား လူ တသောင်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခိုလှုံသူ IDP တသန်းခွဲကျော်အထိ ရှိလာနေတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

အကူအညီ ပေးအပ်ဖို့ ရံပုံငွေ မလုံလောက်တာ၊ ဗျုရိုကရေစီစနစ် အကြီးအကျယ် ကန့်သတ်မှုတွေကြား ဒေသတွင်းနဲ့ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေ အရင်နှစ်တုန်းက လူ ၄ သန်းလောက်ကို အကူအညီပေးနိုင်ခဲ့တဲ့အကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Ramanathan Balakrishnan က IPS သတင်းဌာနကို ပြောဆိုပါတယ်။

အရေးပေါ် အကူညီပေးရေး စစ်ကောင်စီဘက်က ကန့်သတ်ပိတ်ပင်မှုတွေ ရင်ဆိုင်နေရတဲ့တချိန်တည်းမှာပဲ အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာလည်း စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုသလို ဖြစ်နေတယ်ဆိုပြီး ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေဘက်က ဝေဖန်တာကို ခံနေရတဲ့အကြောင်းလည်း သူကပြောပါတယ်။ မူအားဖြင့် ဘက်ပေါင်းစုံ ထိတွေ့ဆက်ဆံပြီး အကူအညီပေးခွင့်ရအောင် ကြိုးပမ်းနေတဲ့အကြောင်းနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရေးဟာလည်း အရေးကြီးတဲ့အကြောင်း သူက ထပ်လောင်းပြောဆိုတာပါ။

အရပ်သားပြည်သူတွေ နေထိုင်ရာဒေတွေမှာ ဗုံးကျဲတိုက်ခိုက်တာမျိုးတွေ ရပ်တန့်အောင် ကန့်ကွက်ဖို့ အရေးကြီးသလို အကူအညီလိုအပ်နေသူတွေဆီ ရောက်အောင် ပေးပို့နိုင်ဖို့လည်း အရေးကြီးတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Ramanathan Balakrishnan က IPS သတင်းဌာနကို ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လူဦးရေ ၃ ပုံ ၁ ပုံ အခုနှစ်မှာ စာနာမှုအကူအညီလိုအပ်မည် (ကုလသမဂ္ဂ)
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG