ျမန္မာႏိုင္ငံမွာ ေျမျမႇဳပ္မိုင္းနဲ႔ စစ္က်န္လက္နက္ေတြေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ထဲ တေန႔မွာ အနည္းဆုံးလူတေယာက္ေသခဲ့တယ္လို႔ ကုလသမဂၢက ေျပာလိုက္ပါတယ္။ ၂၀၂၁ ခုႏွစ္နဲ႔ ႏိႈင္းယွဥ္ရင္ ဒီလက္နက္ေတြ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရႏႈန္းကလည္း ၄၀ ရာခိုင္ႏႈန္း ပိုတိုးလာခဲ့တယ္လို႔ ကုလသမဂၢ ကေလးမ်ားရံပုံေငြအဖြဲ႕ UNICEF က ေျပာလိုက္ပါတယ္။
၂၀၂၂ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ဒီေျမျမႇဳပ္မိုင္းနဲ႔ စစ္က်န္လက္နက္ေပါက္ကြဲမႈေတြေၾကာင့္ လူေပါင္း ၃၉၀ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ UNICEF အဖြဲ႕က မေန႔က အစီရင္ခံစာ ထုတ္ျပန္ခဲ့တာပါ။ ထိခိုက္ဒဏ္ရာရသူေတြရဲ႕ သုံးပုံႏွစ္ပုံဟာ လက္နက္ကိုင္ပဋိပကၡေတြ ျပင္းထန္ေနတဲ့ တိုင္းရင္းသားေဒသေတြမွာ ျဖစ္တယ္လို႔ ဒီအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
ထိခိုက္ဒဏ္ရာရသူေတြရဲ႕ ငါးပုံ တစ္ပုံဟာ စစ္တပ္အာဏာမသိမ္းခင္ အရင္တုန္းကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနႏိုင္ခဲ့ေပမယ့္ အာဏာသိမ္းအၿပီး တိုက္ပြဲေတြ ဆက္တိုက္ျပင္းထန္လာေနတဲ့ စစ္ကိုင္းတိုင္း ေျမာက္ပိုင္းေဒသက ျဖစ္တယ္လို႔လည္း ဒီအစီရင္ခံစာမွာ ေဖၚျပခဲ့ပါတယ္။
ေျမျမႇဳပ္မိုင္း တားဆီးေရး ႏိုင္ငံတကာအဖြဲ႕ ICBL ရဲ႕ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလ ေနာက္ဆုံးထုတ္ျပန္တဲ့ ႏွစ္ပတ္လည္ အစီရင္ခံစာမွာလည္း ကမာၻတဝွမ္းမွာ ေျမျမဳပ္မိုင္း အသုံးျပဳေနတဲ့ ႏိုင္ငံေတြအျဖစ္ ျမန္မာနဲ႔ ႐ုရွား ၂ ႏိုင္ငံသာ ရွိေနၿပီး၊ ဒီႏွစ္ပိုင္း အသုံးျပဳမႈေတြ တိုးျမႇင့္လာေနတာကို ေဖာ္ျပပါတယ္။
[Unicode]
မြန်မာမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် တနေ့ကို လူတဦးနှုန်း သေဆုံးနေ
မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ပြီးခဲ့တဲ့နှစ်ထဲ တနေ့မှာ အနည်းဆုံးလူတယောက်သေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ဒီလက်နက်တွေ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရနှုန်းကလည်း ၄၀ ရာခိုင်နှုန်း ပိုတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ပြောလိုက်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒီမြေမြှပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုတွေကြောင့် လူပေါင်း ၃၉၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ UNICEF အဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူတွေရဲ့ သုံးပုံနှစ်ပုံဟာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်တယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေရဲ့ ငါးပုံ တစ်ပုံဟာ စစ်တပ် အာဏာမသိမ်းခင် အရင်တုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ခဲ့ပေမယ့် အာဏာသိမ်းအပြီး တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လာနေတဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်းဒေသက ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။
မြေမြှုပ်မိုင်း တားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL ရဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ဆုံးထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း ကမ္ဘာတဝှမ်းမှာ မြေမြုပ်မိုင်း အသုံးပြုနေတဲ့ နိုင်ငံတွေအဖြစ် မြန်မာနဲ့ ရုရှား ၂ နိုင်ငံသာ ရှိနေပြီး၊ ဒီနှစ်ပိုင်း အသုံးပြုမှုတွေ တိုးမြှင့်လာနေတာကို ဖော်ပြပါတယ်။