သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာႏိုင္ငံမွာ လူသတ္မိုင္း အသုံးျပဳမႈ တိုးလာေၾကာင္း အစီရင္ခံစာသစ္ေဖာ္ျပ


land mine

ကမ ၻာတ၀ွမ္းမွာ လူသတ္မိုင္း အသံုးျပဳေနေတဲ့ ႏိုင္ငံေတြအျဖစ္ ျမန္မာနဲ႔ ႐ုရွား ၂ ႏိုင္ငံသာ ရွိေနၿပီး၊ အသုံးျပဳမႈေတြ တိုးျမႇင့္လာေနေၾကာင္း ေျမျမွဳပ္မိုင္း တားဆီးေရး ႏိုင္ငံတကာအဖြဲ႔ ICBL ရဲ႕ ေနာက္ဆုံးထုတ္ျပန္တဲ့ ႏွစ္ပတ္လည္ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ 

ျမန္မာႏိုင္ငံမွာ လူသတ္မိုင္း အသုံးျပဳမႈ တိုးလာေၾကာင္း အစီရင္ခံစာသစ္ေဖာ္ျပ

{{Zawgyi/Unicode}}
ကမ ၻာတ၀ွမ္းမွာ လူသတ္မိုင္း အသံုးျပဳေနေတဲ့ ႏိုင္ငံေတြအျဖစ္ ျမန္မာနဲ႔ ႐ုရွား ၂ ႏိုင္ငံသာ ရွိေနၿပီး၊ အသုံးျပဳမႈေတြ တိုးျမႇင့္လာေနေၾကာင္း ေျမျမွဳပ္မိုင္း တားဆီးေရး ႏိုင္ငံတကာအဖြဲ႔ ICBL ရဲ႕ ေနာက္ဆုံးထုတ္ျပန္တဲ့ ႏွစ္ပတ္လည္ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။

၁၉၉၇ ခုႏွစ္ မိုင္း အသံုးျပဳမႈ တားဆီးေရး စာခ်ဳပ္မွာလည္း ျမန္မာနဲ႔ ႐ုရွားတို႔က ပါ၀င္ မထားပါဘူး။ မိုင္းေၾကာင့္ ႏွစ္စဥ္ လူေပါင္း ေထာင္ခ်ီ ေသဆံုးေနၾကရတာမွာ ကေလးေတြလည္း အမ်ားအျပား ပါ၀င္ပါတယ္။ လူသတ္မိုင္းေတြကို ဆယ္စုႏွစ္နဲ႔ခ်ီ အသံုးျပဳေနတဲ့ ျမန္မာႏိုင္ငံမွာ မၾကာေသးခင္က စလို႔ အသုံးျပဳမႈေတြ တိုးလာေနတယ္လို႔လည္း ေျမျမႇဳပ္မိုင္း ေစာင့္ၾကည္ေရး ၂၀၂၂ ခုႏွစ္ အစီရင္ခံစာ ျပဳစုသူေတြက ေျပာပါတယ္။

" ျမန္မာႏိုင္ငံတြင္းက တယ္လီဖုန္း ဆက္သြယ္ေရး တာဝါတိုင္ေတြ၊ ပိုက္လိုင္းေတြနဲ႔ တျခားေသာ စြမ္းအင္ဆိုင္ရာ အေဆာက္အအံုေတြ ပတ္လည္မွာ ျမန္မာ စစ္တပ္ တပ္ဖြဲ႔ေတြက လူသတ္မိုင္းေတြကို ပိုၿပီး သံုးလာေနသလို ႏိုင္ငံတြင္းက လက္နက္ကိုင္ အဖြဲ႔ တခ်ိဳ႕ကလည္း အသံုးျပဳေနပါတယ္။" လို႔ အစီရင္ခံစာကို ပူးတြဲ တည္းျဖတ္သူ Mary Wareham က ေျပာဆိုသြားတာပါ။

ကမာၻေပၚ အနည္းဆံုး ႏိုင္ငံေပါင္း ၆၀ ေလာက္မွာ လူသတ္ ေျမျမႇဳပ္မိုင္းေတြ ရွိေနဆဲ ျဖစ္တယ္လို႔လည္း အစီရင္ခံစာက ေဖာ္ျပပါတယ္။ ၂၀၂၁ ခုႏွစ္ အတြင္း ေျမျမႇဳပ္မိုင္းေတြ ဒါမွမဟုတ္လည္း ေဖာက္ခြဲပစၥည္း အႂကြင္းအက်န္ေတြေၾကာင့္ ေဘးဒဏ္သင့္သူ အသစ္ ၅,၅၀၀ ရွိၿပီး ဒီထဲမွာ ေသဆံုးသူ ၂,၀၀၀ ေက်ာ္ ပါ၀င္ပါတယ္။ အသက္အရြယ္ မွတ္တမ္းေတြ အရ ေသဆံုးသူ ဒါမွမဟုတ္လည္း ကိုယ္လက္အဂၤါ ခ်ိဳ႕ယြင္းခဲ႔ရသူေတြရဲ႕ ထက္၀က္ေလာက္ဟာ ကေလးေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

မြန်မာနိုင်ငံမှာ လူသတ်မိုင်း အသုံးပြုမှု တိုးလာကြောင်း အစီရင်ခံစာသစ်ဖော်ပြ

{{Zawgyi/Unicode}}
ကမ ္ဘာတဝှမ်းမှာ လူသတ်မိုင်း အသုံးပြုနေတေဲ့ နိုင်ငံတွေအဖြစ် မြန်မာနဲ့ ရုရှား ၂ နိုင်ငံသာ ရှိနေပြီး၊ အသုံးပြုမှုတွေ တိုးမြှင့်လာနေကြောင်း မြေမြှုပ်မိုင်း တားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၁၉၉၇ ခုနှစ် မိုင်း အသုံးပြုမှု တားဆီးရေး စာချုပ်မှာလည်း မြန်မာနဲ့ ရုရှားတို့က ပါဝင် မထားပါဘူး။ မိုင်းကြောင့် နှစ်စဉ် လူပေါင်း ထောင်ချီ သေဆုံးနေကြရတာမှာ ကလေးတွေလည်း အများအပြား ပါဝင်ပါတယ်။ လူသတ်မိုင်းတွေကို ဆယ်စုနှစ်နဲ့ချီ အသုံးပြုနေတဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင်က စလို့ အသုံးပြုမှုတွေ တိုးလာနေတယ်လို့လည်း မြေမြှုပ်မိုင်း စောင့်ကြည်ရေး ၂၀၂၂ ခုနှစ် အစီရင်ခံစာ ပြုစုသူတွေက ပြောပါတယ်။

" မြန်မာနိုင်ငံတွင်းက တယ်လီဖုန်း ဆက်သွယ်ရေး တာဝါတိုင်တွေ၊ ပိုက်လိုင်းတွေနဲ့ တခြားသော စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ ပတ်လည်မှာ မြန်မာ စစ်တပ် တပ်ဖွဲ့တွေက လူသတ်မိုင်းတွေကို ပိုပြီး သုံးလာနေသလို နိုင်ငံတွင်းက လက်နက်ကိုင် အဖွဲ့ တချို့ကလည်း အသုံးပြုနေပါတယ်။" လို့ အစီရင်ခံစာကို ပူးတွဲ တည်းဖြတ်သူ Mary Wareham က ပြောဆိုသွားတာပါ။

ကမ္ဘာပေါ် အနည်းဆုံး နိုင်ငံပေါင်း ၆၀ လောက်မှာ လူသတ် မြေမြှုပ်မိုင်းတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် အတွင်း မြေမြှုပ်မိုင်းတွေ ဒါမှမဟုတ်လည်း ဖောက်ခွဲပစ္စည်း အကြွင်းအကျန်တွေကြောင့် ဘေးဒဏ်သင့်သူ အသစ် ၅,၅၀၀ ရှိပြီး ဒီထဲမှာ သေဆုံးသူ ၂,၀၀၀ ကျော် ပါဝင်ပါတယ်။ အသက်အရွယ် မှတ်တမ်းတွေ အရ သေဆုံးသူ ဒါမှမဟုတ်လည်း ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရသူတွေရဲ့ ထက်ဝက်လောက်ဟာ ကလေးတွေ ဖြစ်ပါတယ်။

XS
SM
MD
LG