သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူသတ္မိုင္း တားဆီးေရး ပါ၀င္လက္မွတ္ထိုးၾကဖို႔ ျမန္မာအပါအ၀င္ႏိုင္ငံတခ်ိဳ႕ကို ကုလတိုက္တြန္း


(ဓါတ္ပံု- Karen News)

(Zawgyi/Unicode)

မိုင္းအသုံးျပဳမႈ တားဆီးေရး ႏိုင္ငံတကာ သေဘာတူညီခ်က္ကို လက္မွတ္မထိုးရေသးတဲ့ ႏိုင္ငံေတြအားလုံး လက္မွတ္ေရးထိုး လိုက္နာၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းလိုက္ပါတယ္။

“မိုင္းအသုံးျပဳမႈ တားဆီးေရး ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ႏိုင္ငံေပါင္း ၁၆၀ ေက်ာ္ လက္မွတ္ေရးထိုးထားၿပီး၊ က်န္ရွိေနေသးတဲ့ ႏိုင္ငံေတြ အားလုံး အေနနဲ႔လည္း အခ်ိန္မဆိုင္းပဲ အျမန္ဆုံးလက္မွတ္ထိုး လိုက္နာၾကဖို႔ တိုက္တြန္းပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres က ၾကာသပေတးေန႔ လုံျခံဳေရးေကာင္စီ အစည္းအေ၀းမွာ တိုက္တြန္းလိုက္တာပါ။

လူသတ္မိုင္း ထုတ္လုပ္မႈ၊ ၀ယ္ယူစုေဆာင္းမႈနဲ႔ အသုံးျပဳမႈေတြကို တားျမစ္ထားတဲ့ ႏိုင္ငံတကာ သေဘာတူညီခ်က္မွာ လက္မွတ္မထိုးရေသးတဲ့ ႏိုင္ငံေတြထဲမွာေတာ့ အေမရိကန္၊ တ႐ုတ္၊ ႐ုရွား၊ အိႏၵိယ၊ အီရန္၊ အစၥေရးလ္၊ ေျမာက္ကိုရီးယား၊ ဗီယက္နမ္နဲ႔ ျမန္မာႏိုင္ငံတို႔လည္း ပါ၀င္ပါတယ္။

မိုင္းအသုံးျပဳမႈ တားဆီးေရး သေဘာတူညီခ်က္မွာ လက္မွတ္ေရးထိုးတဲ့ ႏိုင္ငံေတြ အေနနဲ႔ မိုင္းထုတ္လုပ္မႈေတြကို ရပ္ဆိုင္းၿပီး၊ စုေဆာင္းထားတဲ့ မိုင္းေတြကိုလည္း ဖ်က္ဆီးပစ္ရမွာ ျဖစ္သလို၊ ေျမျမႇဳပ္မိုင္းရွင္းလင္းေရးကိုလည္း ၁၀ ႏွစ္အတြင္း အၿပီးသတ္ေဆာင္ရြက္ဖို႔ သတ္မွတ္ထားေပမဲ့ လိုအပ္ရင္ေတာ့ အခ်ိန္ထပ္တိုးခြင့္ ျပဳထားပါတယ္။

မိုင္းအသုံးျပဳမႈ တားဆီးေရးအတြက္ ကုလသမဂၢ လုံျခံဳေရးေကာင္စီ အေနနဲ႔ ဆုံးျဖတ္ခ်က္ခ်မွတ္တာေတြ၊ အစီရင္ခံတင္ျပတာေတြ လိုအပ္ရင္ ဒဏ္ခတ္အေရးယူမႈေတြနဲ႔ ပိုမိုအားစိုက္ ေဆာင္ရြက္ဖို႔လည္း အတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းခဲ့တာပါ။ ၾကာသပေတးေန႔က ေဆြးေႏြးပဲြ အၿပီးမွာေတာ့ လုံျခံဳေရးေကာင္စီက မိုင္းအသုံးျပဳမႈအေပၚ အလြန္အမင္းစိုးရိမ္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

လူသတ်မိုင်း တားဆီးရေး ပါဝင်လက်မှတ်ထိုးကြဖို့ မြန်မာအပါအဝင်နိုင်ငံတချို့ကို ကုလတိုက်တွန်း

(Unicode)

မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်မထိုးရသေးတဲ့ နိုင်ငံတွေအားလုံး လက်မှတ်ရေးထိုး လိုက်နာကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

“မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၆၀ ကျော် လက်မှတ်ရေးထိုးထားပြီး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံတွေ အားလုံး အနေနဲ့လည်း အချိန်မဆိုင်းပဲ အမြန်ဆုံးလက်မှတ်ထိုး လိုက်နာကြဖို့ တိုက်တွန်းပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ကြာသပတေးနေ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တိုက်တွန်းလိုက်တာပါ။

လူသတ်မိုင်း ထုတ်လုပ်မှု၊ ဝယ်ယူစုဆောင်းမှုနဲ့ အသုံးပြုမှုတွေကို တားမြစ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက်မှာ လက်မှတ်မထိုးရသေးတဲ့ နိုင်ငံတွေထဲမှာတော့ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အီရန်၊ အစ္စရေးလ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့လည်း ပါဝင်ပါတယ်။

မိုင်းအသုံးပြုမှု တားဆီးရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေ အနေနဲ့ မိုင်းထုတ်လုပ်မှုတွေကို ရပ်ဆိုင်းပြီး၊ စုဆောင်းထားတဲ့ မိုင်းတွေကိုလည်း ဖျက်ဆီးပစ်ရမှာ ဖြစ်သလို၊ မြေမြှုပ်မိုင်းရှင်းလင်းရေးကိုလည်း ၁၀ နှစ်အတွင်း အပြီးသတ်ဆောင်ရွက်ဖို့ သတ်မှတ်ထားပေမဲ့ လိုအပ်ရင်တော့ အချိန်ထပ်တိုးခွင့် ပြုထားပါတယ်။

မိုင်းအသုံးပြုမှု တားဆီးရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဆုံးဖြတ်ချက်ချမှတ်တာတွေ၊ အစီရင်ခံတင်ပြတာတွေ လိုအပ်ရင် ဒဏ်ခတ်အရေးယူမှုတွေနဲ့ ပိုမိုအားစိုက် ဆောင်ရွက်ဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့တာပါ။ ကြာသပတေးနေ့က ဆွေးနွေးပွဲ အပြီးမှာတော့ လုံခြုံရေးကောင်စီက မိုင်းအသုံးပြုမှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG