သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KNU ထိန္းခ်ဳပ္ရာနယ္ေျမ အမ်ားအျပားမွာ တိုက္ပြဲေတြျပင္းထန္၊ အရပ္သားေသဆုံးမႈေတြရွိ


ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ေကာ္သူးေလအုပ္ခ်ဳပ္နယ္ေျမအတြင္း လက္နက္ႀကီးထိခိုက္ ေသဆံုးသူ ေဒသခံေက်း႐ြာသူတဦး (ဓါတ္ပံု - KNU)

ကရင္အမ်ိဳးသားအစည္းအ႐ုံး ေကာ္သူးေလအုပ္ခ်ဳပ္နယ္ေျမ၊ ခလယ္လြီထူခ႐ိုင္ တပ္မဟာ(၃)၊ မုန္းၿမိဳ႕နယ္၊ တုံးေတာေက်း႐ြာမွာအေျခစိုက္ထားတဲ့ ခမရ ၅၉၉ကေန လက္နက္ႀကီးနဲ႔ပစ္လို႔ေဒသခံေက်း႐ြာသားအမ်ိဳးသမီးတဦးေသဆုံးၿပီး ကေလး ၂ဦးကေတာ့ ေျခေထာက္ျဖတ္လိုက္ရပါတယ္။ ေကအန္ယူထိန္းခ်ဳပ္ရာ တပ္မဟာေတြမွာ တိုက္ပြဲေတြဆက္တိုက္ျဖစ္ေနၿပီး တပ္မဟာ(၅) နဲ႔ (၆)နယ္ေျမေတြမွာေတာ့ ေၾလေကကာင္းတိုက္ခိုက္မူေတြ ဆက္ရွိေနတယ္လို႔ေကအန္ယူကေျပာပါယတ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး ေကာ္သူးေလအုပ္ခ်ဳပ္နယ္ေျမ၊ ခလယ္လြီထူခ႐ိုင္ တပ္မဟာ(၃)၊ မုန္းၿမိဳ႕နယ္ထဲမွာတိုက္ပြဲေတြျဖစ္ေနသလို႔စစ္ေကာင္စီဘက္ကလည္း ေကအန္ယူထိန္းခ်ဳပ္ရာေဒသက ေက်း႐ြာေတြကိုလက္နက္ႀကီးေတြနဲ႔ပစ္ခတ္တာေတြလုပ္ေနတာပါ ၊ဒီရက္ပိုင္းမွာပဲ တပ္မဟာ(၃)နယ္ေျမ မုန္းၿမိဳ႕နယ္ထဲမွာ လက္နက္ႀကီးနဲ႔ပစ္လို႔ေဒသခံအိမ္ေတြမီးေလာင္တာ ႐ြာသားအမ်ိဳးသမီးတဦးေသဆုံးတာေတြျဖစ္ခဲ့တယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးသတင္းနဲ႔ျပန္ၾကားေရးဌာန ဒုတိယတာဝန္ခံ ဖဒိုကလယ္ေစးကအခုလိုေျပာျပပါတယ္။

"အဲဒီမွာလက္နက္ႀကီးနဲ႔ပစ္ခတ္တာေၾကာင့္ အိမ္ေတြကေတာ့မီးေလာင္ျပာက်တယ္။ အမ်ိဳးသမီးတေယာက္နဲ႔ ေက်ာင္းေနကေလး ၂ဦးထိတယ္။ အမ်ိဳးသမီးကေတာ့ေသဆုံးသြားတယ္။ ကေလးငယ္ေတြကေတာ့ ထိခိုက္ဒဏ္ရာရတယ္။ ေနာက္ဆုံးမွာကေလးေတြက ေဆး႐ုံမွာေျခေထာက္ျဖတ္ရတယ္။ အျပစ္မဲ့ျပည္သူ ၂ဦးလည္းအဖမ္ဆီးခံရတယ္။ လူငယ္ေလးေတြျဖစ္တာေပါ့။ အခုထိလည္း သူတို႔ကို ျပန္မလႊတ္ေပးေသးဘူး တပ္မဟာ(၅)နဲ႔(၆)မွာဆက္တိုက္ျဖစ္တယ္။"

မုန္းၿမိဳ႕နယ္ထဲမွာပဲ စစ္ေကာင္စီရဲ႕ခမရ-၃၅၁က သစ္ခ်ဆိပ္ေက်း႐ြာတြင္းကို လက္နက္ႀကီးနဲ႔ပစ္ခတ္တာေၾကာင့္ ေနအိမ္ေတြ မီးေလာင္ပ်က္စီးမႈေတြလည္းရွိခဲ့တယ္လို႔ဆိုပါတယ္။ ေကအန္ယူထိန္းခ်ဳပ္ရာ တပ္မဟာအသီးသီးမွာလည္းစစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ပြဲေတြရွိေနသလို တပ္မဟာ(၅)နဲ႔(၆)မွာေတာ့ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္မူေတြဆက္တိုက္ျဖစ္ေနၿပီး ျပင္းထန္တဲ့တိုက္ပြဲေတြျဖစ္ေနတယ္လို႔လည္းဆိုပါတယ္။

"တပ္မဟာ(၆)မွာလည္း ဆက္တိုက္ပစ္တယ္။ (၅)နဲ႔ (၆)မွာ ေန႔စဥ္လို ျဖစ္ေနတာေပါ့ေနာ္။ မေန႔တုန္းကလည္းတပ္မဟာ(၆)ဘက္မွာညဘက္ပိုင္းမွာဗုံးလာႀကဲတာရွိတယ္"


တပ္မဟာ(၄)နယ္ေျမမွာေတာ့ေကအန္ယူနဲ႔ ေကာ္သူူးေလအာမီတို႔ဟာအခ်င္းအခ်င္းပစ္ခတ္မူေတြရွိေနတယ္လို႔လည္းဆိုပါတယ္။ ဒါကေတာ့ညႇိႏႈိင္းေဆြးေႏြးသြားမွာျဖစ္တယ္လို႔လည္းဆိုပါတယ္။

စစ္အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ၂ႏွစ္အတြင္းမွာ ေကအန္ယူထိမ္းခ်ဳပ္ရာ တပ္မဟာ(၇)ခုထဲကို စစ္ေကာင္စီဘက္က ေလေၾကာင္းတိုက္ခိုက္မူ႔အႀကိမ္ေပါင္း ၃၀၀ေက်ာ္လုပ္ခဲ့သလို႔ၿပီးခဲ့တဲ့ဇန္နဝါရီလ တလထဲမွာပဲအႀကိမ္ေပါင္း၆၀ နီးပါးေလာက္ ရွိခဲ့ပါတယ္၊ အရပ္သားထိခိုက္ေသဆုံးသူ ၃၆ေယာက္ရွိခဲ့ၿပီး ျပင္းထန္တဲ့ဒဏ္ရာရသူ ၆၀နီးပါးေလာက္ရွိခဲ့ပါတယ္။ လူေနအိမ္ေတြလည္း မီးေလာင္ျပာက်မူေတြျဖစ္ခဲ့ၿပီး စစ္ေဘးေရွာင္သူေတြေတြ သိန္းနဲ႔ခ်ီၿပီး ရွိလာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

KNU ထိန်းချုပ်ရာနယ်မြေ အများအပြားမှာ တိုက်ပွဲတွေပြင်းထန်၊ အရပ်သားသေဆုံးမှုတွေရှိ

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)၊ မုန်းမြို့နယ်၊ တုံးတောကျေးရွာမှာအခြေစိုက်ထားတဲ့ ခမရ ၅၉၉ကနေ လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံကျေးရွာသူ အမျိုးသမီးတဦးသေဆုံးပြီး ကလေး ၂ဦးကတော့ ခြေထောက်ဖြတ်လိုက်ရပါတယ်။ ကေအန်ယူထိန်းချုပ်ရာ တပ်မဟာတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး တပ်မဟာ(၅) နဲ့ (၆)နယ်မြေတွေမှာတော့ လြေကေကာင်းတိုက်ခိုက်မူတွေ ဆက်ရှိနေတယ်လို့ကေအန်ယူကပြောပါယတ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)၊ မုန်းမြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်နေသလို့စစ်ကောင်စီဘက်ကလည်း ကေအန်ယူထိန်းချုပ်ရာဒေသက ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်နေတာပါ ၊ဒီရက်ပိုင်းမှာပဲ တပ်မဟာ(၃)နယ်မြေ မုန်းမြို့နယ်ထဲမှာ လက်နက်ကြီးနဲ့ပစ်လို့ဒေသခံအိမ်တွေမီးလောင်တာ ရွာသားအမျိုးသမီးတဦးသေဆုံးတာတွေဖြစ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးသတင်းနဲ့ပြန်ကြားရေးဌာန ဒုတိယတာဝန်ခံ ဖဒိုကလယ်စေးကအခုလိုပြောပြပါတယ်။

"အဲဒီမှာလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အိမ်တွေကတော့မီးလောင်ပြာကျတယ်။ အမျိုးသမီးတယောက်နဲ့ ကျောင်းနေကလေး ၂ဦးထိတယ်။ အမျိုးသမီးကတော့သေဆုံးသွားတယ်။ ကလေးငယ်တွေကတော့ ထိခိုက်ဒဏ်ရာရတယ်။ နောက်ဆုံးမှာကလေးတွေက ဆေးရုံမှာခြေထောက်ဖြတ်ရတယ်။ အပြစ်မဲ့ပြည်သူ ၂ဦးလည်းအဖမ်ဆီးခံရတယ်။ လူငယ်လေးတွေဖြစ်တာပေါ့။ အခုထိလည်း သူတို့ကို ပြန်မလွှတ်ပေးသေးဘူး တပ်မဟာ(၅)နဲ့(၆)မှာဆက်တိုက်ဖြစ်တယ်။"

မုန်းမြို့နယ်ထဲမှာပဲ စစ်ကောင်စီရဲ့ခမရ-၃၅၁က သစ်ချဆိပ်ကျေးရွာတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ ကေအန်ယူထိန်းချုပ်ရာ တပ်မဟာအသီးသီးမှာလည်းစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေရှိနေသလို တပ်မဟာ(၅)နဲ့(၆)မှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေဆက်တိုက်ဖြစ်နေပြီး ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေတယ်လို့လည်းဆိုပါတယ်။

"တပ်မဟာ(၆)မှာလည်း ဆက်တိုက်ပစ်တယ်။ (၅)နဲ့ (၆)မှာ နေ့စဉ်လို ဖြစ်နေတာပေါ့နော်။ မနေ့တုန်းကလည်းတပ်မဟာ(၆)ဘက်မှာညဘက်ပိုင်းမှာဗုံးလာကြဲတာရှိတယ်"
တပ်မဟာ(၄)နယ်မြေမှာတော့ကေအန်ယူနဲ့ ကော်သူူးလေအာမီတို့ဟာအချင်းအချင်းပစ်ခတ်မူတွေရှိနေတယ်လို့လည်းဆိုပါတယ်။ ဒါကတော့ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ၂နှစ်အတွင်းမှာ ကေအန်ယူထိမ်းချုပ်ရာ တပ်မဟာ(၇)ခုထဲကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မူ့အကြိမ်ပေါင်း ၃၀၀ကျော်လုပ်ခဲ့သလို့ပြီးခဲ့တဲ့ဇန်နဝါရီလ တလထဲမှာပဲအကြိမ်ပေါင်း၆၀ နီးပါးလောက် ရှိခဲ့ပါတယ်၊ အရပ်သားထိခိုက်သေဆုံးသူ ၃၆ယောက်ရှိခဲ့ပြီး ပြင်းထန်တဲ့ဒဏ်ရာရသူ ၆၀နီးပါးလောက်ရှိခဲ့ပါတယ်။ လူနေအိမ်တွေလည်း မီးလောင်ပြာကျမူတွေဖြစ်ခဲ့ပြီး စစ်ဘေးရှောင်သူတွေတွေ သိန်းနဲ့ချီပြီး ရှိလာခဲ့ပါတယ်။

XS
SM
MD
LG