သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္တိုက္ပြဲ အနီးေက်း႐ြာေတြလက္နက္ႀကီးထိမွန္


ေကာ့ကရိတ္ၿမိဳ႕နယ္အနီး ေက်းး႐ြာေတြေပၚကိုလက္နက္ႀကီးက် (ဇန္နဝါရီ ၂၅၊ ၂၀၂၃)

ကရင္ျပည္နယ္ ၊ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ ေကာ္သူေလးအာမီ၊ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕စတဲ့ ပူးေပါင္းတပ္ဖြဲ႕ေတြအၾကားတိုက္ပြဲေတြျပင္းထန္ေနပါတယ္။ တိုက္ပြဲအတြင္း က်ဳံဒိုးၿမိဳ႕အနီးရွိ ကမ္းနီ ၊ မိဂလုံ ၊ ေကာ့ဘိန္း႐ြာေတြကို စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲၿပီး မီးေလာင္မႈေတြျဖစ္ခဲ့ပါတယ္။ဒီသတင္းကို ဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ အတြင္းမွာစစ္ေကာင္စီတပ္ေတြနဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြၾကားတိုက္ပြဲေတြဟာ ဇန္ဝါရီလ ၂၄ရက္ေန႔မွာပိုမိုျပင္းထန္လာၿပီး ေကာ့ကရိတ္၊ က်ဳံဒိုး အနီးမွာရွိတဲ့ ကမ္းနီး ႐ြာ မိဂလုံ႐ြာ ေက့ာဘိန္းေက်း႐ြာေတြေပၚကိုလက္နက္ႀကီးေတြက်ေရာက္ေပါက္ကြဲတာေၾကာင့္ လူေနအိမ္မ်ား မီးေလာင္ပ်က္စီးခဲ့ရၿပီး ေဒသခံေတြဟာဒုကၡသည္ေတြအျဖစ္ထြက္ေျပးေနရတယ္လို႔ ေဒသခံတဦးကေျပာျပပါတယ္။

"မေန႔ကတုန္းက ၁၀နာရီေက်ာ္အခ်ိန္ေလာက္ကတည္းကျဖစ္တာ မိဂလုံ ေက်ာက္ဖ်ာမွာျဖစ္တာ ျဖစ္ေတာ့ သူတို႔ကမ္းနီ႐ြာကိုဗုံးႀကဲတယ္လက္နက္ႀကီးနဲ႔ပစ္ခ်တယ္ ဘာမွလည္းမဆိုင္ပဲနဲ႔ အခုက ကမ္းနီတ႐ြာလုံးျပဳတ္ၿပီးမီးေတြေလာင္ေနတယ္ ကမ္းနီကိုပစ္တာကအိမ္ကအားလုံး အလုံး၂၀ေက်ာ္တယ္လက္နက္ႀကီးနဲ႔ပစ္တာ၊ ဘုန္းႀကီးေက်ာင္းလည္းပါတယ္ မနက္ကပဲ မိဂဝုန္မွာ တိုက္ပြဲထပ္ျဖစ္တယ္ ပူးေပါင္းအဖြဲ႕ေတြနဲ႔ျဖစ္တာ တေယာက္က်တယ္ ဂဠဳန္စစ္ေၾကာင္းကတေယာက္က်တယ္"

အခုအခါမွာေတာ့ မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕ေတြဘက္က စစ္ေၾကာင္းေတြနဲပူးေပါင္းတိုက္ခိုက္သလို စစ္ေကာင္စီဘက္ကလည္း အဲဒီေဒသကို အလုံးအရင္းနဲ႔စစ္ဆင္တာေတြလုပ္ေနသလို ေလေၾကာင္း စစ္ကူအေနနဲ႔ Mi 35 ရဟတ္ယာဥ္ အမ်ိဳးအစားမ်ားကိုအသုံးျပဳၿပီးတိုက္ခိုက္ေနပါတယ္။

"သူတို႔ ကဒီဘက္ကိုစစ္ေၾကာင္းထိုးလာတဲ့အခါက်ေတာ့ ပူးေပါင္းတပ္ဖြဲေတြဘက္က စစ္ေၾကာင္းေတြက Lion Battalion Commando - ဗ်ဴဟာစစ္ေၾကာင္း အယ္ေစးဝါးတို႔လည္းပါတယ္ လင္းယုန္ပါတယ္ ဂဠဳန္စစ္ေၾကာင္းလည္းပါတယ္ က်ားသစ္နက္လည္းပါတယ္ က်ားျဖဴလည္းပါတယ္ ေကအန္ဒီအို ဂဠဳန္စစ္ေၾကာင္းက လည္းတေယာက္က်သြားတယ္"

တိုက္ပြဲေတြကေတာ့ ဇန္နဝါရီလ ၂၀ရက္ေန႔ကတည္းကျပင္းထန္ေနတာပါ၊ ၿပီးခဲ့တဲ့ရက္ကေတာ့ ေကအန္ယူ တပ္မဟာ(၆)ထိန္းခ်ဳပ္ရာဘုရားသုံးဆူေဒသမွာလည္းစစ္ေကာင္စီရဲ႕အုပ္ခ်ဳပ္ေရး႐ုံးေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကလည္း ဒီရက္ပိုင္းအတြင္းဘုရားသုံးဆူေဒသက ဒီေကဘီေအေခါင္းေဆာင္တဦးရဲ႕အိမ္ကို ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ ဘုရားသုံးဆူ ၾကာအင္းဆိပ္ႀကီးေကာ့ကရိတ္ၿမိဳ႕နယ္ေတြမွာေတာ့ ၂၀၂၃ ႏွစ္စက စၿပီးတိုက္ပြဲေတြျပင္းထန္သလို ေလေၾကာင္းတိုက္ခိုက္မႈေတြအႀကိမ္ႀကိမ္လုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ကော့ကရိတ်တိုက်ပွဲ အနီးကျေးရွာတွေလက်နက်ကြီးထိမှန်
ဇန်နဝါရီ ၂၅၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ကော်သူလေးအာမီ၊ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲအတွင်း ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ဘိန်းရွာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး မီးလောင်မှုတွေဖြစ်ခဲ့ပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဟာ ဇန်ဝါရီလ ၂၄ရက်နေ့မှာပိုမိုပြင်းထန်လာပြီး ကော့ကရိတ်၊ ကျုံဒိုး အနီးမှာရှိတဲ့ ကမ်းနီး ရွာ မိဂလုံရွာ ကေ့ာဘိန်းကျေးရွာတွေပေါ်ကိုလက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတွေဟာဒုက္ခသည်တွေအဖြစ်ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။

"မနေ့ကတုန်းက ၁၀နာရီကျော်အချိန်လောက်ကတည်းကဖြစ်တာ မိဂလုံ ကျောက်ဖျာမှာဖြစ်တာ ဖြစ်တော့ သူတို့ကမ်းနီရွာကိုဗုံးကြဲတယ်လက်နက်ကြီးနဲ့ပစ်ချတယ် ဘာမှလည်းမဆိုင်ပဲနဲ့ အခုက ကမ်းနီတရွာလုံးပြုတ်ပြီးမီးတွေလောင်နေတယ် ကမ်းနီကိုပစ်တာကအိမ်ကအားလုံး အလုံး၂၀ကျော်တယ်လက်နက်ကြီးနဲ့ပစ်တာ၊ ဘုန်းကြီးကျောင်းလည်းပါတယ် မနက်ကပဲ မိဂဝုန်မှာ တိုက်ပွဲထပ်ဖြစ်တယ် ပူးပေါင်းအဖွဲ့တွေနဲ့ဖြစ်တာ တယောက်ကျတယ် ဂဠုန်စစ်ကြောင်းကတယောက်ကျတယ်"

အခုအခါမှာတော့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်ကြောင်းတွေနဲပူးပေါင်းတိုက်ခိုက်သလို စစ်ကောင်စီဘက်ကလည်း အဲဒီဒေသကို အလုံးအရင်းနဲ့စစ်ဆင်တာတွေလုပ်နေသလို လေကြောင်း စစ်ကူအနေနဲ့ Mi 35 ရဟတ်ယာဉ် အမျိုးအစားများကိုအသုံးပြုပြီးတိုက်ခိုက်နေပါတယ်။

"သူတို့ ကဒီဘက်ကိုစစ်ကြောင်းထိုးလာတဲ့အခါကျတော့ ပူးပေါင်းတပ်ဖွဲတွေဘက်က စစ်ကြောင်းတွေက Lion Battalion Commando - ဗျူဟာစစ်ကြောင်း အယ်စေးဝါးတို့လည်းပါတယ် လင်းယုန်ပါတယ် ဂဠုန်စစ်ကြောင်းလည်းပါတယ် ကျားသစ်နက်လည်းပါတယ် ကျားဖြူလည်းပါတယ် ကေအန်ဒီအို ဂဠုန်စစ်ကြောင်းက လည်းတယောက်ကျသွားတယ်"

တိုက်ပွဲတွေကတော့ ဇန်နဝါရီလ ၂၀ရက်နေ့ကတည်းကပြင်းထန်နေတာပါ၊ ပြီးခဲ့တဲ့ရက်ကတော့ ကေအန်ယူ တပ်မဟာ(၆)ထိန်းချုပ်ရာဘုရားသုံးဆူဒေသမှာလည်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရုံးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း ဒီရက်ပိုင်းအတွင်းဘုရားသုံးဆူဒေသက ဒီကေဘီအေခေါင်းဆောင်တဦးရဲ့အိမ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဘုရားသုံးဆူ ကြာအင်းဆိပ်ကြီးကော့ကရိတ်မြို့နယ်တွေမှာတော့ ၂၀၂၃ နှစ်စက စပြီးတိုက်ပွဲတွေပြင်းထန်သလို လေကြောင်းတိုက်ခိုက်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။

XS
SM
MD
LG