သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဋိပကၡၾကားက လူမႈဒုကၡေတြကို NUG ဘယ္လိုကိုင္တြယ္မလဲ


ရခုိင္ျပည္နယ္ ေျမာက္ဦးၿမဳိ႕နယ္ စစ္ေဘးဒုကၡသည္စခန္း ျမင္ကြင္း (photo: CJ)

စစ္ေကာင္စီနဲ႔ တြန္းလွန္ေရးအင္အားစုေတြရဲ႕ လက္နက္ကိုင္ပဋိပကၡ အ႐ွိန္ျမင့္လာတာနဲ႔အမွ် ဒုကၡသည္အေရအတြက္နဲ႔ အသက္႐ွင္ရပ္တည္ေရးအတြက္ စာနာမႈအကူအညီေတြ ပိုမိုလိုအပ္လာေနပါတယ္။ ဒီအေျခအေနကို NUG အစိုးရအေနနဲ႔ ဘယ္မူနဲ႔ ဘယ္လို ကိုင္တြယ္ေနပါသလဲ၊ NUG အစိုးရအဖြဲ႔ဝင္တဦးျဖစ္တဲ့ ေဒါက္တာေဇာ္ေဝစိုးနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏုိုင္ငံ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ (၂) ႏွစ္အၾကာမွာ ႏိုင္ငံရဲ ႔ စစ္ေရးအေျခအေနေတြကို လူတိုင္းက ဦးစားေပးၿပီးေတာ့ ေဆြးေႏြးၾကပါတယ္။ အဲဒါ အေရးႀကီးတာ မွန္ပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ ဒီပဋိပကၡေၾကာင့္ ျပည္သူေတြ ႀကံဳေတြ႔ေနရတဲ့ Humanitarian Crisis စားဝတ္ေနေရး၊ က်န္းမာေရး အစရိွသျဖင့္ စာနာမႈအေျခအေန ဘယ္ေလာက္ဆိုးဝါးေနသလဲ။ အဲဒါကို ဘယ္လို တိုးတက္ေအာင္ လုပ္ႏုိင္မယ့္ အလားအလာ ရိွသလဲဆိုတာေတြ ေျပာခ်င္တာ ျဖစ္ပါတယ္။ ပထမဦးဆံုး ဘယ္ေလာက္အထိ ဆိုးဆိုးဝါးဝါး ျဖစ္ေနပါသလဲ။

ေျဖ ။ ။ ဒါကေတာ့ ဆရာတို႔လည္း သိၿပီသား၊ ႏိုင္ငံတကာလည္း သိၿပီသား။ UN တို႔ WHO တို႔လည္း ေဒတာေတြလည္း ထြက္ထားၿပီသားရိွတယ္။ က်ေနာ္တုိ႔ရဲ ႔ Humanitarian အေျခအေနကေတာ့ ပိုဆိုးသြားတာေပါ့။ ဒါက ရွင္းပါတယ္။ တုိးတက္မႈ မရိွဘူး။ ေနာက္ ျပည္တြင္းမွာ အာဏာသိမ္းၿပီးေနာက္ ဖက္ဆစ္စစ္တပ္ရဲ ႔ ရက္စက္ၾကမ္းၾကဳတ္မႈေတြေၾကာင့္ အိုးေတြအိမ္ေတြ မရိွေတာ့တဲ့လူေတြ၊ ထြက္ေျပးေနရတဲ့လူေတြ၊ IDPs ေတြအားလံုး ႏွစ္သန္းေက်ာ္ သံုးသန္း။ တကယ္တမ္းဆိုရင္ အဲဒီ အခ်က္အလက္ေတြထက္ မ်ားတာေပါ့။ Humanitarian နဲ႔ ပတ္သက္ၿပီး လိုအပ္ခ်က္ေတြ အမ်ားႀကီး ရိွပါတယ္။

ေမး ။ ။ ဒီလိုုဆိုးေနတဲ့ အေျခအေနေတြကို ဆရာတုိ႔ NUG အစိုးရအေနနဲ႔ ဘယ္လို ကိုင္တြယ္ဖို႔ စီစဥ္ထားပါသလဲ။

ေျဖ ။ ။ ဒါကို က်ေနာ္တုိ႔ ႀကိဳးစားၿပီးေတာ့ ေက်ာ္လႊာႏုိင္ဖုိ႔ လုပ္ေနၾကပါတယ္။ က်ေနာ္တုိ႔ NUG အေနနဲ႔ဆုိရင္ စစ္ေရး၊ ႏုိင္ငံေရးတင္မကဘူး၊ က်ေနာ္တုိ႔ အခု one year plan ထဲမွာေကာ NUG စဖြဲ႔ကတည္းက က်ေနာ္တုိိ႔ ဆြဲခဲ့တဲ့ strategy (၅) ခုထဲမွာ ျပည္သူလူထုရဲ ႔ ဆင္းရဲဒုကၡေတြကို ကာကြယ္ေပးႏိုင္ဖို႔ ရည္ရြယ္ခ်က္က နံပါတ္တစ္ ရည္ရြယ္ခ်က္ပါ။ ေနာက္ က်န္းမာေရး၊ လူသားခ်င္းစာနာမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း မူဝါဒ ေၾကညာခဲ့တာ ရိွပါတယ္။ ဆရာတို႔ ျပန္ၾကည့္လိုက္ရင္ သိမယ္။ အဲဒီမွာ က်ေနာ္တို႔က People First ဆိုတဲ့ Principle နဲ႔ ေၾကညာထားတာ - လူထုဆိုတာ ဘယ္ေနရာမွာ ရိွေနတဲ့ ျပည္သူပဲျဖစ္ျဖစ္၊ အဲဒီျပည္သူကို နံပါတ္တစ္ ဦးစားေပးဆိုတဲ့ People First ဆိုတဲ့ ေပၚလစီ ခ်ထားတာ NUG စဖြဲ႔ၿပီး၊ သံုးေလးငါးရက္မွာကတည္းက ေၾကညာခ်က္ထုတ္ခဲ့တာပါ။

ေမး ။ ။ အဲဒီလို လူထုကို ပထမဦးစားေပးလုပ္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္ေကာ၊ ေစတနာေကာ သိပ္ေကာင္းပါတယ္။ တခ်ိန္တည္းမွာပဲ အဲဒီလိုလုပ္ႏုိိင္မယ့္ resources ေတြကို NUG အေနနဲ႔ ကိုယ္တိုင္ကေတာ့ အခက္အခဲ ရိွမယ္လို႔ ထင္ပါတယ္။ ဒီအခ်ိန္မွာ ႏုိင္ငံတကာကလည္း အခက္အခဲေပးမယ္ဆိုရင္ ဒီကိစၥကို အၿမဲတမ္းတြဲၿပီးေတာ့ ေျပာပါတယ္။ ဆိုေတာ့ ႏိုင္ငံတကာရဲ ႔ ေျပာစကားေကာ ဘယ္ေလာက္အထိ လက္ေတြ႔မွာ အက်ဳိးရိွပါသလဲ။ သူတုိ႔ေတြရဲ ႔ အကူအညီက ဒီကိစၥနဲ႔ ပတ္သက္ၿပီေတာ့။

ေျဖ ။ ။ တကယ္ေတာ့ ႏုိင္ငံတကာက အကူအညီေတြ သူတုိ႔မေပးဘူး မဟုတ္ဘူး ေပးတယ္။ ဒါေပမဲ့ သူတုိ႔ရဲ ႔ နည္းလမ္းက လြဲေနတာေပါ့။ အရင္တုန္းကလိုဆိုရင္ ရန္ကုန္၊ ေနျပည္ေတာ္တိုိ႔ကို မဂၤလာဒံုေလဆိပ္တို႔ကေန ျဖတ္ၿပီးေတာ့ လာရတာ။ အဲဒီကေနလာတဲ့ ပစၥည္းေတြက အခုလိုရက္စက္တဲ့ ကိုယ့္အက်ဳိးပဲၾကည့္တဲ့ ျပည္သူကို ဒုကၡေပးေနတဲ့ စကစနဲ႔ၾကေတာ့ အဲဒီပစၥည္းေတြ က်ေနာ္တို႔ဆီ မေရာက္ဘူး။ ႏိုင္ငံတကာအကူအညီေတြက အဲဒီနည္းနဲ႔လာလို႔ မရဘူး။ အဲဒါကို က်ေနာ္တို႔က အစကတည္းက ေထာက္ျပတယ္။ ဒါေပမဲ့ ႏိုင္ငံတကာအဖြဲ႔အစည္းေတြအေနနဲ႔ ဒါကို သူတုိ႔လက္ခံဖုိ႔ ခက္ေနတယ္။ တကယ္တမ္းတို႔ ဆီးရီးယားတို႔မွာ ဘာတို႔မွာ သူတုိ႔အေတြ႔အႀကံဳ ရိွပါတယ္။ အဲဒါေတြကို က်ေနာ္တုိိ႔ ေျပာျပတယ္။ အဲဒါကို တကယ္ေတာ့ နားလည္ေအာင္ (၁) ႏွစ္ေတာင္ ၾကာခဲ့တယ္။ (၁) ႏွစ္ရိွတဲ့အခါၾကမွ ဆရာတို႔ မွတ္မိလိမ့္မယ္။ UN General Secretary က အာဆီယံမွာ လာေျပာေတာ့ They Failed - Failure ရသြားတယ္ေျပာတာ။ ဒါေပမဲ့ သူတုိ႔ပါးစပ္ကေျပာတဲ့ Failure ဆိုတဲ့ဟာက (၁) ႏွစ္ရိွမွ စေျပာတဲ့ဟာက က်ေနာ္တုိ႔ျပည္သူေတြက (၁) ႏွစ္ ခံစားလိုက္ရတယ္။ အဲဒါေၾကာင့္ က်ေနာ္တုိ႔က အခုလည္း ေထာက္ျပေနတယ္။ အခုေတာ့ က်ေနာ္တုိ႔က အရင္ထက္စာရင္ ၿပီခဲ့တဲ့နွစ္နဲ႔စာရင္ ဒီႏွစ္မွာ ႏုိင္ငံတကာအကူအညီေတြ ရလာတယ္လုိ႔ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ က်ေနာ္တုိ႔ လိုခ်င္သေလာက္ မရေသးပါဘူး။ က်ေနာ္တုိ႔ လိုခ်င္သေလာက္ ထိထိေရာက္ေရာက္ မျဖစ္ေသးဘူး။ ျဖစ္ေအာင္လုိ႔ေတာ့ ႀကိဳးစားေနတယ္။ က်ေနာ္တုိ႔ အစိုးရအေနနဲ႔ NUG အေနနဲ႔ဆိုရင္ တုိင္းရင္းသားေတြအားလံုးနဲ႔ ေပါင္းၿပီးေတာ့ IACC ဆိုတာကို ဖြဲ႔စည္းထားတယ္။ International Aid Coordination Commission ကို သမၼတက ဦးေဆာင္ၿပီးေတာ့ ဖြဲ႔စည္းထားတယ္။ အဲဒီဟာနဲ႔ development partners ေတြနဲ႔ international donors ေတြ၊ ဆက္သြယ္ပူးေပါင္းလုပ္ကိုင္ၿပီးေတာ့ ပိုၿပီး ထိထိေရာက္ေရာက္၊ တိတိက်က် effective, efficient ျဖစ္ေအာင္ coordinate ပူးေပါင္းေဆာင္ရြက္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။ အရင္ထက္စာရင္ စရစျပဳတယ္။ ဒါေပမဲ့ တကယ္တမ္း ႏုိင္ငံတကာအကူူအညီေတြကို ယူကရိန္းနဲ႔ က်ေနာ္တို႔က အရမ္းကိုကြာပါတယ္။ ရာခိုင္ႏႈန္းအားျဖင့္ အရမ္းကိုနည္းပါတယ္။

ေမး ။ ။ အဲဒီေတာ့ ယူကရိန္းဆုိေတာ့ ယူကရိန္းလို ပဋိပကၡအပါအဝင္ ႏိုင္ငံတကာပဋိပကၡ ေတာ္ေတာ္မ်ားမ်ားမွာ တခါတေလၾကေတာ့ Humanitarian Corridor ဆိုၿပီေတာ့ ပဋိပကၡ ျဖစ္တဲ့ဟာကို ခဏရပ္ဆိုင္းၿပီးေတာ့ ဒုကၡေရာက္ေနတဲ့လူေတြကို အကူအညီေပးဖို႔အတြက္ အဲဒီေနရာေလးကိုကြက္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ၿပီးေတာ့ အကူအညီေတြ ပို႔ေပးၾကတာရိွတယ္။ အဲဒီလို ညိွႏိႈင္းၾကတယ္။ ကုလတို႔ ႏုိင္ငံတကာတုိ႔ ဦးေဆာင္ၿပီးေတာ့ ညိွႏိႈင္းေပးၾကတယ္။ ျမန္မာႏိုင္ငံမွာက အဲဒီလို စာနာမႈဆုိင္ရာလမ္းေၾကာင္းေလး ဖြင့္ၿပီးေတာ့၊ စႀကၤန္ေလးဖြင့္ၿပီးေတာ့ ျဖန္႔ေပးႏုိင္မယ့္ အေျခအေနမ်ဳိး၊ ကူေပးႏုိင္မယ့္အေျခအေနမ်ဳိး ရိွႏိုင္ပါသလား။ အဲဒီလို ညိွႏိႈင္းမႈ၊ ႀကိဳးစားမႈ၊ အားထုတ္မႈေတြေကာ ရိွပါသလား။

ေျဖ ။ ။ ၿပီးခဲ့တဲ့ႏွစ္တုန္းက အဲဒါေတြ အမ်ားႀကီး က်ေနာ္တုိ႔ ေဆြးေႏြးခဲ့ၾကတယ္။ ဒါေပမဲ့ ဆရာ သိတဲ့အတုိိင္းပဲ စကစက အေတြးအေခၚပိုင္းဆိုင္ရာမွာ ရက္စက္ၾကမ္းၾကဳတ္တယ္လို႔ ေျပာရမွာေပါ့။ ကိုယ့္အက်ဳိးပဲ သိပ္ၾကည့္တယ္။ အဲဒီလိုပံုစံမ်ဳိးဆိုေတာ့ က်ေနာ္တုိ႔နဲ႔ ဘယ္လိုမ်ဳိးမွ ျဖစ္မွာမဟုတ္ဘူး။ ေနာက္ၿပီးေတာ့ သူတုိ႔က ေတာက္ေလွ်ာက္ေသြးစြန္းေနတဲ့ လက္နဲ႔ ဒီလိုကိစၥမ်ဳိးကေတာ့ သူတုိ႔ကလည္း ဒါကို မစဥ္းစားပါဘူး။ က်ေနာ္တို႔ဆီ ဒါေၾကာင့္ ဘာပစၥည္းမွ မေရာက္တာေလ။ တကယ္တမ္းသာ ICRC တို႔ UN Agencies ေတြနဲ႔ လူေတြရဲ ႔ အသက္ေတြ၊ ဘဝေတြကို ဦးစားေပးတယ္ဆုိရင္ အဲဒီကိစၥေတြက အဲဒီအခ်ိန္ကတည္းက ျဖစ္ခဲ့ရမွာ။ အဲဒါေတြက မျဖစ္ဘူး။ အခုလည္း ျဖစ္မွာမဟုတ္ဘူး။ သူတုိ႔က ေတာက္ေလွ်ာက္ က်ေနာ္တို႔ေတြကို ဗံုးေတြက်ဲေနတာ။ ဘယ္လိုလုပ္ၿပီး ဒီကိစၥမ်ဳိးကို လုပ္မလဲ။

ေမး ။ ။ အဲဒီေတာ့ ခုခံတြန္းလွန္တဲ့ အင္အားစုေတြက နယ္ေျမေတာ္ေတာ္မ်ားမ်ား ထိန္းခ်ဳပ္တယ္။ ထိန္းခ်ဳပ္ထားႏုိင္တယ္။ သို႔တည္းမဟုတ္ စစ္ေကာင္စီက မထိန္းခ်ဳပ္ႏုိင္တဲ့ နယ္ေျမေတြလည္း ေတာ္ေတာ္မ်ားမ်ား ရိွေနၿပီလို႔ ေျပာတယ္။ ဒုကၡသည္ေတာ္ေတာ္မ်ားမ်ားက အဲဒီနယ္ေျမေတြမွာ ရိွေနမယ္လို႔ ထင္ပါတယ္။ အဲဒီနယ္ေျမေတြကို ဆရာတို႔က လြယ္လင့္တကူ အကူအညီရေအာင္ ဘယ္ေလာက္အထိ ေဆာင္ရြက္ေပးႏုိင္ပါသလဲ။ ႏိုင္ငံတကာ အကူအညီရေအာင္။

ေျဖ ။ ။ အရင္ထက္စာရင္ ပိုအဆင္ေျပလာတယ္လုိ႔ေတာ့ ေျပာလုိ႔ရတယ္။ ဒါေတြအကုန္လံုး အေသးစိတ္ေတြဖြင့္ၿပီးေတာ့ ေျပာေတာ့လည္း သူတုိ႔က ထံုးစံအတိုင္းပဲ ဗံုးက်ဲတာတုိ႔၊ မီးရိွဳ ႔တာေတြ ေတာက္ေလ်ွာက္လုပ္ေနေတာ့ အဲဒီလိုမ်ဳိးဆို က်ေနာ္တုိိ႔က တခ်ဳိ ႔ဟာေတြကို အေသးစိတ္ မေျပာဘူး။ ဒါေပမဲ့ အရင္ထက္စာရင္ အဆင္ေျပတယ္။ ေရာက္လာတယ္လုိ႔ ေျပာလို႔ရတယ္။ ေဆးဝါးေတြ၊ ဘာညာေတြဆိုရင္ အရင္ထက္စာရင္ ပိုၿပီးေတာ့ ပို႔ေပးႏုိင္တဲ့အေနအထားမွာ ရိွတယ္။ ေနာက္ cross-border နဲ႔ လုပ္လို႔ရသေလာက္ က်ေနာ္တုိိ႔ လုပ္ေနတာရိွတယ္။ ေနာက္ ေငြေၾကးစီးဆင္းမႈကိုလည္း တနည္းနည္းနဲ႔ လုပ္လို႔ရတဲ့ဟာေတြလည္း အရင္ထက္စာရင္ေတာ့ လုပ္လုိ႔ရလာတယ္။ ဆရာေျပာသလိုပဲ က်ေနာ္တုိ႔ စိုးမုိးေဒသေတြမွာ လူသားခ်င္းစာနာမႈေတြ အမ်ားႀကီလိုအပ္တာ ဟုတ္တယ္။ ဒါေပမဲ့ ျပည္သူေတြက ျပည္သူကေန ျပည္သူ သြားေနတာေတြလည္း အမ်ားႀကီးရိွတယ္။ ေနာက္တခုကေတာ့ က်ေနာ္တို႔ ထိန္းခ်ဳပ္ေဒသေတြမွာ စၿပီးေတာ့ အခု အခြန္အတုတ္ေတြ စေကာက္လာႏုိင္တယ္။ အဲဒါကလည္း ျပည္သူကေန ျပည္သူသေဘာမ်ဳိးပါပဲ။ အဲဒီလို ပံုစံမ်ဳိးနဲ႔ က်ေနာ္တို႔ ေစာင့္ေရွာက္လာႏုိင္ေတာ့ ဆရာတို႔လည္း ပံုေတြေတြ႔မွာပါ။ တခ်ဳိ ႔အိမ္ေတြ ျပန္ေဆာက္ေပးႏိုင္တာတို႔၊ အစားအေသာက္ေတြ၊ အိုးခြက္ပန္းကန္ေတြ ျပန္လုပ္ေပးႏုိင္တာတုိ႔ ဒါေတြလည္း ရိွလာတာေပါ့။ တခ်ဳိ ႔ေနရာေတြမွာ ဖက္ဒရယ္သေဘာတရားေတြ အမ်ားႀကီးေတြ႔ရပါတယ္။ ကိုယ့္ေဒသ ကိုယ့္အရပ္ ကိုယ့္ရဲ ႔ကိုယ္ပိုင္ျပဌာန္းခြင့္နဲ႔ ကိုယ့္ရဲ ႔ျပည္သူကို ကိုယ္ျပန္ေစာင့္ေရွာက္တယဆိုတဲ့ အေနအထားေတြ အမ်ားႀကီး ေတြ႔လာရတာ၊ တခ်ဳိ ႔ဟာေတြေတာ့ ၾကည့္ၿပီးေတာ့ အားလည္းရိွရပါတယ္။ တကယ္တမ္းေတာ့ အမ်ားႀကီးလိုအပ္တာေပါ့။ က်ေနာ္တုိ႔ ျပည္သူေတြ၊ လူထုေတြ အမ်ားႀကီးခံစားေနရတာ အဲဒါေတြကေတာ့ အမ်ားႀကီးလိုအပ္ပါတယ္။ အိမ္တလံုး မီးေလာင္သြားရင္ အဲဒီအိမ္တလံုး ျပန္ေဆာက္ဖို႔ဆိုတာ တဘဝလံုး ႀကိဳးစားခဲ့ၾကရတာ။

ေမး ။ ။ ေနာက္တခု ဆရာကိုေမးဖို႔ အသင့္ေတာ္ဆံုးလို႔ ထင္ပါတယ္။ ေဆးဝါးပစၥည္း ေပးတဲ့ေနရာမွာ သာမန္ကိုယ့္ဘာသာေသာက္လုိ႔ ေပ်ာက္တဲ့ေဆးဝါးေတြလည္း ရိွမွာေပါ့။ ဆရာဝန္ ညႊန္ၾကားၿပီးေတာ့ ကုသေပးဖို႔လိုတဲ့ ေရာဂါေတြ၊ ျပည္သူေတြ ႀကံဳေတြ႔ရတာေတြလည္း ရိွမယ္။ အဲဒီကိစၥအတြက္ေကာ ကၽြမ္းက်င္သူေတြ၊ ေဆးဘက္ဆိုင္ရာ လိုအပ္တဲ့ ေလ့က်င့္မႈေတြေကာ ဆရာတို႔ လုပ္ေပးႏုိင္ပါသလား။

ေျဖ ။ ။ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံမွာက ဟိုအရင္ကတည္းက ကမာၻရဲ ႔ သတ္မွတ္ခ်က္ကိုမမီဘူးလို႔ေျပာရင္ ရတာေပါ့။ အၾကမ္းဖ်ဥ္း လူေတြ နားလည္ေအာင္။ က်န္းမာေရးေစာင့္ေရွာက္တဲ့ လူအေရအတြက္က တကယ္ရိွရမွာထက္ သံုးပံုပံုတပံုေလာက္ပဲ ရိွတယ္။ ဆိုေတာ့ အခုအခ်ိန္မွာ ပိုဆုိးတာေပါ့။ ဒါေပမဲ့ က်ေနာ္တုိိ႔ အဲဒါကို တတ္ႏုိင္သမွ်ေတာ့ အစြမ္းကုန္ ႀကိဳးစားေနပါတယ္။ ေဒတာေတြလည္း ထုတ္ျပန္ထားတယ္။ CDM လုပ္တဲ့ ဆရာယန္ေတြ၊ သူနာျပဳေတြ၊ အထူးကု specialists ေတြ ေလးေထာင္ေက်ာ္ ရိွတယ္။ အခု service ေပးေနတာ။ တိုင္းရင္းသား က်န္းမာေရးေစာင့္ေရွာက္သူေတြနဲ႔ ေပါင္းရင္ ခုႏွစ္ေထာင္ ရွစ္ေထာင္ေလာက္ ရိွမွာေပါ့။ အဲဒါနဲ႔ က်ေနာ္တုိ႔ ဒီေဒသေတြမွာ ေရွ ႔တန္းေဆးရံု (၁၆၇) ရံု ရိွတယ္။ အေျခစိုက္ေဆးရံု (၆၇) ရံု ရိွတယ္။ အဲဒီမွာ service ကုသမႈေတြ ေပးေနပါတယ္။ ေက်နပ္လားဆို မေက်နပ္ပါဘူး။ ဒါေပမဲ့ ကုသေစာင့္ေရွာက္မႈကေတာ့ ျဖစ္ေအာင္ လုပ္ေပးေနတာေပါ့။ ထပ္ၿပီးေတာ့လည္း ဆရာဝန္ေတြ က်ေနာ္တုိ႔ ေမြးထုတ္တာ၊ သူနာျပဳ ေမြးထုတ္တာေတြ လုပ္ေနတဲ့အျပင္ လြတ္ေျမာက္ေဒသေတြမွာ ေဆးေက်ာင္း၊ ေဆးတကၠသိုလ္အသစ္ ထပ္ဖြင့္တာတို႔။ သူနာျပဳတကၠသိုလ္ အသစ္ေတြ ထပ္ဖြင့္တာေတြလည္း လုပ္ေနပါတယ္။

ေမး ။ ။ သိပ္ေကာင္းပါတယ္ ဆရာ။ က်ေနာ္ ေနာက္ဆံုးေမးခ်င္တာက စာနာမႈ ဒုကၡေရာက္မႈ ျပႆနာေတြဆိုတာကေတာ့ ပဋိပကၡေတြ လံုးဝခ်ဳပ္ၿငိမ္းမွ ေျပာင္းႏုိင္မယ့္ အေျခအေနလို႔ေျပာရင္ မွားမယ္မဟုတ္ဘူးလို႔ ေျပာႏုိင္ပါတယ္။ ပဋိပကၡေတြ ေပ်ာက္သြားရင္ေတာင္မွ ျပန္လည္ထူေထာင္မႈေတြ ႀကိဳးစားၾကရမွာဆိုေတာ့ အဲဒီအေျခအေနေတြကိုေကာ ေမွ်ာ္မွန္းမိပါသလား။ ဘယ္အခ်ိန္မွာ ျဖစ္လာႏုိင္မလဲဆိုတာကို ေတြးမိတာရိွရင္ ေျပာပါဆရာ။

ေျဖ ။ ။ NUG အေနနဲ႔ စဥ္းစားၿပီး စီမံေဆာင္ရြက္ေနတဲ့၊ တုိင္းရင္းသားအဖြဲ႔အစည္းေတြနဲ႔ တုိင္ပင္ၿပီး လုပ္ေနတာကေတာ့ ေလာေလာဆယ္ ေျဖရွင္းရမယ့္ဟာေတြကို အခု (၁) ႏွစ္၊ (၂) ႏွစ္အတြင္းမွာ ေျဖရွင္းဖို႔ စီမံခ်က္ေရးဆြဲထားတာ One year (၁) နွစ္စာ Plan ရိွတယ္။ ဒီ (၁) ႏွစ္ဟာ ထူးထူးျခားျခား ေျပာင္းလဲမႈ ျဖစ္ရမယ္။ ၿပီးရင္ ေနာက္ (၁) ႏွစ္ (၂) ႏွစ္ေနရင္ အဆံုးသတ္ရမယ္ေပါ့။ အခုေလာေလာဆယ္ စစ္အာဏာရွင္ကို ျဖဳတ္ခ်ဖို႔နဲ႔ ဖက္ဒရယ္ ဒီမုိကေရစီ ေထာင္ဖုိ႔ဆိုရင္ က်ေနာ္တုိ႔ အခုၾကားကာလ ရိွမယ္။ ကူးေျပာင္းေရးကာလ ရိွမယ္။ ဟိုဘက္မွာ ဖက္ဒရယ္ဒီမုိကေရစီ တည္ေဆာက္ေရး။ အၾကမ္းမ်ဥ္းအားျဖင့္ စဥ္းစားသံုးသပ္ထားတာကေတာ့ အနည္းဆံုး (၁) နွစ္၊ (၂) ႏွစ္ - ၿပီးရင္ ကူးေျပာင္းေရး transition က (၃) ႏွစ္ေလာက္ ၾကာမွာေပါ့။ အဲဒါၿပီးမွ ဟိုဘက္ကို ေရာက္သြားမွာဆိုေတာ့ အဲဒါအတြက္ က်ေနာ္တုိ႔ေတြ အခုက ျပင္ဆင္ေနပါတယ္။ က်ေနာ္တို႔ ထိန္းခ်ဳပ္မႈ ရရင္ရသေလာက္ ရရိွတဲ့ေနရာကို စီမံခန္႔ခြဲႏုိင္ေအာင္လည္း ျပင္ဆင္ေနပါတယ္။ က်ေနာ္တုိ႔အခ်င္းခ်င္းၾကားမွာ နားလည္မႈေတြ၊ အေပးအယူေတြနဲ႔ ဖက္ဒရယ္ သေဘာတရားေတြနဲ႔ ကိုက္ညီေအာင္လည္း စီစဥ္ေဆာင္ရြက္ေနပါတယ္။ က်ေနာ္ေတာ့ အဆိုးဆံုးကို ျပင္ဆင္ထားသလို အေကာင္းဆံုးအတြက္လည္း ေမွ်ာ္လင့္ၿပီးေတာ့ အလုပ္ေတြလုပ္ေနပါတယ္။

==== Unicode ====

စစ်ကောင်စီနဲ့ တွန်းလှန်ရေးအင်အားစုတွေရဲ့ လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်လာတာနဲ့အမျှ ဒုက္ခသည်အရေအတွက်နဲ့ အသက်ရှင်ရပ်တည်ရေးအတွက် စာနာမှုအကူအညီတွေ ပိုမိုလိုအပ်လာနေပါတယ်။ ဒီအခြေအနေကို NUG အစိုးရအနေနဲ့ ဘယ်မူနဲ့ ဘယ်လို ကိုင်တွယ်နေပါသလဲ၊ NUG အစိုးရအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုုင်ငံ စစ်အာဏာသိမ်းပြီးတဲ့နောက် (၂) နှစ်အကြာမှာ နိုင်ငံရဲ့ စစ်ရေးအခြေအနေတွေကို လူတိုင်းက ဦးစားပေးပြီးတော့ ဆွေးနွေးကြပါတယ်။ အဲဒါ အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီပဋိပက္ခကြောင့် ပြည်သူတွေ ကြုံတွေ့နေရတဲ့ Humanitarian Crisis စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသဖြင့် စာနာမှုအခြေအနေ ဘယ်လောက်ဆိုးဝါးနေသလဲ။ အဲဒါကို ဘယ်လို တိုးတက်အောင် လုပ်နိုင်မယ့် အလားအလာ ရှိသလဲဆိုတာတွေ ပြောချင်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်နေပါသလဲ။

ဖြေ ။ ။ ဒါကတော့ ဆရာတို့လည်း သိပြီသား၊ နိုင်ငံတကာလည်း သိပြီသား။ UN တို့ WHO တို့လည်း ဒေတာတွေလည်း ထွက်ထားပြီသားရှိတယ်။ ကျနော်တို့ရဲ့ Humanitarian အခြေအနေကတော့ ပိုဆိုးသွားတာပေါ့။ ဒါက ရှင်းပါတယ်။ တိုးတက်မှု မရှိဘူး။ နောက် ပြည်တွင်းမှာ အာဏာသိမ်းပြီးနောက် ဖက်ဆစ်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အိုးတွေအိမ်တွေ မရှိတော့တဲ့လူတွေ၊ ထွက်ပြေးနေရတဲ့လူတွေ၊ IDPs တွေအားလုံး နှစ်သန်းကျော် သုံးသန်း။ တကယ်တမ်းဆိုရင် အဲဒီ အချက်အလက်တွေထက် များတာပေါ့။ Humanitarian နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။

မေး ။ ။ ဒီလိုဆိုးနေတဲ့ အခြေအနေတွေကို ဆရာတို့ NUG အစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ ။ ။ ဒါကို ကျနော်တို့ ကြိုးစားပြီးတော့ ကျော်လွှာနိုင်ဖို့ လုပ်နေကြပါတယ်။ ကျနော်တို့ NUG အနေနဲ့ဆိုရင် စစ်ရေး၊ နိုင်ငံရေးတင်မကဘူး၊ ကျနော်တို့ အခု one year plan ထဲမှာကော NUG စဖွဲ့ကတည်းက ကျနော်တို့ ဆွဲခဲ့တဲ့ strategy (၅) ခုထဲမှာ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေကို ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ချက်က နံပါတ်တစ် ရည်ရွယ်ချက်ပါ။ နောက် ကျန်းမာရေး၊ လူသားချင်းစာနာမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း မူဝါဒ ကြေညာခဲ့တာ ရှိပါတယ်။ ဆရာတို့ ပြန်ကြည့်လိုက်ရင် သိမယ်။ အဲဒီမှာ ကျနော်တို့က People First ဆိုတဲ့ Principle နဲ့ ကြေညာထားတာ - လူထုဆိုတာ ဘယ်နေရာမှာ ရှိနေတဲ့ ပြည်သူပဲဖြစ်ဖြစ်၊ အဲဒီပြည်သူကို နံပါတ်တစ် ဦးစားပေးဆိုတဲ့ People First ဆိုတဲ့ ပေါ်လစီ ချထားတာ NUG စဖွဲ့ပြီး၊ သုံးလေးငါးရက်မှာကတည်းက ကြေညာချက်ထုတ်ခဲ့တာပါ။

မေး ။ ။ အဲဒီလို လူထုကို ပထမဦးစားပေးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကော၊ စေတနာကော သိပ်ကောင်းပါတယ်။ တချိန်တည်းမှာပဲ အဲဒီလိုလုပ်နိုင်မယ့် resources တွေကို NUG အနေနဲ့ ကိုယ်တိုင်ကတော့ အခက်အခဲ ရှိမယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာကလည်း အခက်အခဲပေးမယ်ဆိုရင် ဒီကိစ္စကို အမြဲတမ်းတွဲပြီးတော့ ပြောပါတယ်။ ဆိုတော့ နိုင်ငံတကာရဲ့ ပြောစကားကော ဘယ်လောက်အထိ လက်တွေ့မှာ အကျိုးရှိပါသလဲ။ သူတို့တွေရဲ့ အကူအညီက ဒီကိစ္စနဲ့ ပတ်သက်ပြီတော့။

ဖြေ ။ ။ တကယ်တော့ နိုင်ငံတကာက အကူအညီတွေ သူတို့မပေးဘူး မဟုတ်ဘူး ပေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ နည်းလမ်းက လွဲနေတာပေါ့။ အရင်တုန်းကလိုဆိုရင် ရန်ကုန်၊ နေပြည်တော်တိို့ကို မင်္ဂလာဒုံလေဆိပ်တို့ကနေ ဖြတ်ပြီးတော့ လာရတာ။ အဲဒီကနေလာတဲ့ ပစ္စည်းတွေက အခုလိုရက်စက်တဲ့ ကိုယ့်အကျိုးပဲကြည့်တဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့ စကစနဲ့ကြတော့ အဲဒီပစ္စည်းတွေ ကျနော်တို့ဆီ မရောက်ဘူး။ နိုင်ငံတကာအကူအညီတွေက အဲဒီနည်းနဲ့လာလို့ မရဘူး။ အဲဒါကို ကျနော်တို့က အစကတည်းက ထောက်ပြတယ်။ ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒါကို သူတို့လက်ခံဖို့ ခက်နေတယ်။ တကယ်တမ်းတို့ ဆီးရီးယားတို့မှာ ဘာတို့မှာ သူတို့အတွေ့အကြုံ ရှိပါတယ်။ အဲဒါတွေကို ကျနော်တို့ ပြောပြတယ်။ အဲဒါကို တကယ်တော့ နားလည်အောင် (၁) နှစ်တောင် ကြာခဲ့တယ်။ (၁) နှစ်ရှိတဲ့အခါကြမှ ဆရာတို့ မှတ်မိလိမ့်မယ်။ UN General Secretary က အာဆီယံမှာ လာပြောတော့ They Failed - Failure ရသွားတယ်ပြောတာ။ ဒါပေမဲ့ သူတို့ပါးစပ်ကပြောတဲ့ Failure ဆိုတဲ့ဟာက (၁) နှစ်ရှိမှ စပြောတဲ့ဟာက ကျနော်တို့ပြည်သူတွေက (၁) နှစ် ခံစားလိုက်ရတယ်။ အဲဒါကြောင့် ကျနော်တို့က အခုလည်း ထောက်ပြနေတယ်။ အခုတော့ ကျနော်တို့က အရင်ထက်စာရင် ပြီခဲ့တဲ့နှစ်နဲ့စာရင် ဒီနှစ်မှာ နိုင်ငံတကာအကူအညီတွေ ရလာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ လိုချင်သလောက် မရသေးပါဘူး။ ကျနော်တို့ လိုချင်သလောက် ထိထိရောက်ရောက် မဖြစ်သေးဘူး။ ဖြစ်အောင်လို့တော့ ကြိုးစားနေတယ်။ ကျနော်တို့ အစိုးရအနေနဲ့ NUG အနေနဲ့ဆိုရင် တိုင်းရင်းသားတွေအားလုံးနဲ့ ပေါင်းပြီးတော့ IACC ဆိုတာကို ဖွဲ့စည်းထားတယ်။ International Aid Coordination Commission ကို သမ္မတက ဦးဆောင်ပြီးတော့ ဖွဲ့စည်းထားတယ်။ အဲဒီဟာနဲ့ development partners တွေနဲ့ international donors တွေ၊ ဆက်သွယ်ပူးပေါင်းလုပ်ကိုင်ပြီးတော့ ပိုပြီး ထိထိရောက်ရောက်၊ တိတိကျကျ effective, efficient ဖြစ်အောင် coordinate ပူးပေါင်းဆောင်ရွက်နိုင်အောင် ကြိုးစားနေပါတယ်။ အရင်ထက်စာရင် စရစပြုတယ်။ ဒါပေမဲ့ တကယ်တမ်း နိုင်ငံတကာအကူအညီတွေကို ယူကရိန်းနဲ့ ကျနော်တို့က အရမ်းကိုကွာပါတယ်။ ရာခိုင်နှုန်းအားဖြင့် အရမ်းကိုနည်းပါတယ်။

မေး ။ ။ အဲဒီတော့ ယူကရိန်းဆိုတော့ ယူကရိန်းလို ပဋိပက္ခအပါအဝင် နိုင်ငံတကာပဋိပက္ခ တော်တော်များများမှာ တခါတလေကြတော့ Humanitarian Corridor ဆိုပြီတော့ ပဋိပက္ခ ဖြစ်တဲ့ဟာကို ခဏရပ်ဆိုင်းပြီးတော့ ဒုက္ခရောက်နေတဲ့လူတွေကို အကူအညီပေးဖို့အတွက် အဲဒီနေရာလေးကိုကွက်ပြီး ငြိမ်းချမ်းရေးလုပ်ပြီးတော့ အကူအညီတွေ ပို့ပေးကြတာရှိတယ်။ အဲဒီလို ညှိနှိုင်းကြတယ်။ ကုလတို့ နိုင်ငံတကာတို့ ဦးဆောင်ပြီးတော့ ညှိနှိုင်းပေးကြတယ်။ မြန်မာနိုင်ငံမှာက အဲဒီလို စာနာမှုဆိုင်ရာလမ်းကြောင်းလေး ဖွင့်ပြီးတော့၊ စင်္ကြန်လေးဖွင့်ပြီးတော့ ဖြန့်ပေးနိုင်မယ့် အခြေအနေမျိုး၊ ကူပေးနိုင်မယ့်အခြေအနေမျိုး ရှိနိုင်ပါသလား။ အဲဒီလို ညှိနှိုင်းမှု၊ ကြိုးစားမှု၊ အားထုတ်မှုတွေကော ရှိပါသလား။

ဖြေ ။ ။ ပြီးခဲ့တဲ့နှစ်တုန်းက အဲဒါတွေ အများကြီး ကျနော်တို့ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ ဆရာ သိတဲ့အတိုင်းပဲ စကစက အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ရက်စက်ကြမ်းကြုတ်တယ်လို့ ပြောရမှာပေါ့။ ကိုယ့်အကျိုးပဲ သိပ်ကြည့်တယ်။ အဲဒီလိုပုံစံမျိုးဆိုတော့ ကျနော်တို့နဲ့ ဘယ်လိုမျိုးမှ ဖြစ်မှာမဟုတ်ဘူး။ နောက်ပြီးတော့ သူတို့က တောက်လျှောက်သွေးစွန်းနေတဲ့ လက်နဲ့ ဒီလိုကိစ္စမျိုးကတော့ သူတို့ကလည်း ဒါကို မစဉ်းစားပါဘူး။ ကျနော်တို့ဆီ ဒါကြောင့် ဘာပစ္စည်းမှ မရောက်တာလေ။ တကယ်တမ်းသာ ICRC တို့ UN Agencies တွေနဲ့ လူတွေရဲ့ အသက်တွေ၊ ဘဝတွေကို ဦးစားပေးတယ်ဆိုရင် အဲဒီကိစ္စတွေက အဲဒီအချိန်ကတည်းက ဖြစ်ခဲ့ရမှာ။ အဲဒါတွေက မဖြစ်ဘူး။ အခုလည်း ဖြစ်မှာမဟုတ်ဘူး။ သူတို့က တောက်လျှောက် ကျနော်တို့တွေကို ဗုံးတွေကျဲနေတာ။ ဘယ်လိုလုပ်ပြီး ဒီကိစ္စမျိုးကို လုပ်မလဲ။

မေး ။ ။ အဲဒီတော့ ခုခံတွန်းလှန်တဲ့ အင်အားစုတွေက နယ်မြေတော်တော်များများ ထိန်းချုပ်တယ်။ ထိန်းချုပ်ထားနိုင်တယ်။ သို့တည်းမဟုတ် စစ်ကောင်စီက မထိန်းချုပ်နိုင်တဲ့ နယ်မြေတွေလည်း တော်တော်များများ ရှိနေပြီလို့ ပြောတယ်။ ဒုက္ခသည်တော်တော်များများက အဲဒီနယ်မြေတွေမှာ ရှိနေမယ်လို့ ထင်ပါတယ်။ အဲဒီနယ်မြေတွေကို ဆရာတို့က လွယ်လင့်တကူ အကူအညီရအောင် ဘယ်လောက်အထိ ဆောင်ရွက်ပေးနိုင်ပါသလဲ။ နိုင်ငံတကာ အကူအညီရအောင်။

ဖြေ ။ ။ အရင်ထက်စာရင် ပိုအဆင်ပြေလာတယ်လို့တော့ ပြောလို့ရတယ်။ ဒါတွေအကုန်လုံး အသေးစိတ်တွေဖွင့်ပြီးတော့ ပြောတော့လည်း သူတို့က ထုံးစံအတိုင်းပဲ ဗုံးကျဲတာတို့၊ မီးရှို့တာတွေ တောက်လျှောက်လုပ်နေတော့ အဲဒီလိုမျိုးဆို ကျနော်တို့က တချို့ဟာတွေကို အသေးစိတ် မပြောဘူး။ ဒါပေမဲ့ အရင်ထက်စာရင် အဆင်ပြေတယ်။ ရောက်လာတယ်လို့ ပြောလို့ရတယ်။ ဆေးဝါးတွေ၊ ဘာညာတွေဆိုရင် အရင်ထက်စာရင် ပိုပြီးတော့ ပို့ပေးနိုင်တဲ့အနေအထားမှာ ရှိတယ်။ နောက် cross-border နဲ့ လုပ်လို့ရသလောက် ကျနော်တို့ လုပ်နေတာရှိတယ်။ နောက် ငွေကြေးစီးဆင်းမှုကိုလည်း တနည်းနည်းနဲ့ လုပ်လို့ရတဲ့ဟာတွေလည်း အရင်ထက်စာရင်တော့ လုပ်လို့ရလာတယ်။ ဆရာပြောသလိုပဲ ကျနော်တို့ စိုးမိုးဒေသတွေမှာ လူသားချင်းစာနာမှုတွေ အများကြီလိုအပ်တာ ဟုတ်တယ်။ ဒါပေမဲ့ ပြည်သူတွေက ပြည်သူကနေ ပြည်သူ သွားနေတာတွေလည်း အများကြီးရှိတယ်။ နောက်တခုကတော့ ကျနော်တို့ ထိန်းချုပ်ဒေသတွေမှာ စပြီးတော့ အခု အခွန်အတုတ်တွေ စကောက်လာနိုင်တယ်။ အဲဒါကလည်း ပြည်သူကနေ ပြည်သူသဘောမျိုးပါပဲ။ အဲဒီလို ပုံစံမျိုးနဲ့ ကျနော်တို့ စောင့်ရှောက်လာနိုင်တော့ ဆရာတို့လည်း ပုံတွေတွေ့မှာပါ။ တချို့အိမ်တွေ ပြန်ဆောက်ပေးနိုင်တာတို့၊ အစားအသောက်တွေ၊ အိုးခွက်ပန်းကန်တွေ ပြန်လုပ်ပေးနိုင်တာတို့ ဒါတွေလည်း ရှိလာတာပေါ့။ တချို့နေရာတွေမှာ ဖက်ဒရယ်သဘောတရားတွေ အများကြီးတွေ့ရပါတယ်။ ကိုယ့်ဒေသ ကိုယ့်အရပ် ကိုယ့်ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ရဲ့ပြည်သူကို ကိုယ်ပြန်စောင့်ရှောက်တယဆိုတဲ့ အနေအထားတွေ အများကြီး တွေ့လာရတာ၊ တချို့ဟာတွေတော့ ကြည့်ပြီးတော့ အားလည်းရှိရပါတယ်။ တကယ်တမ်းတော့ အများကြီးလိုအပ်တာပေါ့။ ကျနော်တို့ ပြည်သူတွေ၊ လူထုတွေ အများကြီးခံစားနေရတာ အဲဒါတွေကတော့ အများကြီးလိုအပ်ပါတယ်။ အိမ်တလုံး မီးလောင်သွားရင် အဲဒီအိမ်တလုံး ပြန်ဆောက်ဖို့ဆိုတာ တဘဝလုံး ကြိုးစားခဲ့ကြရတာ။

မေး ။ ။ နောက်တခု ဆရာကိုမေးဖို့ အသင့်တော်ဆုံးလို့ ထင်ပါတယ်။ ဆေးဝါးပစ္စည်း ပေးတဲ့နေရာမှာ သာမန်ကိုယ့်ဘာသာသောက်လို့ ပျောက်တဲ့ဆေးဝါးတွေလည်း ရှိမှာပေါ့။ ဆရာဝန် ညွှန်ကြားပြီးတော့ ကုသပေးဖို့လိုတဲ့ ရောဂါတွေ၊ ပြည်သူတွေ ကြုံတွေ့ရတာတွေလည်း ရှိမယ်။ အဲဒီကိစ္စအတွက်ကော ကျွမ်းကျင်သူတွေ၊ ဆေးဘက်ဆိုင်ရာ လိုအပ်တဲ့ လေ့ကျင့်မှုတွေကော ဆရာတို့ လုပ်ပေးနိုင်ပါသလား။

ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာက ဟိုအရင်ကတည်းက ကမာ္ဘရဲ့ သတ်မှတ်ချက်ကိုမမီဘူးလို့ပြောရင် ရတာပေါ့။ အကြမ်းဖျဉ်း လူတွေ နားလည်အောင်။ ကျန်းမာရေးစောင့်ရှောက်တဲ့ လူအရေအတွက်က တကယ်ရှိရမှာထက် သုံးပုံပုံတပုံလောက်ပဲ ရှိတယ်။ ဆိုတော့ အခုအချိန်မှာ ပိုဆိုးတာပေါ့။ ဒါပေမဲ့ ကျနော်တို့ အဲဒါကို တတ်နိုင်သမျှတော့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒေတာတွေလည်း ထုတ်ပြန်ထားတယ်။ CDM လုပ်တဲ့ ဆရာယန်တွေ၊ သူနာပြုတွေ၊ အထူးကု specialists တွေ လေးထောင်ကျော် ရှိတယ်။ အခု service ပေးနေတာ။ တိုင်းရင်းသား ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ပေါင်းရင် ခုနှစ်ထောင် ရှစ်ထောင်လောက် ရှိမှာပေါ့။ အဲဒါနဲ့ ကျနော်တို့ ဒီဒေသတွေမှာ ရှေ့တန်းဆေးရုံ (၁၆၇) ရုံ ရှိတယ်။ အခြေစိုက်ဆေးရုံ (၆၇) ရုံ ရှိတယ်။ အဲဒီမှာ service ကုသမှုတွေ ပေးနေပါတယ်။ ကျေနပ်လားဆို မကျေနပ်ပါဘူး။ ဒါပေမဲ့ ကုသစောင့်ရှောက်မှုကတော့ ဖြစ်အောင် လုပ်ပေးနေတာပေါ့။ ထပ်ပြီးတော့လည်း ဆရာဝန်တွေ ကျနော်တို့ မွေးထုတ်တာ၊ သူနာပြု မွေးထုတ်တာတွေ လုပ်နေတဲ့အပြင် လွတ်မြောက်ဒေသတွေမှာ ဆေးကျောင်း၊ ဆေးတက္ကသိုလ်အသစ် ထပ်ဖွင့်တာတို့။ သူနာပြုတက္ကသိုလ် အသစ်တွေ ထပ်ဖွင့်တာတွေလည်း လုပ်နေပါတယ်။

မေး ။ ။ သိပ်ကောင်းပါတယ် ဆရာ။ ကျနော် နောက်ဆုံးမေးချင်တာက စာနာမှု ဒုက္ခရောက်မှု ပြဿနာတွေဆိုတာကတော့ ပဋိပက္ခတွေ လုံးဝချုပ်ငြိမ်းမှ ပြောင်းနိုင်မယ့် အခြေအနေလို့ပြောရင် မှားမယ်မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ ပဋိပက္ခတွေ ပျောက်သွားရင်တောင်မှ ပြန်လည်ထူထောင်မှုတွေ ကြိုးစားကြရမှာဆိုတော့ အဲဒီအခြေအနေတွေကိုကော မျှော်မှန်းမိပါသလား။ ဘယ်အချိန်မှာ ဖြစ်လာနိုင်မလဲဆိုတာကို တွေးမိတာရှိရင် ပြောပါဆရာ။

ဖြေ ။ ။ NUG အနေနဲ့ စဉ်းစားပြီး စီမံဆောင်ရွက်နေတဲ့၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး လုပ်နေတာကတော့ လောလောဆယ် ဖြေရှင်းရမယ့်ဟာတွေကို အခု (၁) နှစ်၊ (၂) နှစ်အတွင်းမှာ ဖြေရှင်းဖို့ စီမံချက်ရေးဆွဲထားတာ One year (၁) နှစ်စာ Plan ရှိတယ်။ ဒီ (၁) နှစ်ဟာ ထူးထူးခြားခြား ပြောင်းလဲမှု ဖြစ်ရမယ်။ ပြီးရင် နောက် (၁) နှစ် (၂) နှစ်နေရင် အဆုံးသတ်ရမယ်ပေါ့။ အခုလောလောဆယ် စစ်အာဏာရှင်ကို ဖြုတ်ချဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ထောင်ဖို့ဆိုရင် ကျနော်တို့ အခုကြားကာလ ရှိမယ်။ ကူးပြောင်းရေးကာလ ရှိမယ်။ ဟိုဘက်မှာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး။ အကြမ်းမျဉ်းအားဖြင့် စဉ်းစားသုံးသပ်ထားတာကတော့ အနည်းဆုံး (၁) နှစ်၊ (၂) နှစ် - ပြီးရင် ကူးပြောင်းရေး transition က (၃) နှစ်လောက် ကြာမှာပေါ့။ အဲဒါပြီးမှ ဟိုဘက်ကို ရောက်သွားမှာဆိုတော့ အဲဒါအတွက် ကျနော်တို့တွေ အခုက ပြင်ဆင်နေပါတယ်။ ကျနော်တို့ ထိန်းချုပ်မှု ရရင်ရသလောက် ရရှိတဲ့နေရာကို စီမံခန့်ခွဲနိုင်အောင်လည်း ပြင်ဆင်နေပါတယ်။ ကျနော်တို့အချင်းချင်းကြားမှာ နားလည်မှုတွေ၊ အပေးအယူတွေနဲ့ ဖက်ဒရယ် သဘောတရားတွေနဲ့ ကိုက်ညီအောင်လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ ကျနော်တော့ အဆိုးဆုံးကို ပြင်ဆင်ထားသလို အကောင်းဆုံးအတွက်လည်း မျှော်လင့်ပြီးတော့ အလုပ်တွေလုပ်နေပါတယ်။

XS
SM
MD
LG