ရွမ္းျပည္နယ္ေျမာက္ပိုင္း တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးဗဟိုဌာနျဖစ္တဲ့ မူဆယ္ၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ မနက္ပိုင္းက အမည္မသိလက္နက္ကိုင္ေတြပစ္ခတ္လို႔ ရဲတပ္ၾကပ္တစ္ဦး ေသဆုံးသြားပါတယ္။ မူဆယ္ၿမိဳ႕လယ္ နာရီစင္အနီး ဗုံးေတြ႕တာေၾကာင့္ ရဲတပ္ဖြဲ႕က သြားေရာက္ရွင္းလင္းအၿပီး၊ အခုလို ပစ္ခတ္မႈျဖစ္တာလို႔ သိရပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။
ရဲတပ္ၾကပ္တစ္ဦးေသဆုံးတဲ့ ဒီပစ္ခတ္မႈဟာ ဗုဒၶဟူးေန႔ မနက္ ၁၀နာရီေလာက္က မူဆယ္ၿမိဳ႕ ေျမာက္ရပ္ကြက္ ၅သုံးလုံး လမ္းၾကားမွာ ျဖစ္ပြားခဲ့တာပါ။ ပစ္ခတ္ခံရတဲ့ ရဲအရာရွိဟာ သူ႔ရဲ႕ ရည္စားျဖစ္သူ ဆံပင္ညႇပ္ဆိုင္ပိုင္ရွင္ အမ်ိဳးသမီးနဲ႔အတူ အျပင္က ျပန္လာခ်ိန္ ဆိုင္ေရွ႕မွာ ပစ္ခတ္ခံရတာျဖစ္ေၾကာင္း မူဆယ္ေဒသခံတစ္ဦးက VOA ကို ေျပာပါတယ္။
“ မေန႔က သူတို႔ ေခါက္ဆြဲစားၿပီးေတာ့ ျပန္လာခ်ိန္မွာ အဲလို ျဖစ္သြားတာ။ ၁၀နာရီ ဝန္းက်င္ေပါ့ေနာ္။ ဒီေကာင္မေလးရဲ႕ အိမ္ေရွ႕မွာပဲ၊ အိမ္ရယ္၊ ဆိုင္ရယ္ သူက တြဲဖြင့္ထားတာ။ ပစ္တာကေတာ့ ၅ခ်က္ပစ္တယ္။ ၿပီးေတာ့ သူ႔ရဲ႕ လြယ္အိတ္လည္း ယူသြားတယ္။ သူ႔တာဝန္က်ေတာ့ ခ႐ိုင္ရဲထဲက တစ္ပြင့္လို႔ေတာ့ ေျပာတာပဲ။ လာပစ္တဲ့ လူငယ္ႏွစ္ေယာက္က ဦးထုပ္နဲ႔ အက်ႌအနက္နဲ႔။ ဘယ္အဖြဲ႕ကလည္း ဆိုေတာ့ တစ္ဖြဲ႕မွလည္း စာမထုတ္ေတာ့ က်ေနာ္တို႔ ေျပာလို႔ ခက္တယ္။ ”
ပစ္ခတ္ခံရသူဟာ ဦးသိန္းေဇာ္ေဌးျဖစ္ၿပီး ပစ္ခတ္ခံရတဲ့ ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ပါတယ္။
အျခားေဒသခံတစ္ဦးကေတာ့ ဒီပစ္ခတ္မႈမျဖစ္ပြားခင္မွာ မူဆယ္ၿမိဳ႕လည္ နာရီစင္အနီးမွာ ဗုံးေတြ႕ခဲ့ေၾကာင္းနဲ႔ ဗုံးကို ရွင္းလင္းၿပီး ျပန္လာစဥ္ ပစ္ခတ္ခံရတာျဖစ္ေၾကာင္း ေျပာပါတယ္။
“ နာရီစင္က ဗုံးေတြ႕တာ။ ဗုံးေတြ႕တာကို သူတို႔ နယ္ထိန္းအဖြဲ႕ သြား ရွင္းတာေပါ့။ ရွင္းၿပီးေတာ့ ျပန္လာၾကတဲ့ အခ်ိန္ ေသနတ္နဲ႔ ပစ္ခံရတာေပါ့။ ”
ေဒသခံေတြကေတာ့ ဗုံးေပါက္ကြဲတာ မရွိေၾကာင္း ေျပာပါတယ္။
ပစ္ခတ္ခံရသူဟာ ရဲတပ္ၾကပ္ႀကီးျဖစ္ေၾကာင္း ေဒသတြင္း သတင္းမီဒီယာအခ်ိဳ႕မွာ ေဖာ္ျပပါတယ္။
မူဆယ္ၿမိဳ႕မွာ လက္နက္ကိုင္အဖြဲ႕ ေပါင္းစုံလႈပ္ရွားေန သလို မၾကာခဏ ပစ္ခတ္သတ္ျဖတ္တာေတြ ျဖစ္ပြားေနတာေၾကာင့္ လုံၿခဳံေရးအရ စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေၾကာင္း မူဆယ္ၿမိဳ႕ လူမႈေရးအသင္းက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
“ လုံၿခဳံေရးက ျပည္သူေတြအတြက္က ေတာ္ေတာ္ေတာ့ အႏၲရာယ္ရွိတာေပါ့ေနာ္။ လုံၿခဳံေရး မရွိဘူးေပါ့၊ ေျပာမယ္ဆိုရင္။ လက္နက္ကိုင္ေတြကလည္း မ်ားတယ္။ သူခိုး၊ ဓါးျပေတြကလည္း မ်ားတယ္။ လက္နက္ကလည္း ဝယ္ကိုင္လို႔ ရတယ္ဆိုေတာ့ က်ေနာ္တို႔ ျပည္သူေတြအေနနဲ႔ကေတာ့ အႏၲရာယ္မ်ားတာေပါ့ဗ်ာ။ လုံၿခဳံမႈမရွိဘူးလို႔ ခံစားရတယ္။ ”
မူဆယ္ၿမိဳ႕နယ္တြင္း လႈပ္ရွားေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြက သိန္းဆယ္ခ်ီၿပီး အခြန္ေကာက္ယူေနတာနဲ႔ ကိုဗစ္ကာလအတြင္း နယ္စပ္စီးပြားေရး ရပ္ဆိုင္းေနတာေၾကာင့္လည္း မူဆယ္ၿမိဳ႕ေပၚက ေငြေၾကးခ်မ္းသာသူေတြဟာ အျခားေဒသေတြကို ေျပာင္းေ႐ႊ႕တာေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။
မူဆယ္ၿမိဳ႕မွာ လက္နက္ကိုင္အဖြဲ႕အေနနဲ႔ စစ္တပ္၊ရဲနဲ႔ ျပည္သူစစ္တပ္ဖြဲ႕ေတြအျပင္ ကခ်င္၊ တအန္း(ပေလာင္) နဲ႔ ရွမ္းေတာင္နဲ႔ ေျမာက္ စတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ လႈပ္ရွားေနတာျဖစ္ပါတယ္။
{Unicode}
မူဆယ်ပစ်ခတ်မှု ရဲတပ်ကြပ်ကြီးတစ်ဦးသေဆုံး
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဗဟိုဌာနဖြစ်တဲ့ မူဆယ်မြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက အမည်မသိလက်နက်ကိုင်တွေပစ်ခတ်လို့ ရဲတပ်ကြပ်တစ်ဦး သေဆုံးသွားပါတယ်။ မူဆယ်မြို့လယ် နာရီစင်အနီး ဗုံးတွေ့တာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်းအပြီး၊ အခုလို ပစ်ခတ်မှုဖြစ်တာလို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းပြောပြပါမယ်။
ရဲတပ်ကြပ်တစ်ဦးသေဆုံးတဲ့ ဒီပစ်ခတ်မှုဟာ ဗုဒ္ဓဟူးနေ့ မနက် ၁၀နာရီလောက်က မူဆယ်မြို့ မြောက်ရပ်ကွက် ၅သုံးလုံး လမ်းကြားမှာ ဖြစ်ပွားခဲ့တာပါ။ ပစ်ခတ်ခံရတဲ့ ရဲအရာရှိဟာ သူ့ရဲ့ ရည်စားဖြစ်သူ ဆံပင်ညှပ်ဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့အတူ အပြင်က ပြန်လာချိန် ဆိုင်ရှေ့မှာ ပစ်ခတ်ခံရတာဖြစ်ကြောင်း မူဆယ်ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။
“ မနေ့က သူတို့ ခေါက်ဆွဲစားပြီးတော့ ပြန်လာချိန်မှာ အဲလို ဖြစ်သွားတာ။ ၁၀နာရီ ဝန်းကျင်ပေါ့နော်။ ဒီကောင်မလေးရဲ့ အိမ်ရှေ့မှာပဲ၊ အိမ်ရယ်၊ ဆိုင်ရယ် သူက တွဲဖွင့်ထားတာ။ ပစ်တာကတော့ ၅ချက်ပစ်တယ်။ ပြီးတော့ သူ့ရဲ့ လွယ်အိတ်လည်း ယူသွားတယ်။ သူ့တာဝန်ကျတော့ ခရိုင်ရဲထဲက တစ်ပွင့်လို့တော့ ပြောတာပဲ။ လာပစ်တဲ့ လူငယ်နှစ်ယောက်က ဦးထုပ်နဲ့ အင်္ကျီအနက်နဲ့။ ဘယ်အဖွဲ့ကလည်း ဆိုတော့ တစ်ဖွဲ့မှလည်း စာမထုတ်တော့ ကျနော်တို့ ပြောလို့ ခက်တယ်။ ”
ပစ်ခတ်ခံရသူဟာ ဦးသိန်းဇော်ဌေးဖြစ်ပြီး ပစ်ခတ်ခံရတဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
အခြားဒေသခံတစ်ဦးကတော့ ဒီပစ်ခတ်မှုမဖြစ်ပွားခင်မှာ မူဆယ်မြို့လည် နာရီစင်အနီးမှာ ဗုံးတွေ့ခဲ့ကြောင်းနဲ့ ဗုံးကို ရှင်းလင်းပြီး ပြန်လာစဉ် ပစ်ခတ်ခံရတာဖြစ်ကြောင်း ပြောပါတယ်။
“ နာရီစင်က ဗုံးတွေ့တာ။ ဗုံးတွေ့တာကို သူတို့ နယ်ထိန်းအဖွဲ့ သွား ရှင်းတာပေါ့။ ရှင်းပြီးတော့ ပြန်လာကြတဲ့ အချိန် သေနတ်နဲ့ ပစ်ခံရတာပေါ့။ ”
ဒေသခံတွေကတော့ ဗုံးပေါက်ကွဲတာ မရှိကြောင်း ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ ရဲတပ်ကြပ်ကြီးဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာအချို့မှာ ဖော်ပြပါတယ်။
မူဆယ်မြို့မှာ လက်နက်ကိုင်အဖွဲ့ ပေါင်းစုံလှုပ်ရှားနေ သလို မကြာခဏ ပစ်ခတ်သတ်ဖြတ်တာတွေ ဖြစ်ပွားနေတာကြောင့် လုံခြုံရေးအရ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိကြောင်း မူဆယ်မြို့ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ လုံခြုံရေးက ပြည်သူတွေအတွက်က တော်တော်တော့ အန္တရာယ်ရှိတာပေါ့နော်။ လုံခြုံရေး မရှိဘူးပေါ့၊ ပြောမယ်ဆိုရင်။ လက်နက်ကိုင်တွေကလည်း များတယ်။ သူခိုး၊ ဓါးပြတွေကလည်း များတယ်။ လက်နက်ကလည်း ဝယ်ကိုင်လို့ ရတယ်ဆိုတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့ကတော့ အန္တရာယ်များတာပေါ့ဗျာ။ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ ”
မူဆယ်မြို့နယ်တွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သိန်းဆယ်ချီပြီး အခွန်ကောက်ယူနေတာနဲ့ ကိုဗစ်ကာလအတွင်း နယ်စပ်စီးပွားရေး ရပ်ဆိုင်းနေတာကြောင့်လည်း မူဆယ်မြို့ပေါ်က ငွေကြေးချမ်းသာသူတွေဟာ အခြားဒေသတွေကို ပြောင်းရွှေ့တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
မူဆယ်မြို့မှာ လက်နက်ကိုင်အဖွဲ့အနေနဲ့ စစ်တပ်၊ရဲနဲ့ ပြည်သူစစ်တပ်ဖွဲ့တွေအပြင် ကချင်၊ တအန်း(ပလောင်) နဲ့ ရှမ်းတောင်နဲ့ မြောက် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတာဖြစ်ပါတယ်။