သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နယ္စပ္ဂိတ္မ်ား ျမန္မာဖက္ျခမ္းျပန္မဖြင့္ေသး


တ႐ုတ္နယ္စပ္က ျမန္မာကုန္ကားမ်ား



ျမန္မာနဲ႔ အဓိက နယ္စပ္ကုန္သြယ္ေရး ဂိတ္ျဖစ္တဲ့ မူဆယ္-ေ႐ႊလီ နယ္စပ္ဂိတ္ေတြကို တ႐ုတ္ဖက္က ဖြင့္လိုက္ေပမယ့္၊ ျမန္မာႏိုင္ငံဖက္ကေတာ့ တ႐ုတ္ႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈေတြေၾကာင့္ ျပန္ဖြင့္ဖို႔ ဆုံးျဖတ္ခ်က္ မခ်ႏိုင္ေသးပါဘူး။ ဒါေၾကာင့္ ဒီေန႔ အဂၤါေန႔မွာ တ႐ုတ္နဲ႔ ျမန္မာဘက္က နယ္စပ္ကုန္သြယ္ေရးစခန္း တာဝန္ရရွိသူေတြ ထပ္ၿပီးညႇိႏႈိင္းေနၾကတယ္လို႔ ကုန္သည္တခ်ိဳ႕က ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္းကို ကိုစည္သူ ေျပာျပမွာပါ။

ကိုဗစ္စျဖစ္ကတည္းက ပိတ္ထားတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းက မူဆယ္နယ္စပ္ဂိတ္ကို တ႐ုတ္ဘက္က ဖြင့္ေပးလိုက္တာ ၂ရက္ေလာက္ရွိၿပီ ျဖစ္ေပမဲ့၊ ျမန္မာဘက္ျခမ္းကေတာ့ ဒီကေန႔အထိ ျပန္မဖြင့္ေသးပါဘူး။ ကုန္စည္စီးဆင္းမႈထက္ ကပ္ေရာဂါကာကြယ္ဖို႔က အဓိကျဖစ္တယ္ဆိုၿပီး ျမန္မာကုန္သည္ေတြဖက္ကေတာ့ ဒါကို ေထာက္ခံၾကပါတယ္။ ဒါေၾကာင့္ တ႐ုတ္- ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္စခန္းက တာဝန္ရွိသူေတြ ဒီေန႔ ေတြ႕ဆုံၿပီး ဒီကိစၥကို ေဆြးေႏြးေနေၾကာင္း မူဆယ္ကုန္သည္အသင္းက တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

" အခုေတာ့ အစည္းအေဝး လုပ္ေနတယ္၊ ေလာေလာဆယ္ေတာ့ ဘာမွ အေျဖမထြက္လာေသးဘူး။ ဝင္ခ်င္တဲ့သူလည္းရွိတယ္ ေရာဂါကူစက္မွာ စိုးတဲ့သူလည္းရွိတယ္။ တံခါးဖြင့္ဖို႔ ကိစၥကို မူဆယ္မွာေရာ မူဆယ္မွာ ေရာက္ေနသူေတြေရာ ဥပမာေပးၿပီး တြက္ၾကည့္မယ္ဆိုရင္ တဝက္ေတာင္မရွိဘူး မဖြင့္ေစခ်င္ဘူး။ အလုပ္အကိုင္ ရွားပါးတာက ရွားပါးတာပဲ ဂိတ္ပိတ္လိုက္လို႔ ဒါေပမဲ့ က်န္းမာေရးအရ ပိုဆိုးသြားမွာ စိုးရိမ္ေနၾကတယ္။ ဒါေၾကာင့္ က်န္းမာေရးက ပထမ၊ စီးပြားေရးက ဒုတိယဆိုၿပီး အဲဒီခံယူခ်က္နဲ႔ ေလာေလာဆယ္ ဒီဂိတ္ကို ပိတ္ထားျခင္းျဖစ္တယ္။"

တ႐ုတ္ကေတာ့ နယ္စပ္ကုန္သြယ္ေရးကို ျပန္စဖို႔ ခရီးသြားလာမႈေတြကို ျမႇင့္တင္ဖို႔ ႀကိဳးပမ္းလာေပမဲ့ ျမန္မာဘက္ကေတာ့ တ႐ုတ္ရဲ႕ ကပ္ေရာဂါအေျခအေနကို စိုးရိမ္မႈ ရွိေနတာပါ။

ျမန္မာဘက္က ျပန္မဖြင့္ေသးတာေၾကာင့္ တ႐ုတ္ျပည္မႀကီးထဲက ဆင္းလာတဲ့ ျမန္မာႏိုင္ငံသားတခ်ိဳ႕ တ႐ုတ္ေ႐ႊလီၿမိဳ႕ထဲမွာ ပိတ္မိေနသလို ျမန္မာဘက္ကေန ေ႐ႊလီကို ကူးမဲ့သူေတြလည္း မူဆယ္ၿမိဳ႕ထဲမွာ အမ်ားအျပား ေရာက္ေနၾကတာပါ။ တ႐ုတ္ေ႐ႊလီဘက္မွာလည္း စီးပြားေရး၊ လုပ္ငန္းေတြက ထင္သေလာက္ မေကာင္းေသးတဲ့အတြက္ ေ႐ႊလီအစိုးရက လက္လုပ္လက္စားထက္ ျမန္မာလုပ္ငန္းရွင္ေတြကို ပိုၿပီးလာေစခ်င္ပုံရေၾကာင္း ေ႐ႊလီၿမိဳ႕မွာရွိတဲ့ ကိုေနာင္က ေျပာပါတယ္။

" အခုခ်ိန္မွာ အဆင္မေျပေသးဘူးဗ်၊ တကယ့္တကယ္ ဖြင့္ၿပီးလို႔ အဲအခ်ိန္က်မွပဲ တက္လာေစခ်င္တယ္။ က်ေနာ္တို႔ၾကားတာ တ႐ုတ္ဘက္ကလည္း သူက ျမန္မာျပည္ ဖြင့္တယ္ေဟ့ဆိုရင္ အမ်ားအျပား လာမွာျဖစ္လို႔ သူကလည္း တ႐ုတ္ေငြ ဘယ္ေလာက္ပါမွ အဝင္ခံမယ္ဆိုတဲ့ အဲလိုသတင္းေတြလည္း ၾကားေနရတယ္၊ တ႐ုတ္ေငြ ၂,၀၀၀ ေလာက္ (ျမန္မာက်ပ္ေငြ ၆သိန္းေက်ာ္) ပါမွေပါ့ေနာ္။ ေျပာမယ္ဆို သူတို႔က အလုပ္သမားထက္ လုပ္ငန္းရွင္ေတြပဲ လာေစခ်င္တဲ့ ပုံစံမ်ိဳး။ ဘာလို႔လဲဆို က်ေနာ္တို႔ ေ႐ႊလီထဲမယ္ လက္ရွိ အလုပ္လုပ္ေနသူေတြ ေတာင္မွ အဆင္မေျပၾကဘူးဗ်။ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းေတြ အဆင္မေျပဘူး ဆိုကတည္းက ဒီဘက္မယ္က အေရာင္းအဝယ္ေတြ ဘာေတြလည္း သိပ္မျဖစ္ၾကဘူး။"

တ႐ုတ္ႏိုင္ငံထဲမွာ ႏွစ္သစ္ကူးအတြက္ သယ္ယူပို႔ေဆာင္ေရးေတြ ျပန္ၿပီးလည္ပတ္ခဲ့တဲ့ ဇန္နဝါရီလ၇ရက္ တေန႔တည္းမွာတင္ တႏိုင္ငံလုံးမွာ ခရီးသြားလာသူဦးေရ ၃၄.၇၃သန္း ရွိခဲ့ပါတယ္။ ႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈႏႈန္း ဆက္တိုက္တိုးလာေပမဲ့ တ႐ုတ္ကေတာ့ ျမန္မာ၊ ဗီယက္နမ္နဲ႔ လာအိုနယ္စပ္က မိုဟန္ နယ္စပ္ဂိတ္တို႔ကို ဇန္နဝါရီလ ၈ရက္ကတည္းက ဖြင့္ေပးခဲ့ပါတယ္။ တ႐ုတ္-ျမန္မာ ေ႐ႊလီနယ္စပ္ဂိတ္ကို ဖြင့္လွစ္လိုက္ၿပီလို႔ တ႐ုတ္သံ႐ုံးက ေၾကညာထားပါတယ္။

{Unicode}

တရုတ်နယ်စပ်ဂိတ်များ မြန်မာဖက်ခြမ်းပြန်မဖွင့်သေး
ဇန်နဝါရီ ၁၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)


မြန်မာနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်တဲ့ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တွေကို တရုတ်ဖက်က ဖွင့်လိုက်ပေမယ့်၊ မြန်မာနိုင်ငံဖက်ကတော့ တရုတ်နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုတွေကြောင့် ပြန်ဖွင့်ဖို့ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ ဒါကြောင့် ဒီနေ့ အင်္ဂါနေ့မှာ တရုတ်နဲ့ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရရှိသူတွေ ထပ်ပြီးညှိနှိုင်းနေကြတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုစည်သူ ပြောပြမှာပါ။

ကိုဗစ်စဖြစ်ကတည်းက ပိတ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ဖွင့်ပေးလိုက်တာ ၂ရက်လောက်ရှိပြီ ဖြစ်ပေမဲ့၊ မြန်မာဘက်ခြမ်းကတော့ ဒီကနေ့အထိ ပြန်မဖွင့်သေးပါဘူး။ ကုန်စည်စီးဆင်းမှုထက် ကပ်ရောဂါကာကွယ်ဖို့က အဓိကဖြစ်တယ်ဆိုပြီး မြန်မာကုန်သည်တွေဖက်ကတော့ ဒါကို ထောက်ခံကြပါတယ်။ ဒါကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံနယ်စပ်စခန်းက တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးနေကြောင်း မူဆယ်ကုန်သည်အသင်းက တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

" အခုတော့ အစည်းအဝေး လုပ်နေတယ်၊ လောလောဆယ်တော့ ဘာမှ အဖြေမထွက်လာသေးဘူး။ ဝင်ချင်တဲ့သူလည်းရှိတယ် ရောဂါကူစက်မှာ စိုးတဲ့သူလည်းရှိတယ်။ တံခါးဖွင့်ဖို့ ကိစ္စကို မူဆယ်မှာရော မူဆယ်မှာ ရောက်နေသူတွေရော ဥပမာပေးပြီး တွက်ကြည့်မယ်ဆိုရင် တဝက်တောင်မရှိဘူး မဖွင့်စေချင်ဘူး။ အလုပ်အကိုင် ရှားပါးတာက ရှားပါးတာပဲ ဂိတ်ပိတ်လိုက်လို့ ဒါပေမဲ့ ကျန်းမာရေးအရ ပိုဆိုးသွားမှာ စိုးရိမ်နေကြတယ်။ ဒါကြောင့် ကျန်းမာရေးက ပထမ၊ စီးပွားရေးက ဒုတိယဆိုပြီး အဲဒီခံယူချက်နဲ့ လောလောဆယ် ဒီဂိတ်ကို ပိတ်ထားခြင်းဖြစ်တယ်။"

တရုတ်ကတော့ နယ်စပ်ကုန်သွယ်ရေးကို ပြန်စဖို့ ခရီးသွားလာမှုတွေကို မြှင့်တင်ဖို့ ကြိုးပမ်းလာပေမဲ့ မြန်မာဘက်ကတော့ တရုတ်ရဲ့ ကပ်ရောဂါအခြေအနေကို စိုးရိမ်မှု ရှိနေတာပါ။

မြန်မာဘက်က ပြန်မဖွင့်သေးတာကြောင့် တရုတ်ပြည်မကြီးထဲက ဆင်းလာတဲ့ မြန်မာနိုင်ငံသားတချို့ တရုတ်ရွှေလီမြို့ထဲမှာ ပိတ်မိနေသလို မြန်မာဘက်ကနေ ရွှေလီကို ကူးမဲ့သူတွေလည်း မူဆယ်မြို့ထဲမှာ အများအပြား ရောက်နေကြတာပါ။ တရုတ်ရွှေလီဘက်မှာလည်း စီးပွားရေး၊ လုပ်ငန်းတွေက ထင်သလောက် မကောင်းသေးတဲ့အတွက် ရွှေလီအစိုးရက လက်လုပ်လက်စားထက် မြန်မာလုပ်ငန်းရှင်တွေကို ပိုပြီးလာစေချင်ပုံရကြောင်း ရွှေလီမြို့မှာရှိတဲ့ ကိုနောင်က ပြောပါတယ်။

" အခုချိန်မှာ အဆင်မပြေသေးဘူးဗျ၊ တကယ့်တကယ် ဖွင့်ပြီးလို့ အဲအချိန်ကျမှပဲ တက်လာစေချင်တယ်။ ကျနော်တို့ကြားတာ တရုတ်ဘက်ကလည်း သူက မြန်မာပြည် ဖွင့်တယ်ဟေ့ဆိုရင် အများအပြား လာမှာဖြစ်လို့ သူကလည်း တရုတ်ငွေ ဘယ်လောက်ပါမှ အဝင်ခံမယ်ဆိုတဲ့ အဲလိုသတင်းတွေလည်း ကြားနေရတယ်၊ တရုတ်ငွေ ၂,၀၀၀ လောက် (မြန်မာကျပ်ငွေ ၆သိန်းကျော်) ပါမှပေါ့နော်။ ပြောမယ်ဆို သူတို့က အလုပ်သမားထက် လုပ်ငန်းရှင်တွေပဲ လာစေချင်တဲ့ ပုံစံမျိုး။ ဘာလို့လဲဆို ကျနော်တို့ ရွှေလီထဲမယ် လက်ရှိ အလုပ်လုပ်နေသူတွေ တောင်မှ အဆင်မပြေကြဘူးဗျ။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ အဆင်မပြေဘူး ဆိုကတည်းက ဒီဘက်မယ်က အရောင်းအဝယ်တွေ ဘာတွေလည်း သိပ်မဖြစ်ကြဘူး။"

တရုတ်နိုင်ငံထဲမှာ နှစ်သစ်ကူးအတွက် သယ်ယူပို့ဆောင်ရေးတွေ ပြန်ပြီးလည်ပတ်ခဲ့တဲ့ ဇန်နဝါရီလ၇ရက် တနေ့တည်းမှာတင် တနိုင်ငံလုံးမှာ ခရီးသွားလာသူဦးရေ ၃၄.၇၃သန်း ရှိခဲ့ပါတယ်။ နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်တိုးလာပေမဲ့ တရုတ်ကတော့ မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနယ်စပ်က မိုဟန် နယ်စပ်ဂိတ်တို့ကို ဇန်နဝါရီလ ၈ရက်ကတည်းက ဖွင့်ပေးခဲ့ပါတယ်။ တရုတ်-မြန်မာ ရွှေလီနယ်စပ်ဂိတ်ကို ဖွင့်လှစ်လိုက်ပြီလို့ တရုတ်သံရုံးက ကြေညာထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG