Zawgyi/ Unicode
တ႐ုတ္ခရီးသြားေတြ ကိုဗစ္ကန္႔သတ္မႈ တင္းၾကပ္ဖို႔ ႏိုင္ငံအမ်ားအျပား ျပင္ဆင္
တ႐ုတ္ျပည္မွာ ကိုဗစ္ကူးဆက္မႈႏႈန္းေတြျပန္ျမင့္တက္လာေနတဲ့အတြက္ ကမ႓ာ့ႏိုင္ငံအသီးသီးက တာ၀န္ရွိသူေတြက တ႐ုတ္ျပည္ကလာေရာက္တဲ့ ခရီးသြားေတြကို ကန္႔သတ္ထိန္းခ်ဳပ္ဖို႔၊ တားျမစ္ဖို႔ ျပဳလုပ္တာ ဒါမွမဟုတ္ စတင္စဥ္စားေန တာေတြျပဳလုပ္လာေနၾကပါတယ္။
နယ္သာလန္ႏိုင္ငံနဲ႔ ေပၚတူဂီႏိုင္ငံေတြက တ႐ုတ္ျပည္ကလာတဲ့ ခရီးသြားေတြကိုအေပၚကိုဗစ္တင္းၾကပ္မႈေတြစတင္ျပဳ လုပ္ဖို႔ စီစဥ္ေနၿပီး၊ ေရွ႕တပတ္ကစၿပီး တ႐ုတ္ျပည္ကလာတဲ့ ခရီးသည္ေတြအေနနဲ႔ကိုဗစ္ကင္း စင္ေၾကာင္းအေထာက္အ ထားေတြျပရမယ္လို႔ေသာၾကာေန႔မွာထုတ္ျပန္ေၾကျငာပါတယ္။
နယ္သာလန္ႏိုင္ငံမွာ လာမယ့္အဂၤါေန႔ကစတင္မွာျဖစ္ၿပီး၊ ေပၚတူဂီမွာေတာ့ ဒီကေန႔ စေနေ န႔ကစတင္မွာျဖစ္ပါတယ္။ ဥေရာပသမဂၢကအဖဲြ႕၀င္ႏိုင္ငံေတြကို တိုက္တြန္းထားတဲ့အတြက္ စတင္လုပ္ေဆာင္ေနတာျဖစ္ၿပီးအျခား ဥေရာပသမဂၢ အဖဲြ႕၀င္ႏိုင္ငံေတြျဖစ္တဲ့ ဂ်ာမဏီ၊ ျပင္သစ္၊ အီတလီ၊ စပိန္ စတဲ့ႏိုင္ငံေတြအပါအ၀င္ ဒါဇင္နဲ႔ခ်ီတဲ့ႏိုင္ငံေတြဟာ တ႐ုတ္ျပည္ကလာတဲ့ခရီးသြားေတြကို ကိုဗစ္ကင္းစင္ေၾကာင္းအေထာက္အထားျပသဖို႔ ေၾကျငာထားၿပီးျဖစ္ပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာလည္း ဇႏၷဝါရီလ ၅ ရက္ေန႔ကတည္းကစတင္ၿပီး တ႐ုတ္ျပည္ကေန လာတဲ့ခရီးသည္ေတြ အေနနဲ႔ အသက္ ၂ ႏွစ္ကေနအထက္အားလုံး တ႐ုတ္ျပည္ကေနခရီးစတင္မထြက္ခြါမီ ၂ ရက္အလိုမွာ ကိုဗစ္စစ္ေဆးၿပီး၊ ကင္းစင္ေၾကာင္းေထာက္ခံခ်က္မပါမေနရျပဌာန္းထားပါတယ္။
အဲဒိအထဲမွာ ေဟာင္ေကာင္၊ မကၠာအိုစတဲ့ ေဒသကခရီးသြားေတြလည္းပါ၀င္ပါတယ္။ ဒါအျပင္ အေမရိကန္ႏိုင္ငံသား ေတြအေနနဲ႔လည္း တ႐ုတ္၊ ေဟာင္ေကာင္နဲ႔ မကၠာအိုႏိုင္ တို႔ကိုခရီးသြားဖို႔အစီစဥ္ရွိပါက ျပန္လည္စဥ္းစားၾကဖို႔ကိုလည္း အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးဌာန CDC ကတိုက္တြန္းထားပါတယ္။
##
တရုတ်ခရီးသွားတွေ ကိုဗစ်ကန့်သတ်မှု တင်းကြပ်ဖို့ နိုင်ငံအများအပြား ပြင်ဆင်
တရုတ်ပြည်မှာ ကိုဗစ်ကူးဆက်မှုနှုန်းတွေပြန်မြင့်တက်လာနေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက တာဝန်ရှိသူတွေက တရုတ်ပြည်ကလာရောက်တဲ့ ခရီးသွားတွေကို ကန့်သတ်ထိန်းချုပ်ဖို့၊ တားမြစ်ဖို့ ပြုလုပ်တာ ဒါမှမဟုတ် စတင်စဉ်စားနေ တာတွေပြုလုပ်လာနေကြပါတယ်။
နယ်သာလန်နိုင်ငံနဲ့ ပေါ်တူဂီနိုင်ငံတွေက တရုတ်ပြည်ကလာတဲ့ ခရီးသွားတွေကိုအပေါ်ကိုဗစ်တင်းကြပ်မှုတွေစတင်ပြု လုပ်ဖို့ စီစဉ်နေပြီး၊ ရှေ့တပတ်ကစပြီး တရုတ်ပြည်ကလာတဲ့ ခရီးသည်တွေအနေနဲ့ကိုဗစ်ကင်း စင်ကြောင်းအထောက်အ ထားတွေပြရမယ်လို့သောကြာနေ့မှာထုတ်ပြန်ကြေငြာပါတယ်။
နယ်သာလန်နိုင်ငံမှာ လာမယ့်အင်္ဂါနေ့ကစတင်မှာဖြစ်ပြီး၊ ပေါ်တူဂီမှာတော့ ဒီကနေ့ စနေေ န့ကစတင်မှာဖြစ်ပါတယ်။ ဥရောပသမဂ္ဂကအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားတဲ့အတွက် စတင်လုပ်ဆောင်နေတာဖြစ်ပြီးအခြား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ စပိန် စတဲ့နိုင်ငံတွေအပါအဝင် ဒါဇင်နဲ့ချီတဲ့နိုင်ငံတွေဟာ တရုတ်ပြည်ကလာတဲ့ခရီးသွားတွေကို ကိုဗစ်ကင်းစင်ကြောင်းအထောက်အထားပြသဖို့ ကြေငြာထားပြီးဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာလည်း ဇန္နဝါရီလ ၅ ရက်နေ့ကတည်းကစတင်ပြီး တရုတ်ပြည်ကနေ လာတဲ့ခရီးသည်တွေ အနေနဲ့ အသက် ၂ နှစ်ကနေအထက်အားလုံး တရုတ်ပြည်ကနေခရီးစတင်မထွက်ခွါမီ ၂ ရက်အလိုမှာ ကိုဗစ်စစ်ဆေးပြီး၊ ကင်းစင်ကြောင်းထောက်ခံချက်မပါမနေရပြဌာန်းထားပါတယ်။
အဲဒိအထဲမှာ ဟောင်ကောင်၊ မက္ကာအိုစတဲ့ ဒေသကခရီးသွားတွေလည်းပါဝင်ပါတယ်။ ဒါအပြင် အမေရိကန်နိုင်ငံသား တွေအနေနဲ့လည်း တရုတ်၊ ဟောင်ကောင်နဲ့ မက္ကာအိုနိုင် တို့ကိုခရီးသွားဖို့အစီစဉ်ရှိပါက ပြန်လည်စဉ်းစားကြဖို့ကိုလည်း အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန CDC ကတိုက်တွန်းထားပါတယ်။