သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

TPS အခြင္႔အလမ္း ႏွင္႔ အကန္႔အသတ္မ်ား 


TPS ေလ်ာက္ထားႏိုင္ပံု

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ အေမရိကန္အစိုးရက ခြင့္ျပဳလိုက္တဲ့ ယာယီကာကြယ္ေပးမႈဆိုင္ရာ ဗီဇာ (TPS)နဲ႔ ပတ္သက္လို႔ ဘယ္လို အခြင့္အလမ္းေတြ၊ ကန္႔သတ္ခ်က္ေတြရွိေနလဲ ဆိုတဲ့ ရွင္းလင္းေဆြးေႏြးပဲြကို နယူးေရာက္ၿမိဳ႕ ေကာင္စီ၀င္ ရဲ႕ အကူအညီနဲ႔ Burma Point အဖဲြ႔က အြန္လိုင္းကေန အဂၤါေန႔က ျပဳလုပ္ခဲ့ပါတယ္။

နယူးေရာက္ၿမိဳ႕ေကာင္စီရဲ႕ ဥပေဒေရးရာေဆာင္ရြက္ေပးေနတဲ့ အဖဲြ႔ကိုယ္စားလွယ္တဦး ရွင္းျပခဲ့တဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ TPS ေလွ်ာက္ထားသင့္တဲ့ အခ်က္အလက္ေတြနဲ႔ ပတ္သက္လို႔ Burma Point တာ၀န္ခံ ကိုမိုးခ်မ္းကို မအင္ၾကင္းႏိုင္က ဗီြဒီယိုကြန္ဖရင့္နဲ႔ ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုမိုးခ်မ္း။ ။ အေမရိကားမွာ ေရာက္ေနၿပီးသားေတြ ျမန္မာႏိုင္ငံသားေတြ၊ျမန္မာပတ္စပို႔ကိုင္ တဲ့ ျမန္မာႏိုင္ငံသားေတြ အေနနဲ႔ ျမန္မာႏိုင္ငံကို မျပန္ႏိုင္တဲ့ အေနအထားမ်ိဳး ရွိေနတယ္ဆိုရင္ ဒီမွာ ၁၈ လ (သို႔မဟုတ္) ၁၂ လ ၊ ၆ လ စသည္အားျဖင့္ေပ့ါ သူတို႔ သတ္မွတ္ခ်က္ေတြရွိတယ္ ။ ျမန္မာႏိုင္ငံကိုေတာ့ က်ေနာ္ နားလည္တာကေတာ့ ၁၈ လ အထိ ေပးထားတယ္လို႔ က်ေနာ္ နားလည္တယ္။ အဲဒီ ၁၈ လ အထိ ဆက္ၿပီးေတာ့ ဒီမွာ ယာယီေနထိုင္ခြင့္ေပးထားတယ္။ အဲဒါကို က်ေနာ္တို႔ကို အဓိက ရွင္းျပတယ္။

မအင္ၾကင္းႏိုင္။ ။ ဒီ ဗီဇာ ေလ်ာက္မယ့္သူေတြအတြက္ အခက္အခဲေတြေရာ ဘာေတြရွိႏိုင္မလဲရွင့္။

ကိုမိုးခ်မ္း။ ။ ဟုတ္ကဲ့ အခု ဒီ TPS ကိစၥကေတာ့ ဥပမာအားျဖင့္ အေမရိကားမွာ ေခတၱေနထိုင္ ဖို႔ေပါ့ေနာ္ ေနာက္ထပ္ ၁၈ လအထိ ပဋိပကၡျဖစ္ေနတဲ့ ကာလမွာ ေနထိုင္ဖို႔ အတြက္ကို သူက အခြင့္အေရးေပးတာျဖစ္ပါတယ္။ ဒါၿပီးရင္ေတာ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနက အားလံုးျပန္ေကာင္းသြားမယ္ဆိုရင္ေတာ့ ကိုယ္က ျပန္ရမယ့္တာ၀န္ရွိတယ္ေပါ့ ကိုယ္က TPS လူအေနနဲ႔ေပါ့ေနာ္။ TPS ေလွ်ာက္တိုင္းလည္း ရႏိုင္တာေတာ့မဟုတ္ဘူးေပါ့ေနာ္ ၊ ဒါေပမယ့္ ရဖို႔အလားအလာမ်ားတယ္ သူတို႔ ေတာင္းဆိုတဲ့ စာရြက္စာတမ္းေတြ ျပႏိုင္တယ္ဆိုရင္ ၊ ေနာက္ၿပီးေတာ့ သူတို႔ သတ္မွတ္တဲ့ ရက္ကာလအတြင္းမွာ ဒီ TPS ကို ယာယီေနထိုင္ခြင့္ကို ေလ်ာက္တယ္ဆိုရင္ သူတို႔က အေမရိကန္အစိုးရက ေပးမယ္။ ဒါေပမယ့္ သူတို႔ သတ္မွတ္ထားတဲ့ ရက္ကာလမွာ မေလ်ာက္ဘူး ေနာက္ၿပီးသူတို႔ ေတာင္းဆိုတဲ့ သက္ေသအခ်က္အလက္ေတြ မေပးႏိုင္ဘူး ဆိုရင္ေတာ့ သူတို႔အေနနဲ႔ ျငင္းပိုင္ခြင့္ရွိတယ္။ ေလွ်ာက္တိုင္းရမယ္လို႔ေတာ့ သူတို႔ အာမခံတာမရွိဘူး က်ေနာ္ နားလည္ရသေလာက္ေလ။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ TPS ဗီဇာ ရထားတဲ့ လူေတြအေနနဲ႔ကလည္း Green card အျမဲတမ္းေနထိုင္ခြင့္ရတာမ်ိဳးမဟုတ္ဘူး ၊ သူတုိ႔ ေပးမွာလည္း မဟုတ္ဘူးဆိုတာကို အေမရိကန္တရားရံုးခ်ဳပ္ကိုယ္တိုင္ကလည္း ဆံုးျဖတ္ထားေတာ့ ၊ ဒါေပမယ့္ တဖက္မွာ အေမရိကန္မွာ အျမဲတမ္းေနထိုင္ခြင့္ရဖို႔ အခြင့္အလမ္းေတြေရာ မရွိႏိုင္ဘူးလားရွင့္။

ကိုမိုးခ်မ္း။ ။ Green card ရႏိုင္တဲ့ အေနအထားဆိုတာက TPS ရွိထားတဲ့ လူတေယာက္ကေနၿပီးေတာ့ Green card ကို တိုက္ရိုက္ေလွ်ာက္တဲ့ အေနအထားကေတာ့ မရႏိုင္ဘူးလို႔ က်ေနာ္တို႔ကို ေရွ႕ေနက ေျပာျပသြားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ TPS ဆိုတာက ဒီႏိုင္ငံမွာ ရာသက္ပန္အေျခခ်ေနထိုင္ခြင့္မဟုတ္ဘူး။ အဲလိုအခြင့္အေရးမဟုတ္တဲ့အတြက္ အဲဒီရဲ႕ ေနာက္ဆက္တြဲမွာ Green card ေလ်ာက္ပိုင္ခြင့္မရွိဘူး Green card ေလ်ာက္တယ္ဆိုတာက ဒီလို ဒီႏိုင္ငံမွာ ရာသက္ပန္ေနထိုင္ဖို႔အတြက္ အခြင့္အေရး ေပးခံရေသာ သူေတြကပဲ Green Card ေလ်ာက္ပိုင္ခြင့္ရွိတာ သူက အဲဒါ ဒီ TPS က ယာယီပဲ ေနထိုင္ခြင့္ေပးတာ ဟိုမွာ ပဋိပကၡျဖစ္ေနလို႔ ဟိုမွာ ကိုယ့္တိုင္းျပည္မွာ မၿငိမ္းခ်မ္းလို႔ ဒီမွာ မင္းကို ကာကြယ္ေပးမယ္၊ မင္းမစိုးရိမ္ပါနဲ႔ ၊ မင္း ၁၈ လ ေလာက္ကေတာ့ မင္းယာယီ ဒီမွာေနလိုက္ပါ ။ ၁၈ လ ၿပီးမွ ဆက္ၾကည့္မယ္ ဆိုတဲ့သေဘာမ်ိဳး အဲဒီအခ်ိန္က်ေတာ့ ကိုယ္က Green card လို ဒီႏိုင္ငံမွာပဲ တသက္လံုး အေျခခ်လိုက္ခ်င္တယ္ဆိုတဲ့အေနအထားမ်ိဳး ရွိတယ္ဆိုရင္ TPS မကဘူး ဒီမွာ မိမိရဲ႕ Immigration status လူ၀င္မႈႀကီးၾကပ္ေရး တျခားရွိေနတဲ့ အခြင့္အေရးေတြ ဘယ္လိုေျပာင္းလဲလို႔ရမလဲဆိုတဲ့ တျခားအခြင့္အေရးေတြလည္း ရွိပါတယ္။ ဆိုလိုတာက TPS တခုတည္းမွာပဲ အေျခခံၿပီးေတာ့မွ Green Card ေလ်ာက္လို႔မရသလို Citizenship ေတြလည္း ေမွ်ာ္လင့္လို႔မရဘူး။ ဒါေပမယ့္ ေရွ႕ေနအမ်ိဳးသမီးေျပာသြားတဲ့ အခ်က္ေပၚမွာ ကိုးကားရမယ္ဆိုရင္ ႏိုင္ငံေရးခိုလံုခြင့္ေတာ့ ေလ်ာက္လို႔ရပါတယ္ တၿပိဳင္နက္ထဲမွာ TPS ရွိရွိ မရွိရွိ ႏိုင္ငံေရးခိုလံုခြင့္ ေလ်ာက္လို႔ရတယ္။ သို႔ေသာ္လည္း ရက္အတိုင္းအတာ ကာလေတြမွာ သတ္မွတ္ခ်က္ေတြ ရွိတယ္။ ဒီသတ္မွတ္ခ်က္ထက္ ေက်ာ္လြန္ၿပီးေတာ့မွ ေလ်ာက္တာေတြ ျပဳတာေတြ လုပ္လို႔မရဘူး ။ လုပ္မယ္ဆိုရင္ ျမန္ျမန္ဆန္ဆန္လုပ္ ဒါမ်ိဳးေပါ့ေနာ္။ ေနာက္ၿပီးေတာ့ TPS ေလ်ာက္တဲ့ေနရာမွာေတာင္မွပဲ သူေျပာတာကို ကိုးကားရမယ္ဆိုရင္ ေမလ ၂၅ ရက္ေန႔ကေနစၿပီးေတာ့ ဖြင့္ေပးလိုက္တာ၊ ႏို၀င္ဘာလ ၂၂ ရက္ ၂၀၂၁ ခုႏွစ္ ဒီႏွစ္ ႏို၀င္ဘာလ ၂၂ ရက္ ၾကားကာလမွာ မျဖစ္မေန ေလ်ာက္ရမယ္ ဒီကာလအတြင္းမွာ မေလ်ာက္ဘူးဆိုရင္ အဲဒီေနာက္ပိုင္းမွာမွ လာတယ္ဆိုရင္ TPS မေပးဘူး။ ဒါမ်ိဳးရွိတယ္ ဆိုေတာ့ အဲဒီအခ်ိန္က်ေတာ့ Asylum ခိုလံုခ်င္တဲ့သူေတြကလည္း ဒီၾကားကာလမွာ ခိုလံုခ်င္လည္း ခိုလံုေပါ့ေနာ္ ဒါလည္း ထူးျခားတဲ့အခြင့္အေရး ရွိသားၿပီးသားျဖစ္တယ္ လူတိုင္းမွာေလ။ အဲဒီကေနၿပီးေတာ့ Asylum ခိုလံုတာ ေအာင္ျမင္သြားၿပီဆိုရင္ ေနာက္ထပ္ Green Card ေတြရႏိုင္တဲ့ အခြင့္အေရးေတြ ရွိတာေပါေ့နာ္။

မအင္ၾကင္းႏိုင္။ ။ အခု TPS က ယာယီေနထိုင္ခြင့္ ၁၈ လဆိုေတာ့ ျမန္မာႏိုင္ငံမွာ အဲဒီလို ၁၈ လအတြင္း အေျပာင္းအလဲ မျဖစ္ဘူးဆိုရင္ေရာ သူတို႔ သက္တမ္းတိုးမယ့္အေနအထားရွိသလားရွင့္။

ကိုမိုးခ်မ္း။ ။ ရွိပါတယ္ ဒါကိုလည္း ေရွ႕ေနက ရွင္းျပတဲ့ ေနရာမွာ သက္တမ္းတိုးတဲ့အေနအထားက ေျမျပင္ေပၚမွာ ျဖစ္တဲ့အေနအထားအေပၚမွာ မူတည္ၿပီးေတာ့မွ သူက သံုးသပ္ၿပီးေတာ့မွ တိုးသင့္တယ္ဆိုၿပီးေတာ့ တိုးသြားပါလိမ့္မယ္ အဲဒီတိုးသြားတဲ့ ေနရာမွာ ဂရုစိုက္ရမွာက နဂိုကတည္းက TPS ရထားတဲ့လူေတြအေနနဲ႔ သက္တမ္းတိုးၿပီဆိုရင္ ကိုယ္ကလည္း သက္တမ္းလိုက္တိုးလို႔ရတယ္။ သတ္မွတ္ထားတဲ့ အခ်ိန္ကာလမွာ သက္တမ္းတိုးရမယ္၊ ဒီအခ်ိန္ကာလအတြင္းမွာ သက္တမ္းတိုးရမယ္ဆိုရင္ ဒီသက္တမ္း အခ်ိန္ကာလအတိုင္းအတာအတြင္းမွာ တုိးကိုတိုးရမယ္ အဲဒီ သတ္မွတ္ထားတဲ့ အခ်ိန္ကာလ ေက်ာ္သြားတယ္ဆိုရင္လည္း မရေတာ့ဘူး ေနာက္တခုက ခုနကေျပာထားသလိုပဲ ေမလ ၂၅ ရက္ေန႔ကေန ႏို၀င္ဘာလ ၂၂ ရက္ ၾကားကာလမွာ TPS မယူမိလိုက္ဘူး။ ႏို၀င္ဘာလ ၂၂ ရက္ ေနာက္ပိုင္းမွ ယူတယ္ ။ သို႔မဟုတ္ ဒီ ၁၈ လ ကာလအတြင္း ျမန္မာျပည္မွာလည္း အေျခအေန မေကာင္းေသးဘူး ၊ အေျခအေနမေကာင္းေတာ့ အေမရိကန္အစိုးရကေနၿပီးေတာ့ TPS ကာလကို ထပ္ၿပီးေတာ့ သက္တမ္းထပ္တိုးတယ္ဆိုရင္ အဲဒီအခ်ိန္ေရာက္မွ ငါေလ်ာက္မယ္ဆိုရင္ မရဘူး သူ႔သတ္မွတ္ခ်က္က အဲဒါေၾကာင့္ အစကတည္းက TPS ေလ်ာက္ထားသူ ျဖစ္ရမယ္ ၊ ရထားတယ္ဆိုရင္ ဆက္ၿပီးေတာ့ ေလ်ာက္ပိုင္ခြင့္ရပါတယ္။

Burma Point တာ၀န္ခံ ကိုမိုးခ်မ္းကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

TPS အခြင္႔အလမ္း ႏွင္႔ အကန္႔အသတ္မ်ား
please wait

No media source currently available

0:00 0:06:34 0:00
တိုက္႐ိုက္ လင့္ခ္

...............

TPS အခွင့်အလမ်း နှင့် အကန့်အသတ်များ

(Unicode)

အမေရိကန်ပြည်ထောင်စုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်အစိုးရက ခွင့်ပြုလိုက်တဲ့ ယာယီကာကွယ်ပေးမှုဆိုင်ရာ ဗီဇာ (TPS)နဲ့ ပတ်သက်လို့ ဘယ်လို အခွင့်အလမ်းတွေ၊ ကန့်သတ်ချက်တွေရှိနေလဲ ဆိုတဲ့ ရှင်းလင်းဆွေးနွေးပွဲကို နယူးရောက်မြို့ ကောင်စီဝင် ရဲ့ အကူအညီနဲ့ Burma Point အဖွဲ့က အွန်လိုင်းကနေ အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။

နယူးရောက်မြို့ကောင်စီရဲ့ ဥပဒေရေးရာဆောင်ရွက်ပေးနေတဲ့ အဖွဲ့ကိုယ်စားလှယ်တဦး ရှင်းပြခဲ့တဲ့ မြန်မာနိုင်ငံသားတွေအတွက် TPS လျှောက်ထားသင့်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ Burma Point တာဝန်ခံ ကိုမိုးချမ်းကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုမိုးချမ်း။ ။ အမေရိကားမှာ ရောက်နေပြီးသားတွေ မြန်မာနိုင်ငံသားတွေ၊မြန်မာပတ်စပို့ကိုင် တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံကို မပြန်နိုင်တဲ့ အနေအထားမျိုး ရှိနေတယ်ဆိုရင် ဒီမှာ ၁၈ လ (သို့မဟုတ်) ၁၂ လ ၊ ၆ လ စသည်အားဖြင့်ပေ့ါ သူတို့ သတ်မှတ်ချက်တွေရှိတယ် ။ မြန်မာနိုင်ငံကိုတော့ ကျနော် နားလည်တာကတော့ ၁၈ လ အထိ ပေးထားတယ်လို့ ကျနော် နားလည်တယ်။ အဲဒီ ၁၈ လ အထိ ဆက်ပြီးတော့ ဒီမှာ ယာယီနေထိုင်ခွင့်ပေးထားတယ်။ အဲဒါကို ကျနော်တို့ကို အဓိက ရှင်းပြတယ်။

မအင်ကြင်းနိုင်။ ။ ဒီ ဗီဇာ လျောက်မယ့်သူတွေအတွက် အခက်အခဲတွေရော ဘာတွေရှိနိုင်မလဲရှင့်။

ကိုမိုးချမ်း။ ။ ဟုတ်ကဲ့ အခု ဒီ TPS ကိစ္စကတော့ ဥပမာအားဖြင့် အမေရိကားမှာ ခေတ္တနေထိုင် ဖို့ပေါ့နော် နောက်ထပ် ၁၈ လအထိ ပဋိပက္ခဖြစ်နေတဲ့ ကာလမှာ နေထိုင်ဖို့ အတွက်ကို သူက အခွင့်အရေးပေးတာဖြစ်ပါတယ်။ ဒါပြီးရင်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေက အားလုံးပြန်ကောင်းသွားမယ်ဆိုရင်တော့ ကိုယ်က ပြန်ရမယ့်တာဝန်ရှိတယ်ပေါ့ ကိုယ်က TPS လူအနေနဲ့ပေါ့နော်။ TPS လျှောက်တိုင်းလည်း ရနိုင်တာတော့မဟုတ်ဘူးပေါ့နော် ၊ ဒါပေမယ့် ရဖို့အလားအလာများတယ် သူတို့ တောင်းဆိုတဲ့ စာရွက်စာတမ်းတွေ ပြနိုင်တယ်ဆိုရင် ၊ နောက်ပြီးတော့ သူတို့ သတ်မှတ်တဲ့ ရက်ကာလအတွင်းမှာ ဒီ TPS ကို ယာယီနေထိုင်ခွင့်ကို လျောက်တယ်ဆိုရင် သူတို့က အမေရိကန်အစိုးရက ပေးမယ်။ ဒါပေမယ့် သူတို့ သတ်မှတ်ထားတဲ့ ရက်ကာလမှာ မလျောက်ဘူး နောက်ပြီးသူတို့ တောင်းဆိုတဲ့ သက်သေအချက်အလက်တွေ မပေးနိုင်ဘူး ဆိုရင်တော့ သူတို့အနေနဲ့ ငြင်းပိုင်ခွင့်ရှိတယ်။ လျှောက်တိုင်းရမယ်လို့တော့ သူတို့ အာမခံတာမရှိဘူး ကျနော် နားလည်ရသလောက်လေ။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ TPS ဗီဇာ ရထားတဲ့ လူတွေအနေနဲ့ကလည်း Green card အမြဲတမ်းနေထိုင်ခွင့်ရတာမျိုးမဟုတ်ဘူး ၊ သူတို့ ပေးမှာလည်း မဟုတ်ဘူးဆိုတာကို အမေရိကန်တရားရုံးချုပ်ကိုယ်တိုင်ကလည်း ဆုံးဖြတ်ထားတော့ ၊ ဒါပေမယ့် တဖက်မှာ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရဖို့ အခွင့်အလမ်းတွေရော မရှိနိုင်ဘူးလားရှင့်။

ကိုမိုးချမ်း။ ။ Green card ရနိုင်တဲ့ အနေအထားဆိုတာက TPS ရှိထားတဲ့ လူတယောက်ကနေပြီးတော့ Green card ကို တိုက်ရိုက်လျှောက်တဲ့ အနေအထားကတော့ မရနိုင်ဘူးလို့ ကျနော်တို့ကို ရှေ့နေက ပြောပြသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ TPS ဆိုတာက ဒီနိုင်ငံမှာ ရာသက်ပန်အခြေချနေထိုင်ခွင့်မဟုတ်ဘူး။ အဲလိုအခွင့်အရေးမဟုတ်တဲ့အတွက် အဲဒီရဲ့ နောက်ဆက်တွဲမှာ Green card လျောက်ပိုင်ခွင့်မရှိဘူး Green card လျောက်တယ်ဆိုတာက ဒီလို ဒီနိုင်ငံမှာ ရာသက်ပန်နေထိုင်ဖို့အတွက် အခွင့်အရေး ပေးခံရသော သူတွေကပဲ Green Card လျောက်ပိုင်ခွင့်ရှိတာ သူက အဲဒါ ဒီ TPS က ယာယီပဲ နေထိုင်ခွင့်ပေးတာ ဟိုမှာ ပဋိပက္ခဖြစ်နေလို့ ဟိုမှာ ကိုယ့်တိုင်းပြည်မှာ မငြိမ်းချမ်းလို့ ဒီမှာ မင်းကို ကာကွယ်ပေးမယ်၊ မင်းမစိုးရိမ်ပါနဲ့ ၊ မင်း ၁၈ လ လောက်ကတော့ မင်းယာယီ ဒီမှာနေလိုက်ပါ ။ ၁၈ လ ပြီးမှ ဆက်ကြည့်မယ် ဆိုတဲ့သဘောမျိုး အဲဒီအချိန်ကျတော့ ကိုယ်က Green card လို ဒီနိုင်ငံမှာပဲ တသက်လုံး အခြေချလိုက်ချင်တယ်ဆိုတဲ့အနေအထားမျိုး ရှိတယ်ဆိုရင် TPS မကဘူး ဒီမှာ မိမိရဲ့ Immigration status လူဝင်မှုကြီးကြပ်ရေး တခြားရှိနေတဲ့ အခွင့်အရေးတွေ ဘယ်လိုပြောင်းလဲလို့ရမလဲဆိုတဲ့ တခြားအခွင့်အရေးတွေလည်း ရှိပါတယ်။ ဆိုလိုတာက TPS တခုတည်းမှာပဲ အခြေခံပြီးတော့မှ Green Card လျောက်လို့မရသလို Citizenship တွေလည်း မျှော်လင့်လို့မရဘူး။ ဒါပေမယ့် ရှေ့နေအမျိုးသမီးပြောသွားတဲ့ အချက်ပေါ်မှာ ကိုးကားရမယ်ဆိုရင် နိုင်ငံရေးခိုလုံခွင့်တော့ လျောက်လို့ရပါတယ် တပြိုင်နက်ထဲမှာ TPS ရှိရှိ မရှိရှိ နိုင်ငံရေးခိုလုံခွင့် လျောက်လို့ရတယ်။ သို့သော်လည်း ရက်အတိုင်းအတာ ကာလတွေမှာ သတ်မှတ်ချက်တွေ ရှိတယ်။ ဒီသတ်မှတ်ချက်ထက် ကျော်လွန်ပြီးတော့မှ လျောက်တာတွေ ပြုတာတွေ လုပ်လို့မရဘူး ။ လုပ်မယ်ဆိုရင် မြန်မြန်ဆန်ဆန်လုပ် ဒါမျိုးပေါ့နော်။ နောက်ပြီးတော့ TPS လျောက်တဲ့နေရာမှာတောင်မှပဲ သူပြောတာကို ကိုးကားရမယ်ဆိုရင် မေလ ၂၅ ရက်နေ့ကနေစပြီးတော့ ဖွင့်ပေးလိုက်တာ၊ နိုဝင်ဘာလ ၂၂ ရက် ၂၀၂၁ ခုနှစ် ဒီနှစ် နိုဝင်ဘာလ ၂၂ ရက် ကြားကာလမှာ မဖြစ်မနေ လျောက်ရမယ် ဒီကာလအတွင်းမှာ မလျောက်ဘူးဆိုရင် အဲဒီနောက်ပိုင်းမှာမှ လာတယ်ဆိုရင် TPS မပေးဘူး။ ဒါမျိုးရှိတယ် ဆိုတော့ အဲဒီအချိန်ကျတော့ Asylum ခိုလုံချင်တဲ့သူတွေကလည်း ဒီကြားကာလမှာ ခိုလုံချင်လည်း ခိုလုံပေါ့နော် ဒါလည်း ထူးခြားတဲ့အခွင့်အရေး ရှိသားပြီးသားဖြစ်တယ် လူတိုင်းမှာလေ။ အဲဒီကနေပြီးတော့ Asylum ခိုလုံတာ အောင်မြင်သွားပြီဆိုရင် နောက်ထပ် Green Card တွေရနိုင်တဲ့ အခွင့်အရေးတွေ ရှိတာပေါေ့နာ်။

မအင်ကြင်းနိုင်။ ။ အခု TPS က ယာယီနေထိုင်ခွင့် ၁၈ လဆိုတော့ မြန်မာနိုင်ငံမှာ အဲဒီလို ၁၈ လအတွင်း အပြောင်းအလဲ မဖြစ်ဘူးဆိုရင်ရော သူတို့ သက်တမ်းတိုးမယ့်အနေအထားရှိသလားရှင့်။

ကိုမိုးချမ်း။ ။ ရှိပါတယ် ဒါကိုလည်း ရှေ့နေက ရှင်းပြတဲ့ နေရာမှာ သက်တမ်းတိုးတဲ့အနေအထားက မြေပြင်ပေါ်မှာ ဖြစ်တဲ့အနေအထားအပေါ်မှာ မူတည်ပြီးတော့မှ သူက သုံးသပ်ပြီးတော့မှ တိုးသင့်တယ်ဆိုပြီးတော့ တိုးသွားပါလိမ့်မယ် အဲဒီတိုးသွားတဲ့ နေရာမှာ ဂရုစိုက်ရမှာက နဂိုကတည်းက TPS ရထားတဲ့လူတွေအနေနဲ့ သက်တမ်းတိုးပြီဆိုရင် ကိုယ်ကလည်း သက်တမ်းလိုက်တိုးလို့ရတယ်။ သတ်မှတ်ထားတဲ့ အချိန်ကာလမှာ သက်တမ်းတိုးရမယ်၊ ဒီအချိန်ကာလအတွင်းမှာ သက်တမ်းတိုးရမယ်ဆိုရင် ဒီသက်တမ်း အချိန်ကာလအတိုင်းအတာအတွင်းမှာ တိုးကိုတိုးရမယ် အဲဒီ သတ်မှတ်ထားတဲ့ အချိန်ကာလ ကျော်သွားတယ်ဆိုရင်လည်း မရတော့ဘူး နောက်တခုက ခုနကပြောထားသလိုပဲ မေလ ၂၅ ရက်နေ့ကနေ နိုဝင်ဘာလ ၂၂ ရက် ကြားကာလမှာ TPS မယူမိလိုက်ဘူး။ နိုဝင်ဘာလ ၂၂ ရက် နောက်ပိုင်းမှ ယူတယ် ။ သို့မဟုတ် ဒီ ၁၈ လ ကာလအတွင်း မြန်မာပြည်မှာလည်း အခြေအနေ မကောင်းသေးဘူး ၊ အခြေအနေမကောင်းတော့ အမေရိကန်အစိုးရကနေပြီးတော့ TPS ကာလကို ထပ်ပြီးတော့ သက်တမ်းထပ်တိုးတယ်ဆိုရင် အဲဒီအချိန်ရောက်မှ ငါလျောက်မယ်ဆိုရင် မရဘူး သူ့သတ်မှတ်ချက်က အဲဒါကြောင့် အစကတည်းက TPS လျောက်ထားသူ ဖြစ်ရမယ် ၊ ရထားတယ်ဆိုရင် ဆက်ပြီးတော့ လျောက်ပိုင်ခွင့်ရပါတယ်။

Burma Point တာဝန်ခံ ကိုမိုးချမ်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG