သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယာယီကာကြယ္မႈ (TPS) အရ ေနထိုင္သူေတြကို အၿမဲတမ္းေနထိုင္ခြင္႔ေပးမည္မဟုတ္ (အေမရိကန္တရားရံုးခ်ဳပ္)


အေမရိကန္ တရားရံုးခ်ဳပ္

(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံမွာ ေရာက္ေနတဲ့ ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၁၂ ႏိ္ုင္ငံက ေျပာင္းေရႊ႕ဝင္ေရာက္လာသူ ၄ သိန္း အတြက္ လူသားခ်င္းစာနာမႈ အေနနဲ႔ အေမရိကန္မွာ အၿမဲတမ္းေနထိုင္ခြင့္ေပးဖို႔ အၾကံဳးမဝင္ေၾကာင္း အေမရိကန္တရားရံုးခ်ဳပ္က တနလၤာေန႔မွာ တညီတၫြတ္ထည္း ဆံုးျဖတ္လိုက္ပါတယ္။

အေမရိကန္ႏိုင္ငံထဲကို တရားမဝင္ဝင္ေရာက္လာသူေတြ အေနနဲ႔ ယာယီအကာကြယ္ေပးမႈ ခံရတဲ့ အေျခေန (Temporary Protected Status) TPS ရထား ေပမယ့္ အေမရိကန္လူဝင္မႈႀကီးၾကပ္ေရး ဥပေဒအရ သူ႔ကို green cards လို႔ေခၚတဲ့ ေနထိုင္ခြင့္ ကပ္ျပား ထုတ္ေပးခြင့္ မရွိေၾကာင္း တရာသူႀကီး Elena Kagan က ေျပာၾကားခဲ့ပါတယ္။

ကိုယ့္ႏိုင္ငံထဲ စစ္ျဖစ္ပြားေနတာ ဒါမွမဟုတ္ သဘာဝေဘးအႏၲရာယ္ ခံစားေနရတာေၾကာင့္ အေမရိကန္ႏိုင္ငံထဲကို လာေရာက္တဲ့ သူေတြ အေနနဲ႔ TPS ေနထိုင္ခြင့္ ေလွ်ာက္ထားႏိုင္ပါတယ္။ သူတို႔ကို ဌာေနျပန္မပို႔ဖို႔ အကာကြယ္ေပးထားသလို သူတို႔ဟာ အေမရိကန္ ႏိုင္ငံထဲမွာ တရားဝင္ အလုပ္လုပ္ခြင့္ရွိပါတယ္။ ဒါေပမယ့္ အခု တရားရံုးခ်ဳပ္က ထုတ္ျပန္လိုက္တဲ့ အမိန္႔အရ သူတို႔ဟာ အခုအခါမွာ အၿမဲတမ္းေနထိုင္ခြင့္ ေလွ်ာက္ထားလို႔ မရေတာ့ပါဘူး။

၁၉၉၀ မွာ El Salvador ႏိုင္ငံကေန အေမရိကန္ႏိုင္ငံကို ကို ေရာက္လာၿပီး နယူးဂ်ာစီမွာ ေနထိုင္တဲ့ Jose Sanchez နဲ႔ Sonia Gonzales စံုတြဲရဲ႕ အမႈနဲ႔ ပတ္သက္ၿပီး စီရင္ခ်က္ခ်ရာကေန အခုလို အမိန္႔ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

သူတို႔ ၂ ဦးအတြက္ ခ႐ိုင္တရားရံုးက ခြင့္ျပဳမိန္႔ခ်ထားတာ ျဖစ္ေပမယ္ ့ အယူခံတရားရံုးက လက္မခံပါဘူး။ တရားရံုးခ်ဳပ္ကလည္း TSP ရထားတဲ့ သူတို႔ဟာ ႏိုင္ငံတြင္း တရားဝင္လာေရာက္တာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

ေအာက္လႊတ္ေတာ္က TPS ရထားတဲ့ အေမရိကန္ႏိုင္ငံတြင္းလာေရာက္သူေတြကို တရားဝင္ေနထိုင္ခြင့္ ေပးတဲ့ ဥပေဒကို အတည္ျပဳေပးထားေပမယ့္ အထက္လႊတ္ေတာ္ကေတာ့ ဘယ္လို ဆံုးျဖတ္မယ္ ဆိုတာ မသိရေသးပါဘူး။

ဒီလို အေနထားနဲ႔ ေနေနၾကတဲ့ သူေတြထဲမွာ ျမန္မာအျပင္ El Salvador၊ ေဟတီ၊ ဟြန္ဒူးရပ္စ္၊ နိေပါ၊ နီကာရာဂြာ၊ ဆိုမာလီယာ၊ ေတာင္ဆူဒန္၊ ဆူဒန္၊ ဆီးရီးယား၊ ဗင္နီဇြဲလားနဲ႔ ယီမင္ႏိုင္ငံသားေတြပါ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ယာယီကာကွယ်မှု (TPS) အရ နေထိုင်သူတွေကို အမြဲတမ်းနေထိုင်ခွင့်ပေးမည်မဟုတ် (အမေရိကန်တရားရုံးချုပ်)

(Unicode)

အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ပြောင်းရွှေ့ဝင်ရောက်လာသူ ၄ သိန်း အတွက် လူသားချင်းစာနာမှု အနေနဲ့ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ အကြုံးမဝင်ကြောင်း အမေရိကန်တရားရုံးချုပ်က တနင်္လာနေ့မှာ တညီတညွတ်ထည်း ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန်နိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာသူတွေ အနေနဲ့ ယာယီအကာကွယ်ပေးမှု ခံရတဲ့ အခြေနေ (Temporary Protected Status) TPS ရထား ပေမယ့် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ သူ့ကို green cards လို့ခေါ်တဲ့ နေထိုင်ခွင့် ကပ်ပြား ထုတ်ပေးခွင့် မရှိကြောင်း တရာသူကြီး Elena Kagan က ပြောကြားခဲ့ပါတယ်။

ကိုယ့်နိုင်ငံထဲ စစ်ဖြစ်ပွားနေတာ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ် ခံစားနေရတာကြောင့် အမေရိကန်နိုင်ငံထဲကို လာရောက်တဲ့ သူတွေ အနေနဲ့ TPS နေထိုင်ခွင့် လျှောက်ထားနိုင်ပါတယ်။ သူတို့ကို ဌာနေပြန်မပို့ဖို့ အကာကွယ်ပေးထားသလို သူတို့ဟာ အမေရိကန် နိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် အခု တရားရုံးချုပ်က ထုတ်ပြန်လိုက်တဲ့ အမိန့်အရ သူတို့ဟာ အခုအခါမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားလို့ မရတော့ပါဘူး။

၁၉၉၀ မှာ El Salvador နိုင်ငံကနေ အမေရိကန်နိုင်ငံကို ကို ရောက်လာပြီး နယူးဂျာစီမှာ နေထိုင်တဲ့ Jose Sanchez နဲ့ Sonia Gonzales စုံတွဲရဲ့ အမှုနဲ့ ပတ်သက်ပြီး စီရင်ချက်ချရာကနေ အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးအတွက် ခရိုင်တရားရုံးက ခွင့်ပြုမိန့်ချထားတာ ဖြစ်ပေမယ့် အယူခံတရားရုံးက လက်မခံပါဘူး။ တရားရုံးချုပ်ကလည်း TSP ရထားတဲ့ သူတို့ဟာ နိုင်ငံတွင်း တရားဝင်လာရောက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

အောက်လွှတ်တော်က TPS ရထားတဲ့ အမေရိကန်နိုင်ငံတွင်းလာရောက်သူတွေကို တရားဝင်နေထိုင်ခွင့် ပေးတဲ့ ဥပဒေကို အတည်ပြုပေးထားပေမယ့် အထက်လွှတ်တော်ကတော့ ဘယ်လို ဆုံးဖြတ်မယ် ဆိုတာ မသိရသေးပါဘူး။

ဒီလို အနေထားနဲ့ နေနေကြတဲ့ သူတွေထဲမှာ မြန်မာအပြင် El Salvador၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ နိပေါ၊ နီကာရာဂွာ၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ယီမင်နိုင်ငံသားတွေပါ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG