သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယာယီေနထိုင္ခြင့္ (TPS) ကာလသက္တမ္း လိုအပ္လွ်င္ ထပ္တိုးေပးဖို႔ ကန္အစိုးရကို တိုက္တြန္းမည္ (CRPH ဦးထင္လင္းေအာင္)


CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ႏိုင္ငံတကာ ဆက္ဆံေရးကိုယ္စားလွယ္ ဦးထင္လင္းေအာင္

(Zawgyi/Unicode)

အေမရိကားေရာက္ ျမန္မာႏိုင္ငံသားေတြအတြက္ အေမရိကန္အစိုးရက ခြင့္ျပဳလိုက္တဲ့ TPS ယာယီေနထိုင္ခြင့္ သက္တမ္း (၁၈)လ ကို ေမလ (၂၅)ရက္ေန႔ စတင္ေလွ်ာက္ထားသူေတြထဲမွာ ျမန္မာေက်ာင္းသားတခ်ဳိ႕လည္းပါပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အေျခအေနေၾကာင့္ ယာယီေနထိုင္ခြင့္ သက္တမ္း တိုးႁမွင့္ေပးဖို႔ အေမရိကန္အစိုးရကို ေမတၱာရပ္ခံထားတဲ့ CRPH ကလည္း အေမရိကန္ကို အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ေရာက္ေနသူမွန္သမွ် ေလွ်ာက္ထားသင့္တယ္လို႔ တိုက္တြန္းလိုက္ပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစံုကို တင္ျပမွာပါ။

San Jose ျပည္နယ္တကၠသိုလ္ မွာ Graphic ဒီဇိုင္း ဘာသာရပ္ကို ေလ့လာေနတဲ့ ကိုေဇာ္မင္းခန္႔ကေတာ့ TPS အတြက္ အေမရိကန္အစိုးရရဲ႕ ခြင့္ျပဳခ်က္ကို ႀကိဳဆိုေပမယ့္ ေလွ်ာက္လႊာအတြက္ သတ္မွတ္ထားတဲ့ ေငြေၾကးေၾကာင့္ အခက္အခဲတခ်ဳိ႕ရွိေနတယ္လို႔ ဗြီအိုေအကို အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ဒီလိုမ်ိဳး ယာယီေနထိုင္ခြင့္ေပးတာကို ႀကိဳဆိုပါတယ္ ။ ႀကိဳဆိုသလိုပဲ အခု temporary အေနအထားအရပဲ temporary ျဖစ္တဲ့အတြက္ေၾကာင့္မို႔ က်ေနာ္တုိ႔ ေရရွည္ကိုေတာ့ နည္းနည္းေလးေတာ့ စိုးရိမ္မႈရွိတယ္။ ၿပီးသြားေတာ့ ဒါက ဘယ္ေလာက္အထိ က်ေနာ္တို႔ ကုန္က်စားရိတ္ေတြဘာေတြ က်ေနာ္တို႔ ေသခ်ာၾကည့္လိုက္တဲ့အခါက်ေတာ့ ဘယ္လိုျဖစ္ေနသလဲဆိုရင္ Work permit နဲ႔ ေလွ်ာက္တဲ့အခါဆိုရင္ ၁၄ ႏွစ္ကေန -၆၅ ႏွစ္ကိုဆိုရင္ ၅၄၅ ေဒၚလာေလာက္ရွိတယ္ဆိုေတာ့ေလ ၊ က်ေနာ္တို႔ ေက်ာင္းသားေတြအေနနဲ႔ အခက္အခဲေတာ့ ရွိမယ္ထင္တယ္။ Work permit မပါပဲနဲ႔ ဆိုရင္ေတာင္မွ ေဖာင္ျဖည့္ခ ရယ္ ၊ လက္ေဗြေတြ biometrics ႏွိပ္တာေတြနဲ႔အပါအ၀င္ ၁၃၅ ေဒၚလာဆိုေတာ့ က်ေနာ္တို႔ဘက္ကေတာ့ အဲဒါေလးေတြ ေက်ာင္းသားေတြအေနနဲ႔ ဘယ္လိုေျပာမလဲ အခက္အခဲရွိလို႔ ေလွ်ာက္ရတဲ့ေနရာမွာေတာ့ ဒါ အခက္အခဲေလးေတြရွိတယ္လို႔ ျမင္တယ္။”

တဖက္မွာလည္း အမိေျမက စစ္အာဏာသိမ္းဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြကို အေ၀းကေန ကူညီပံ့ပိုးတဲ့ လႈပ္ရွားမႈေတြမွာ ပါ၀င္ေနတဲ့ သူလိုေက်ာင္းသားေတြအတြက္ ယာယီေနထိုင္ခြင့္သက္တမ္း လံုေလာက္မႈရွိပါ့မလား ဆိုတာကို စိုးရိမ္မိတယ္လို႔ ကိုေဇာ္မင္းခန္႔က ဆိုပါတယ္။

“စစ္အာဏာသိမ္းဆန္႔က်င္ပြဲေတြမွာ ပါ၀င္ၿပီးေတာ့ တက္ၾကြစြာ လႈပ္ရွားေနတဲ့ ေက်ာင္းသားေတြအတြက္ဆိုရင္ေတာ့ ဒါက က်ေနာ္တို႔အျမင္ ဒါက မလံုေလာက္ဘူးျမင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဒီစစ္ေကာင္စီက ဘယ္ေလာက္အထိ ေရရွည္သြားမလဲဆိုတာ က်ေနာ္တို႔ဘက္က စိုးရိမ္မႈေလးေတြရွိတာေပါ့ေနာ္ TPS ေပးထားတဲ့ကာလ ေက်ာ္သြားတယ္၊ လြန္သြားတဲ့ကာလမွာ ဘာျဖစ္လာႏိုင္မယ္ဆိုတာ က်ေနာ္တို႔ မေသခ်ာ ၊ မေရရာတာကေတာ့ အားနည္းခ်က္ေတြ ရွိတယ္ေပါ့ေနာ္။”

ဘယ္လိုပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ျပန္ၿပီးရရွိေရးအတြက္ အေမရိကန္ေရာက္ ျမန္မာေက်ာင္းသားတဦးအေနနဲ႔ ဆက္လက္လႈပ္ရွားသြားမွာျဖစ္တယ္လို႔ သူကေျပာပါတယ္။

အာဏာသိမ္း စစ္တပ္ရဲ႕ အင္အားသံုး အၾကမ္ဖက္ဖိႏွိပ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္လို႔မရျဖစ္ေနသူေတြအတြက္ TPS ယာယီေနထိုင္ခြင့္ သက္တမ္းတိုးျမွင့္ေပးဖို႔ CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ႏိုင္ငံတကာ ဆက္ဆံေရးကိုယ္စားလွယ္ ဦးထင္လင္းေအာင္က အေမရိကန္အစိုးရကိုယ္စားလွယ္ေတြနဲ႔ မတ္လ အေစာပိုင္း ေတြ႕ဆံုရာမွာ ေမတၱာရပ္ခံခဲ့တာပါ။

အခုလို အေမရိကန္အစိုးရက စတင္ေလွ်ာက္ထားဖို႔ ခြင့္ျပဳလိုက္တဲ့အတြက္ သတ္မွတ္ခ်က္နဲ႔ အက်ဳံး၀င္ေနတဲ့ ျမန္မာႏိုင္ငံသားမည္သူမဆို ေလွ်ာက္ထားသင့္တယ္လို႔ ဦးထင္လင္းေအာင္က ဗြီအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔ ေလွ်ာက္သင့္တယ္လုိ႔ ထင္ပါတယ္ဗ် ၊ ဘယ္သူမဆိုေပါ့ေနာ္ CDM ၀င္ထားတဲ့ ၀န္ထမ္းေတြေရာ ၊ ျမန္မာႏိုင္ငံသား ျမန္မာႏိုင္ငံကေနၿပီးေတာ့ အေမရိကားမွာ ေရာက္ေနသူေတြေရာ ၊ ေက်ာင္းသားအျဖစ္နဲ႔ ေရာက္ေနတဲ့လူေတြေရာ ဘယ္သူမဆို ေလွ်ာက္လို႔ရပါတယ္။ ေလွ်ာက္လို႔လဲ ဘာမွ ကိုယ့္အတြက္ နစ္နာသြားမွာမရွိဘူး။ သူက ၁ ႏွစ္ခြဲေနထိုင္ခြင့္ ေပးသြားမွာ ျဖစ္ပါတယ္။ လိုအပ္ရင္ သက္တမ္းထပ္တိုးသြားဖို႔လည္း က်ေနာ္တို႔ တိုက္တြန္းဖို႔ ရွိပါတယ္ခင္ဗ်။”

အေမရိကန္ျပည္ေထာင္စုမွာ ၂၀၂၁ ခုႏွစ္ မတ္လ ၁၁ အထိေနထိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံသားေတြ TPS ေလွ်ာက္လႊာအတြက္ အႀကံဳး၀င္မွာျဖစ္တယ္လို႔ မတ္လ (၁၂)ရက္ေန႔က ထုတ္ျပန္တဲ့ အေမရိကန္ အမိေျမလံုျခံဳေရး၀န္ႀကီး Alejandro N. Mayokas ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ဒါအျပင္ ျမန္မာႏို္င္ငံအႏွံ႔အျပားမွာ အရပ္သားေတြအေပၚ လံုျခံဳေရးတပ္ဖြဲ႔ေတြကအၾကမ္းဖက္ ႏွိမ္နင္းေနတာေၾကာင့္ အေမရိကန္ျပည္ေထာင္စု.မွာ ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြကို အေမရိကန္ အမိေျမလံုျခံဳေရးဌာနက Temporary Protected Status (TPS) လို႔ေခၚတဲ့ ယာယီေနထိုင္ခြင့္ သက္တမ္း တိုးေပးလိုက္တာျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေရးထားပါတယ္။

ႏိုင္ငံတႏိုင္ငံမွာ လက္နက္ ပဋိပကၡေတြျဖစ္ပြားေနခ်ိန္၊ သဘာ၀ေဘးဒုကၡအႏၱရယ္ျဖစ္ပြားေနခ်ိန္နဲ႔ သာမန္ထက္ လြန္ကဲတဲ့ အေျခအေန တရပ္ရပ္ က်ေရာက္ေနခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုကေန ဌာနေျပန္ဖို႔ အခက္အခဲရွိေနတဲ့ အဲဒီႏုိင္ငံသားေတြအတြက္ TPS ယာယီေနထိုင္ခြင့္ သက္တမ္း တိုးေပးတဲ့ အစီအစဥ္ကို အမိေျမလံုျခံဳေရး၀န္ႀကီးက ဆံုးျဖတ္သတ္မွတ္ေပးေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ယာယီနေထိုင်ခွင့် (TPS) ကာလသက်တမ်း လိုအပ်လျင် ထပ်တိုးပေးဖို့ ကန်အစိုးရကို တိုက်တွန်းမည် (CRPH ဦးထင်လင်းအောင်)

(Unicode)

အမေရိကားရောက် မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်အစိုးရက ခွင့်ပြုလိုက်တဲ့ TPS ယာယီနေထိုင်ခွင့် သက်တမ်း (၁၈)လ ကို မေလ (၂၅)ရက်နေ့ စတင်လျှောက်ထားသူတွေထဲမှာ မြန်မာကျောင်းသားတချို့လည်းပါပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ယာယီနေထိုင်ခွင့် သက်တမ်း တိုးမြှင့်ပေးဖို့ အမေရိကန်အစိုးရကို မေတ္တာရပ်ခံထားတဲ့ CRPH ကလည်း အမေရိကန်ကို အကြောင်းအမျိုးမျိုးကြောင့်ရောက်နေသူမှန်သမျှ လျှောက်ထားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

San Jose ပြည်နယ်တက္ကသိုလ် မှာ Graphic ဒီဇိုင်း ဘာသာရပ်ကို လေ့လာနေတဲ့ ကိုဇော်မင်းခန့်ကတော့ TPS အတွက် အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်ကို ကြိုဆိုပေမယ့် လျှောက်လွှာအတွက် သတ်မှတ်ထားတဲ့ ငွေကြေးကြောင့် အခက်အခဲတချို့ရှိနေတယ်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ဒီလိုမျိုး ယာယီနေထိုင်ခွင့်ပေးတာကို ကြိုဆိုပါတယ် ။ ကြိုဆိုသလိုပဲ အခု temporary အနေအထားအရပဲ temporary ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ရေရှည်ကိုတော့ နည်းနည်းလေးတော့ စိုးရိမ်မှုရှိတယ်။ ပြီးသွားတော့ ဒါက ဘယ်လောက်အထိ ကျနော်တို့ ကုန်ကျစားရိတ်တွေဘာတွေ ကျနော်တို့ သေချာကြည့်လိုက်တဲ့အခါကျတော့ ဘယ်လိုဖြစ်နေသလဲဆိုရင် Work permit နဲ့ လျှောက်တဲ့အခါဆိုရင် ၁၄ နှစ်ကနေ -၆၅ နှစ်ကိုဆိုရင် ၅၄၅ ဒေါ်လာလောက်ရှိတယ်ဆိုတော့လေ ၊ ကျနော်တို့ ကျောင်းသားတွေအနေနဲ့ အခက်အခဲတော့ ရှိမယ်ထင်တယ်။ Work permit မပါပဲနဲ့ ဆိုရင်တောင်မှ ဖောင်ဖြည့်ခ ရယ် ၊ လက်ဗွေတွေ biometrics နှိပ်တာတွေနဲ့အပါအဝင် ၁၃၅ ဒေါ်လာဆိုတော့ ကျနော်တို့ဘက်ကတော့ အဲဒါလေးတွေ ကျောင်းသားတွေအနေနဲ့ ဘယ်လိုပြောမလဲ အခက်အခဲရှိလို့ လျှောက်ရတဲ့နေရာမှာတော့ ဒါ အခက်အခဲလေးတွေရှိတယ်လို့ မြင်တယ်။”

တဖက်မှာလည်း အမိမြေက စစ်အာဏာသိမ်းဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အဝေးကနေ ကူညီပံ့ပိုးတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ သူလိုကျောင်းသားတွေအတွက် ယာယီနေထိုင်ခွင့်သက်တမ်း လုံလောက်မှုရှိပါ့မလား ဆိုတာကို စိုးရိမ်မိတယ်လို့ ကိုဇော်မင်းခန့်က ဆိုပါတယ်။

“စစ်အာဏာသိမ်းဆန့်ကျင်ပွဲတွေမှာ ပါဝင်ပြီးတော့ တက်ကြွစွာ လှုပ်ရှားနေတဲ့ ကျောင်းသားတွေအတွက်ဆိုရင်တော့ ဒါက ကျနော်တို့အမြင် ဒါက မလုံလောက်ဘူးမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီစစ်ကောင်စီက ဘယ်လောက်အထိ ရေရှည်သွားမလဲဆိုတာ ကျနော်တို့ဘက်က စိုးရိမ်မှုလေးတွေရှိတာပေါ့နော် TPS ပေးထားတဲ့ကာလ ကျော်သွားတယ်၊ လွန်သွားတဲ့ကာလမှာ ဘာဖြစ်လာနိုင်မယ်ဆိုတာ ကျနော်တို့ မသေချာ ၊ မရေရာတာကတော့ အားနည်းချက်တွေ ရှိတယ်ပေါ့နော်။”

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်ပြီးရရှိရေးအတွက် အမေရိကန်ရောက် မြန်မာကျောင်းသားတဦးအနေနဲ့ ဆက်လက်လှုပ်ရှားသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ အင်အားသုံး အကြမ်ဖက်ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံကို ပြန်လို့မရဖြစ်နေသူတွေအတွက် TPS ယာယီနေထိုင်ခွင့် သက်တမ်းတိုးမြှင့်ပေးဖို့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်က အမေရိကန်အစိုးရကိုယ်စားလှယ်တွေနဲ့ မတ်လ အစောပိုင်း တွေ့ဆုံရာမှာ မေတ္တာရပ်ခံခဲ့တာပါ။

အခုလို အမေရိကန်အစိုးရက စတင်လျှောက်ထားဖို့ ခွင့်ပြုလိုက်တဲ့အတွက် သတ်မှတ်ချက်နဲ့ အကျုံးဝင်နေတဲ့ မြန်မာနိုင်ငံသားမည်သူမဆို လျှောက်ထားသင့်တယ်လို့ ဦးထင်လင်းအောင်က ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ လျှောက်သင့်တယ်လို့ ထင်ပါတယ်ဗျ ၊ ဘယ်သူမဆိုပေါ့နော် CDM ဝင်ထားတဲ့ ဝန်ထမ်းတွေရော ၊ မြန်မာနိုင်ငံသား မြန်မာနိုင်ငံကနေပြီးတော့ အမေရိကားမှာ ရောက်နေသူတွေရော ၊ ကျောင်းသားအဖြစ်နဲ့ ရောက်နေတဲ့လူတွေရော ဘယ်သူမဆို လျှောက်လို့ရပါတယ်။ လျှောက်လို့လဲ ဘာမှ ကိုယ့်အတွက် နစ်နာသွားမှာမရှိဘူး။ သူက ၁ နှစ်ခွဲနေထိုင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ လိုအပ်ရင် သက်တမ်းထပ်တိုးသွားဖို့လည်း ကျနော်တို့ တိုက်တွန်းဖို့ ရှိပါတယ်ခင်ဗျ။”

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၁ ခုနှစ် မတ်လ ၁၁ အထိနေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေ TPS လျှောက်လွှာအတွက် အကြုံးဝင်မှာဖြစ်တယ်လို့ မတ်လ (၁၂)ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး Alejandro N. Mayokas ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံအနှံ့အပြားမှာ အရပ်သားတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေကအကြမ်းဖက် နှိမ်နင်းနေတာကြောင့် အမေရိကန်ပြည်ထောင်စု.မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန် အမိမြေလုံခြုံရေးဌာနက Temporary Protected Status (TPS)လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့် သက်တမ်း တိုးပေးလိုက်တာဖြစ်တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။

နိုင်ငံတနိုင်ငံမှာ လက်နက် ပဋိပက္ခတွေဖြစ်ပွားနေချိန်၊ သဘာဝဘေးဒုက္ခအန္တရယ်ဖြစ်ပွားနေချိန်နဲ့ သာမန်ထက် လွန်ကဲတဲ့ အခြေအနေ တရပ်ရပ် ကျရောက်နေချိန်မှာ အမေရိကန်ပြည်ထောင်စုကနေ ဌာနပြေန်ဖို့ အခက်အခဲရှိနေတဲ့ အဲဒီနိုင်ငံသားတွေအတွက် TPS ယာယီနေထိုင်ခွင့် သက်တမ်း တိုးပေးတဲ့ အစီအစဉ်ကို အမိမြေလုံခြုံရေးဝန်ကြီးက ဆုံးဖြတ်သတ်မှတ်ပေးလေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG