(Zawgyi/Unicode)
စစ္အာဏာသိမ္းမႈေၾကာင့္ အေမွာင္ထုထဲေရာက္သလို ျဖတ္သန္း ရွင္သန္ေနရတဲ့ ျမန္မာျပည္သူေတြ အတြက္ အလင္းေရာင္ အျမန္ဆုံး ရေစခ်င္တယ္လို႔ အလင္းေရာင္လူငယ္အဖြဲ႕က မသီရိေဝလြင္က ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စု ၿမိဳ႕ေတာ္ ဝါရွင္တန္အနီး ျပည္နယ္ေတြက ျမန္မာလူငယ္ေတြနဲ႔ စုစည္းထားတဲ့ အလင္းေရာင္ လူငယ္အဖြဲ႕ဟာ ၂၀၁၅ ခုႏွစ္ေလာက္ကစၿပီး ျမန္မာျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြကို တဘက္တလမ္းကေန ရန္ပုံေငြ ရွာေဖြၿပီး ကူညီလႉဒါန္းတာေတြ လုပ္ခဲ့သလို၊ အခုလက္ရွိမွာလည္း စစ္အုပ္ခ်ဳပ္ေရးလက္ေအာက္ ဖိႏွိပ္မႈေတြြၾကား ခက္ခက္ခဲခဲ ႐ုန္းကန္ေနၾကရတဲ့ CDM ဝန္ထမ္းေတြအတြက္ တႏိုင္တပိုင္ ကူညီေထာက္ပံ့ ေပးေနတယ္လို႔ မသီရိေဝလြင္က ေျပာပါတယ္။ အလင္းေရာင္ လူငယ္တဦးျဖစ္တဲ့ မသီရိေဝလြင္ကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။
ျမန္မာႏုိင္ငံမွာ ေဖေဖာ္၀ါရီလ ၁ ရက္ စစ္အာဏာသိမ္းျပီး ေနာက္ပိုင္းကစလို႔ ျပည္ပႏုိင္ငံေတြမွာ ေရာက္ေနၾကတဲ့ ျမန္မာေတြ၊ ျမန္မာလူငယ္ေတြဆိုရင္လည္း ျမန္မာ့အေရးနဲ႔ပတ္သက္ျပီး သူတို႔ ႏုိင္တဲ့ဘက္ကေန တႏုိင္တပိုင္ ကူညီပံ့ပိုးမႈေတြ လုပ္ေနၾကတယ္ဆိုတာ သိရတယ္။ ဒီအထဲမွာ မသီရိေ၀လြင္ တို႔ဆိုရင္လဲ အေမရိကန္ျပည္ေထာင္စု၊ ဗာဂ်ီးနီးယား၊ ေမရီလန္း၊ ၀ါရွင္တန္ဒီစီ ေဒသတ၀ုိက္မွာ ရွိတဲ့ လူငယ္ေတြ စုေပါင္းျပီး အလင္းေရာင္ လူငယ္အဖြဲ႔ ဖြဲ႔ျပီး ျမန္မာႏုိင္ငံအတြက္ တႏိုင္တပိုင္ ပံ့ပိုး ကူညီတာေတြ လုပ္ေနတယ္လို႔ သိရပါတယ္။ အဲ့ဒီေတာ့ ဒီမွာ အဓိက ဘာေတြ လုပ္ျဖစ္တာပါလဲ။ လက္ရွိ ျမန္မာႏုိင္ငံ အေျခအေနအေပၚမွာ ဒီဘက္ကေန ဘာေတြမ်ား ကူညီ ေဆာင္ရြက္ေပးေနတာပါလဲ။
''သီရိတုိ႔ ဒီအဖြဲ႔က အရင္ ၂၀၁၅ ကတည္းက စခဲ့တာပါ။ ေရေဘးေတြျဖစ္တုန္းကလည္း ျပည္သူေတြကို ကူညီေပးဖူးခဲ့တယ္။ ရန္ပံုေငြေတြ ရွာျပီးေတာ့ပါ။ DMV (D.C, Maryland, Virginia) ဧရိယာေပါ့ေနာ္။ စိတ္တူကုိယ္တူ လူငယ္ေတြ စုျပီးေတာ့ ပရဟိတ လုပ္ၾကတယ္။ ၂၀၁၅ ကတည္းက ဆိုေတာ့ ေတာ္ေတာ္ေတာ့ ၾကာျပီ။ အဲ့ဒီတုန္းကေတာ့ officially မဟုတ္ဘူးေပါေ့နာ္။ အခုက်မွ သီရိတို႔က CRPH နဲ႔ တြဲဖက္ျပီးေတာ့ ပိုမိုထိေရာက္ေအာင္ ပုံစံမ်ိဳးေတြနဲ႔ ပိုျပီးေတာ့ စနစ္တက် ပံ့ပိုးေပးေနပါတယ္။ ရန္ပံုေငြေတြ ရွာတယ္။ ေစ်းေရာင္းပြဲေတြလုပ္တယ္။ အလွဴေငြေတြ ေကာက္တယ္။ အဲ့ဒီလိုမ်ိဳးေတြလုပ္ပါတယ္။”
ဆိုလိုတာက ဒီ အလင္းေရာင္ လူငယ္အဖြဲ႔ ဟာ အခုမွ ေပၚလာတာမဟုတ္ဘဲ ျမန္မာႏိုင္ငံမွာ ျပည္သူေတြအတြက္ လိုအပ္တဲ့အကူအညီေတြ ေပးႏုိင္ဖို႔အတြက္ အရင္ကတည္းက စဖြဲ႔ခဲ့တဲ့ အဖြဲ႔ေပါ့ေနာ္။
“ဟုတ္ကဲ့ရွင့္။ ႏုိင္ငံေရးတခုတည္း မဟုတ္ဘူးေပါ့ေနာ္။ ေရေဘးပဲျဖစ္ျဖစ္၊ ဘာပဲျဖစ္ျဖစ္ ျမန္မာျပည္မွာ တခုခု ဒုကၡၾကံဳရတယ္ဆိုရင္ သီရိတို႔ လူငယ္ေတြက အျမဲတမ္း စိတ္အားထက္သန္ျပီးေတာ့ အျမဲတမ္း ရန္ပံုေငြ ရွာေပးပါတယ္။”
အခုဆိုရင္ ျမန္မာႏိုင္ငံမွာ အေျပာင္းအလဲက ၾကီးၾကီးမားမား ျဖစ္သြားတယ္။ စစ္အာဏာသိမ္းလိုက္တယ္။ ဖမ္းဆီး ထိန္းသိမ္း ဖိႏွိပ္တာေတြ အမ်ားၾကီး ျဖစ္လာတယ္။ စစ္ေျပးဒုကၡသည္ေတြ မ်ားလာတယ္။ ဆိုေတာ့ ဒီလို ၾကံဳေနရတဲ့ ျမန္မာျပည္သူေတြ အတြက္ လက္ရွိမွာ အလင္းေရာင္ လူငယ္အဖြဲ႔ အေနနဲ႔ ဘယ္လိုပံုစံနဲ႔ အကူအညီေတြ ေပးေနတာပါလဲ။
“ဟုတ္ကဲ့။ သီရိတို႔ အခုက CDM လုပ္ေနတဲ့ သူရဲေကာင္းေတြကို သီရိတုိ႔က ဒီဘက္ကေန ေထာက္ပံ့ေပးေနတာ ၃ လ ဆက္တိုက္ ရွိျပီ။ အဲ့ဒါ သီရိတို႔ လတိုင္း ပိုက္ဆံ ဆိုလို႔ရွိရင္ အစားအေသာက္ေတြကို လူငယ္ေတြ ကိုယ္တိုင္ခ်က္တယ္။ အလွဴရွင္ေတြကလည္း လာျပီး ပံ့ပိုးေပးၾကတယ္။ ျပီးေတာ့ ဒီအစားအေသာက္ေတြကို သီရိတို႔က ျပန္ေရာင္းတယ္။ အဲ့ဒီက ပိုက္ဆံေတြနဲ႔ သီရိတို႔ လွဴေနတာ ၃ လရွိျပီ။ ျပီးေတာ့ သီရိတို႔ရဲ႕ ရည္မွန္းခ်က္က အေမွာင္က်ေနတဲ့ ျမန္မာျပည္က ႏုိင္ငံသူႏုိင္ငံသားေတြကို သီရိတုိ႔က အလင္းေရာင္ ေပးခ်င္တာ။ အဲ့ဒါေၾကာင့္ သီရိတို႔က ဒီနာမည္ေလးကိုေတာင္ အလင္းေရာင္ ဆိုျပီးေတာ့ ေပးခဲ့တာျဖစ္ပါတယ္။”
အခု ႏုိင္ငံတကာမွာ ရွိေနၾကတဲ့လူငယ္ေတြ၊ ျမန္မာေတြတင္မဟုတ္ဘဲနဲ႔ တျခား ေဟာင္ေကာင္တို႔ ကိုရီးယားတို႔က လူငယ္ေတြကိုလည္း ေနာက္ပိုင္း ျပည္ပမွာ ျမန္မာ့အေရးနဲ႔ပတ္သက္ျပီး လုပ္ေနတာ ေတြ႔ရတယ္။ အဲ့ဒီလို လူငယ္အဖြဲ႔ေတြနဲ႔ေရာ ပူးေပါင္း ေဆာင္ရြက္တာမ်ိဳးေတြ ရွိပါသလား။ ဒါမွမဟုတ္ အလင္းေရာင္ လူငယ္အဖြဲ႔အေနနဲ႔က ရန္ပံုေငြ ရွာတာ တခုတည္းကို လုပ္တာလား။ တျခား ျမန္မာႏုိင္ငံရဲ႕ လက္ရွိ အေျခအေနအေပၚမွာ ပံ့ပိုးေပးႏုိင္မယ့္ လႈပ္ရွားမႈမ်ိဳးေတြကုိေရာ ေဆာင္ရြက္တာ ရွိပါလား။
“ဟုတ္ကဲ့ ရွိတယ္ရွင့္။ ဟုိတေန႔ကပဲ ကိုရီးယားအဖြဲ႔ေပါ့ေနာ္။ ဒီမွာက ကိုရီးယား community ရွိပါတယ္။ အဲ့ဒီ ကိုရီးယား community က လူေတြနဲ႔ သီရိတို႔ ပူးေပါင္း ေဆာင္ရြက္တာရွိပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔ေတြကလဲ သူတို႔ႏုိင္ငံမွာလည္း ၁၉ ၈၀ ေလာက္က သီရိတို႔လို အျဖစ္အပ်က္မ်ိဳး ျဖစ္ခဲ့တာဆိုေတာ့ သူတို႔မွာ စာနာ နားလည္စိတ္ ရွိတယ္။ ျမန္မာေတြ အေပၚကိုေပါ့။ သူတို႔က အခု CDM လုပ္ေနတဲ့သူေတြကို လွဴခ်င္တယ္ဆိုျပီးေတာ့လည္း လက္လွမ္းလာတယ္။ အဲ့ဒီေန႔ကဆို CRPH က ကိုထင္လင္းေအာင္လည္း လာတယ္။ အကုန္လံုး ပူးေပါင္းျပီးေတာ့ ေဆာင္ရြက္ၾကပါတယ္။ သူတို႔ကလည္း သီရိတို႔ကို အလွဴေငြ လွဴပါတယ္။ သူတို႔နဲ႔ ဟိုတပတ္ကပဲ meeting ထိုင္တာလည္း ၃ ၾကိမ္ ရွိျပီေပါ့ေနာ္။”
အဲ့ဒီေတာ့ ဘယ္ေလာက္ အတိုင္းအတာအထိေရာ ဆက္ျပီးေတာ့ လုပ္သြားမွာလဲ။ ဒါက ယာယီ ခန လုပ္တာလား။ ေနာက္ေရာ ဆက္ျပီးေတာ့ ခုလို ပံ့ပိုးမႈေတြ ဆက္လုပ္သြားမွာလား။ လႈပ္ရွားမႈေတြ ဆက္ရွိေနမွာလား။
“ဆက္ရွိမွာပါ။ သီရိတို႔ ဒီမွာတင္ မရပ္ပါဘူး။ ျပီးသြားလို႔ရွိရင္လဲ အလင္းေရာင္ ဆက္ရေနဖို႔အတြက္ သီရိတုိ႔က ဆက္လုပ္သြားမွာပဲ။ လူမွန္ ေနရာမွန္ေပါ့ေနာ္။ လမ္းမွန္ေပၚ ေရာက္သြားရင္ သီရိတို႔ အဖြဲ႔ေတြကလည္း လိုက္ျပီးေတာ့ သူတို႔နဲ႔ ပူးေပါင္းျပီးေတာ့ ေလ ွ်ာက္လွမ္းမွာပါ။ ျမန္မာျပည္ထဲက လူေတြနဲ႔အတူပါ။”
ဒီလို ျပည္ပမွာရွိတဲ့လူငယ္ေတြ ခုလိုစုစည္းျပီးေတာ့ ပံ့ပိုးမႈေတြက ျပည္တြင္းအတြက္ ဘယ္ေလာက္အထိ ခြန္းအား ျဖစ္ႏုိင္မယ္လို႔ေရာ ထင္ပါသလဲ။ တကယ္ေရာ ထိေရာက္မႈ ရွိတယ္လို႔ေရာ ခံစားရလား။
“ဟုတ္ကဲ့။ သီရိတို႔ကေတာ့ ဒီဘက္ကေန ၾကည့္မယ္ဆိုရင္ သီရိတုိ႔က ပိုက္ဆံပဲ ေထာက္ပံ့ေပးႏိုင္တဲ့အတြက္ CDM ေတြကို သီရိတုိ႔က ေထာက္ပံ့ေပးခ်င္တယ္ေပါ့ေနာ္။ ဒီ CDM ေတြရွိမွသာ ဒီဟာကလည္း ႏုိင္မွာေလ။ အဲ့ဒါေၾကာင့္ သီရိတို႔ကလည္း CDM လုပ္ေဆာင္ေနတဲ့ သူရဲေကာင္းေတြကို ဒီကေန ပိုက္ဆံကို အဓိက ေထာက္ပံ့ေပးေနတယ္ေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳးပါ။”
ဘာေၾကာင့္ CDM ကို ေထာက္ပံ့တာပါလဲ။
“ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ အလုပ္ ျပန္သြားလို႔မျဖစ္ဘူးေလ။ သူတို႔ အလုပ္ျပန္သြားရင္ သီရိတို႔က (စစ္အာဏာရွင္ကို) ရံႈးသြားမွာ။ အဲ့ဒီေတာ့ သူတို႔ အလုပ္ျပန္မသြားဘဲ ေနႏုိင္ေအာင္ သူတို႔လစဥ္ရေနတဲ့ လစာကို သီရိတို႔က ေထာက္ပံ့ေပးသြားမွာ။ အဲ့ဒီေတာ့ သီရိတို႔ ႏုိင္ကိုႏုိင္ရမယ္။ CDM ကလူေတြကို အားတင္းထားဖုိ႔ သီရိတို႔က ဒီကေန ေထာက္ပံ့တာပါ။”
ဆိုေတာ့ ဒီေထာက္ပံ့မႈက ျမန္မာႏုိင္ငံ တႏုိင္ငံလံုး အတိုင္းအတာနဲ႔တြက္ရင္ တကယ္က လိုအပ္ခ်က္ေတြက အမ်ားၾကီးပဲ ရွိေနမွာေလ။ ကုိယ္က တႏုိင္တပိုင္ေလးပဲ ေထာက္ပံ့ႏုိင္တာ ဆိုေတာ့ ဒါက ထိေရာက္တယ္လို႔ေရာထင္လား။
“ဟုတ္ကဲ့။ သီရိတို႔ေထာက္ပံ့ေနတာကေတာ့ ၁၀ ေနရာ၊ ၁၅ ေနရာေလာက္ေတာ့ ရွိပါတယ္။ ခြဲျပီးေတာ့ သီရိတို႔ အျမဲေထာက္ပံ့ပါတယ္။ တကယ္ လိုရင္ လိုတဲ့ေနရာကို ေထာက္ပံ့ေပးေနပါတယ္။ အဲ့ဒီေတာ့ သီရိတို႔ လူငယ္ အဖြဲ႔တဖြဲ႔တည္း မဟုတ္ဘူး။ ျမန္မာျပည္ကေန ႏုိင္ငံျခားကို ေရာက္လာတဲ့ သူေတြလည္း တျခားအဖြဲ႔ေတြ ရွိတယ္။ နယူးေယာက္ဆိုရင္လည္း နယူးေယာက္က အဖြဲ႔ေတြ ရွိတယ္။ အဲ့ဒီေတာ့ သီရိထင္တာကေတာ့ တဘက္တေနရာကေနေတာ့ ထိေရာက္တယ္လို႔ေတာ့ ထင္ပါတယ္။”
အဲ့ဒီေတာ့ အခု လက္ရွိ ျမန္မာႏုိင္ငံမွာ အခုျဖစ္ေနတဲ့ အေျခအေနေတြမွာ လူငယ္ေတြ အသက္ေပးေနရတယ္။ အက်ဥ္းေထာင္ေတြထဲထိ ဖမ္းဆီးခံရျပီး ႏွိပ္စက္ညွဥ္းပမ္း ခံရတဲ့ အေျခအေနေတြလည္း ရွိေနတယ္။ ကိုယ္ ကိုယ္တိုင္ကလည္း လူငယ္အမ်ိဳးသမီးတေယာက္လည္း ျဖစ္တယ္ဆိုေတာ့ ဒီျမန္မာႏုိင္ငံနဲ႔ပတ္သက္ျပီးေတာ့ေရာ ဒီလိုေတြ ျမင္ရတဲ့အခါမွာ ဘယ္လိုခံစားရလဲ။
“သီရိက ျမန္မာျပည္ကေန ၇ ႏွစ္သမီးကတည္းက ထြက္လာတာေပါ့ေနာ္။ သီရိ ျမန္မာျပည္အေၾကာင္းကို အမွန္အတိုင္းေျပာရရင္ အရမ္း ေကာင္းေကာင္းၾကီး သိပ္ မသိလိုက္ဘူး။ ေနရာေတြ ဘာေတြေပါ့။ ဒါေပမဲ့ အရမ္းခ်စ္တဲ့စိတ္ကေတာ့ သီရိရဲ႕ စိတ္ထဲမွာရွိတယ္။ ျမန္မာဆိုျပီး သီရိ ကိုယ့္ဟာကိုယ္ခံယူတယ္။ သီရိက အေမရိကန္ citizen တေယာက္။ ဒါေပမဲ့ ကိုယ့္ဟာကိုယ္ ျမန္မာတေယာက္လို႔ ခံယူတယ္။ ကိုယ့္ျမန္မာျပည္ကို သီရိ ခ်စ္လည္းခ်စ္တယ္။ အဲ့ဒီေတာ့ ဘယ္ေနရာေရာက္ေရာက္ ကူေပးခ်င္တဲ့စိတ္ ကေတာ့ သီရိမွာရွိတယ္။ ျပီးေတာ့ သီရိ စိတ္မေကာင္းဘူး။ ကိုယ္က ဒီမွာ ဆႏၵျပျပီးေတာ့ သူတို႔ကို ေထာက္ပံ့ေပးႏုိင္တာပဲ လုပ္ေပးႏိုင္တယ္။ ဟုိမွာဆိုလို႔ရွိရင္ လူေတြက ေသၾကတယ္။ ကိုယ့္အရြယ္ေတြ။ တခ်ိဳ႕ေကာင္မေလးေတြ ဆိုရင္ သီရိထက္ေတာင္ ငယ္ၾကတယ္။ ဆိုေတာ့ သီရိ စိတ္မေကာင္းဘူးေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳးေတြ သိရလို႔ရွိရင္ သီရိက ဒီဘက္ကေန ပိုျပီးေတာ့ ကူညီေပးခ်င္တယ္။ အျမဲတမ္း သတင္းေတြ ေတြ႔တိုင္း ပိုျပီးေတာ့ ကူညီေပးခ်င္စိတ္ ရွိသြားပါတယ္။”
ေစာေစာကေျပာတဲ့အထဲမွာ ျမန္မာျပည္ကို ခ်စ္တယ္။ ကိုယ္ကလည္း ျမန္မာျပည္မွာ ေမြးခဲ့တာဆိုေတာ့ေလ။ ကိုယ္ခ်စ္တဲ့ ျမန္မာျပည္ကိုေရာ ဘယ္လိုပံုစံနဲ႔ျမင္ခ်င္လဲ။
“ျပန္ျပီးေတာ့ အလင္း ျပန္ရေစခ်င္တယ္။ အခုဆိုလို႔ရွိရင္ အျပင္မထြက္ရဘူး။ သီရိ ျမင္ခ်င္တာကေတာ့ ဒီ ျမန္မာျပည္က ႏုိင္ငံသူႏုိင္ငံသားေတြကို အာဏာရွင္စနစ္ေအာက္မွာ မေနေစခ်င္ေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သီရိ အေဖနဲ႔အေမကလည္း ၈၈ တုန္းက ၾကံဳခဲ့ျပီးသြားျပီ။ သူတို႔အျမဲတမ္း ေျပာျပတဲ့ ပံုစံေတြကို ၾကားရတုိင္းမွာ သီရိစိတ္မေကာင္းဘူး။ အဲ့ဒီေတာ့ ေနာက္ လူမ်ိဳးေတြကုိလည္း ဒီလိုမ်ိဳးေတြ မၾကံဳေစခ်င္ဘူး။ အခုဆိုလို႔ရွိရင္ generation တခုျပီးတခု ၾကံဳရတာေတြ မၾကံဳေစခ်င္ေတာ့ဘူး။ သူတို႔ကို က်န္းမာေရးအရ၊ ပညာေရးအရ တိုးတက္ေစခ်င္တယ္။ ျမန္မာျပည္ၾကီးကိုေပါ့။ ျပီးေတာ့ အခု အေမရိကားမွာ သီရိတုိ႔ အခုလူငယ္ေတြ ေနရသလိုမ်ိဳး လြတ္လြတ္လပ္လပ္ freedom ၊ deomocracy အျပည့္ရေစခ်င္တယ္။ ျမန္မာျပည္မွာ အဲ့ဒီလိုမ်ိဳး မရဘူး။ တိုးလည္း မတိုးတက္ဘူး။ အဲ့ဒီေတာ့ သီရိက ျမန္မာျပည္မွာလည္း သီရိတို႔ ဒီမွာ လြတ္လြတ္လပ္လပ္ ေနရသလို ဒီမိုကေရစီရသလိုမ်ိဳး ျမန္မာျပည္မွာလည္း လြတ္လြတ္လပ္လပ္နဲ႔ ဒီမိုကေရစီ ရေစခ်င္ပါတယ္။ ျပီးေတာ့ ဒီစစ္အာဏာရွင္စနစ္ ေအာက္မွာေတာ့ ေနသ၍ကေတာ့ သီရိတို႔ ဘယ္ေတာ့မွ တိုးတက္မွာမဟုတ္ဘူး။ အဲ့ဒီေတာ့ သီရိတို႔လည္း ဒါက ျဖစ္ေနတာ တခါမကေတာ့ဘူး။ ေနာက္ထပ္မ်ိဳးဆက္ေတြ အတြက္ ဘယ္လိုမွထပ္ မျဖစ္ခ်င္ေတာ့ဘူး။ အရမ္းတိုးတက္ေစခ်င္ပါတယ္။”
အဲ့ဒီေတာ့ အလင္းေရာင္ လူငယ္အဖြဲ႔ အေနနဲ႔ေရာ ေရွ႕ဆက္ ျမန္မာႏုိင္ငံအတြက္ ပံ့ပိုးေပးႏုိင္ဖို႔အတြက္ ဘာေတြ ဆက္လုပ္သြားဖို႔ ရွိေနပါလဲ။
“ဟုတ္ကဲ့။ သီရိတို႔က ဒါက ႏိုင္ငံေရးလမ္းေၾကာင္းတခုတည္း သြားတာမဟုတ္ဘူးေပါ့ေနာ္။ အဲ့ဒီေတာ့ သီရိတို႔က တကယ္လို႔ ႏုိင္ငံေရးက ေကာင္းသြားလို႔ရွိရင္လည္း သီရိတို႔က ပရဟိတ အလုပ္ေတြကို ဆက္လက္ လုပ္ေဆာင္သြားမယ္။ တဘက္တလမ္းကေန ကူညီပံ့ပိုးေပးသြားပါမယ္။”
အခု ကိုယ္က ျပည္ပမွာေရာက္ေနတဲ့ လူငယ္အမ်ိဳးသမီးတေယာက္ အေနနဲ႔ အခုဆိုရင္ ျမန္မာႏုိင္ငံမွာ ဖိႏွိပ္မႈမ်ိဳးစံုၾကားကေနျပီးေတာ့ပဲ အာဏာသိမ္းျပီးေနာက္ပိုင္း ၄ လနီးပါး ျဖစ္လာတဲ့အခ်ိန္အထိ အခက္အခဲေတြ အမ်ိဳးမ်ိဳးၾကား၊ ဖိႏွိပ္မႈေတြ အမ်ိဳးမ်ိဳးၾကားကေနျပီးေတာမွ ခက္ခက္ခဲခဲနဲ႔ အသက္အႏၱရာယ္ေတာင္ မမႈဘဲနဲ႔ ႐ုန္းကန္ လႈပ္ရွားေနၾကတဲ့ စစ္အာဏာရွင္ က်ဆံုးေရး လႈပ္ရွားမႈမွာ ပါ၀င္ေနၾကတဲ့ လူေတြကိုေရာ ကိုယ့္အေနနဲ႔ ျပည္ပက လူငယ္တေယာက္ အေနနဲ႔ ဘယ္လိုမ်ိဳး အားေပးစကား ေျပာခ်င္ပါသလဲ။
“သီရိတို႔ ျပည္ပေရာက္ေနေပမဲ့ အခုျပည္တြင္းက လူငယ္ေတြ၊ ႏိုင္ငံေရးအတြက္ လုပ္ေဆာင္ ေဆာင္ရြက္ေနၾကတဲ့သူေတြကို သီရိတို႔ မေမ့ပါဘူး။ သူတို႔ကို သီရိ အရမ္းေလးစားပါတယ္။ သီရိတို႔ေတြက ဒီကေန ေထာက္ခံတယ္။ သူတို႔ဘာလုပ္လုပ္ သီရိတို႔ ပံ့ပိုးကူညီေပးမွာပါ။ သီရိတို႔ ဒီမွာ ေပ်ာ္ခ်င္တုိင္း ေပ်ာ္လို႔ရတာေတာင္ သီရိတို႔ မေပ်ာ္ႏုိင္ဘူး။ သီရိတို႔ေထာက္ပံ့ေပးခ်င္တယ္။ သူတို႔ကို ေထာက္ခံတယ္ သူတို႔ ဘာလုပ္လုပ္။ ဒီဘက္ကေန မေမ့ပါဘူးလို႔။ ျပီးေတာ့ သီရိေျပာခ်င္တာက ေသြးမေအးသြားပါနဲ႔လို႔။ ဒီဘက္မွာရွိေနေပမဲ့ သီရိတို႔ကလည္း ေသြးမေအးပါဘူး။ အဲ့ဒီေတာ့ အားမေလ ွ်ာ့ပါနဲ႔။ ေအာင္ျမင္မွာပါ။ ဒီဟာၾကီးက တေန႔က်လို႔ရွိရင္ အလင္းေရာင္ ရလာမွာပါလို႔ သီရိယံုၾကည္ပါတယ္။ ျပည္တြင္း ျပည္ပေပါ့ေနာ္ ႏွစ္ဘက္ ေပါင္းျပီးေတာ့ တြဲဖက္ျပီး လုပ္ယူသြားမယ္ဆိုရင္ ဒီစစ္အာဏာရွင္စနစ္ကို က်ရံႈးမယ္လို႔ သီရိ အျပည့္အ၀ ယံုၾကည္ပါတယ္။”
ဟုတ္ကဲ့ပါ။ မသီရိေ၀လြင္ ေက်းဇူး အမ်ားၾကီးတင္ပါတယ္။
“ဟုတ္ကဲ့။ ေက်းဇူးပါ။”
=============================
CDM ဝန်ထမ်းတွေကို တနိုင်တပိုင်ကူနေတဲ့ အလင်းရောင်လူငယ်များ (အမျိုးသမီးကဏ္ဍ)
စစ်အာဏာသိမ်းမှုကြောင့် အမှောင်ထုထဲရောက်သလို ဖြတ်သန်း ရှင်သန်နေရတဲ့ မြန်မာပြည်သူတွေ အတွက် အလင်းရောင် အမြန်ဆုံး ရစေချင်တယ်လို့ အလင်းရောင်လူငယ်အဖွဲ့က မသီရိဝေလွင်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်အနီး ပြည်နယ်တွေက မြန်မာလူငယ်တွေနဲ့ စုစည်းထားတဲ့ အလင်းရောင် လူငယ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်လောက်ကစပြီး မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တဘက်တလမ်းကနေ ရန်ပုံငွေ ရှာဖွေပြီး ကူညီလှူဒါန်းတာတွေ လုပ်ခဲ့သလို၊ အခုလက်ရှိမှာလည်း စစ်အုပ်ချုပ်ရေးလက်အောက် ဖိနှိပ်မှုတွေကြား ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ CDM ဝန်ထမ်းတွေအတွက် တနိုင်တပိုင် ကူညီထောက်ပံ့ ပေးနေတယ်လို့ မသီရိဝေလွင်က ပြောပါတယ်။ အလင်းရောင် လူငယ်တဦးဖြစ်တဲ့ မသီရိဝေလွင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ပြည်ပနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာတွေ၊ မြန်မာလူငယ်တွေဆိုရင်လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး သူတို့ နိုင်တဲ့ဘက်ကနေ တနိုင်တပိုင် ကူညီပံ့ပိုးမှုတွေ လုပ်နေကြတယ်ဆိုတာ သိရတယ်။ ဒီအထဲမှာ မသီရိဝေလွင် တို့ဆိုရင်လဲ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယား၊ မေရီလန်း၊ ဝါရှင်တန်ဒီစီ ဒေသတဝိုက်မှာ ရှိတဲ့ လူငယ်တွေ စုပေါင်းပြီး အလင်းရောင် လူငယ်အဖွဲ့ ဖွဲ့ပြီး မြန်မာနိုင်ငံအတွက် တနိုင်တပိုင် ပံ့ပိုး ကူညီတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီတော့ ဒီမှာ အဓိက ဘာတွေ လုပ်ဖြစ်တာပါလဲ။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအပေါ်မှာ ဒီဘက်ကနေ ဘာတွေများ ကူညီ ဆောင်ရွက်ပေးနေတာပါလဲ။
''သီရိတို့ ဒီအဖွဲ့က အရင် ၂၀၁၅ ကတည်းက စခဲ့တာပါ။ ရေဘေးတွေဖြစ်တုန်းကလည်း ပြည်သူတွေကို ကူညီပေးဖူးခဲ့တယ်။ ရန်ပုံငွေတွေ ရှာပြီးတော့ပါ။ DMV (D.C, Maryland, Virginia) ဧရိယာပေါ့နော်။ စိတ်တူကိုယ်တူ လူငယ်တွေ စုပြီးတော့ ပရဟိတ လုပ်ကြတယ်။ ၂၀၁၅ ကတည်းက ဆိုတော့ တော်တော်တော့ ကြာပြီ။ အဲ့ဒီတုန်းကတော့ officially မဟုတ်ဘူးပေါေ့နာ်။ အခုကျမှ သီရိတို့က CRPH နဲ့ တွဲဖက်ပြီးတော့ ပိုမိုထိရောက်အောင် ပုံစံမျိုးတွေနဲ့ ပိုပြီးတော့ စနစ်တကျ ပံ့ပိုးပေးနေပါတယ်။ ရန်ပုံငွေတွေ ရှာတယ်။ ဈေးရောင်းပွဲတွေလုပ်တယ်။ အလှူငွေတွေ ကောက်တယ်။ အဲ့ဒီလိုမျိုးတွေလုပ်ပါတယ်။”
ဆိုလိုတာက ဒီ အလင်းရောင် လူငယ်အဖွဲ့ ဟာ အခုမှ ပေါ်လာတာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ ပြည်သူတွေအတွက် လိုအပ်တဲ့အကူအညီတွေ ပေးနိုင်ဖို့အတွက် အရင်ကတည်းက စဖွဲ့ခဲ့တဲ့ အဖွဲ့ပေါ့နော်။
“ဟုတ်ကဲ့ရှင့်။ နိုင်ငံရေးတခုတည်း မဟုတ်ဘူးပေါ့နော်။ ရေဘေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ တခုခု ဒုက္ခကြုံရတယ်ဆိုရင် သီရိတို့ လူငယ်တွေက အမြဲတမ်း စိတ်အားထက်သန်ပြီးတော့ အမြဲတမ်း ရန်ပုံငွေ ရှာပေးပါတယ်။”
အခုဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲက ကြီးကြီးမားမား ဖြစ်သွားတယ်။ စစ်အာဏာသိမ်းလိုက်တယ်။ ဖမ်းဆီး ထိန်းသိမ်း ဖိနှိပ်တာတွေ အများကြီး ဖြစ်လာတယ်။ စစ်ပြေးဒုက္ခသည်တွေ များလာတယ်။ ဆိုတော့ ဒီလို ကြုံနေရတဲ့ မြန်မာပြည်သူတွေ အတွက် လက်ရှိမှာ အလင်းရောင် လူငယ်အဖွဲ့ အနေနဲ့ ဘယ်လိုပုံစံနဲ့ အကူအညီတွေ ပေးနေတာပါလဲ။
“ဟုတ်ကဲ့။ သီရိတို့ အခုက CDM လုပ်နေတဲ့ သူရဲကောင်းတွေကို သီရိတို့က ဒီဘက်ကနေ ထောက်ပံ့ပေးနေတာ ၃ လ ဆက်တိုက် ရှိပြီ။ အဲ့ဒါ သီရိတို့ လတိုင်း ပိုက်ဆံ ဆိုလို့ရှိရင် အစားအသောက်တွေကို လူငယ်တွေ ကိုယ်တိုင်ချက်တယ်။ အလှူရှင်တွေကလည်း လာပြီး ပံ့ပိုးပေးကြတယ်။ ပြီးတော့ ဒီအစားအသောက်တွေကို သီရိတို့က ပြန်ရောင်းတယ်။ အဲ့ဒီက ပိုက်ဆံတွေနဲ့ သီရိတို့ လှူနေတာ ၃ လရှိပြီ။ ပြီးတော့ သီရိတို့ရဲ့ ရည်မှန်းချက်က အမှောင်ကျနေတဲ့ မြန်မာပြည်က နိုင်ငံသူနိုင်ငံသားတွေကို သီရိတို့က အလင်းရောင် ပေးချင်တာ။ အဲ့ဒါကြောင့် သီရိတို့က ဒီနာမည်လေးကိုတောင် အလင်းရောင် ဆိုပြီးတော့ ပေးခဲ့တာဖြစ်ပါတယ်။”
အခု နိုင်ငံတကာမှာ ရှိနေကြတဲ့လူငယ်တွေ၊ မြန်မာတွေတင်မဟုတ်ဘဲနဲ့ တခြား ဟောင်ကောင်တို့ ကိုရီးယားတို့က လူငယ်တွေကိုလည်း နောက်ပိုင်း ပြည်ပမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုပ်နေတာ တွေ့ရတယ်။ အဲ့ဒီလို လူငယ်အဖွဲ့တွေနဲ့ရော ပူးပေါင်း ဆောင်ရွက်တာမျိုးတွေ ရှိပါသလား။ ဒါမှမဟုတ် အလင်းရောင် လူငယ်အဖွဲ့အနေနဲ့က ရန်ပုံငွေ ရှာတာ တခုတည်းကို လုပ်တာလား။ တခြား မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအပေါ်မှာ ပံ့ပိုးပေးနိုင်မယ့် လှုပ်ရှားမှုမျိုးတွေကိုရော ဆောင်ရွက်တာ ရှိပါလား။
“ဟုတ်ကဲ့ ရှိတယ်ရှင့်။ ဟိုတနေ့ကပဲ ကိုရီးယားအဖွဲ့ပေါ့နော်။ ဒီမှာက ကိုရီးယား community ရှိပါတယ်။ အဲ့ဒီ ကိုရီးယား community က လူတွေနဲ့ သီရိတို့ ပူးပေါင်း ဆောင်ရွက်တာရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေကလဲ သူတို့နိုင်ငံမှာလည်း ၁၉ ၈၀ လောက်က သီရိတို့လို အဖြစ်အပျက်မျိုး ဖြစ်ခဲ့တာဆိုတော့ သူတို့မှာ စာနာ နားလည်စိတ် ရှိတယ်။ မြန်မာတွေ အပေါ်ကိုပေါ့။ သူတို့က အခု CDM လုပ်နေတဲ့သူတွေကို လှူချင်တယ်ဆိုပြီးတော့လည်း လက်လှမ်းလာတယ်။ အဲ့ဒီနေ့ကဆို CRPH က ကိုထင်လင်းအောင်လည်း လာတယ်။ အကုန်လုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြပါတယ်။ သူတို့ကလည်း သီရိတို့ကို အလှူငွေ လှူပါတယ်။ သူတို့နဲ့ ဟိုတပတ်ကပဲ meeting ထိုင်တာလည်း ၃ ကြိမ် ရှိပြီပေါ့နော်။”
အဲ့ဒီတော့ ဘယ်လောက် အတိုင်းအတာအထိရော ဆက်ပြီးတော့ လုပ်သွားမှာလဲ။ ဒါက ယာယီ ခန လုပ်တာလား။ နောက်ရော ဆက်ပြီးတော့ ခုလို ပံ့ပိုးမှုတွေ ဆက်လုပ်သွားမှာလား။ လှုပ်ရှားမှုတွေ ဆက်ရှိနေမှာလား။
“ဆက်ရှိမှာပါ။ သီရိတို့ ဒီမှာတင် မရပ်ပါဘူး။ ပြီးသွားလို့ရှိရင်လဲ အလင်းရောင် ဆက်ရနေဖို့အတွက် သီရိတို့က ဆက်လုပ်သွားမှာပဲ။ လူမှန် နေရာမှန်ပေါ့နော်။ လမ်းမှန်ပေါ် ရောက်သွားရင် သီရိတို့ အဖွဲ့တွေကလည်း လိုက်ပြီးတော့ သူတို့နဲ့ ပူးပေါင်းပြီးတော့ လေ ျှာက်လှမ်းမှာပါ။ မြန်မာပြည်ထဲက လူတွေနဲ့အတူပါ။”
ဒီလို ပြည်ပမှာရှိတဲ့လူငယ်တွေ ခုလိုစုစည်းပြီးတော့ ပံ့ပိုးမှုတွေက ပြည်တွင်းအတွက် ဘယ်လောက်အထိ ခွန်းအား ဖြစ်နိုင်မယ်လို့ရော ထင်ပါသလဲ။ တကယ်ရော ထိရောက်မှု ရှိတယ်လို့ရော ခံစားရလား။
“ဟုတ်ကဲ့။ သီရိတို့ကတော့ ဒီဘက်ကနေ ကြည့်မယ်ဆိုရင် သီရိတို့က ပိုက်ဆံပဲ ထောက်ပံ့ပေးနိုင်တဲ့အတွက် CDM တွေကို သီရိတို့က ထောက်ပံ့ပေးချင်တယ်ပေါ့နော်။ ဒီ CDM တွေရှိမှသာ ဒီဟာကလည်း နိုင်မှာလေ။ အဲ့ဒါကြောင့် သီရိတို့ကလည်း CDM လုပ်ဆောင်နေတဲ့ သူရဲကောင်းတွေကို ဒီကနေ ပိုက်ဆံကို အဓိက ထောက်ပံ့ပေးနေတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးပါ။”
ဘာကြောင့် CDM ကို ထောက်ပံ့တာပါလဲ။
“ဘာဖြစ်လို့လဲဆိုတော့ သူတို့ အလုပ် ပြန်သွားလို့မဖြစ်ဘူးလေ။ သူတို့ အလုပ်ပြန်သွားရင် သီရိတို့က (စစ်အာဏာရှင်ကို) ရှုံးသွားမှာ။ အဲ့ဒီတော့ သူတို့ အလုပ်ပြန်မသွားဘဲ နေနိုင်အောင် သူတို့လစဉ်ရနေတဲ့ လစာကို သီရိတို့က ထောက်ပံ့ပေးသွားမှာ။ အဲ့ဒီတော့ သီရိတို့ နိုင်ကိုနိုင်ရမယ်။ CDM ကလူတွေကို အားတင်းထားဖို့ သီရိတို့က ဒီကနေ ထောက်ပံ့တာပါ။”
ဆိုတော့ ဒီထောက်ပံ့မှုက မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာနဲ့တွက်ရင် တကယ်က လိုအပ်ချက်တွေက အများကြီးပဲ ရှိနေမှာလေ။ ကိုယ်က တနိုင်တပိုင်လေးပဲ ထောက်ပံ့နိုင်တာ ဆိုတော့ ဒါက ထိရောက်တယ်လို့ရောထင်လား။
“ဟုတ်ကဲ့။ သီရိတို့ထောက်ပံ့နေတာကတော့ ၁၀ နေရာ၊ ၁၅ နေရာလောက်တော့ ရှိပါတယ်။ ခွဲပြီးတော့ သီရိတို့ အမြဲထောက်ပံ့ပါတယ်။ တကယ် လိုရင် လိုတဲ့နေရာကို ထောက်ပံ့ပေးနေပါတယ်။ အဲ့ဒီတော့ သီရိတို့ လူငယ် အဖွဲ့တဖွဲ့တည်း မဟုတ်ဘူး။ မြန်မာပြည်ကနေ နိုင်ငံခြားကို ရောက်လာတဲ့ သူတွေလည်း တခြားအဖွဲ့တွေ ရှိတယ်။ နယူးယောက်ဆိုရင်လည်း နယူးယောက်က အဖွဲ့တွေ ရှိတယ်။ အဲ့ဒီတော့ သီရိထင်တာကတော့ တဘက်တနေရာကနေတော့ ထိရောက်တယ်လို့တော့ ထင်ပါတယ်။”
အဲ့ဒီတော့ အခု လက်ရှိ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အခြေအနေတွေမှာ လူငယ်တွေ အသက်ပေးနေရတယ်။ အကျဉ်းထောင်တွေထဲထိ ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပမ်း ခံရတဲ့ အခြေအနေတွေလည်း ရှိနေတယ်။ ကိုယ် ကိုယ်တိုင်ကလည်း လူငယ်အမျိုးသမီးတယောက်လည်း ဖြစ်တယ်ဆိုတော့ ဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ရော ဒီလိုတွေ မြင်ရတဲ့အခါမှာ ဘယ်လိုခံစားရလဲ။
“သီရိက မြန်မာပြည်ကနေ ၇ နှစ်သမီးကတည်းက ထွက်လာတာပေါ့နော်။ သီရိ မြန်မာပြည်အကြောင်းကို အမှန်အတိုင်းပြောရရင် အရမ်း ကောင်းကောင်းကြီး သိပ် မသိလိုက်ဘူး။ နေရာတွေ ဘာတွေပေါ့။ ဒါပေမဲ့ အရမ်းချစ်တဲ့စိတ်ကတော့ သီရိရဲ့ စိတ်ထဲမှာရှိတယ်။ မြန်မာဆိုပြီး သီရိ ကိုယ့်ဟာကိုယ်ခံယူတယ်။ သီရိက အမေရိကန် citizen တယောက်။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် မြန်မာတယောက်လို့ ခံယူတယ်။ ကိုယ့်မြန်မာပြည်ကို သီရိ ချစ်လည်းချစ်တယ်။ အဲ့ဒီတော့ ဘယ်နေရာရောက်ရောက် ကူပေးချင်တဲ့စိတ် ကတော့ သီရိမှာရှိတယ်။ ပြီးတော့ သီရိ စိတ်မကောင်းဘူး။ ကိုယ်က ဒီမှာ ဆန္ဒပြပြီးတော့ သူတို့ကို ထောက်ပံ့ပေးနိုင်တာပဲ လုပ်ပေးနိုင်တယ်။ ဟိုမှာဆိုလို့ရှိရင် လူတွေက သေကြတယ်။ ကိုယ့်အရွယ်တွေ။ တချို့ကောင်မလေးတွေ ဆိုရင် သီရိထက်တောင် ငယ်ကြတယ်။ ဆိုတော့ သီရိ စိတ်မကောင်းဘူးပေါ့နော်။ အဲ့ဒီလိုမျိုးတွေ သိရလို့ရှိရင် သီရိက ဒီဘက်ကနေ ပိုပြီးတော့ ကူညီပေးချင်တယ်။ အမြဲတမ်း သတင်းတွေ တွေ့တိုင်း ပိုပြီးတော့ ကူညီပေးချင်စိတ် ရှိသွားပါတယ်။”
စောစောကပြောတဲ့အထဲမှာ မြန်မာပြည်ကို ချစ်တယ်။ ကိုယ်ကလည်း မြန်မာပြည်မှာ မွေးခဲ့တာဆိုတော့လေ။ ကိုယ်ချစ်တဲ့ မြန်မာပြည်ကိုရော ဘယ်လိုပုံစံနဲ့မြင်ချင်လဲ။
“ပြန်ပြီးတော့ အလင်း ပြန်ရစေချင်တယ်။ အခုဆိုလို့ရှိရင် အပြင်မထွက်ရဘူး။ သီရိ မြင်ချင်တာကတော့ ဒီ မြန်မာပြည်က နိုင်ငံသူနိုင်ငံသားတွေကို အာဏာရှင်စနစ်အောက်မှာ မနေစေချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သီရိ အဖေနဲ့အမေကလည်း ၈၈ တုန်းက ကြုံခဲ့ပြီးသွားပြီ။ သူတို့အမြဲတမ်း ပြောပြတဲ့ ပုံစံတွေကို ကြားရတိုင်းမှာ သီရိစိတ်မကောင်းဘူး။ အဲ့ဒီတော့ နောက် လူမျိုးတွေကိုလည်း ဒီလိုမျိုးတွေ မကြုံစေချင်ဘူး။ အခုဆိုလို့ရှိရင် generation တခုပြီးတခု ကြုံရတာတွေ မကြုံစေချင်တော့ဘူး။ သူတို့ကို ကျန်းမာရေးအရ၊ ပညာရေးအရ တိုးတက်စေချင်တယ်။ မြန်မာပြည်ကြီးကိုပေါ့။ ပြီးတော့ အခု အမေရိကားမှာ သီရိတို့ အခုလူငယ်တွေ နေရသလိုမျိုး လွတ်လွတ်လပ်လပ် freedom ၊ deomocracy အပြည့်ရစေချင်တယ်။ မြန်မာပြည်မှာ အဲ့ဒီလိုမျိုး မရဘူး။ တိုးလည်း မတိုးတက်ဘူး။ အဲ့ဒီတော့ သီရိက မြန်မာပြည်မှာလည်း သီရိတို့ ဒီမှာ လွတ်လွတ်လပ်လပ် နေရသလို ဒီမိုကရေစီရသလိုမျိုး မြန်မာပြည်မှာလည်း လွတ်လွတ်လပ်လပ်နဲ့ ဒီမိုကရေစီ ရစေချင်ပါတယ်။ ပြီးတော့ ဒီစစ်အာဏာရှင်စနစ် အောက်မှာတော့ နေသ၍ကတော့ သီရိတို့ ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ အဲ့ဒီတော့ သီရိတို့လည်း ဒါက ဖြစ်နေတာ တခါမကတော့ဘူး။ နောက်ထပ်မျိုးဆက်တွေ အတွက် ဘယ်လိုမှထပ် မဖြစ်ချင်တော့ဘူး။ အရမ်းတိုးတက်စေချင်ပါတယ်။”
အဲ့ဒီတော့ အလင်းရောင် လူငယ်အဖွဲ့ အနေနဲ့ရော ရှေ့ဆက် မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးနိုင်ဖို့အတွက် ဘာတွေ ဆက်လုပ်သွားဖို့ ရှိနေပါလဲ။
“ဟုတ်ကဲ့။ သီရိတို့က ဒါက နိုင်ငံရေးလမ်းကြောင်းတခုတည်း သွားတာမဟုတ်ဘူးပေါ့နော်။ အဲ့ဒီတော့ သီရိတို့က တကယ်လို့ နိုင်ငံရေးက ကောင်းသွားလို့ရှိရင်လည်း သီရိတို့က ပရဟိတ အလုပ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်။ တဘက်တလမ်းကနေ ကူညီပံ့ပိုးပေးသွားပါမယ်။”
အခု ကိုယ်က ပြည်ပမှာရောက်နေတဲ့ လူငယ်အမျိုးသမီးတယောက် အနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖိနှိပ်မှုမျိုးစုံကြားကနေပြီးတော့ပဲ အာဏာသိမ်းပြီးနောက်ပိုင်း ၄ လနီးပါး ဖြစ်လာတဲ့အချိန်အထိ အခက်အခဲတွေ အမျိုးမျိုးကြား၊ ဖိနှိပ်မှုတွေ အမျိုးမျိုးကြားကနေပြီးတောမှ ခက်ခက်ခဲခဲနဲ့ အသက်အန္တရာယ်တောင် မမှုဘဲနဲ့ ရုန်းကန် လှုပ်ရှားနေကြတဲ့ စစ်အာဏာရှင် ကျဆုံးရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ လူတွေကိုရော ကိုယ့်အနေနဲ့ ပြည်ပက လူငယ်တယောက် အနေနဲ့ ဘယ်လိုမျိုး အားပေးစကား ပြောချင်ပါသလဲ။
“သီရိတို့ ပြည်ပရောက်နေပေမဲ့ အခုပြည်တွင်းက လူငယ်တွေ၊ နိုင်ငံရေးအတွက် လုပ်ဆောင် ဆောင်ရွက်နေကြတဲ့သူတွေကို သီရိတို့ မမေ့ပါဘူး။ သူတို့ကို သီရိ အရမ်းလေးစားပါတယ်။ သီရိတို့တွေက ဒီကနေ ထောက်ခံတယ်။ သူတို့ဘာလုပ်လုပ် သီရိတို့ ပံ့ပိုးကူညီပေးမှာပါ။ သီရိတို့ ဒီမှာ ပျော်ချင်တိုင်း ပျော်လို့ရတာတောင် သီရိတို့ မပျော်နိုင်ဘူး။ သီရိတို့ထောက်ပံ့ပေးချင်တယ်။ သူတို့ကို ထောက်ခံတယ် သူတို့ ဘာလုပ်လုပ်။ ဒီဘက်ကနေ မမေ့ပါဘူးလို့။ ပြီးတော့ သီရိပြောချင်တာက သွေးမအေးသွားပါနဲ့လို့။ ဒီဘက်မှာရှိနေပေမဲ့ သီရိတို့ကလည်း သွေးမအေးပါဘူး။ အဲ့ဒီတော့ အားမလေ ျှာ့ပါနဲ့။ အောင်မြင်မှာပါ။ ဒီဟာကြီးက တနေ့ကျလို့ရှိရင် အလင်းရောင် ရလာမှာပါလို့ သီရိယုံကြည်ပါတယ်။ ပြည်တွင်း ပြည်ပပေါ့နော် နှစ်ဘက် ပေါင်းပြီးတော့ တွဲဖက်ပြီး လုပ်ယူသွားမယ်ဆိုရင် ဒီစစ်အာဏာရှင်စနစ်ကို ကျရှုံးမယ်လို့ သီရိ အပြည့်အ၀ ယုံကြည်ပါတယ်။”
ဟုတ်ကဲ့ပါ။ မသီရိဝေလွင် ကျေးဇူး အများကြီးတင်ပါတယ်။
“ဟုတ်ကဲ့။ ကျေးဇူးပါ။”