သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြလှုပ်ရှားမှုမှာပါတဲ့ သားတွေကိုမတွေ့လို့ ရိုက်နှက်ဖမ်းဆီးခံရတဲ့မိခင်


(Zawgyi/Unicode)

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က တက်ကြွလှုပ်ရှားသူ လူငယ် နှစ်ယောက်ရဲ့ အိမ်ကို မေလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ရိုက်ဖျက် ဝင်ရောက် ရှာဖွေတာတွေ လုပ်ခဲ့ပြီး လူငယ်နှစ်ဦးကို ရှာမတွေ့တဲ့အတွက် အသက် ၆၀ ကျော် မိခင်ဖြစ်သူ ဒေါ်မိငယ်ကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သမီးဖြစ်သူ မသော်တာက ပြောပါတယ်။ ဘယ်ကိုခေါ်ဆောင်သွားသလဲ မသိရသေးသလို၊ ဖမ်းဆီးချိန်မှာ ရိုက်နှက်နှိပ်စက်တာတွေ ရှိခဲ့တဲ့အတွက် မိခင်ဖြစ်သူအတွက် အထူး စိုးရိမ်တယ်လို့ မသော်တာက ပြောပါတယ်။ မသော်တာကတော့ လက်ရှိ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ နေထိုင်နေတာဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ အစ်ကိုနှစ်ယောက်ကတော့ လတ်တလော ပြည်တွင်းမှာ တိမ်းရှောင်နေကြရတယ်လို့ ပြောပြပါတယ်။ မသော်တာကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

မသော်တာရဲ့အမေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဆိုတော့ ဘယ်နေ့က ဘယ်လိုပုံစံနဲ့ အဖမ်းခံခဲ့ရတယ်ဆိုတာ အရင်ဆုံး ပြောပြပေးပါလား။

“ဟုတ်ကဲ့။ အမေ့ကို မေလ ၂ ရက်နေ့၊ တနင်္ဂနွေနေ့ မနက် ၈ နာရီခွဲမှာ စစ်သားရော၊ ရဲအင်အား အလုံးအရင်းနဲ့ အိမ်ထဲဝင်လာပြီး အိမ်နောက်ဖေးတွေရော ဘေးတွေရော အရှေ့တွေရော ပိတ်ပြီး ဝင်လာ ဖမ်းဆီးတာရှင့်။ အိမ်က သုံးထပ်ဆိုတော့ သူတို့က ရဲအင်အား ပိုများများနဲ့ ဝင်လာတယ်ပေါ့နော်။ ဝင် ဝင်လာချင်းမှာပဲ အမေ့ကို သူတို့က တိုင်ဘေးမှာ ထိုင်ခိုင်းထားတယ်။ ပြီးတော့မှ သူတို့က အိမ်ကို သူတို့လုပ်နည်းအတိုင်း ရိုက်ချိုးဖျက်ဆီးပြီးတော့ သူတို့ရှာချင်တာကို မွှေနှောက်ပြီးတော့ ရှာပါတယ်။”

ခုလို အိမ်ကိုရိုက်ချိုးပြီးတော့ လုပ်တယ်ဆိုတော့ လူကိုရော ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တာမျိုးရော ရှိခဲ့တယ်လို့ သိရလား။

“ရှိတယ် အစ်မ။ ဘာလို့လဲဆိုတော့ အမေနဲ့အတူ ရှိနေတဲ့ ဒီဇိုင်နာ အထည်ညှပ်တဲ့ အန်တီကြီး ပြောပြချက်အရ ဆိုရင် သူတို့က အမေ့ဖုန်းကို တောင်းတယ်တဲ့။ အိမ်မှာရှိတဲ့ ဖုန်းတွေရှိသမ ျှ အကုန် တောင်းတယ်ပေါ့။ အမေက သူနဲ့ မရှိနေဘူးလို့ ပြောလိုက်တာ။ ဒါပေမဲ့ သူတို့ရှာဖွေတော့ အမေက ဒုတိယအထပ်မှာနေတဲ့ အခါကျတော့ အဲ့ဒီဒုတိယထပ်မှာ အမေ့ဖုန်းကို တွေ့လည်း တွေ့ရော အဲ့ဒါရှိတာကို မရှိဘူးလို့ ပြောရပါ့မလား ဆိုပြီးတော့ ရဲလားစစ်သားလားတော့ သေချာမသိဘူး။ သူတို့ပါတဲ့ လက်နက်နဲ့ တုတ်နဲ့ အမေ့ကို ဆင့်ပြီးတော့ ရိုက်တာ။ တိုင်လေးမှာလည်း ထိုင်ခိုင်းထားသေးတယ်။ ဆင့်ပြီးတော့ ရိုက်တာ။ အမေက အသက်လည်း တော်တော်ကြီးနေပြီ။ ကြီးနေတဲ့အခါကျတော့ သူတို့ရိုက်တဲ့ဒဏ်ကို မခံနိုင်ဘူး။ မခံနိုင်တော့ ငါ နာနေပြီနော် ရပ်ပါလို့ ပြောတာကို မရပ်ဘူး။ အဲ့ဒါ ဘေးက အထည်ညှပ်တဲ့ အန်တီကြီးက ပြောတာပေါ့နော်။ မင်း အမေအရွယ်လောက်ရှိတဲ့ အမေအိုကြီးကို အဲ့ဒီလောက် ရိုက်စရာလား ပြောတော့မှ သူတို့ရိုက်တာကို ရပ်လိုက်တယ်။ အဲ့ဒီရဲတယောက်က။”

အခုဆိုလို့ရှိရင် အမေ့ကို ၂ ရက်နေ့က ဖမ်းခေါ်သွားတယ်ဆိုတော့ ဘာကြောင့် သူတို့ ခုလို အိမ်ပေါ်တက်ပြီး အကြမ်းပတမ်း ဖမ်းတယ်လို့ရော သိရလဲ။

“ဟုတ်ကဲ့။ အခုနောက်ပိုင်း ကြားသိရတာကတော့ သူတို့က ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျမရဲ့ အစ်ကိုအလတ် တင်ထွဋ်ပိုင် က နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာပေါ့။ အဓိက က သူ့ကို ဖမ်းချင်လို့ ဝင်ဖမ်းတယ်။ သူနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ရှာဖွေပြီးတော့ လာရှာချင်လို့ ဝင်ဖမ်းတယ်လို့ အခုနောက်ပိုင်းမှာ ကြားသိရတယ်ပေါ့နော်။ ဆိုတော့ သူတို့ရှာဖွေတဲ့အချိန်မှာ တင်ထွဋ်ပိုင်နဲ့ပတ်သက်တဲ့ ပစ္စည်းတို့၊ သူ့ကိုလည်း မတွေ့တဲ့အခါကျတော့ အမေ့ကို ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ကျမ ထင်တယ်ရှင့်။”

ဒါကတော့ ကိုယ် အကြမ်းမျဉ်းအားဖြင့် သိထားရတာပေါ့။ ကိုယ်ကလည်း အဝေးမှာ ရောက်နေတဲ့သူ ဆိုတော့။

“ဟုတ်ကဲ့။”

အဲ့ဒီတော့ အမေ့ကို ဘယ်ကိုခေါ်သွားတယ်လို့ရော သိထားရလဲ။

“အမေ့ကို ဘယ်ကိုခေါ်သွားတယ်လို့ မသိလိုက်ရဘူး။ သူတို့ မနက် ၈ နာရီခွဲမှာ ဝင်ရောက်ရှာဖွေတယ်။ ရိုက်နှက်ဖျက်ဆီးတယ်။ အမေ့ကို ရိုက်နှက်တယ်။ ၉ နာရီလောက်မှာ ခေါ်သွားတယ်။ အဲ့ဒီနောက်ပိုင်းဘာမှမသိရတော့ဘူး။ အမေ့ကို ဘယ်စခန်းကို ခေါ်သွားတယ်။ ဘယ်မှာ ထားထားတယ် ဆိုတာ မသိရတော့ဘူး။”

ဆိုတော့ အမေ့ကို အချုပ်ထဲမှာလား။ စစ်ကြောရေးပဲ ခေါ်သွားသလား။ ဒါမှမဟုတ် ရဲစခန်းထဲမှာပဲ ရှိနေတာလား။ ထောင်ထဲရောက်နေပြီလားဆိုတာ ဘာမှမသိရတဲ့ အခြေအနေပေါ့။

“ဘာမှမသိရဘူးရှင့်။ ဘာလို့လဲဆိုတော့ ညီမတို့မှာက ကျန်ရှိနေတဲ့ ညီမအစ်ကို နှစ်ယောက်ကလည်း တိမ်းရှောင်နေရတာပေါ့နော်။ သူတို့က လာပြီး အလုံးအရင်းနဲ့ ဖမ်းဆီးတဲ့အခါကျတော့ သူတို့ကလည်း သူတို့လှုပ်ရှားမှုအတွက် တိမ်းရှောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် အမေ့နောက်ကို လိုက်ပေးမယ့်သူက မရှိဘူး။ ညီမကလဲ ပြည်ပမှာ ရောက်နေတဲ့အတွက်ကြောင့် အမေ ဘယ်ရောက်နေသလဲကို လိုက်စုံစမ်းဖို့က လုံး၀ မလွယ်ဘူး။”

အိမ်မှာရော အခု ဘယ်သူတွေ ကျန်ခဲ့သေးလဲ။

“အိမ်မှာကကျတော့ အမေ့ရဲ့ အမေ အသက် ၈၅ နှစ်အရွယ် အဖွားတယောက်ရယ်၊ ပြီးတော့ အမေ့ရဲ့အစ်မ ကြီးကြီး အသက် ၆၆ နှစ်အရွယ် ကြီးကြီးတယောက် ကျန်ခဲ့ပါတယ်ရှင့်။”

အဲ့ဒီတော့ အခု အမေနဲ့ပတ်သက်ပြီးတော့ ဘာတွေ ဆက်လုပ်ဖို့ စဉ်းစားထားပါလဲ။ ခုက ဘယ်မှာလဲဆိုတာတောင် မသိရဘူးဆိုတော့ ဘာလုပ်မယ်လို့ရော စဉ်းစားထားတာ ရှိပါသလဲ။

“အခု ညီမက တတ်နိုင်သလောက်ကတော့ AAPP နိုင်ငံရေးအကျဉ်းသား စာရင်းပြုစုနေတဲ့အသင်းကို ဆက်သွယ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေကလည်း နိုင်ငံရေး အကျဉ်းသား တယောက် ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေက သူတို့မှာ ရှိပြီးသားဆိုတော့ အမေ့ကို နောက်ထပ်တကြိမ် ဖမ်းဆီးချုပ်နှောင်တဲ့အတွက်ကြောင့် သူတို့ကို ပြန်ပြီးတော့ သတင်းပို့ထားတယ်ရှင့်။ သူတို့များ ဘာအကူအညီများ ထပ်ပြီးတော့ ပေးနိုင်မလဲဆိုပြီး အကူအညီ တောင်းထားပါတယ်ရှင့်။ AAPP ကိုပါ။”

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း အဲ့ဒီလို ဖမ်းဆီးခံရတဲ့သူတွေ ဘယ်ရောက်မှန်းမသိဘူးဆိုရင် ကူညီပေးနေတဲ့ အဖွဲ့တွေ တော်တော်များများ နောက်ပိုင်း ရှိလာပါတယ်။ ဥပမာ အင်းစိန်ထောင်ရှေ့လို နေရာမျိုးမှာ သွားပြီး အကူအညီပေးနေတဲ့ သင့်အတွက်ရှေ့နေများ ဆိုတာလည်း ရှိပါတယ်။ နောက်ပိုင်း အကူအညီပေးနေတဲ့ ရှေ့နေတွေ ရှိတယ်။ ဒီလို ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေနဲ့ရော ဆက်သွယ်ဖို့ ကြိုးစားတာတွေရှိလား။

“ဟုတ်ကဲ့။ အခုဆက်သွယ်ဖို့ ကြိုးစားနေပါတယ်ရှင့်။ အဲ့ဒီအဖွဲ့တွေနဲ့ပေါ့နော်။ အင်းစိန်ထောင်ရှေ့မှာ သွားပြီးတော့ အကူအညီပေးနေတဲ့ ဆရာမတယောက်နဲ့ ဆက်သွယ်ထားတယ်။ အမေနဲ့ပတ်သက်ပြီး အမှုကို အပ်လိုက်ပါပြီရှင့်။”

ဆိုတော့ ရှေ့နေတချို့ဆီက အကူအညီရဖို့လည်း ကြိုးစားနေတယ်ပေါ့။

“ဟုတ်ကဲ့။ ရှေ့နေတချို့ဆိုကနေ အကူအညီရဖို့လည်း ကြိုးစားနေတယ်ရှင့်။”

စောစောက ပြောသွားတဲ့အထဲမှာ AAPP ကို ဆက်သွယ်တယ်။ ဘာလို့လဲ ဆိုတော့ အမေက နိုင်ငံရေးအကျဉ်းသားဟောင်း လို့ပြောသွားတာကို ကြားလိုက်ပါတယ်။ ဆိုတော့ အမေက အရင်တုန်းကရော ဘယ်တုန်းက အဖမ်းခံခဲ့ရဖူးတာလဲ။ ဘာအတွက်ကြောင့် ဖမ်းဆီးခံခဲ့ရတာလဲ ဆိုတာကိုလည်း ပြောပြပေးပါလား။

“ဟုတ်။ အမေက ၁၉ ၉၀ နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အဖွဲ့ဝင်တယောက် အနေနဲ့ သူတို့လုပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တယ်ပေါ့နော်။ ပြီးတော့ NLD က ဒေါ် နော်အုန်းလှနဲ့ အတူတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဘုရားမှာ ဝတ်ပြုဆုတောင်းတဲ့အဖွဲ့မှာလည်း အမေက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တယ်။ ဆိုတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမတိုင်ခင် ၂၀၀၆ ခုနှစ်မှာ လောင်စာဆီဈေးတွေ တိုးမြှင့်တာနဲ့ပတ်သက်ပြီးတော့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လူထုလှုပ်ရှားမှုကြီးမှာလည်း အမေက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ အမေ ဖမ်းဆီးခံလိုက်ရတာ။ အမေ ဖမ်းဆီးခံလိုက်ရတာ ၂၀၀၆ ခုနှစ်က။ သာယာဝတီထောင်မှာ ၄ နှစ်ကျော် အကျဉ်းချခံခဲ့ရပါတယ်ရှင့်။ သော်တာက အဲ့ဒီတုန်းက ၁၄ နှစ်သမီးပဲ ရှိသေးတယ်ရှင့်။”

ဆိုတော့ အဲ့ဒီတုန်းကလည်း ကိုယ်က နိုင်ငံရေးအကျဉ်းသူ တယောက်ရဲ့ သမီးဖြစ်သလို၊ အစ်ကိုတွေကလည်း နိုင်ငံရေးမှာ လှုပ်ရှားနေသူတွေ ဆိုတော့ မိသားစုကတော့ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားတဲ့ မိသားစုဖြစ်တယ်။ ခုလို အခြေအနေတွေဆိုတာ အရင်ကလည်း ကြုံခဲ့ဖူးတယ်ဆိုတာ မျိုးတော့ ပြောလို့ရတာပေါ့နော်။

“ဟုတ်ကဲ့။ အရင်ကလည်း ကြုံဖူးတယ်ဆိုတော့ ညီမတို့အတွက်ကတော့ သိပ်ပြီးတော့တော့ မထူးဆန်းဘူးပေါေ့နာ်။ ဒါပေမဲ့ အခုဟာက အမေက အသက်တော်တော်လေး ကြီးနေပြီ။ အသက် ၆၄ နှစ်ဖြစ်တဲ့အတွက် အရမ်းကြီး လူငယ်တွေလိုမျိုး၊ အရင်လိုမျိုး တက်တက်ကြွကြွ ပါဝင်ပြီးတော့လည်း မလှုပ်ရှားနိုင်ခဲ့ဘူး။ လှုပ်လည်း မလှုပ်ရှားနေဘူး။ ဆိုတော့ အသက်အရွယ်အရ အမေက အသက်ကြီးပြီဆိုတဲ့အခါကျတော့ ညီမက အရမ်းစိုးရိမ်တယ် အမေ့အတွက်။ ပြီးတော့ သူတို့ ဖမ်းဆီးသွားာတာလည်း ရိုးရိုးဖမ်းဆီးသွားတာ မဟုတ်ဘူး။ ခြိမ်းခြောက်ပြီးတော့ အမေ့ကို လက်တွေကို ဆင့်ရိုက်ပြီးတော့ ဖမ်းဆီးသွားတဲ့အတွက်ကြောင့် အရမ်းပဲ စိုးရိမ်တယ်။ ဒဏ်ရာတွေနဲ့ အထဲ ထဲမှာဖြစ်နေမလား။ အထဲရောက်ရင်ရော သူတို့ ပိုပြီးတော့ ရိုက်နှက်နေမလား။ ဒီလိုစိုးရိမ်မှုတွေ ရှိတယ်ရှင့်။”

အခုက ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်ဆိုတော့ ဒဏ်ရာတွေကိုရော ဆေးကုသပေးမလား မပေးဘူးလားဆိုတာလဲ ဘယ်လိုမှ မသိရတဲ့ အခြေအနေ ဖြစ်နေတာပေါ့။

“ဟုတ်ကဲ့ရှင့် ဟုတ်တယ်။ ဆေးကုသခွင့် ရပါ့မလား ဆိုတာလဲ စိုးရိမ်တာပေါ့နော်။ ပြီးရင် သတင်းတွေကလဲ တွေ့ရတဲ့အတိုင်းပဲ သူတို့က ဖမ်းသွားတယ်။ ဖမ်းပြီးသွားရင် မနက် အလောင်း ပြန်လာပို့တယ် ဆိုတာမျိုးတွေလည်း ဖြစ်နေတဲ့အခါကျတော့ ပိုပြီးတော့လည်း စိုးရိမ်တယ်။ ပြီးတော့ သော်တာတို့ မိသားစုက ဒီနိုင်ငံရေးနယ်ပယ်မှာက အမေရော၊ ကိုတင်ထွဋ်ပိုင်ရောက နိုင်ငံရေးနယ်ပယ်မှာ တက်တက်ကြွကြွ လှုပ်ရှားသူတွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့က ဒီမြောက်ဥက္ကလာပမြို့နယ်မှာဆိုရင် ညီမတို့အိမ်ကို အညှိုးထားနေတာပေါ့။ အဲ့လိုပုံစံမျိုး ဖြစ်နေတဲ့အတွက်ကြောင့် ပိုပြီးတော့ စိုးရိမ်တယ်ရှင့်။”

အခုအချိန်မှာ အမေအတွက် တော့ စိုးရိမ်ပူပန်နေရတဲ့အချိန်ပေါ့လေ။ တဘက်မှာလဲ အခုမြန်မာနိုင်ငံတွင်းမှာဆိုရင် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စလို့ နောက်ပိုင်းမှာ လူထုတွေရဲ့ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲတွေ ပေါ်လာတယ်။ အဲ့ဒီနောက်မှာမှ ဖိနှိပ်မှုတွေဆိုရင်လည်း အပြင်းအထန် လုပ်လာတဲ့အခါ သေတဲ့သူတွေ ရာဂဏန်းရှိတယ်။ ဖမ်းဆီးခံရတဲ့ သူတွေ ဆိုရင်လည်း ၄၀၀၀ ကျော် သွားပြီပေါ့နော်။ ဒီလို ဖမ်းဆီးခံရတဲ့ လူ ၄၀၀၀ ကျော်ထဲမှာ အခုဆိုရင် ကိုယ့်မိသားစုကလည်း ပါသွားတာပေါ့။ ဆိုတော့ ဒီလိုမိသားစုဝင် တယောက် အနေနဲ့ လက်ရှိအခြေအနေ အပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။

“အမေ စကားပြောဖူးတာ ရှိတယ်ပေါ့နော်။ သူက ဒီလိုမျိုး လှုပ်ရှားတော့မယ်၊ နိုင်ငံရေးမှာ ပါဝင်တော့မယ်ဆိုရင် သူက ယုံကြည်ချက်ထားဖို့ ညီမတို့ မောင်နှမတွေကို အကုန်လုံးပြောဖူးတယ်။ သူတို့ စစ်အာဏာပြုတ်ကျဖို့ သူတို့ နိုင်ငံရေး လှုပ်ရှားတုန်းကဆိုရင် သူတို့ရပ်ကွက်တခုလုံးမှာ သူ တယောက်ပဲရှိတယ်။ ဒါပေမဲ့ သူသည် လုံး၀ နောက်မဆုတ်ခဲ့ဘူး။ သူ ယုံကြည်တဲ့ အလံနောက်၊ အသံနောက်ကို သူ လိုက်ခဲ့တယ်။ ပြီးတော့ သူ ယုံကြည်ရာကို သူ လမ်းဆက်လေ ျှာက်ခဲ့တယ်။ ဆိုတော့ ညီမတို မောင်နှမတွေကိုလည်း သူက ဒီလိုမျိုးပဲ ပြောတယ်။ ဆိုတော့ အခုလက်ရှိ လှုပ်ရှားမှု အခြေအနေမှာဆိုရင်လည်း ပိုပြီးတော့ အားတက်ရတယ်ပေါ့နော်။ လူတိုင်းက ပိုပြီးတော့ ပါဝင်ဆောင်ရွက်ကြတယ်။ ညီမတို့ကိုလည်း သူက ကိုယ့်ယုံကြည်ချက်ကို ဆက်လေ ျှာက်ဖို့ ပြောတယ်။ ကိုယ်ယုံကြည်ရာကိုပဲ ဆက်လုပ်ဖို့ ပြောတယ်။ နောက် မဆုတ်ခိုင်းဘူး။ ညီမတို့ကို အဘက်ဘက်ကနေ ဒီလိုမျိုး အမြဲတမ်း support ပေးတယ်ပေါ့နော်။ အမေ အခုလို အဖမ်းခံရတဲ့အတွက်မှာ စိုးရိမ်တယ်။ ဒါပေမဲ့ တဘက်မှာလည်း အမေရဲ့ လုပ်ရပ်အပေါ်မှာ သမီးတယောက် အနေနဲ့ ဂုဏ်ယူတယ်။ ဘာဖြစ်လို့လဲ ဆိုရင် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆက်လက်ပြီးတော့ တိုက်ပွဲ ဝင်နေတဲ့အတွကကြောင့် ဂုဏ်ယူတယ်။ အမေရဲ့ တော်လှန်ရေးစိတ်ကိုပေါ့နော်။ အမေနဲ့အတူ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ သူတွေ၊ လူငယ်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အကုန် လွတ်မြောက်ပါစေလို့လည်း ဆုတောင်းပါတယ်။”

အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက်ေ ကျးဇူး အများကြီး တင်ပါတယ်။


“ဟုတ်ကဲ့။ ကျေးဇူးအများကြီး တင်ပါတယ်။”

တိုက်ရိုက် လင့်ခ်

===================================

[Unicode Version]

ဆန်ဒပွလှုပျရှားမှုမှာပါတဲ့ သားတှကေိုမတှေ့လို့ ရိုကျနှကျဖမျးဆီးခံရတဲ့မိခငျ (အမြိုးသမီးကဏ်ဍ)

































XS
SM
MD
LG