သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM လႈပ္ရွားမႈကေန လက္နက္ကိုင္ဖို႔ ဆံုးျဖတ္ခဲ့သူ (အမ်ိဳးသမီးက႑)


(Zawgyi/Unicode)

CDM လႈပ္ရွားမႈကေန လက္နက္ကိုင္ဖို႔ ဆံုးျဖတ္ခဲ့သူ (အမ်ိဳးသမီးက႑)
စစ္အာဏာသိမ္းမႈနဲ႔ စစ္အုပ္ခ်ဳပ္ေရးကို ဆန္႔က်င္ ကန္႔ကြက္ လႈပ္ရွားၾကသူေတြအေပၚ စစ္တပ္က အင္အား အလံုးအရင္းသံုး ဖိႏွိပ္ ႏွိမ္ႏွင္းတာေတြ လုပ္လာခဲ့ၿပီးတဲ့ေနာက္ တက္ႂကြ လႈပ္ရွားသူေတြ အမ်ားအျပား နယ္စပ္ တိုင္းရင္းသားေဒသေတြကို ထြက္ေျပး တိမ္းေရွာင္ၾကတာ၊ စစ္အာဏာရွင္ကို လက္နက္ကိုင္နည္းနဲ႔ ဆက္ၿပီးေတာ္လွန္ဖို႔ ဆံုးျဖတ္လာၾကတာေတြ အမ်ားအျပား ရွိလာပါတယ္။ ဒီအထဲမွာ ေဆး၀န္ထမ္း၊ အင္ဂ်င္နီယာ၊ ေရွ႕ေန စသျဖင္ နယ္ပယ္ေပါင္းစံုက CDM လုပ္ေနၾကသူေတြ၊ တက္ႂကြလႈပ္ရွားတဲ့ လူငယ္ေတြလည္း ပါ ပါတယ္။ သူတို႔ ဘာေၾကာင့္ ခုလို လက္ကိုင္ ေတာ္လွန္ဖို႔အထိ ဆံုးျဖတ္လာၾကတာပါလဲ။ ဘယ္လို အရာေတြက သူတို႔ကို ေစ့ေဆာ္ခဲ့တာပါလဲ။ CDM လႈပ္ရွားမႈမွာ ပါ၀င္ခဲ့ၿပီး အခုေတာ့ တိုင္းရင္းသား လက္နက္ကိုင္ေဒသ တခုမွာ စစ္ေရးသင္တန္း တက္ေရာက္ဖို႔ ေရာက္ရွိေနတဲ့ ဒမ္ႏိုးလိုင္ကို မခင္ျဖဴေထြးက ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ တင္ဆက္ထားပါတယ္။

ဒမ္ႏိုးလိုင္က အခုဆိုရင္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္အုပ္ခ်ဳပ္ေရးကို လက္မခံႏိုင္ဘူးလို႔ ဆိုၿပီး အေစာပိုင္းမွာ အၾကမ္းမဖက္တဲ့နည္းနဲ႔ CDM လႈပ္ရွားမႈမွာ ပါ၀င္ခဲ့တဲ့ အစိုးရ၀န္ထမ္း တဦးလို႔ သိရပါတယ္။ ဘယ္အခ်ိန္မွာ ခုလို နယ္စပ္ကိုထြက္ဖို႔ ဆံုးျဖတ္လိုက္တာပါလဲ။ အေစာပိုင္းတုန္ကေရာ ဘယ္လို လႈပ္ရွားခဲ့တယ္ဆိုတာ ေျပာျပေပးပါလား။


"ဟုတ္ကဲ့။ က်မတို႔ သပိတ္စစ္ေၾကာင္း ထြက္ၿပီးကတည္းကေပါ့ေနာ္။ က်မတို႔ CDM လုပ္တဲ့ ေဆး၀န္ထမ္းေတြက သပိတ္စစ္ေၾကာင္း သီးသန္႔ထြက္လိုက္ေတာ့ က်မတို႔ကို ႐ံုးကေန ျပန္ေခၚၾကတယ္။ ျပန္ေခၚေပမဲ့ က်မတို႔က ႐ံုးျပန္မတက္တဲ့အခါက်ေတာ့ သူတို႔က ဖမ္းဖို႔အထိ လုပ္ၾကတာေပါ့ေနာ္။ တခ်ိဳ႕ေတြက်ေတာ့လည္း ပါသြားတဲ့သူေတြက ရွိေနတယ္။ အဲ့ဒီအခါက်ေတာ့ က်မတို႔က ဖမ္းမယ့္စာရင္းထဲမွာလည္း ပါေနတယ္ဆိုတဲ့ သတင္းက ရလို႔ေပါ့ေနာ္။ အဲ့ဒါေၾကာင့္ ဒီဘက္ကိုထြက္လာတာ အဓိက က။ ပထမ တုန္းကေတာ့ မဆံုးျဖတ္ရေသးဘူး။ ဒီဘက္ေရာက္တဲ့ အခါက်မွ က်မတို႔ ဆံုးျဖတ္ခ်က္ ခ်ရတာေပါ့ေနာ္။"


အဲ့ေတာ့ အေစာပိုင္းမွာတုန္းကေတာ့ လိုက္လံဖမ္းဆီးတာကို ပထမအဆင့္ တိမ္းေရွာင္တာ။ ဒီလို တိမ္းေရွာင္ရင္း သြားရင္းနဲ႔မွ ဆံုးျဖတ္လိုက္တာေပါ့။


"ဟုတ္တယ္ရွင့္။ သူတို႔က ဖမ္းရင္လည္း ဖမ္းၿပီး ေထာင္ထဲ ထည့္ထား႐ံုဆိုရင္ က်မတို႔က မေၾကာက္ပါဘူး။ ဒါေပမဲ့ ဖမ္းတဲ့သူေတြကိုလည္း သူတို႔က ႏွိပ္စက္တယ္။ ႏွိပ္စက္ၿပီးမွ ေသြးစြန္းေနတဲ့ အ၀တ္အစားေတြကို သူတို႔မိဘေတြဆီ ျပန္ပို႔ေပးၾကတယ္။ ဒါ က်မတို႔ၿမိဳ႕မွာ ျဖစ္ေနတာေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳးေတြအထိ ျဖစ္တဲ့အခါက်ေတာ့ က်မတို႔ ထြက္ေျပးရတာေပါ့။ မိန္းခေလးေတြ ဆို ဘယ္ေလာက္အထိ လုပ္မလဲ သူတို႔က မယံုရဘူးေလေနာ္။ မိန္းခေလးေတြဆိုရင္ ပိုဆိုးေနတယ္။ အဲ့ဒါေၾကာင့္ က်မတို႔က အဖမ္းမခံခ်င္ဘူး။ အဲ့ဒါေၾကာင့္ က်မတို႔ ပထမမွာေတာ့ ထြက္ေျပး႐ုံပဲ။ လံုျခံဳေရးအတြက္ ထြက္ေျပးတာ တခုတည္းပဲ။ ဒီေရာက္မွပဲ ဆံုးျဖတ္ခ်က္ ခ်တာပါ။"


ဆိုေတာ့ အေစာပိုင္းမွာ တိမ္းေရွာင္တယ္။ ေနာက္ပိုင္းက်မွ ဆံုးျဖတ္လိုက္တယ္ ဆိုေတာ့ ဘယ္လိုအေၾကာင္းေၾကာင့္ ေနာက္ဆံုး ဒီလို ဆံုးျဖတ္ခ်က္ ခ်ျဖစ္သြားတာပါလဲ။


"ဟုတ္ကဲ့။ အာဏာရွင္စနစ္ကို က်မတို႔ အျမစ္ျပတ္ တြန္းလွန္တဲ့ေနရာမွာ က်မတို႔ တိုင္းရင္းသားလက္နက္ကိုင္ တေယာက္အေနနဲ႔ က်မလည္း ပါ၀င္ခ်င္တယ္။ အနာဂတ္မွာ ကိုယ့္သားသမီးေတြအထိ ဒီဟာ လုပ္ခဲ့ဖူးတယ္ဆိုတာလဲ ျဖစ္ေစခ်င္လို႔ပဲ။ က်မတို႔ ယ္ငယ္တုန္းကဆိုရင္ေတာ့ တအားခံျပင္းရတယ္ေလေနာ္။ ငယ္ငယ္တုန္းကဆိုရင္ ဒီစစ္တပ္အုပ္ခ်ဳပ္မႈကို လက္ေတြ႕ ခံစားရတယ္။ အဲ့ဒါေၾကာင့္ စိတ္ထဲမွာ အရင္ကတည္းက ခံျပင္းတဲ့စိတ္က ရွိၿပီးသား။ ၿပီးေတာ့ သူက အာဏာသိမ္းလိုက္တဲ့အခါက်ေတာ့ က်မတို႔ တိုင္းရင္းသား စည္းလံုးညီၫြတ္ေရးလည္း တခု အခြင့္ေကာင္းရသြားတာေပါ့။ အဓိက ကေတာ့ စစ္အာဏာရွင္ကို အျမစ္ျဖတ္တဲ့ေနရာမွာ တေထာင့္တေနရာကေန ပါ၀င္ခ်င္တယ္။ က်မ လုပ္ႏိုင္တာလဲ အမ်ားႀကီး မရွိပါဘူး။ လုပ္ႏိုင္တဲ့အရာေလးေတြ ေတာ့ လုပ္ခ်င္တဲ့စိတ္ တခုတည္းေၾကာင့္သာပါ။"


ဒမ္ႏိုးလိုင္က တကယ္တမ္းက်ေတာ့ က်န္းမာေရးေဆး၀န္ထမ္း တေယာက္ ျဖစ္တယ္။ ေဆး၀န္ထမ္းတေယာက္ကေန CDM လုပ္ခဲ့တယ္။ တကယ္တမ္းဆိုရင္ ေဆး၀န္ထမ္းတေယာက္ဟာ ေဆး႐ံု ေဆးခန္းေတြမွာ အလုပ္ လုပ္ေနရမယ့္အစား အခုလိုမ်ိဳး လက္နက္ကိုင္ၿပီးေတာ့ တိုက္ရမယ့္အေျခအနအထိ ဘယ္လိုအရာေတြက တြန္းပို႔ခဲ့တယ္လို႔ ေျပာလို႔ရမလဲ။


"က်မက က်မအလုပ္ကိုလည္း တအားခ်စ္တယ္။ အရမ္းလည္းႀကိဳက္တယ္။ က်မ အႀကိဳက္ဆံုးအလုပ္လည္း ျဖစ္တယ္။ ဒါေပမဲ့ ဒီစစ္အာဏာရွင္ရဲ႕ လက္ေအာက္မွာေတာ့ က်မ အလုပ္ မလုပ္ခ်င္ဘူး။ ဘာလို႔လဲဆိုရင္ ငယ္ငယ္တုန္းကဆိုရင္ က်မတို႔ဘက္မွာ လမ္းပမ္းဆက္သြယ္ေရး မေကာင္းတာက တခု၊ ဆရာ ဆရာမေတြကိုလည္း နယ္မွာ အကုန္လံုး အစံု မခ်ေပးႏိုင္တာကလည္း တခု။ က်မတို႔ ဗိုက္နာရင္လဲ ပါရာ၊ ေခါင္းကိုက္ရင္လဲ ပါရာ၊ ဘာပဲျဖစ္ျဖစ္ ပါရာေတြပဲ ေသာက္ေနရတယ္။ ၿပီးေတာ့ ကေလး မေမြးႏိုင္လို႔ ေဆး႐ံု သြားပို႔ရင္လဲ အခ်ိန္မမီလို႔ လမ္းမွာေသတဲ့သူေတြလည္း တပံုႀကီး ရွိတယ္ေပါ့ေနာ္။ က်မတို႔က ဒီစစ္တပ္အုပ္ခ်ဳပ္မႈကို ကိုယ္တိုင္ ခံစားရတဲ့ အခါက်ေတာ့ က်မ သူတို႔ရဲ႕ လက္ေအာက္မွာ လံုး၀ အလုပ္ မလုပ္ခ်င္ဘူး။ က်မ ႏိုင္ငံေရးလည္း အမ်ားႀကီး နားမလည္ပါဘူး။ က်မ လုပ္ေပးႏိုင္တာ တျခားမရွိဘူး။ ဒါေပမဲ့ က်မ လုပ္ေပးႏိုင္တဲ့အထဲမွာ အထိေရာက္ဆံုးက CDM ပဲ ျဖစ္တယ္။ CDM ကိုေတာ့ လံုး၀ မျပတ္ခ်င္ဘူး။ အဲ့ဒီေၾကာင့္ CDM က်မလုပ္ႏိုင္တဲ့အရာနဲ႔ လုပ္တာျဖစ္ပါတယ္။"

ဆိုေတာ့ မတိမ္းေရွာင္ခင္ အခ်ိန္အထိ CDM လႈပ္ရွားမႈကို ျမန္မာႏိုင္ငံတြင္းမွာ အခ်ိန္ေတာ္ေတာ္ၾကာေတာ့ လုပ္ခဲ့ေသးတာေပါ့။ အေစာပိုင္း CDM လႈပ္ရွားမႈမွာ တေလွ်ာက္လံုး ပါခဲ့တယ္လို႔ ေျပာလို႔ရမွာေပါ့။

“ဟုတ္ကဲ့ရွင့္။ ပါခဲ့တယ္ရွင့္။”

အဲ့ေတာ့ ဒီ စစ္သင္တန္းေတြ ဘာေတြ ၿပီးသြားတဲ့အခါက်ရင္ေရာ ဒါက ဒီအခ်ိန္မွာ လုပ္မွျဖစ္မယ္လို႔ ဆိုတာေၾကာင့္ ၀င္လုပ္တဲ့သေဘာပဲလား။ ဒါမွမဟုတ္ ေနာက္ပိုင္းေရာ ေရရွည္ လိုအပ္ရင္ ဆက္လုပ္သြားမွာမ်ိဳးလား။ ဘယ္လို စဥ္းစားထားတာပါလဲ။

“ေရရွည္ေတာ့ ဆက္လုပ္မွာ မဟုတ္ဘူးရွင့္။ အခု လိုအပ္ေနလို႔ လုပ္တာေပါ့ေနာ္။ က်မတို႔ တကယ္လို႔ လက္နက္ကိုင္သင့္ရင္ ကိုင္တယ္။ ဒါမွမဟုတ္ က်မတို႔က က်န္းမာေရး၀န္ထမ္းဆိုေတာ့ medical team မွာလည္း ပါလို႔ရတယ္။ ႏွစ္ဘက္ ပါလို႔ရတာေပါ့ေနာ္။ အဲ့ဒါေၾကာင့္ တကယ္လို႔ က်မတို႔ အႏိုင္ရတဲ့အခါက်ရင္ ဒါကို က်မ ဆက္မလုပ္ပါဘူး။ က်မ အလုပ္ ျပန္၀င္ဖို႔ပဲ စဥ္းစားထားပါတယ္။”

ခုခ်ိန္မွာ စိုးရိမ္မႈေတြေရာ မရွိဘူးလား။ ကိုယ္ ကိုယ္တိုင္ လက္နက္ကိုင္ရမယ့္ အေနအထားမ်ိဳး ျဖစ္လာတဲ့အခါက်ေတာ့ ဒီအေပၚမွာ ေၾကာက္တာမ်ိဳး၊ စိုးရိမ္တာမ်ိဳး၊ မိဘေတြအတြက္ စိုးရိမ္တာမ်ိဳးေရာ ရွိလား။

“ဟုတ္ကဲ့။ က်မတို႔ မိဘေတြအတြက္ကေတာ့ ျပည္တြင္းထဲမွာ က်န္ခဲ့တာဆိုေတာ့ မိဘေတြအတြက္ေတာ့ စိုးရိမ္ပါတယ္။ က်မတို႔ လက္နက္ကိုင္တယ္ ဆိုကတည္းက အနည္းနဲ႔အမ်ားေတာ့ ေသြးစြန္းေတာ့မွာ။ ဒါေပမဲ့ က်မတို႔ မလုပ္လို႔ မရဘူးေပါ့ေနာ္။ က်မတို႔ မလုပ္ရင္ ေၾကာက္စိတ္က က်မတို႔ကို ႏိုင္ေနမယ္ဆိုရင္ လြတ္လပ္ေရးက ဘယ္ေတာ့မွ ရေတာ့မွာမဟုတ္ဘူး။ က်မတို႔ လိုခ်င္တဲ့ ဒီမိုကေရစီ ဘယ္ေတာ့မွရေတာ့မွာ မဟုတ္ဘူး။ ဒါေၾကာင့္ က်မတို႔ ဒီေၾကာက္စိတ္ထဲကေန ႐ုန္းထြက္ၿပီးေတာ့ က်မ ဆံုးျဖတ္လိုက္တာျဖစ္တယ္။”

အဲ့ဒီေတာ့ အခု လက္နက္ကိုင္ေတာ္လွန္မႈနဲ႔ ဆက္လုပ္မယ္ဆိုတာ က်သြားၿပီေပါ့ေလ။ အစပိုင္းတုန္းကေတာ့ အၾကမ္းမဖက္တဲ့နည္းနဲ႔ CDM လႈပ္ရွားမႈအပါအ၀င္ လမ္းေပၚထြက္ ဆႏၵျပတာ၊ တျခား အာဏာရွင္ကိုဆန္႔က်င္တဲ့ ပံုစံမ်ိဳးစံု လႈပ္ရွားၾကတယ္။ ဒါေပမဲ့ လေတြနဲ႔ခ်ီ ၾကာလာတဲ့အခါ ဖိႏွိပ္မႈေတြျဖစ္လာေတာ့ တခ်ိဳ႕ကလဲ ေသြးေအးသြားၿပီလို႔ ေျပာၾကတယ္။ လမ္းေပၚထြက္မႈေတြေတာင္ နည္းသြားၿပီေပါ့ေလ။ ဆိုေတာ့ ေနာက္ဆံုးက်ေတာ့ လက္နက္ကိုင္ေတာ္လွန္မွ ရမယ္ဆိုတဲ့ အေတြးေတြ ျဖစ္လာတယ္။ ဒါကိုလည္း စၿပီး လုပ္လာၾကတယ္။ ဆိုေတာ့ အခုလို လက္နက္ကိုင္ လႈပ္ရွားမႈမွာ ပါဖို႔ဆံုးျဖတ္လိုက္တဲ့သူ တေယာက္အေနနဲ႔ အေစာပိုင္းတုန္းက စခဲ့တဲ့ အၾကမ္းမဖက္တဲ့နည္းနဲ႔ မဟုတ္ေတာ့ဘဲနဲ႔ လက္နက္ပါမွ ရေတာ့မယ္ဆိုတဲ့ စဥ္းစားခ်က္ေပါ့ေနာ္။ ဒါကေရာ တကယ္ပဲ ဒီလႈပ္ရွားမႈကို ေအာင္ျမင္ႏိုင္မယ္လို႔ ယံုၾကည္ထားသလား။ ဒီအေပၚမွာ ကိုယ္ ဘယ္လိုထင္သလဲ ဆိုတာ ေျပာျပေပးပါလား။

“ဟုတ္ကဲ့။ အခု ဒီလႈပ္ရွားမႈ ေအာင္ျမင္ႏိုင္လိမ့္မယ္လို႔ က်မ ယံုၾကည္တယ္။ ျပီးေတာ့ မႏိုင္မခ်င္းလည္း တိုက္ဖို႔ က်မတို႔ဆံုးျဖတ္ ထားၿပီးသားဆိုေတာ့ ႏိုင္တဲ့အထိကို တိုက္မွျဖစ္မယ္။ ဘာျဖစ္လို႔လဲ ဆိုရင္ က်မတို႔ သူငယ္ခ်င္းေတြ၊ အဖမ္းခံထားရတဲ့ သူငယ္ခ်င္းေတြ၊ ေသသြားတဲ့သူေတြ အတြက္ က်မတို႔ ဘယ္ေတာ့မွ ေသြးေအးမွာမဟုတ္ဘူး။ အဆံုးတိုင္သြားမယ္။ မႏိုင္မခ်င္း တိုက္မွာမို႔ ႏိုင္ကိုႏိုင္ရမယ္လို႔ က်မ ယံုၾကည္ထားပါတယ္။”

တခ်ိဳ႕ကေတာ့ ေျပာၾကတာရွိပါတယ္။ ပညာရွင္တခ်ိဳ႕လည္း ပါ ပါတယ္။ အေစာပိုင္း လူထုလႈပ္ရွားမႈ ကေန လက္နက္ကိ္ုင္ ေတာ္လွန္ေရးေျပာင္းသြားလို႔ရွိရင္ ႏိုင္ငံေရး ရည္မွန္းခ်က္ေတြ ပ်က္သြားႏိုင္တယ္။ လက္နက္ကိုင္ ေတာ္လွန္တာက လက္ေတြ႕မက်ဘူး ဆိုတဲ့ ေျပာဆိုမႈေတြလည္း ရွိပါတယ္။ ဒမ္ႏိုး ကိုယ္တိုင္ကေရာ ဒီအေပၚမွာ ဘယ္လိုထင္ပါသလဲ။

“ဟုတ္ကဲ့။ အခုကက်ေတာ့ သူတို႔ကုိယ္တိုင္က ႏိုင္ငံ ဥပေဒဆိုတာ ဘာမွန္းေတာင္မသိေတာ့ဘူး။ အခု က်မတို႔ လက္ေတြ႕မွာက်ေတာ့ အၾကမ္းမဖက္တဲ့နည္းနဲ႔ က်မတို႔ လႈပ္ရွားတဲ့အခါက်ေတာ့ သူတို႔က ဂ႐ုမစိုက္ဘူး။ သူတို႔ကပဲ ပထမဆံုး အၾကမ္းလာဖက္တဲ့အခါ က်ေတာ့ က်မတို႔ လက္နက္ မကိုင္လို႔ကေတာ့ သူတို႔ကိုတိုက္ခိုက္ဖို႔ အဆင္မေျပေတာ့ဘူး။ ကိုယ္က လက္ဗလာႀကီးနဲ႔ သြားတိုက္ခိုက္ရင္ေတာ့ ကိုယ့္ဘက္ကပဲ အဆံုး႐ံႈးမ်ားသြားေတာ့မွာေလ။ ဒါေၾကာင့္ က်မတို႔ ေရြးခ်ယ္မႈက မွန္တယ္လို႔ က်မ ထင္တယ္။ က်မတို႔ ဒီတိုက္ပြဲက ၾကာရင္လဲ ၾကာမယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔ဘက္ကလဲ ႐ံႈးရင္ေသဒဏ္ဆိုေတာ့ သူတို႔ကလဲ လြယ္လြယ္နဲ႔ အေလွ်ာ့ေပးမွာ မဟုတ္ဘူး။ က်မတို႔ဘက္ကလည္း အေလွ်ာ့ေပးမွာမဟုတ္ဘူး။ ဆိုေတာ့ ၾကာတာကေတာ့ ၾကာႏိုင္တယ္။ ၾကာရင္လဲ ႏိုင္ရင္ ကိုယ္ႏိုင္မွာ။ ဒီအတြက္ က်မတို႔ လူငယ္ေတြက အၿမဲတမ္း ေသြး မေအးဖို႔လိုတယ္။ အၿမဲတမ္း စည္းလံုးေနဖို႔လိုတယ္။ တိုင္းရင္းသားေတြ အခုဆိုရင္ ေတာ္ေတာ္မ်ားမ်ား စည္းလံုးေနၾကၿပီ။ ဒါကို သူတို႔နည္းမ်ိဳးစံုနဲ႔ ေသြးခြဲမွာ။ ဒါကို က်မတို႔ မယံုဖို႔ လိုတယ္။ က်စ္က်စ္လစ္လစ္နဲ႔ စည္းလံုးဖို႔က အဓိက လိုအပ္တယ္လို႔ က်မ ျမင္ပါတယ္။”

ဒမ္ႏိုး ဆိုရင္ လူငယ္တေယာက္၊ အမ်ိဳးသမီးတေယာက္ ျဖစ္တယ္။ အခု လႈပ္ရွားမႈမွာလည္း ျပည္တြင္းမွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး လႈပ္ရွားမႈေတြမွာ စၿပီး ေပၚေပါက္လာခ်ိန္ကတည္းက အမ်ိဳးသမီး တက္ႂကြလႈပ္ရွားသူေတြ အမ်ားႀကီး ေတြ႕ရပါတယ္။ CDM လႈပ္ရွားမႈမွာပဲ ျဖစ္ျဖစ္၊ လမ္းေပၚထြက္ ဆႏၵျပပြဲေတြမွာပဲျဖစ္ျဖစ္ေပါ့ေနာ္။ အခုလည္း လက္နက္ကိုင္မယ္ဆိုတဲ့ အဆင့္အထိ ထြက္လာတဲ့အထဲမွာလည္း အမ်ိဳးသမီးေတြ အမ်ားအျပား ပါတယ္လို႔ သိရပါတယ္။ အဲ့ဒါကေရာ ဟုတ္ပါသလား။ ဒမ္ႏိုးေရာ ဒါေတြကို ျမင္ရပါသလား။ ဒီလို အမ်ိဳးသမီးေတြရဲ႕ ပါ၀င္မႈကေရာ ဘယ္ေလာက္အထိ အေရးႀကီးတယ္လို႔ ထင္ပါသလဲ။

“က်မတို႔ အမ်ိဳးသမီးေတြ ပါလာတာလဲ ေတြ႕ရပါတယ္။ က်မတို႔ အမ်ိဳးသမီးေတြ ပါလာျခင္းအားျဖင့္ ေျပာရရင္ေတာ့ အမ်ိဳးသမီးေတြဟာ ေပ်ာ့တယ္ဆိုေပမဲ့ ဒီအထိ ပါလာတယ္ဆိုတဲ့ အခ်ိန္မွာ သူတို႔စိတ္ထဲမွာ ႏိုင္ငံအတြက္ ဘယ္ေလာက္အထိ ခံျပင္းစိတ္ရွိသလဲ။ ေနာက္ၿပီးေတာ့ ကိုယ့္ႏိုင္ငံကို ဘယ္ေလာက္အထိ ခ်စ္သလဲ ဆိုတာကိုလည္း က်မတို႔ ေတြ႕ရပါတယ္။ ဒီမွာ အမ်ိဳးသမီးေတြ ပါ၀င္ျခင္းအားျဖင့္ တျခားသူေတြကိုလည္း စိတ္အား ထက္သန္ေစတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ က်မတို႔ အမ်ိဳးသမီးေတြေတာင္ လုပ္ေသးတာပဲ ဆိုတဲ့စိတ္နဲ႔ တျခားသူေတြကိုလည္း အားျဖစ္ေစတယ္လို႔ က်မ ထင္ပါတယ္။”

ဆိုေတာ့ ဒီလို အမ်ိဳးသမီးေတြ ပါ၀င္ျခင္းအားျဖင့္ လက္ရွိ သြားေနတဲ့ရည္မွန္းခ်က္ျဖစ္တဲ့ စစ္အာဏာရွင္စနစ္ ပ်က္သုဥ္းေရးဆိုတဲ့ လူထုေတြေျပာေနတဲ့ ရည္မွန္းခ်က္ ျပည့္မီဖို႔အတြက္ သူတို႔ ပါ၀င္မႈက ဘယ္ေလာက္အထိ အေရးႀကီးတယ္လို႔ ထင္ပါသလဲ။

“အမ်ိဳးသမီးေတြ ပါ၀င္ျခင္းအားျဖင့္ က်မတို႔ အမ်ိဳးသမီးေတြဟာလည္း ဒီႏိုင္ငံကို အုပ္ခ်ဳပ္ႏိုင္တယ္။ အမ်ိဳးသမီး တေယာက္အေနနဲ႔လည္း စြမ္းေဆာင္ႏိုင္တယ္။ သူတို႔လည္း တကယ္သတၱိရွိတယ္။ တကယ္ စြမ္းေဆာင္ႏိုင္တယ္ ဆိုတာကို အဓိက ျပေပးတာေပါ့ေနာ္။ က်မတို႔ ေတာ္ေတာ္မ်ားမ်ား သပိတ္စစ္ေၾကာင္းေတြမွာ ဆိုရင္လည္း အမ်ိဳးသမီးေတြ အေတာ္မ်ားမ်ား ဦးေဆာင္ေနတာကို ေတြ႕ရပါတယ္။ သူတို႔ဟာဆိုရင္လည္း သတၱိရွိၾကတယ္။ ေယာက္်ားေလးေတြေလာက္ သူတို႔မွာလည္း အစြမ္းအစ ရွိတယ္ဆိုတာ ေဖာ္ျပတာျဖစ္ပါတယ္။”

ခုလို ခက္ခက္ခဲခဲ အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္ ေက်းဇူး အမ်ားႀကီးတင္ပါတယ္။

“ဟုတ္ကဲ့။ ေက်းဇူးပါ။”

တိုက္႐ိုက္ လင့္ခ္


=======================================

[Unicode Version]

CDM လှုပ်ရှားမှုကနေ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့သူ (အမျိုးသမီးကဏ္ဍ)
စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် ကန့်ကွက် လှုပ်ရှားကြသူတွေအပေါ် စစ်တပ်က အင်အား အလုံးအရင်းသုံး ဖိနှိပ် နှိမ်နှင်းတာတွေ လုပ်လာခဲ့ပြီးတဲ့နောက် တက်ကြွ လှုပ်ရှားသူတွေ အများအပြား နယ်စပ် တိုင်းရင်းသားဒေသတွေကို ထွက်ပြေး တိမ်းရှောင်ကြတာ၊ စစ်အာဏာရှင်ကို လက်နက်ကိုင်နည်းနဲ့ ဆက်ပြီးတော်လှန်ဖို့ ဆုံးဖြတ်လာကြတာတွေ အများအပြား ရှိလာပါတယ်။ ဒီအထဲမှာ ဆေးဝန်ထမ်း၊ အင်ဂျင်နီယာ၊ ရှေ့နေ စသဖြင် နယ်ပယ်ပေါင်းစုံက CDM လုပ်နေကြသူတွေ၊ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေလည်း ပါ ပါတယ်။ သူတို့ ဘာကြောင့် ခုလို လက်ကိုင် တော်လှန်ဖို့အထိ ဆုံးဖြတ်လာကြတာပါလဲ။ ဘယ်လို အရာတွေက သူတို့ကို စေ့ဆော်ခဲ့တာပါလဲ။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အခုတော့ တိုင်းရင်းသား လက်နက်ကိုင်ဒေသ တခုမှာ စစ်ရေးသင်တန်း တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဒမ်နိုးလိုင်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

ဒမ်နိုးလိုင်က အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကို လက်မခံနိုင်ဘူးလို့ ဆိုပြီး အစောပိုင်းမှာ အကြမ်းမဖက်တဲ့နည်းနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်း တဦးလို့ သိရပါတယ်။ ဘယ်အချိန်မှာ ခုလို နယ်စပ်ကိုထွက်ဖို့ ဆုံးဖြတ်လိုက်တာပါလဲ။ အစောပိုင်းတုန်ကရော ဘယ်လို လှုပ်ရှားခဲ့တယ်ဆိုတာ ပြောပြပေးပါလား။


"ဟုတ်ကဲ့။ ကျမတို့ သပိတ်စစ်ကြောင်း ထွက်ပြီးကတည်းကပေါ့နော်။ ကျမတို့ CDM လုပ်တဲ့ ဆေးဝန်ထမ်းတွေက သပိတ်စစ်ကြောင်း သီးသန့်ထွက်လိုက်တော့ ကျမတို့ကို ရုံးကနေ ပြန်ခေါ်ကြတယ်။ ပြန်ခေါ်ပေမဲ့ ကျမတို့က ရုံးပြန်မတက်တဲ့အခါကျတော့ သူတို့က ဖမ်းဖို့အထိ လုပ်ကြတာပေါ့နော်။ တချို့တွေကျတော့လည်း ပါသွားတဲ့သူတွေက ရှိနေတယ်။ အဲ့ဒီအခါကျတော့ ကျမတို့က ဖမ်းမယ့်စာရင်းထဲမှာလည်း ပါနေတယ်ဆိုတဲ့ သတင်းက ရလို့ပေါ့နော်။ အဲ့ဒါကြောင့် ဒီဘက်ကိုထွက်လာတာ အဓိက က။ ပထမ တုန်းကတော့ မဆုံးဖြတ်ရသေးဘူး။ ဒီဘက်ရောက်တဲ့ အခါကျမှ ကျမတို့ ဆုံးဖြတ်ချက် ချရတာပေါ့နော်။"


အဲ့တော့ အစောပိုင်းမှာတုန်းကတော့ လိုက်လံဖမ်းဆီးတာကို ပထမအဆင့် တိမ်းရှောင်တာ။ ဒီလို တိမ်းရှောင်ရင်း သွားရင်းနဲ့မှ ဆုံးဖြတ်လိုက်တာပေါ့။


"ဟုတ်တယ်ရှင့်။ သူတို့က ဖမ်းရင်လည်း ဖမ်းပြီး ထောင်ထဲ ထည့်ထားရုံဆိုရင် ကျမတို့က မကြောက်ပါဘူး။ ဒါပေမဲ့ ဖမ်းတဲ့သူတွေကိုလည်း သူတို့က နှိပ်စက်တယ်။ နှိပ်စက်ပြီးမှ သွေးစွန်းနေတဲ့ အဝတ်အစားတွေကို သူတို့မိဘတွေဆီ ပြန်ပို့ပေးကြတယ်။ ဒါ ကျမတို့မြို့မှာ ဖြစ်နေတာပေါ့နော်။ အဲ့ဒီလိုမျိုးတွေအထိ ဖြစ်တဲ့အခါကျတော့ ကျမတို့ ထွက်ပြေးရတာပေါ့။ မိန်းခလေးတွေ ဆို ဘယ်လောက်အထိ လုပ်မလဲ သူတို့က မယုံရဘူးလေနော်။ မိန်းခလေးတွေဆိုရင် ပိုဆိုးနေတယ်။ အဲ့ဒါကြောင့် ကျမတို့က အဖမ်းမခံချင်ဘူး။ အဲ့ဒါကြောင့် ကျမတို့ ပထမမှာတော့ ထွက်ပြေးရုံပဲ။ လုံခြုံရေးအတွက် ထွက်ပြေးတာ တခုတည်းပဲ။ ဒီရောက်မှပဲ ဆုံးဖြတ်ချက် ချတာပါ။"


ဆိုတော့ အစောပိုင်းမှာ တိမ်းရှောင်တယ်။ နောက်ပိုင်းကျမှ ဆုံးဖြတ်လိုက်တယ် ဆိုတော့ ဘယ်လိုအကြောင်းကြောင့် နောက်ဆုံး ဒီလို ဆုံးဖြတ်ချက် ချဖြစ်သွားတာပါလဲ။


"ဟုတ်ကဲ့။ အာဏာရှင်စနစ်ကို ကျမတို့ အမြစ်ပြတ် တွန်းလှန်တဲ့နေရာမှာ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် တယောက်အနေနဲ့ ကျမလည်း ပါဝင်ချင်တယ်။ အနာဂတ်မှာ ကိုယ့်သားသမီးတွေအထိ ဒီဟာ လုပ်ခဲ့ဖူးတယ်ဆိုတာလဲ ဖြစ်စေချင်လို့ပဲ။ ကျမတို့ ယ်ငယ်တုန်းကဆိုရင်တော့ တအားခံပြင်းရတယ်လေနော်။ ငယ်ငယ်တုန်းကဆိုရင် ဒီစစ်တပ်အုပ်ချုပ်မှုကို လက်တွေ့ ခံစားရတယ်။ အဲ့ဒါကြောင့် စိတ်ထဲမှာ အရင်ကတည်းက ခံပြင်းတဲ့စိတ်က ရှိပြီးသား။ ပြီးတော့ သူက အာဏာသိမ်းလိုက်တဲ့အခါကျတော့ ကျမတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလည်း တခု အခွင့်ကောင်းရသွားတာပေါ့။ အဓိက ကတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ်တဲ့နေရာမှာ တထောင့်တနေရာကနေ ပါဝင်ချင်တယ်။ ကျမ လုပ်နိုင်တာလဲ အများကြီး မရှိပါဘူး။ လုပ်နိုင်တဲ့အရာလေးတွေ တော့ လုပ်ချင်တဲ့စိတ် တခုတည်းကြောင့်သာပါ။"


ဒမ်နိုးလိုင်က တကယ်တမ်းကျတော့ ကျန်းမာရေးဆေးဝန်ထမ်း တယောက် ဖြစ်တယ်။ ဆေးဝန်ထမ်းတယောက်ကနေ CDM လုပ်ခဲ့တယ်။ တကယ်တမ်းဆိုရင် ဆေးဝန်ထမ်းတယောက်ဟာ ဆေးရုံ ဆေးခန်းတွေမှာ အလုပ် လုပ်နေရမယ့်အစား အခုလိုမျိုး လက်နက်ကိုင်ပြီးတော့ တိုက်ရမယ့်အခြေအနအထိ ဘယ်လိုအရာတွေက တွန်းပို့ခဲ့တယ်လို့ ပြောလို့ရမလဲ။


"ကျမက ကျမအလုပ်ကိုလည်း တအားချစ်တယ်။ အရမ်းလည်းကြိုက်တယ်။ ကျမ အကြိုက်ဆုံးအလုပ်လည်း ဖြစ်တယ်။ ဒါပေမဲ့ ဒီစစ်အာဏာရှင်ရဲ့ လက်အောက်မှာတော့ ကျမ အလုပ် မလုပ်ချင်ဘူး။ ဘာလို့လဲဆိုရင် ငယ်ငယ်တုန်းကဆိုရင် ကျမတို့ဘက်မှာ လမ်းပမ်းဆက်သွယ်ရေး မကောင်းတာက တခု၊ ဆရာ ဆရာမတွေကိုလည်း နယ်မှာ အကုန်လုံး အစုံ မချပေးနိုင်တာကလည်း တခု။ ကျမတို့ ဗိုက်နာရင်လဲ ပါရာ၊ ခေါင်းကိုက်ရင်လဲ ပါရာ၊ ဘာပဲဖြစ်ဖြစ် ပါရာတွေပဲ သောက်နေရတယ်။ ပြီးတော့ ကလေး မမွေးနိုင်လို့ ဆေးရုံ သွားပို့ရင်လဲ အချိန်မမီလို့ လမ်းမှာသေတဲ့သူတွေလည်း တပုံကြီး ရှိတယ်ပေါ့နော်။ ကျမတို့က ဒီစစ်တပ်အုပ်ချုပ်မှုကို ကိုယ်တိုင် ခံစားရတဲ့ အခါကျတော့ ကျမ သူတို့ရဲ့ လက်အောက်မှာ လုံး၀ အလုပ် မလုပ်ချင်ဘူး။ ကျမ နိုင်ငံရေးလည်း အများကြီး နားမလည်ပါဘူး။ ကျမ လုပ်ပေးနိုင်တာ တခြားမရှိဘူး။ ဒါပေမဲ့ ကျမ လုပ်ပေးနိုင်တဲ့အထဲမှာ အထိရောက်ဆုံးက CDM ပဲ ဖြစ်တယ်။ CDM ကိုတော့ လုံး၀ မပြတ်ချင်ဘူး။ အဲ့ဒီကြောင့် CDM ကျမလုပ်နိုင်တဲ့အရာနဲ့ လုပ်တာဖြစ်ပါတယ်။"

ဆိုတော့ မတိမ်းရှောင်ခင် အချိန်အထိ CDM လှုပ်ရှားမှုကို မြန်မာနိုင်ငံတွင်းမှာ အချိန်တော်တော်ကြာတော့ လုပ်ခဲ့သေးတာပေါ့။ အစောပိုင်း CDM လှုပ်ရှားမှုမှာ တလျှောက်လုံး ပါခဲ့တယ်လို့ ပြောလို့ရမှာပေါ့။

“ဟုတ်ကဲ့ရှင့်။ ပါခဲ့တယ်ရှင့်။”

အဲ့တော့ ဒီ စစ်သင်တန်းတွေ ဘာတွေ ပြီးသွားတဲ့အခါကျရင်ရော ဒါက ဒီအချိန်မှာ လုပ်မှဖြစ်မယ်လို့ ဆိုတာကြောင့် ဝင်လုပ်တဲ့သဘောပဲလား။ ဒါမှမဟုတ် နောက်ပိုင်းရော ရေရှည် လိုအပ်ရင် ဆက်လုပ်သွားမှာမျိုးလား။ ဘယ်လို စဉ်းစားထားတာပါလဲ။

“ရေရှည်တော့ ဆက်လုပ်မှာ မဟုတ်ဘူးရှင့်။ အခု လိုအပ်နေလို့ လုပ်တာပေါ့နော်။ ကျမတို့ တကယ်လို့ လက်နက်ကိုင်သင့်ရင် ကိုင်တယ်။ ဒါမှမဟုတ် ကျမတို့က ကျန်းမာရေးဝန်ထမ်းဆိုတော့ medical team မှာလည်း ပါလို့ရတယ်။ နှစ်ဘက် ပါလို့ရတာပေါ့နော်။ အဲ့ဒါကြောင့် တကယ်လို့ ကျမတို့ အနိုင်ရတဲ့အခါကျရင် ဒါကို ကျမ ဆက်မလုပ်ပါဘူး။ ကျမ အလုပ် ပြန်ဝင်ဖို့ပဲ စဉ်းစားထားပါတယ်။”

ခုချိန်မှာ စိုးရိမ်မှုတွေရော မရှိဘူးလား။ ကိုယ် ကိုယ်တိုင် လက်နက်ကိုင်ရမယ့် အနေအထားမျိုး ဖြစ်လာတဲ့အခါကျတော့ ဒီအပေါ်မှာ ကြောက်တာမျိုး၊ စိုးရိမ်တာမျိုး၊ မိဘတွေအတွက် စိုးရိမ်တာမျိုးရော ရှိလား။

“ဟုတ်ကဲ့။ ကျမတို့ မိဘတွေအတွက်ကတော့ ပြည်တွင်းထဲမှာ ကျန်ခဲ့တာဆိုတော့ မိဘတွေအတွက်တော့ စိုးရိမ်ပါတယ်။ ကျမတို့ လက်နက်ကိုင်တယ် ဆိုကတည်းက အနည်းနဲ့အများတော့ သွေးစွန်းတော့မှာ။ ဒါပေမဲ့ ကျမတို့ မလုပ်လို့ မရဘူးပေါ့နော်။ ကျမတို့ မလုပ်ရင် ကြောက်စိတ်က ကျမတို့ကို နိုင်နေမယ်ဆိုရင် လွတ်လပ်ရေးက ဘယ်တော့မှ ရတော့မှာမဟုတ်ဘူး။ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီ ဘယ်တော့မှရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျမတို့ ဒီကြောက်စိတ်ထဲကနေ ရုန်းထွက်ပြီးတော့ ကျမ ဆုံးဖြတ်လိုက်တာဖြစ်တယ်။”

အဲ့ဒီတော့ အခု လက်နက်ကိုင်တော်လှန်မှုနဲ့ ဆက်လုပ်မယ်ဆိုတာ ကျသွားပြီပေါ့လေ။ အစပိုင်းတုန်းကတော့ အကြမ်းမဖက်တဲ့နည်းနဲ့ CDM လှုပ်ရှားမှုအပါအဝင် လမ်းပေါ်ထွက် ဆန္ဒပြတာ၊ တခြား အာဏာရှင်ကိုဆန့်ကျင်တဲ့ ပုံစံမျိုးစုံ လှုပ်ရှားကြတယ်။ ဒါပေမဲ့ လတွေနဲ့ချီ ကြာလာတဲ့အခါ ဖိနှိပ်မှုတွေဖြစ်လာတော့ တချို့ကလဲ သွေးအေးသွားပြီလို့ ပြောကြတယ်။ လမ်းပေါ်ထွက်မှုတွေတောင် နည်းသွားပြီပေါ့လေ။ ဆိုတော့ နောက်ဆုံးကျတော့ လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတဲ့ အတွေးတွေ ဖြစ်လာတယ်။ ဒါကိုလည်း စပြီး လုပ်လာကြတယ်။ ဆိုတော့ အခုလို လက်နက်ကိုင် လှုပ်ရှားမှုမှာ ပါဖို့ဆုံးဖြတ်လိုက်တဲ့သူ တယောက်အနေနဲ့ အစောပိုင်းတုန်းက စခဲ့တဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ မဟုတ်တော့ဘဲနဲ့ လက်နက်ပါမှ ရတော့မယ်ဆိုတဲ့ စဉ်းစားချက်ပေါ့နော်။ ဒါကရော တကယ်ပဲ ဒီလှုပ်ရှားမှုကို အောင်မြင်နိုင်မယ်လို့ ယုံကြည်ထားသလား။ ဒီအပေါ်မှာ ကိုယ် ဘယ်လိုထင်သလဲ ဆိုတာ ပြောပြပေးပါလား။

“ဟုတ်ကဲ့။ အခု ဒီလှုပ်ရှားမှု အောင်မြင်နိုင်လိမ့်မယ်လို့ ကျမ ယုံကြည်တယ်။ ပြီးတော့ မနိုင်မချင်းလည်း တိုက်ဖို့ ကျမတို့ဆုံးဖြတ် ထားပြီးသားဆိုတော့ နိုင်တဲ့အထိကို တိုက်မှဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျမတို့ သူငယ်ချင်းတွေ၊ အဖမ်းခံထားရတဲ့ သူငယ်ချင်းတွေ၊ သေသွားတဲ့သူတွေ အတွက် ကျမတို့ ဘယ်တော့မှ သွေးအေးမှာမဟုတ်ဘူး။ အဆုံးတိုင်သွားမယ်။ မနိုင်မချင်း တိုက်မှာမို့ နိုင်ကိုနိုင်ရမယ်လို့ ကျမ ယုံကြည်ထားပါတယ်။”

တချို့ကတော့ ပြောကြတာရှိပါတယ်။ ပညာရှင်တချို့လည်း ပါ ပါတယ်။ အစောပိုင်း လူထုလှုပ်ရှားမှု ကနေ လက်နက်ကိုင် တော်လှန်ရေးပြောင်းသွားလို့ရှိရင် နိုင်ငံရေး ရည်မှန်းချက်တွေ ပျက်သွားနိုင်တယ်။ လက်နက်ကိုင် တော်လှန်တာက လက်တွေ့မကျဘူး ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ဒမ်နိုး ကိုယ်တိုင်ကရော ဒီအပေါ်မှာ ဘယ်လိုထင်ပါသလဲ။

“ဟုတ်ကဲ့။ အခုကကျတော့ သူတို့ကိုယ်တိုင်က နိုင်ငံ ဥပဒေဆိုတာ ဘာမှန်းတောင်မသိတော့ဘူး။ အခု ကျမတို့ လက်တွေ့မှာကျတော့ အကြမ်းမဖက်တဲ့နည်းနဲ့ ကျမတို့ လှုပ်ရှားတဲ့အခါကျတော့ သူတို့က ဂရုမစိုက်ဘူး။ သူတို့ကပဲ ပထမဆုံး အကြမ်းလာဖက်တဲ့အခါ ကျတော့ ကျမတို့ လက်နက် မကိုင်လို့ကတော့ သူတို့ကိုတိုက်ခိုက်ဖို့ အဆင်မပြေတော့ဘူး။ ကိုယ်က လက်ဗလာကြီးနဲ့ သွားတိုက်ခိုက်ရင်တော့ ကိုယ့်ဘက်ကပဲ အဆုံးရှုံးများသွားတော့မှာလေ။ ဒါကြောင့် ကျမတို့ ရွေးချယ်မှုက မှန်တယ်လို့ ကျမ ထင်တယ်။ ကျမတို့ ဒီတိုက်ပွဲက ကြာရင်လဲ ကြာမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဘက်ကလဲ ရှုံးရင်သေဒဏ်ဆိုတော့ သူတို့ကလဲ လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး။ ကျမတို့ဘက်ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။ ဆိုတော့ ကြာတာကတော့ ကြာနိုင်တယ်။ ကြာရင်လဲ နိုင်ရင် ကိုယ်နိုင်မှာ။ ဒီအတွက် ကျမတို့ လူငယ်တွေက အမြဲတမ်း သွေး မအေးဖို့လိုတယ်။ အမြဲတမ်း စည်းလုံးနေဖို့လိုတယ်။ တိုင်းရင်းသားတွေ အခုဆိုရင် တော်တော်များများ စည်းလုံးနေကြပြီ။ ဒါကို သူတို့နည်းမျိုးစုံနဲ့ သွေးခွဲမှာ။ ဒါကို ကျမတို့ မယုံဖို့ လိုတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ စည်းလုံးဖို့က အဓိက လိုအပ်တယ်လို့ ကျမ မြင်ပါတယ်။”

ဒမ်နိုး ဆိုရင် လူငယ်တယောက်၊ အမျိုးသမီးတယောက် ဖြစ်တယ်။ အခု လှုပ်ရှားမှုမှာလည်း ပြည်တွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ စပြီး ပေါ်ပေါက်လာချိန်ကတည်းက အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ အများကြီး တွေ့ရပါတယ်။ CDM လှုပ်ရှားမှုမှာပဲ ဖြစ်ဖြစ်၊ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာပဲဖြစ်ဖြစ်ပေါ့နော်။ အခုလည်း လက်နက်ကိုင်မယ်ဆိုတဲ့ အဆင့်အထိ ထွက်လာတဲ့အထဲမှာလည်း အမျိုးသမီးတွေ အများအပြား ပါတယ်လို့ သိရပါတယ်။ အဲ့ဒါကရော ဟုတ်ပါသလား။ ဒမ်နိုးရော ဒါတွေကို မြင်ရပါသလား။ ဒီလို အမျိုးသမီးတွေရဲ့ ပါဝင်မှုကရော ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါသလဲ။

“ကျမတို့ အမျိုးသမီးတွေ ပါလာတာလဲ တွေ့ရပါတယ်။ ကျမတို့ အမျိုးသမီးတွေ ပါလာခြင်းအားဖြင့် ပြောရရင်တော့ အမျိုးသမီးတွေဟာ ပျော့တယ်ဆိုပေမဲ့ ဒီအထိ ပါလာတယ်ဆိုတဲ့ အချိန်မှာ သူတို့စိတ်ထဲမှာ နိုင်ငံအတွက် ဘယ်လောက်အထိ ခံပြင်းစိတ်ရှိသလဲ။ နောက်ပြီးတော့ ကိုယ့်နိုင်ငံကို ဘယ်လောက်အထိ ချစ်သလဲ ဆိုတာကိုလည်း ကျမတို့ တွေ့ရပါတယ်။ ဒီမှာ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် တခြားသူတွေကိုလည်း စိတ်အား ထက်သန်စေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အမျိုးသမီးတွေတောင် လုပ်သေးတာပဲ ဆိုတဲ့စိတ်နဲ့ တခြားသူတွေကိုလည်း အားဖြစ်စေတယ်လို့ ကျမ ထင်ပါတယ်။”

ဆိုတော့ ဒီလို အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် လက်ရှိ သွားနေတဲ့ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးဆိုတဲ့ လူထုတွေပြောနေတဲ့ ရည်မှန်းချက် ပြည့်မီဖို့အတွက် သူတို့ ပါဝင်မှုက ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါသလဲ။

“အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် ကျမတို့ အမျိုးသမီးတွေဟာလည်း ဒီနိုင်ငံကို အုပ်ချုပ်နိုင်တယ်။ အမျိုးသမီး တယောက်အနေနဲ့လည်း စွမ်းဆောင်နိုင်တယ်။ သူတို့လည်း တကယ်သတ္တိရှိတယ်။ တကယ် စွမ်းဆောင်နိုင်တယ် ဆိုတာကို အဓိက ပြပေးတာပေါ့နော်။ ကျမတို့ တော်တော်များများ သပိတ်စစ်ကြောင်းတွေမှာ ဆိုရင်လည်း အမျိုးသမီးတွေ အတော်များများ ဦးဆောင်နေတာကို တွေ့ရပါတယ်။ သူတို့ဟာဆိုရင်လည်း သတ္တိရှိကြတယ်။ ယောက်ျားလေးတွေလောက် သူတို့မှာလည်း အစွမ်းအစ ရှိတယ်ဆိုတာ ဖော်ပြတာဖြစ်ပါတယ်။”

ခုလို ခက်ခက်ခဲခဲ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။

“ဟုတ်ကဲ့။ ကျေးဇူးပါ။”

XS
SM
MD
LG