သုံးရလွယ်ကူစေသည့် Link များ

မြန်မာလွတ်လပ်ရေးနေ့ ကန်နိုင်ငံခြားရေးဝန်ကြီး သဝဏ်လွှာပို့


ရန်ကုန်မြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့အခမ်းအနား။ (ဇန်နဝါ ၀၄၊ ၂၀၂၁)
ရန်ကုန်မြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့အခမ်းအနား။ (ဇန်နဝါ ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

ဒီကနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံခြားရေးဝန်ကြီး Michael Pompeo က လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲနဲ့ စီးပွားရေးအသွင်ကူးပြောင်းမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံအားပေးသွားမယ်ဆိုတဲ့အကြောင်းနဲ့ ဒီအတွက် မြန်မာအစိုးရရော အရပ်ဘက်လူမှုအဖွဲ့တွေ လူငယ်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ကျန်းမာ ချမ်းသာပါစေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ဆုမွန်ကောင်းတောင်းသလို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးစတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးအသီးသီးကလည်း လွတ်လပ်ရေးနေ့ သဝဏ်လွှာတွေ ပေးပို့ကြပါတယ်။ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗြိတိန်ဘုရင်မကြီးအပါအဝင် တရုတ်ဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ်နဲ့ တောင်ကိုရီးယားသမ္မတ စတဲ့နိုင်ငံ့ခေါင်းဆောင်တွေကလည်း လွတ်လပ်ရေးနေ့ သဝဏ်လွှာတွေပေးပို့ပြီး မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးကြပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုတော့ နေပြည်တော်မှာ ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဒုသမ္မတဦးမြင့်ဆွေကိုယ်တိုင် ဦးဆောင်ကျင်းပပြီး သမ္မတဦးဝင်းမြင့်ကလည်း နိုင်ငံကို လွတ်လပ်ရေးနေ့သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG