သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဒေသတွင်းပဋိပက္ခဖြစ်လာနိုင်ဟု ကုလတာဝန်ရှိသူ သတိပေး


မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ဖိနှိပ်မှုတွေကနေ ဒေသတွင်း ပဋိပက္ခတွေ အဖြစ် ပျံ့နှံ့လာနိုင်ခြေ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ဒီကနေ့ သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို လူပေါင်း ၇ သိန်းလောက် ထွက်ပြေးရတဲ့ ကိစ္စဟာဆိုရင် ရိုဟင်ဂျာတွေ အပေါ် ဆန့်ကျင်ကျူးလွန်မှုတွေက လူမျိုးစု အလိုက်ရှင်းလင်းမှု၊ မျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က အင်ဒိုနီးရှား နိုင်ငံမှာ ဒီကနေ့ ပြောဆိုသွားပါတယ်။

"ဒေသတွင်း လုံခြုံရေး အပေါ် သက်ရောက်မှု ရှိလာနိုင်ခြေ ရှိနေတဲ့ ပြသနာကြီးနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတာပါ။ ဒီကနေ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက နောက်နေ့မှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောကြပါတယ်။"

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လုပ်တဲ့ အခွင့်အရေး ညီလာခံ တခုမှာ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး မိန့်ခွန်းပြောခဲ့တာမှာတော့ ရိုဟင်ဂျာ ပြသနာကနေ ကိုးကွယ်ယုံကြည်မှုကို အခြေခံတဲ့ ကျယ်ပြန့်တဲ့ ပဋိပက္ခကြီးဖြစ်လာမယ်ဆိုရင်တော့ ဒီကိစ္စက တကယ်ကို သတိထားရမယ့် ကိစ္စ ဖြစ်လာနိုင်ကြောင်းလည်း သတိပေးသွားပါတယ်။ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ အပေါ် နှစ်ပေါင်း ၅၀ ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လက အကြမ်းဖက်မှုတွေနဲ့ ဒုက္ခသည် ကပ်ဘေးကြီး ပေါ်ပေါက်လာရတာ ဖြစ်တယ်လို့လည်း ကုလ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG