သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် ဖြတ်တောက်မှု အဆိုးဆုံးနိုင်ငံတွေထဲ မြန်မာပါဝင်

ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တဆိုင်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနေသူတချို့ ယခင်မှတ်တမ်းရုပ်ပုံ။ (သြဂုတ် ၃၁၊ ၂၀၁၈)
ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တဆိုင်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနေသူတချို့ ယခင်မှတ်တမ်းရုပ်ပုံ။ (သြဂုတ် ၃၁၊ ၂၀၁၈)

ကမ္ဘာတဝှမ်း ၂၀၂၄ ခုနှစ်အတွင်း အာဏာပိုင်တွေရဲ့ အင်တာနက်ကန့်သတ်ပိတ်ပင်မှုကို အာရှပစိဖိတ်ဒေသမှာ အဆိုးဝါးဆုံးကြုံခဲ့ရပြီး မြန်မာနိုင်ငံဟာ အကြိမ်အများဆုံး အင်တာနက်ဖြတ်တောက်ခံရတဲ့ နိုင်ငံဖြစ်ကြောင်း Access Now အဖွဲ့ရဲ့ အစီရင်ခံစာသစ်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ပိတ်ဆို့မှု ၈၅ ကြိမ် ရှိခဲ့ပြီး ကမ္ဘာမှာ အများဆုံးပိတ်ပင်ခံရတဲ့ နိုင်ငံဖြစ်တဲ့အကြောင်း ဒီဂျစ်တယ်လွတ်လပ်ခွင့်အခြေအနေနဲ့ ကန့်သတ်မှုတွေကို စစ်တမ်းကောက်ယူတဲ့ နယူးယောက်အခြေစိုက် Access Now အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ပိတ်ပင်ကန့်သတ်မှု‌ အများဆုံးကို စစ်ကောင်စီက ကျူးလွန်တဲ့အကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီမိုကရေစီနိုင်ငံတွေရဲ့ စံတန်ဖိုးတွေ လျော့ကျလာတာ၊ အကြမ်းဖက်အာဏာရှင်စနစ် ကြီးစိုးလာတာတွေကြောင့် အုပ်ချုပ်သူတွေက ပြည်သူတွေရဲ့ အသံကို ထိန်းချုပ် ကန့်သတ်ဖို့ ကြိုးပမ်းခဲ့ပြီး အာဏာပိုင်တွေဟာ အင်တာနက် ပိတ်ဆို့တာကို လက်နက်တခုလို အသုံးချလာခဲ့ကြောင်း အစီရင်ခံစာက ရေးသားထားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ အာဏာပိုင်တွေက အနည်းဆုံး ၂၉၆ ကြိမ် အင်တာနက်ပိတ်ဆို့တာလုပ်ခဲ့ကြောင်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသ နိုင်ငံ ၁၁ နိုင်ငံ မှာ ၂၀၂၄ ခုနှစ် အတွင်း အင်တာနက်ပိတ်ပင်ကန့်သတ်မှု ၂၀၂ ကြိမ် ကြုံခဲ့ရတာကို အစီရင်ခံစာက ရေးသားထားပါတယ်။

အင်တာနက် ဖြတ်တောက်မှု အဆိုးဆုံးနိုင်ငံတွေထဲ မြန်မာပါဝင်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG