သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RSF အညွှန်းကိန်းအရ မြန်မာ့သတင်းလွတ်လပ်ခွင့်ကျဆင်း


ဂျာနယ်အရောင်းဆိုင်တခုမှာ တွေ့ရတဲ့ သတင်းဂျာနယ်များ။ (နိုဝင်ဘာ ၁၂၊ ၂၀၁၆)
ဂျာနယ်အရောင်းဆိုင်တခုမှာ တွေ့ရတဲ့ သတင်းဂျာနယ်များ။ (နိုဝင်ဘာ ၁၂၊ ၂၀၁၆)

[Zawgyi/Unicode]

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ကမ္ဘာတဝှမ်း သတင်းလွတ်လပ်မှု အညွှန်းကိန်းမှာ မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်အတွက် ဆင့် ၁၄၀ မှာ ရှိပါတယ်။ မနှစ်ကထက်စာရင် သတင်းလွတ်လပ်ခွင့်အခြေအနေ ပိုဆိုးလာတဲ့အတွက် ၁ ဆင့် လျော့ကျသွားတာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က မြန်မာစစ်အစိုးရ အုပ်ချုပ်မှုအောက်ကနေ အရပ်သားအစိုးရအုပ်ချုပ်မှုအောက် ရောက်လာတဲ့အချိန်မှာ အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ရေးသားတာနဲ့ ဖမ်းဆီးအရေးယူခံရမှာကို စိုးရိမ်ဖို့မလိုတော့ဘူးလို့ သတင်းထောက်တွေ ထင်မြင်ယူဆခဲ့ကြတာပါ။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြား မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်မြင့်တက်ခဲ့တာကိုလည်း RSF ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဲဒီနောက်ပိုင်း သတင်းလွတ်လပ်ခွင့် ပြန်ကျသွားတဲ့အချိန် ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်တွေက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အနေအထားမျိုး ပြန်ရောက်သွားပြီလို့လည်း ဖော်ပြထားပါတယ်။

မြန်မာသတင်းထောက်တွေအနေနဲ့ စနစ်တကျဖမ်းဆီးခံရတာတွေ၊ ဆင်ဆာတည်းဖြတ်တာတွေနဲ့ ရင်ဆိုင်နေရသလို သတင်းထောက်အတော်များများကလည်း သတင်းပေးတိုင်ကြားတာ မခံအောင်၊ ရဲတွေ လာဖမ်းတာမျိုး မဖြစ်အောင် လ ျှို့ဝှက်လုပ်ကိုင်ကြလိမ့်မယ်လို့လည်း RSF ကပြောပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး သတင်းလွတ်လပ်ခွင့်တွေ ကျဆင်းလာနေတာဖြစ်တဲ့အတွက် အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေက လုံး၀ အံ့အားသင့်စရာတော့ မရှိဘူးလို့လည်း RSF ရဲ့ စာမျက်နှာမှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG