သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေး သေဆုံးမှု ကိုင်တွယ်တဲ့ ထိုင်းရဲ တရားစွဲခံရ


 ပုံ-ဆူဖန်ဘူရီကယ်ဆယ်ရေးအဖွဲ့
ပုံ-ဆူဖန်ဘူရီကယ်ဆယ်ရေးအဖွဲ့

ထိုင်းနိုင်ငံ ဆူဖန်ဘူရီ ကြံတောအတွင်း သေဆုံးခဲ့တဲ့ မြန်မာကလေးငယ် အမှု အတွက်
တရားခံ အဖြစ် စွတ်စွဲခံရထားရသူ မိသားစု က သူတို့သားကို မဟုတ်မမှန်ပဲ ဖိအားပေးခဲ့ ဝန်ခံခိုင်းတယ်ဆိုပြီး ဘန်ကောက်မြို့က အဂတိတိုက်ဖျက်ရေးကော်မရှင်ရုံးကို တိုင်ကြားခဲ့ပြီးတဲ့နောက် ဆူဘန်ဘူရီက ရဲ ဝန်ထမ်း၁၂ ဦးနဲ့ ရဲဆေးရုံကဆေးဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးကို အမှုလေးမှုနဲ့ ပြန်လည် တရားစွဲခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ ဆူဖန်ဘူရီ ကြံတောအတွင်း နှစ်နှစ်သားအရွယ် မြန်မာရွှေ့ပြောင်း ကလေး ငယ်တဦးဖြစ်တဲ့ စိုလွင်ဖြိုးခေါ်(သားငယ်) ဟာ၂၀၁၈ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပျောက်ဆုံးခဲ့ပြီး အလောင်းကို (၉)ရက်ကြာမှာ ပြန်တွေ့ခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဦးနှောက် မသန်စွမ်းသူ ဖြစ်တဲ့ အသက် ၃၂နှစ် အရွယ်နိုင်ဖွန်ကို ထိုင်းရဲက ကလေးကို ပွေ့ချီခေါ်သွားတဲ့တရားခံအဖြစ် ထုတ်ပြခဲ့တာပါ။

ဆူဖန်ဘူရီ ရဲတပ်ဖွဲက ထုတ်ပြခဲ့တဲ့ အသက် ၃၂နှစ် အရွယ်နိုင်ဖွန်ရဲ မိသားစု ဟာ စွပ်စွဲခံရပြီးတဲ့နောက်မှာ ဘန်ကောက်မြိုက အဂတိတိုက်ဖျက်ရေးကော်မရှင် ရုံးကိုတိုင်ကြားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မှာတော့ ဘန်ကောက်မြို့ အဂတိ တိုက်ဖျက်ရေးကော်မရှင်ရုံးကို ရှေ့နေနဲ့အတူ လာရောက်ပြီး ရဲ ၁၂ ဦးနဲ့ ဆေးဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးကို အမှုလေးမှုနဲ့ ပြန်လည်တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

တရားခံလို့ စွတ်စွဲပြီး ရဲတွေက ဖမ်းစစ်ခဲ့တဲ့ နိုင်ဖွန်ဟာ ငယ်စဉ်ကတည်းက ဦးနှောက် မသန်းစွမ်းသူတစ်ဦးဖြစ်သလို သူကိုဖမ်းတဲ့ရဲတွေဟာ လက်ထိတ်ခတ်ပြီး ဦးခေါင်းကို ရိုက်တယ် နောက်ပြီး ဆေးလိတ်မီးနဲ့ လက်ကိုထိုးသေးတယ်ဆိုပြီး သတင်းစာရှင်းပွဲမှာ နိုင်ဖွန်က ကလေးငယ်တစ်ဦးလို ပြောဆိုသွားခဲ့ပါတယ်။

ဦးနှောက် မသန်စွမ်းသူကို တရားခံအဖြစ်လုပ်ခဲ့တဲ့ ဆူဖန်ဘူရီရဲတွေ ကိုတော့ အမူ၄မူနဲ့ တရားစွဲခဲ့တဲ့ အကြောင်း နိုင်ဖွန်ရဲ့ ရှေ့နေအနမ်ချိုင်းက အခုလိုပြောသွားပါတယ်။

''ထိုင်းရဲတွေရဲ့ လုပ်ရပ်က အပြစ်မရှိတဲ့သူကို ဖိအားပေး ဝန်ခံခိုင်းခဲ့တာဖြစ်လို့ ရဲတပ်ဖွဲ့ စောင့်ထိန်းရမယ့် စည်းကမ်းချိုးဖေါက်မှု၊ သက်သေတွေဖျောက်ဖျက်မှုနဲ့ အမှုနဲ့ပတ်သက်လို့စာရွက်စာတမ်းတွေကို လိမ်လည်ရေးသားမှုတွေနဲ့ တရားစွဲမှာပါ၊ " လို့ ရှေ့နေ အနမ်ချိုင်း ကပြောသွားပါတယ်။

အခင်းဖြစ်တဲ့အချိန်မှာ နိုင်ဖွန်ဟာ ဘုန်းကြီးကျောင်းမှာ ရှိနေတယ်ဆိုတာကို ရွာသား ၃၀၀ နဲ့ ဆရာတော်နှစ်ပါးက သက်သေထွက်ဆိုခဲ့တာကို ရဲတပ်ဖွဲ့က လက်မခံခဲ့ဘူးလို့ လည်း ရှေ့နေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ ခုလို တရားခံလို့ ဖမ်းပြခဲ့တဲ့ ဖြစ်ရပ်မှာ ရဲဝန်ထမ်းတွေမှာ တာဝန်ရှိတယ်။ နိုင်ဖွန်မှာ အပြစ်မရှိတာကြောင့် ထိုင်း ဘတ်ငွေ ၁၀ သန်း ကို ကာယကံရှင်ကို နစ်နာကြေးအဖြစ်ပေးဖို့ ကိုလည်း တောင်ဆိုထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

၂နှစ်သားကလေးရဲ့ အလောင်းဟာ ၉ရက်ကြာမှ ပျောက်ဆုံးသွားတဲ့ နေရာနဲ့ ၅ကီလိုလောက်ဝေးတဲ့နေရာမှာပြန်တွေခဲ့ပါတယ်။ အလောင်းကို ပြန်တွေ့ချိန်မှာ ကလေးမှာပြတ်ရှဒဏ်ရာတွေနဲ့ အတူ ရေကန်တခုအတွင်းမှာ ပြန်တွေ့ခဲ့တာကြောင့်ကလေးရဲ မိသားစုနဲ့ ဒီအမူကိုလိုက်ပေးတဲ့ ရှေနေ့ ကတော့ သွေးရိုသားရိုးသေဆုံးမူ မဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ် ။

ဒါပေမယ့် အမူစစ်တဲ့ ဆူဘန်ဘူရီရဲတွေနဲ့ ရဲဆေးရုံကတော့ သာမန်သေဆုံးမူအဖြစ် ပြောဆိုခဲ့ပြိး အမူကို ပိတ်သိမ်းခဲ့ပြီး အလောင်းကို ပြန်ပေးခဲ့ပါတယ် ။ဒီနောက်မှာတော့ ဦးနှောက်မသန်စွမ်းတဲ့ နိုင်ဖွန်ကို တရားခံအဖြစ် စွပ်စွဲခဲ့တာဖြစ်ပါတယ် ။ အဲဒီအချိန်တုန်းကတော့ သေဆုံးသူကလေးရဲ့ မိဘတွေကိုတော့ တရားမဝင်ခိုးဝင်မူနဲ့ ထိုင်းအာဏာပိုင်တွေက မြန်မြန်ဆန်ဆန်ပဲ မြန်မာပြည်ကို ပြန်ပို့ ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG