သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တန္ေဆာင္တိုင္ပြဲေတာ္ကာလ ေဘးကင္းလုံၿခဳံဖို႔နဲ ေအးခ်မ္းဖို႔ ေမွ်ာ္လင့္


၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္ေန႔ ျပင္ဦးလြင္ တန္ေဆာင္တိုင္ပြဲေတာ္ (Photo by AFP)

ဒီေန႔ တန္ေဆာင္မုန္းလျပည့္ေန႔မွာ ဗုဒၶဘာသာ ျမန္မာလူမ်ိဳးေတြ ဘုရားေက်ာင္းေတြကို သြားၿပီး ဆီမီးပူေဇာ္တာ၊ ကထိန္သကၤန္းကပ္လႈတာ၊ မသိုးသကၤန္းရက္လုပ္ပူေဇာ္တာ၊ က်ီးမႏိုးပြဲ က်င္းပတာ စသျဖင့္ ဆင္ႏြဲၾကတဲ့ သာမညဖလ အခါေတာ္ေန႔ျဖစ္ပါတယ္။ ႏိုင္ငံေရး ပဋိပကၡနဲ႔ တင္းမာမႈေတြ အၾကပ္ေတြႀကဳံေနရေပမဲ့ စိုးရိမ္ပူပန္မႈေတြ၊ စိုးထိတ္မႈၾကားမွာပဲ ေနရာအႏွံ႔ ျပည္သူေတြဟာ တန္ေဆာင္မုန္းလျပည့္ေန႔ကို ပုံစံမ်ိဳးစုံနဲ႔ ျဖတ္သန္းၿပီး ပြဲေတြ က်င္းပၾကပါတယ္။ ေဘးကင္းလုံၿခဳံၿပီး ကြဲကြာေနတဲ့ မိသားစုေတြ ျပန္ဆုံဖို႔လည္း ဆုမြန္ေကာင္းေတြ ေတာင္းၾကပါတယ္။ တန္ေဆာင္တိုင္ပြဲေတာ္ေတြအေၾကာင္း သတင္းေပးပို႔ခ်က္ကို မအိသန႔္စင္က တင္ျပေပးပါမယ္။

တန္ေဆာင္တိုင္ပြဲေတာ္ အားလပ္ရက္စတာနဲ႔ပဲ မီးထြန္းပူေဇာ္တဲ့အခမ္းအနားေတြ၊ မီးပုံးပ်ံလႊတ္ပြဲေတြ၊ ကုန္စည္ျပပြဲနဲ႔ ေဈးေရာင္းပြဲေတာ္ေတြ ေနရာအႏွံမွာ က်င္းပၾက ပါတယ္။ ေဆးေပါင္းခတဲ့ညဆိုတဲ့အယူအဆနဲ႔ မဲဇလီဖူးသုပ္စားၾကတဲ့ ခ်စ္စရာ ျမန္မာ့ ၁၂ လရာသီ ထဲက ထင္ရွားတဲ့ပြဲေတာ္ေန႔ျဖစ္သလို ပံ့သကူပစ္ပြဲ၊ က်ီးမႏိုးပြဲေတြလည္း က်င္းပၾကပါတယ္။ တိုင္းျပည္အတြင္း ႏိုင္ငံေရးပဋိပကၡနဲ႔ လက္နက္ကိုင္တိုက္ပြဲေတြ ဆက္ေပၚေပါက္ေနတာေၾကာင့္ လုံၿခဳံေရးကို စိုးရိမ္ၿပီး ေပ်ာ္ပြဲ႐ႊင္ပြဲေတြကို အရင္ကလို စည္စည္ကားကား မက်င္းပႏိုင္ခဲ့တာၾကာၿပီျဖစ္ပါတယ္။

တာေမြၿမိဳ႕နယ္မွာ ေနတဲ့ လူငယ္တဦးက လြတ္လပ္မႈရဲ႕ အႏွစ္သာရ ေအးခ်မ္းမႈရဲ႕ အႏွစ္သာရ ေပ်ာက္ဆုံးေနတာမို႔ အျမန္ဆုံး ေပ်ာ္႐ြင္ခ်င္တယ္လို႔ တန္ေဆာင္တိုင္ကာလမွာ ဗြီအိုေအကို ေျပာျပပါတယ္။

"အရင္ကေတာ့ေပ်ာ္တာေပါ့။ ခုေတာ့သိပ္လဲမေပ်ာ္ရဲပါဘူး။ စိတ္လဲမပါဘူး။ အကုန္စိတ္ညစ္ေနၾကရတာေလ။ ေပ်ာ္ပြဲ႐ႊင္ပြဲေတြရွိရင္လဲ ျပည္သူသိပ္မသြားရဲပါဘူး။ ဗုံးေပါက္မလားေၾကာက္ရတာနဲ႔ ပြဲေတာ္မွာေစ်းေရာင္း ရတဲ့သူဆိုလည္း ေပၚေပၚတင္တင္ မေရာင္းရဲၾကဘူး. အဲလိုပြဲေတာ္ရွိမွ အလုပ္လုပ္ရတဲ့ သူေတြကိုက်ေတာ့ အျမင္မၾကည္သူေတြကရွိျပန္တယ္။ အရင္လို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ၿငိမ္းခ်မ္းတဲ့ ဘဝေလးျပန္ရ ခ်င္ပါၿပီ။ အျမန္ၿငိမ္းခ်မ္းဖို႔ ဆုေတာင္းပါတယ္။"

သူေနထိုင္ရာ ေနရာေတြမွာ အရင္ကဆို လမ္းတိုင္းလိုလို စတုဒီသာ ေကြၽးတာေတြနဲ႔ စည္ကားေပမယ့္ ဒီႏွစ္မွာေတာ့ ဒီလိုအလႈရင္ေတြ အေတာ္ေလး ရွားပါးသြားတယ္လို႔ ေျပာပါတယ္၊ အလႈေပးတဲ့သူေတြ ကိုယ္တိုင္လည္း အရင္တုန္းကလို စိတ္ခ်လက္ခ် ေအးေအးေဆးေဆး အလႈအေပၚမွာ ပီတိမေဝႏိုင္တဲ့ အေျခအေနလို႔ ေျပာျပပါတယ္။

တနဂၤေႏြနဲ႔ တနလၤာေန႔ေတြမွာ ေနရာေတာ္ေတာ္မ်ားမ်ား ေအးေအးခ်မ္းခ်မ္းနဲ႔ တန္ေဆာင္တိုင္ပြဲေတာ္ေတြ က်င္းပၾကပါတယ္။ ေတာင္ႀကီးတန္ေဆာင္တိုင္၊ ျပင္ဦးလြင္တန္ေဆာင္တိုင္ ေတြမွာေတာ့ အရင္ကိုဗစ္မတိုင္ခင္ ႏွစ္ေတြကေလာက္ မဟုတ္ေပမယ့္ စည္းကားမႈေတြရွိပါတယ္။ ပုဂံေညာင္ဦး ဘက္မွာလည္းလူစည္ကားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

တခ်ိဳ႕ကလဲဝမ္းေရးအတြက္ ပြဲေတာ္ေတြမွာ ပါဝင္ရတာေတြရွိပါတယ္။ ျပင္ဦးလြင္မီးပုံးပ်ံပြဲေတာ္လႊင့္ပြဲမွာ ေစ်းေရာင္းေနတဲ့ မသီရိကေတာ့ တန္ေဆာင္တိုင္ပြဲေတာ္အခါသမယမွာ တိုင္းျပည္ၿငိမ္းခ်မ္းခ်င္တယ္လို႔ ဆိုပါတယ္။


"က်ေနာ္တို႔က ေပ်ာ္ေနတာမဟုတ္ဘူး။ စားဝတ္ေနေရးအတြက္အလုပ္လုပ္ရတာ ဒီလိုပြဲေတာ္ရွိမွ အလုပ္လုပ္ရ တာပါ။ တခ်ိဳ႕ကေပ်ာ္ေနတယ္ဆိုၿပီး ေဝဖန္ၾကတယ္။ ကိုယ့္ဝမ္းေရး ကိုယ့္မိသားစုနဲ႔ ကိုယ့္ကိုမွီခိုေနသူေတြအ တြက္အလုပ္လုပ္ရတာပါ တခုခုျဖစ္မလားေၾကာက္လန႔္ေနရတဲ့ ဘဝေတြကုန္ခ်င္ပါၿပီ။"

ဗကသ ေက်ာင္းသားလူငယ္ေဟာင္းကို သီဟဝင္းတင္က ေတာ့ ဒီတန္ေဆာင္တိုင္ကာလမွာ ျမန္မာျပည္ႀကီးဒီမိုကေရစီထြန္းကားဖို႔နဲ႔ကြဲကြာေနတဲ့မိသားစုေတြအျမန္ဆုံးဆုံေတြ႕ခြင့္ရဖို႔ ဆုေတာင္းတယ္ လို႔ေျပာပါတယ္။

"ဒီတန္ေဆာင္မုန္းမွမဟုတ္ပါဘူး က်ေနာ္တို႔ေတြမွာဘယ္ပြဲေတာ္မွမေပ်ာ္ရေတာ့ပါဘူး စစ္အာဏာရွင္ အာဏာ သိမ္းၿပီးေနာက္မွာေပါ့။ အကုန္လုံး ေက်ာင္းသားေတြ လူငယ္ေတြေသေၾကခဲ့ရတယ္။ မိတကြဲဖတကြဲျဖစ္ေတာ္ လွန္ေရးအတြက္ ေတာထဲေရာက္ၾကရတယ္။ ဒီေတာ့သာမန္ပုံစံနဲ႔ဘဲက်ေနာ္တို႔ျဖတ္သန္းတယ္ ဆုေတာင္းကေတာ့ က်ေနာ္တင္မက ျပည္သူေတြအကုန္လိုခ်င္မွာပါ။ စစ္အာဏာရွင္စနစ္ဆိုးခ်ဳပ္ၿငိမ္းဖို႔၊ စစ္မွန္တဲ့ဖက္ဒရယ္ဒီမိုကေရစီစနစ္ေပၚလာဖို႔ပါ။ မိတကြဲဖတကြဲျဖစ္သူေတြအျမန္ျပန္ဆုံဖို႔ဆုေတာင္းပါတယ္။ အလိုခ်င္ဆုံးဆုကဒါပါဘဲ။"

တန္ေဆာင္တိုင္အားလပ္ရက္မွာ ျမန္မာႏိုင္ငံက မိသားစုေတြအတြက္ ေဘးအႏၲရာယ္ ကင္းရွင္းတဲ့ အားလပ္ရက္ျဖစ္ပါေစေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးကလည္း ဆုမြန္ေကာင္းေတာင္းထားပါတယ္။

ျမန္မာျပည္သူေတြ လိုလားတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈကို ရရွိဖို႔၊ ေပ်ာ္႐ြင္ေအးခ်မ္းတဲ့ ပြဲေတာ္ေတြ က်င္းပႏိုင္ဖို႔၊ အၾကပ္တည္းေတြက လြန္ေျမာက္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ဆုေတာင္းေပးေနၾကတဲ့ အခါသမယလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

တန်ဆောင်တိုင်ပွဲတော်ကာလ ဘေးကင်းလုံခြုံဖို့နဲ အေးချမ်းဖို့ မျှော်လင့်

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ဘုရားကျောင်းတွေကို သွားပြီး ဆီမီးပူဇော်တာ၊ ကထိန်သင်္ကန်းကပ်လှုတာ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်တာ၊ ကျီးမနိုးပွဲ ကျင်းပတာ စသဖြင့် ဆင်နွဲကြတဲ့ သာမညဖလ အခါတော်နေ့ဖြစ်ပါတယ်။ နိုင်ငံရေး ပဋိပက္ခနဲ့ တင်းမာမှုတွေ အကြပ်တွေကြုံနေရပေမဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိုးထိတ်မှုကြားမှာပဲ နေရာအနှံ့ ပြည်သူတွေဟာ တန်ဆောင်မုန်းလပြည့်နေ့ကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းပြီး ပွဲတွေ ကျင်းပကြပါတယ်။ ဘေးကင်းလုံခြုံပြီး ကွဲကွာနေတဲ့ မိသားစုတွေ ပြန်ဆုံဖို့လည်း ဆုမွန်ကောင်းတွေ တောင်းကြပါတယ်။ တန်ဆောင်တိုင်ပွဲတော်တွေအကြောင်း သတင်းပေးပို့ချက်ကို မအိသန့်စင်က တင်ပြပေးပါမယ်။

တန်ဆောင်တိုင်ပွဲတော် အားလပ်ရက်စတာနဲ့ပဲ မီးထွန်းပူဇော်တဲ့အခမ်းအနားတွေ၊ မီးပုံးပျံလွှတ်ပွဲတွေ၊ ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်တွေ နေရာအနှံမှာ ကျင်းပကြ ပါတယ်။ ဆေးပေါင်းခတဲ့ညဆိုတဲ့အယူအဆနဲ့ မဲဇလီဖူးသုပ်စားကြတဲ့ ချစ်စရာ မြန်မာ့ ၁၂ လရာသီ ထဲက ထင်ရှားတဲ့ပွဲတော်နေ့ဖြစ်သလို ပံ့သကူပစ်ပွဲ၊ ကျီးမနိုးပွဲတွေလည်း ကျင်းပကြပါတယ်။ တိုင်းပြည်အတွင်း နိုင်ငံရေးပဋိပက္ခနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ပေါ်ပေါက်နေတာကြောင့် လုံခြုံရေးကို စိုးရိမ်ပြီး ပျော်ပွဲရွှင်ပွဲတွေကို အရင်ကလို စည်စည်ကားကား မကျင်းပနိုင်ခဲ့တာကြာပြီဖြစ်ပါတယ်။

တာမွေမြို့နယ်မှာ နေတဲ့ လူငယ်တဦးက လွတ်လပ်မှုရဲ့ အနှစ်သာရ အေးချမ်းမှုရဲ့ အနှစ်သာရ ပျောက်ဆုံးနေတာမို့ အမြန်ဆုံး ပျော်ရွင်ချင်တယ်လို့ တန်ဆောင်တိုင်ကာလမှာ ဗွီအိုအေကို ပြောပြပါတယ်။

"အရင်ကတော့ပျော်တာပေါ့။ ခုတော့သိပ်လဲမပျော်ရဲပါဘူး။ စိတ်လဲမပါဘူး။ အကုန်စိတ်ညစ်နေကြရတာလေ။ ပျော်ပွဲရွှင်ပွဲတွေရှိရင်လဲ ပြည်သူသိပ်မသွားရဲပါဘူး။ ဗုံးပေါက်မလားကြောက်ရတာနဲ့ ပွဲတော်မှာစျေးရောင်း ရတဲ့သူဆိုလည်း ပေါ်ပေါ်တင်တင် မရောင်းရဲကြဘူး. အဲလိုပွဲတော်ရှိမှ အလုပ်လုပ်ရတဲ့ သူတွေကိုကျတော့ အမြင်မကြည်သူတွေကရှိပြန်တယ်။ အရင်လို ပျော်ပျော်ရွှင်ရွှင်ငြိမ်းချမ်းတဲ့ ဘဝလေးပြန်ရ ချင်ပါပြီ။ အမြန်ငြိမ်းချမ်းဖို့ ဆုတောင်းပါတယ်။"

သူနေထိုင်ရာ နေရာတွေမှာ အရင်ကဆို လမ်းတိုင်းလိုလို စတုဒီသာ ကျွေးတာတွေနဲ့ စည်ကားပေမယ့် ဒီနှစ်မှာတော့ ဒီလိုအလှုရင်တွေ အတော်လေး ရှားပါးသွားတယ်လို့ ပြောပါတယ်၊ အလှုပေးတဲ့သူတွေ ကိုယ်တိုင်လည်း အရင်တုန်းကလို စိတ်ချလက်ချ အေးအေးဆေးဆေး အလှုအပေါ်မှာ ပီတိမဝေနိုင်တဲ့ အခြေအနေလို့ ပြောပြပါတယ်။

တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ နေရာတော်တော်များများ အေးအေးချမ်းချမ်းနဲ့ တန်ဆောင်တိုင်ပွဲတော်တွေ ကျင်းပကြပါတယ်။ တောင်ကြီးတန်ဆောင်တိုင်၊ ပြင်ဦးလွင်တန်ဆောင်တိုင် တွေမှာတော့ အရင်ကိုဗစ်မတိုင်ခင် နှစ်တွေကလောက် မဟုတ်ပေမယ့် စည်းကားမှုတွေရှိပါတယ်။ ပုဂံညောင်ဦး ဘက်မှာလည်းလူစည်ကားတယ်လို့ ဒေသခံတွေကပြောပါတယ်။

တချို့ကလဲဝမ်းရေးအတွက် ပွဲတော်တွေမှာ ပါဝင်ရတာတွေရှိပါတယ်။ ပြင်ဦးလွင်မီးပုံးပျံပွဲတော်လွှင့်ပွဲမှာ စျေးရောင်းနေတဲ့ မသီရိကတော့ တန်ဆောင်တိုင်ပွဲတော်အခါသမယမှာ တိုင်းပြည်ငြိမ်းချမ်းချင်တယ်လို့ ဆိုပါတယ်။


"ကျနော်တို့က ပျော်နေတာမဟုတ်ဘူး။ စားဝတ်နေရေးအတွက်အလုပ်လုပ်ရတာ ဒီလိုပွဲတော်ရှိမှ အလုပ်လုပ်ရ တာပါ။ တချို့ကပျော်နေတယ်ဆိုပြီး ဝေဖန်ကြတယ်။ ကိုယ့်ဝမ်းရေး ကိုယ့်မိသားစုနဲ့ ကိုယ့်ကိုမှီခိုနေသူတွေအ တွက်အလုပ်လုပ်ရတာပါ တခုခုဖြစ်မလားကြောက်လန့်နေရတဲ့ ဘဝတွေကုန်ချင်ပါပြီ။"

ဗကသ ကျောင်းသားလူငယ်ဟောင်းကို သီဟဝင်းတင်က တော့ ဒီတန်ဆောင်တိုင်ကာလမှာ မြန်မာပြည်ကြီးဒီမိုကရေစီထွန်းကားဖို့နဲ့ကွဲကွာနေတဲ့မိသားစုတွေအမြန်ဆုံးဆုံတွေ့ခွင့်ရဖို့ ဆုတောင်းတယ် လို့ပြောပါတယ်။

"ဒီတန်ဆောင်မုန်းမှမဟုတ်ပါဘူး ကျနော်တို့တွေမှာဘယ်ပွဲတော်မှမပျော်ရတော့ပါဘူး စစ်အာဏာရှင် အာဏာ သိမ်းပြီးနောက်မှာပေါ့။ အကုန်လုံး ကျောင်းသားတွေ လူငယ်တွေသေကြေခဲ့ရတယ်။ မိတကွဲဖတကွဲဖြစ်တော် လှန်ရေးအတွက် တောထဲရောက်ကြရတယ်။ ဒီတော့သာမန်ပုံစံနဲ့ဘဲကျနော်တို့ဖြတ်သန်းတယ် ဆုတောင်းကတော့ ကျနော်တင်မက ပြည်သူတွေအကုန်လိုချင်မှာပါ။ စစ်အာဏာရှင်စနစ်ဆိုးချုပ်ငြိမ်းဖို့၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်လာဖို့ပါ။ မိတကွဲဖတကွဲဖြစ်သူတွေအမြန်ပြန်ဆုံဖို့ဆုတောင်းပါတယ်။ အလိုချင်ဆုံးဆုကဒါပါဘဲ။"

တန်ဆောင်တိုင်အားလပ်ရက်မှာ မြန်မာနိုင်ငံက မိသားစုတွေအတွက် ဘေးအန္တရာယ် ကင်းရှင်းတဲ့ အားလပ်ရက်ဖြစ်ပါစေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကလည်း ဆုမွန်ကောင်းတောင်းထားပါတယ်။

မြန်မာပြည်သူတွေ လိုလားတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ရရှိဖို့၊ ပျော်ရွင်အေးချမ်းတဲ့ ပွဲတော်တွေ ကျင်းပနိုင်ဖို့၊ အကြပ်တည်းတွေက လွန်မြောက်ဖို့ မျှော်လင့်ချက်နဲ့ ဆုတောင်းပေးနေကြတဲ့ အခါသမယလည်း ဖြစ်ပါတယ်။

XS
SM
MD
LG