သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဧရာဝတီနဲ႔ ႐ိုက္တာသတင္းဌာနေတြအေပၚ တရားစြဲထားတာ တပ္ဘက္က ျပန္႐ုပ္သိမ္း


ဧရာဝတီနဲ႔ ႐ိုက္တာသတင္းဌာန logo မ်ား

(Zawgyi/Unicode)

ေအေအ ရကၡိဳင့္ တပ္မေတာ္နဲ႔ အစိုးရ တပ္မေတာ္ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြ အေၾကာင္း သတင္းေရးသား လို႔ အမႈဖြင့္ခံရတဲ့ ဧရာဝတီသတင္းဌာနနဲ႔ ရိုက္တာသတင္းဌာနတို႔ကို တပ္မေတာ္ဘက္က အမႈစြဲဆိုထားတာေတြကို ႐ုပ္သိမ္းလိုက္ပါတယ္။ ဒီသတင္းကိုစုံစမ္းေမးျမန္းထားတဲ့ ဗြီအိုေအ သတင္းေထာက္ေမခက တင္ျပထားပါတယ္။

တပ္မေတာ္ဘက္က တရားစြဲခံရတဲ့ သတင္းဌာနကေတာ့ ဧရာဝတီသတင္းဌာနရဲ့ တာဝန္ခံ အယ္ဒီတာကိုရဲနည္နဲ႔ ရိုက္တာ သတင္းဌာနပါ။ ေအေအ ရကၡိဳင့္ တပ္မေတာ္ နဲ႔ အစိုးရ တပ္မေတာ္ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအေၾကာင္း သတင္းေရးသားခဲ့လို႔ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) နဲ႔ တပ္မေတာ္ဘက္ကေန တရားလိုလုပ္ၿပီး အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

တရားစြဲဆိုမႈ ႐ုပ္သိမ္းတာကို ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီကို အေၾကာင္းၾကားခဲ့တာျဖစ္ၿပီး တရားစြဲဆိုမႈ ႐ုပ္သိမ္းရတာနဲ႔ပတ္သတ္လို႔ ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ အဖြဲ႔ဝင္ ကိုျမင့္ေက်ာ္က အခုလိုေျပာျပပါတယ္။

"႐ုပ္သိမ္းတဲ့ အထဲသူတို႔အေၾကာင္းၾကားလာတဲ့ အထဲမွာ သတင္းမီဒီယာေကာင္စီဘက္ကေမတာရပ္ခံခ်က္နဲ႔ တပ္မေတာ္နဲ႔ သတင္းမီဒီယာဆက္ဆံေရးပိုမိုေကာင္းမြန္လာဖို႔ ၊ စတုတမ႑ိဳင္ ခိုင္မာစြာရပ္တည္လာနိုင္ဖို႔ လို႔ေဖာ္ျပထားတယ္။ ႐ုပ္သိမ္းတဲ့ ကိစကေတာ့ ဒီလာမယ့္ရက္ေတြမွာဆက္လုပ္မယ္။ ဆိုလိုတာကေတာ့ တရား႐ုံးလုပ္ထုံးလုပ္နည္းေတြရွိနိုင္ပါတယ္။ ဧရာဝတီအတြက္ေပ့ါေလ။ ဟိုဟာကေတာ့ရဲစခန္းဘဲ အမႈဖြင့္ထားလို႔ ရဲစခန္းကေန အမႈဖြင့္တာ႐ုတ္ဖို႔ရွိပါလိမ့္မယ္။"

ၿပီးခဲ့တဲ့ ၂၀၁၉ ဧၿပီ ၅ ရက္ေန႔မွာ ဧရာဝတီသတင္းဌာနျမန္မာပိုင္းမွာ ေဖာ္ျပခဲ့တဲ့ "သတင္းေထာက္ တဦး ရဲ့ ေျမာက္ဦးမွတ္တမ္း" ေဆာင္းပါးကို တပ္ဘက္က ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ)နဲ႔ ၂၀၁၉ ဧၿပီမွာ အမႈဆြဲခဲ့တာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၅ ရက္က စစ္တပ္ပစ္လိုက္တဲ့ အေျမာက္က်ည္ဆံေတြ ထိမွန္ၿပီး ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္က ရိုဟင္ဂ်ာအမ်ိဳးသမီး ၂ ဦး ေသဆုံးခဲ့တယ္လို႔ေဖာ္ျပခဲ့တဲ့ ရိုက္တာသတင္းဌာနကိုလည္း တပ္ဘက္က ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ)နဲ႔ တရားစြဲခဲ့တာျဖစ္ပါတယ္။

အမႈရင္ဆိုင္ေနရတဲ့ ဧရာဝတီသတင္းဌာနရဲ့ တာဝန္ခံ အယ္ဒီတာ ကိုရဲနည္ကေတာ့ အခုလို တပ္မေတာ္ဘက္က အမႈ ႐ုပ္သိမ္းလိုက္တဲ့အတြက္ ဝမ္းသာတယ္လို႔ ဆိုပါတယ္။

"ေသခ်ာမသိရေသးဘူး။ သူ ဘာ reason နဲ႔ျပလည္းဆိုတာ။ လတ္တေလာေျပာနိုင္တာကေတာ့ ျပန္ဆုတ္သြားလို႔ ဝမ္းသာတာေပါ့။ ေနာက္ကူညီေပးၾကသူေတြ အကုန္လုံးကိုေက်းဇူးတင္တယ္ဆိုတာဘဲေျပာနိုင္ပါ ဦးမယ္။"

ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ အဖြဲ႕ဝင္ ကိုျမင့္ေက်ာ္က အခုလို တပ္မေတာ္ဘက္က အမႈ႐ုပ္သိမ္းလိုက္တဲ့ အေပၚ အေကာင္းဘက္က ရႈျမင္ပါတယ္။

"ဒီလိုလုပ္တာကိုႀကိဳဆိုပါတယ္။ ဒီလိုမ်ိဳး သတင္းမီဒီယာေတြကို ေကာင္စီကိုမေျပာဘဲ တရားစြဲတာေတြ မလုပ္ဖို႔ တေလ်ာက္လုံးတိုက္တြန္းလာခဲ့တာပါ။ ေနာက္မျဖစ္ဖို႔ေမၽွာ္လင့္တယ္။"

ဧရာ၀တီသတင္းဌာန အယ္ဒီတာ ကိုရဲနည္ကိုစြဲတဲ့ ပုဒ္မ ၆၆ (ဃ) ဟာ အာမခံရယူနိုင္သည့္ ပုဒ္မျဖစ္တဲ့အတြက္ ၿပီးခဲ့တဲ့ မတ္ ၁၆ ရက္ေန႔က က်ပ္သိန္း ၁၀၀ အာမခံ ရယူထားခဲ့တာျဖစ္ပါတယ္။

ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ)ဟာ အစိုးရကိုေဝဖန္သူေတြ၊ အြန္လိုင္းေပၚမွာ အသေရဖ်က္သူေတြကို ဒီပုဒ္မနဲ႔ စြဲဆို ေထာင္ခ်ေလ့ရွိတဲ့ ပုဒ္မျဖစ္ၿပီး အမ်ားဆုံး ေထာင္ဒဏ္ သံုးစ္အထိ က်ခံရနိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဧရာဝတီနဲ့ ရိုက်တာသတင်းဌာနတွေအပေါ် တရားစွဲထားတာ တပ်ဘက်က ပြန်ရုပ်သိမ်း

အေအေ ရက္ခိုင့် တပ်မတော်နဲ့ အစိုးရ တပ်မတော်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အကြောင်း သတင်းရေးသား လို့ အမှုဖွင့်ခံရတဲ့ ဧရာဝတီသတင်းဌာနနဲ့ ရိုက်တာသတင်းဌာနတို့ကို တပ်မတော်ဘက်က အမှုစွဲဆိုထားတာတွေကို ရုပ်သိမ်းလိုက်ပါတယ်။ ဒီသတင်းကိုစုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက်မေခက တင်ပြထားပါတယ်။

တပ်မတော်ဘက်က တရားစွဲခံရတဲ့ သတင်းဌာနကတော့ ဧရာဝတီသတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာကိုရဲနည်နဲ့ ရိုက်တာ သတင်းဌာနပါ။ အေအေ ရက္ခိုင့် တပ်မတော် နဲ့ အစိုးရ တပ်မတော်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း သတင်းရေးသားခဲ့လို့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်ဘက်ကနေ တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုမှု ရုပ်သိမ်းတာကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အကြောင်းကြားခဲ့တာဖြစ်ပြီး တရားစွဲဆိုမှု ရုပ်သိမ်းရတာနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ကိုမြင့်ကျော်က အခုလိုပြောပြပါတယ်။

"ရုပ်သိမ်းတဲ့ အထဲသူတို့အကြောင်းကြားလာတဲ့ အထဲမှာ သတင်းမီဒီယာကောင်စီဘက်ကမေတာရပ်ခံချက်နဲ့ တပ်မတော်နဲ့ သတင်းမီဒီယာဆက်ဆံရေးပိုမိုကောင်းမွန်လာဖို့ ၊ စတုတမဏ္ဍိုင် ခိုင်မာစွာရပ်တည်လာနိုင်ဖို့ လို့ဖော်ပြထားတယ်။ ရုပ်သိမ်းတဲ့ ကိစကတော့ ဒီလာမယ့်ရက်တွေမှာဆက်လုပ်မယ်။ ဆိုလိုတာကတော့ တရားရုံးလုပ်ထုံးလုပ်နည်းတွေရှိနိုင်ပါတယ်။ ဧရာဝတီအတွက်ပေ့ါလေ။ ဟိုဟာကတော့ရဲစခန်းဘဲ အမှုဖွင့်ထားလို့ ရဲစခန်းကနေ အမှုဖွင့်တာရုတ်ဖို့ရှိပါလိမ့်မယ်။"

ပြီးခဲ့တဲ့ ၂၀၁၉ ဧပြီ ၅ ရက်နေ့မှာ ဧရာဝတီသတင်းဌာနမြန်မာပိုင်းမှာ ဖော်ပြခဲ့တဲ့ "သတင်းထောက် တဦး ရဲ့ မြောက်ဦးမှတ်တမ်း" ဆောင်းပါးကို တပ်ဘက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ ၂၀၁၉ ဧပြီမှာ အမှုဆွဲခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က စစ်တပ်ပစ်လိုက်တဲ့ အမြောက်ကျည်ဆံတွေ ထိမှန်ပြီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာအမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ဖော်ပြခဲ့တဲ့ ရိုက်တာသတင်းဌာနကိုလည်း တပ်ဘက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

အမှုရင်ဆိုင်နေရတဲ့ ဧရာဝတီသတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ ကိုရဲနည်ကတော့ အခုလို တပ်မတော်ဘက်က အမှု ရုပ်သိမ်းလိုက်တဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။

"သေချာမသိရသေးဘူး။ သူ ဘာ reason နဲ့ပြလည်းဆိုတာ။ လတ်တလောပြောနိုင်တာကတော့ ပြန်ဆုတ်သွားလို့ ဝမ်းသာတာပေါ့။ နောက်ကူညီပေးကြသူတွေ အကုန်လုံးကိုကျေးဇူးတင်တယ်ဆိုတာဘဲပြောနိုင်ပါ ဦးမယ်။"

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ကိုမြင့်ကျော်က အခုလို တပ်မတော်ဘက်က အမှုရုပ်သိမ်းလိုက်တဲ့ အပေါ် အကောင်းဘက်က ရှုမြင်ပါတယ်။

"ဒီလိုလုပ်တာကိုကြိုဆိုပါတယ်။ ဒီလိုမျိုး သတင်းမီဒီယာတွေကို ကောင်စီကိုမပြောဘဲ တရားစွဲတာတွေ မလုပ်ဖို့ တလျောက်လုံးတိုက်တွန်းလာခဲ့တာပါ။ နောက်မဖြစ်ဖို့မျှော်လင့်တယ်။"

ဧရာဝတီသတင်းဌာန အယ်ဒီတာ ကိုရဲနည်ကိုစွဲတဲ့ ပုဒ်မ ၆၆ (ဃ) ဟာ အာမခံရယူနိုင်သည့် ပုဒ်မဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့က ကျပ်သိန်း ၁၀၀ အာမခံ ရယူထားခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဟာ အစိုးရကိုဝေဖန်သူတွေ၊ အွန်လိုင်းပေါ်မှာ အသရေဖျက်သူတွေကို ဒီပုဒ်မနဲ့ စွဲဆို ထောင်ချလေ့ရှိတဲ့ ပုဒ်မဖြစ်ပြီး အများဆုံး ထောင်ဒဏ် သုံးစ်အထိ ကျခံရနိုင်ပါတယ်။

XS
SM
MD
LG