သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေငြမည္းခ၀ါခ် ေစာင့္ၾကည့္ႏုိင္ငံစာရင္းမွာ ျမန္မာပါ၀င္


ဘဏ္လုပ္ငန္းတခုေတြ ေငြမ်ား ေရတြက္ေနသည့္ ၀န္ထမ္းမ်ား (သတင္းဓာတ္ပံု- ဧၿပီ၊ ၀၂၊ ၂၀၁၂)

(Zawgyi/Unicode)

ႏုိင္ငံတကာမွာ ဘ႑ာေငြေၾကး မသာမႈဆုိင္ရာ လုပ္ရပ္ေတြကုိ ေစာင့္ၾကည့္ေနတဲ့အဖြဲ႔ႀကီးက ျမန္မာႏုိင္ငံကုိ ေငြေၾကးမသမာမႈဆုိင္ရာ ေစာင့္ၾကည့္ႏုိင္ငံမ်ားစာရင္းထဲ ေသာၾကာေန႔မွာ ထည့္သြင္းလုိက္ၿပီး ျမန္မာႏုိင္ငံအေနနဲ႔ ေရႊႀတိဂံနယ္ေျမက မူးယစ္လုပ္ငန္းေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ရာဇ၀တ္မႈေတြကုိ ထိန္းခ်ဳပ္ႏုိင္ေအာင္ ႀကိဳးစားလုပ္ေဆာင္ဖုိ႔ တုိက္တြန္းလုိက္ပါတယ္။

Financial Action Task Force – FATF အဖဲြဲ႔က ျမန္မာႏုိင္ငံကုိ ကမၻာ့ ဘ႑ာေငြေၾကး မသာမႈဆုိင္ရာ လုပ္ရပ္ေတြေစာင့္ၾကည့္ စာရင္း Gray List ထဲမွာ အခုသီတင္းပတ္ အေစာပုိင္းတုန္းက ထည့္သြင္းထားေၾကာင္း ရုိက္တာသတင္းမွာ ေဖာ္ျပအၿပီး ရက္ပုိင္းအၾကာမွာ အခုလုိ ေစာင့္ၾကည့္ႏုိင္ငံစာရင္းထဲ ျမန္မာႏုိင္ငံကုိ ထည့္သြင္းလုိက္တာပါ။ ျမန္မာႏုိင္ငံအေနနဲ႔ ေငြေၾကး ခ၀ါခ်မႈဆုိင္ရာ တရားမ၀င္ လုပ္ရပ္ေတြကုိ ဦးစားေပး ေဆာင္ရြက္ဖုိ႔လည္း FATF က ေတာင္းဆုိလုိက္ပါတယ္။

FATF က အခုလုိ ျမန္မာႏုိင္ငံကုိ ေစာင့္ၾကည့္ႏုိင္ငံမ်ားစာရင္းထဲ ထည့္သြင္းလုိက္တာနဲ႔ ပတ္သက္လုိ႔ ရုိက္တာက ေသာၾကာေန႔မွာ ဆက္သြယ္ ေမးျမန္းခဲ့ေပမယ့္ အစုိးရတာ၀န္ရွိသူေတြက အေၾကာင္းျပန္ၾကားျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ အခုသီတင္းပတ္အတြင္း က်င္းပခဲ့တဲ့ FATF စည္းေ၀းပြဲကုိ တက္လာတဲ့ ေငြေၾကးစုံစမ္း ေထာက္လွမ္းေရးဌာန အႀကီးအကဲ ဦးေက်ာ္ဝင္းသိန္းကေတာ့ - ျမန္မာအစုိးရအေနနဲ႔ ေငြေၾကး မသမာမႈကုိတုိက္ဖ်က္ဖုိ႔ အေသးစိတ္ စီမံကိန္းေတြ ေရးဆြဲထားၿပီးျဖစ္ေၾကာင္း ေျပာပါတယ္။

ျပင္သစ္ႏုိင္ငံမွာ အေျခစုိက္ၿပီး ႏုိင္ငံတကာအစုိးရေတြနဲ႔ ဖြဲ႔စည္းထားတဲ့ FATF ရဲ႕ ေၾကညာခ်က္မွာေတာ့ ျမန္မာအစုိးရရဲ႕ လုပ္ေဆာင္မႈေတြထဲမွာ တုိးတက္မႈရွိတာကုိ ေတြ႔ရေၾကာင္း ေဖာ္ျပထားပါတယ္။ တုိးတက္မႈရွိတယ္ဆုိတဲ့ ေနရာမွာ ေငြေၾကးမသမာမႈ၊ ေငြေၾကးခ၀ါခ်မႈကုိ တုိက္ဖ်က္မယ့္ ဥပေဒေတြ လႊတ္ေတာ္အတြင္း ျပဌာန္းတာ၊ ေငြသားကုိသာအသုံးျပဳတဲ့ စီးပြားေရး စံနစ္ကုိ အေျခခံတဲ့ ျမန္မာႏုိင္ငံအတြင္း ကန္႔သတ္ခ်က္အသစ္ေတြ ထုတ္ျပန္တာေတြ ပါ၀င္တယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ ေငြေၾကးမသမာမႈ လုပ္ငန္းေတြနဲ႔ သက္ဆုိင္တဲ့ အေရးပါတဲ့အခ်က္ေတြကုိ ေဆာင္ရြက္မႈ အားနည္းေနေသးတယ္လုိ႔ FATF က ေျပာပါတယ္။

မူးယစ္ေဆး တရားမဝင္ထုတ္လုပ္မႈ၊ လူကုန္ကူးမႈေတြရဲ႕ ဗဟိုခ်က္မျဖစ္တဲ့ ေ႐ႊႀတိဂံေဒသ ထဲပါဝင္ေနတဲ့ ျမန္မာႏိုင္ငံမွာ တရားမဝင္ ေက်ာက္စိမ္းထုတ္လုပ္မႈ၊ လက္နက္ေမွာင္ခိုကူးမႈ သစ္ခိုးထုတ္မႈ စတဲ့ျပႆနာေတြ႐ွိေနတယ္လို႔ ၂၀၁၈ ခုႏွစ္က ထုတ္ျပန္တဲ့ FATF ရဲ႕ အစီရင္ခံစာထဲမွာ ေဖာ္ျပခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ႀကီးမားတဲ့ ရာဇဝတ္မႈေတြျမင့္တက္ေနၿပီး ေငြျဖဴ ၊ ေငြမည္းခဝါခ်တဲ့ ျပႆနာ သိပ္ကိုသိသာထင္႐ွားေနတယ္လို႔ အဲဒီအစီရင္ခံစာမွာ ေျပာထားပါတယ္။ ဒါတင္မက နယ္စပ္ျဖတ္ေက်ာ္ ရာဇတ္မႈ အႀကီးအက်ယ္က်ဴးလြန္ေနတဲ့ အဖဲြ႔ေတြနဲ႔ လက္နက္ကိုင္ တိုင္းရင္းသားအဖဲြ႔ေတြၾကား ဆက္ႏြယ္မႈ ႐ွိတယ္ဆုိတာကိုလည္း အဲဒီအစီရင္ခံစာမွာ ေထာက္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ငွေမည်းခဝါချ စောင့်ကြည့်နိုင်ငံစာရင်းမှာ မြန်မာပါဝင်

(Unicode)

နိုင်ငံတကာမှာ ဘဏ္ဍာငွေကြေး မသာမှုဆိုင်ရာ လုပ်ရပ်တွေကို စောင့်ကြည့်နေတဲ့အဖွဲ့ကြီးက မြန်မာနိုင်ငံကို ငွေကြေးမသမာမှုဆိုင်ရာ စောင့်ကြည့်နိုင်ငံများစာရင်းထဲ သောကြာနေ့မှာ ထည့်သွင်းလိုက်ပြီး မြန်မာနိုင်ငံအနေနဲ့ ရွှေတြိဂံနယ်မြေက မူးယစ်လုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ ရာဇဝတ်မှုတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Financial Action Task Force – FATF အဖွဲ့က မြန်မာနိုင်ငံကို ကမ္ဘာ့ ဘဏ္ဍာငွေကြေး မသာမှုဆိုင်ရာ လုပ်ရပ်တွေစောင့်ကြည့် စာရင်း Gray List ထဲမှာ အခုသီတင်းပတ် အစောပိုင်းတုန်းက ထည့်သွင်းထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြအပြီး ရက်ပိုင်းအကြာမှာ အခုလို စောင့်ကြည့်နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်တာပါ။ မြန်မာနိုင်ငံအနေနဲ့ ငွေကြေး ခဝါချမှုဆိုင်ရာ တရားမဝင် လုပ်ရပ်တွေကို ဦးစားပေး ဆောင်ရွက်ဖို့လည်း FATF က တောင်းဆိုလိုက်ပါတယ်။

FATF က အခုလို မြန်မာနိုင်ငံကို စောင့်ကြည့်နိုင်ငံများစာရင်းထဲ ထည့်သွင်းလိုက်တာနဲ့ ပတ်သက်လို့ ရိုက်တာက သောကြာနေ့မှာ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အစိုးရတာဝန်ရှိသူတွေက အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုသီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ FATF စည်းဝေးပွဲကို တက်လာတဲ့ ငွေကြေးစုံစမ်း ထောက်လှမ်းရေးဌာန အကြီးအကဲ ဦးကျော်ဝင်းသိန်းကတော့ - မြန်မာအစိုးရအနေနဲ့ ငွေကြေး မသမာမှုကိုတိုက်ဖျက်ဖို့ အသေးစိတ် စီမံကိန်းတွေ ရေးဆွဲထားပြီးဖြစ်ကြောင်း ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ အခြေစိုက်ပြီး နိုင်ငံတကာအစိုးရတွေနဲ့ ဖွဲ့စည်းထားတဲ့ FATF ရဲ့ ကြေညာချက်မှာတော့ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေထဲမှာ တိုးတက်မှုရှိတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။ တိုးတက်မှုရှိတယ်ဆိုတဲ့ နေရာမှာ ငွေကြေးမသမာမှု၊ ငွေကြေးခဝါချမှုကို တိုက်ဖျက်မယ့် ဥပဒေတွေ လွှတ်တော်အတွင်း ပြဌာန်းတာ၊ ငွေသားကိုသာအသုံးပြုတဲ့ စီးပွားရေး စံနစ်ကို အခြေခံတဲ့ မြန်မာနိုင်ငံအတွင်း ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ငွေကြေးမသမာမှု လုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ အရေးပါတဲ့အချက်တွေကို ဆောင်ရွက်မှု အားနည်းနေသေးတယ်လို့ FATF က ပြောပါတယ်။

မူးယစ်ဆေး တရားမဝင်ထုတ်လုပ်မှု၊ လူကုန်ကူးမှုတွေရဲ့ ဗဟိုချက်မဖြစ်တဲ့ ရွှေတြိဂံဒေသ ထဲပါဝင်နေတဲ့ မြန်မာနိုင်ငံမှာ တရားမဝင် ကျောက်စိမ်းထုတ်လုပ်မှု၊ လက်နက်မှောင်ခိုကူးမှု သစ်ခိုးထုတ်မှု စတဲ့ပြဿနာတွေရှိနေတယ်လို့ ၂၀၁၈ ခုနှစ်က ထုတ်ပြန်တဲ့ FATF ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ရာဇဝတ်မှုတွေမြင့်တက်နေပြီး ငွေဖြူ ၊ ငွေမည်းခဝါချတဲ့ ပြဿနာ သိပ်ကိုသိသာထင်ရှားနေတယ်လို့ အဲဒီအစီရင်ခံစာမှာ ပြောထားပါတယ်။ ဒါတင်မက နယ်စပ်ဖြတ်ကျော် ရာဇတ်မှု အကြီးအကျယ်ကျူးလွန်နေတဲ့ အဖွဲ့တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကြား ဆက်နွယ်မှု ရှိတယ်ဆိုတာကိုလည်း အဲဒီအစီရင်ခံစာမှာ ထောက်ပြခဲ့ပါတယ်။

XS
SM
MD
LG