သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအဖွဲ့အစည်းတွေအပေါ်သက်ရောက်နိုင်တဲ့ ထိုင်းဥပဒေကြမ်း

ထိုင်းရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်းအခြေချနေထိုင်သူများရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
ထိုင်းရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်းအခြေချနေထိုင်သူများရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

ထိုင်းနိုင်ငံမှာ အရပ်ဘက်ပရဟိတအဖွဲ့အစည်းတွေ မှတ်ပုံတင်ခွင့်ဆိုင်ရာဥပဒေကြမ်းကြောင့် ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာသတင်းသမားတွေ၊ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ လုပ်ငန်းဆက်လက်လည်ပတ်ရေး အခက်တွေ့နိုင်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ သုံးသပ်သူတွေ ပြောဆိုနေပါတယ်။

ထိုင်းအစိုးရက လွှတ်တော်ကို အောက်တိုဘာလမှာတင်ပြအဆိုပြုခဲ့တဲ့ The Association and Foundations Bill ဥပဒေကြမ်းဟာ အမျိုးသားလုံခြုံရေး လိုအပ်ချက်ကြောင့်ဖြစ်တယ်လို့ ထိုင်းအစိုးရဘက်က ပြောပါထားပါတယ်။ အဆိုပြုထားတဲ့ဥပဒေအရ ပရဟိတအဖွဲ့အစည်းတိုင်း ထိုင်းနိုင်ငံသားဝန်ထမ်း အနည်းဆုံး ၃၀ ခန့်ထားဖို့လိုအပ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ မှတ်ပုံတင်ရပါလိမ့်မယ်။ ဖေါက်ဖျက်တဲ့အဖွဲ့အစည်းတွေကို ဒေါ်လာ ၃,၀၀၀ အထိ ဒဏ်ငွေ ချမှတ်နိုင်ပါတယ်။ တခြား တရားဝင် စာရွက်စာတမ်းနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ တင်းကြပ်တဲ့ စည်းမျဉ်းတွေလည်း ဥပဒေမှာ အဆိုပြုထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ထိုင်းနိုင်ငံဟာ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာလို အရပ်ဖက် အဖွဲ့အစည်းတွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေ ကန့်သတ်လာနေပြီး ဒီဥပဒေကြောင့် ထိုင်းမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံကိုအသံလွှင့်နေတဲ့ လွတ်လပ်တဲ့သတင်းဌာနတွေ ပိတ်ပင်ရနိုင်ခြေရှိနေတယ် ဆိုပြီး စိုးရိမ်နေကြပါတယ်။ ဒါတင်မက မြန်မာ့အရေးလုပ်နေကြတဲ့ အဖွဲအစည်းတွေရဲ့ လုပ်ငန်းတွေကို စွက်ဖက်တာ၊ ဖျက်သိမ်းတာတွေအထိ လုပ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။

မြန်မာအဖွဲ့အစည်းတွေအပေါ်သက်ရောက်နိုင်တဲ့ ထိုင်းဥပဒေကြမ်း
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG