သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ထိုင်းနိုင်ငံစတင်


မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတွေ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကနေ ထိုင်းစတင်ပို့ဆောင် (မတ် ၂၅၊ ၂၀၂၄)
မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတွေ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကနေ ထိုင်းစတင်ပို့ဆောင် (မတ် ၂၅၊ ၂၀၂၄)

စစ်အာဏာသိမ်းမှုကြောင့် မတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှေ့ပြေးအကူအညီတွေကို ဒီနေ့ပဲ စတင်ပေးခဲ့ပါတယ်။ ဒီရှေ့ပြေးအကူအညီတွေကို ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့နဲ့ မြဝတီမြို့ကနေတဆင့် ဘားအံမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တို့က နေရာ ၃ ခုကိုပေးပို့ခဲ့တာပါ။

ထိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကတော့ ဒါဟာ ထိုင်းနိုင်ငံရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို ပြသလိုက်တာဖြစ်ကြောင်းနဲ့ မြန်မာ့နိုင်ငံရေး ငြိမ်းချမ်း တည်ငြိမ်မှုကို မြင်တွေ့ရဖို့ကိုလည်း မျှော်လင့်တယ်လို့ပြောကြောင်း Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ပထမအသုတ်အနေနဲ့ ဆန်၊ ရိက္ခာခြောက်နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ အိတ် ၄,၀၀၀ ကို ထိုင်းကြက်ခြေနီအဖွဲ့က မဲဆောက်-မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်မှာ မြန်မာကြက်ခြေနီအဖွဲ့ကို ပေးအပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတွေ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကနေ ထိုင်းစတင်ပို့ဆောင် (မတ် ၂၅၊ ၂၀၂၄)
မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတွေ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကနေ ထိုင်းစတင်ပို့ဆောင် (မတ် ၂၅၊ ၂၀၂၄)

အခုလို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ လကုန်ပိုင်းက လာအိုနိုင်ငံမှာ လုပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးများအဆင့်အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။ ဒီအစီအစဉ်ထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပြင် တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး နှစ်ဖက်တွေ့ဆုံညှိနှိုင်းမယ့်အစီအစဉ်တွေလည်းပါဝင်နိုင်ဖို့ ထိုင်းနိုင်ငံဘက်က မျှော်လင့်နေတာပါ။

အခုလို ထိုင်းနိုင်ငံက ကမကထလုပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်နိုင်ဖို့အတွက် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) ကလည်း ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အနည်းဆုံး လူဦးရေ ၂.၆ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူပေါင်း ၁၈ သန်းကျော် အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ထိုင်းနိုင်ငံစတင်
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG